Main menu

Background

ဝင်ရောက်မှု သိသိသာသာလျော့ကျတာကြောင့် အိန္ဒိယကုလားပဲဈေး ဆက်ပြီးမြင့်တက်ဖွယ်ရှိ

Mon, 05/28/2012 - 09:00 -- Anonymous (not verified)

    ရာသီဥတုအခြေအနေမကောင်းတာကြောင့် ကုလားပဲအထွက် သိသိသာသာ ကျဆင်းခြင်းနဲ့ ဈေးနှုန်းထပ်မံမြင့်တက်မယ်မျှော် မှန်းပြီး၊ တောင်သူများ သိုလှောင် ထိန်းသိမ်းခြင်းတို့ကြောင့် လက်ရှိရာသီအတွင်း ကုလားပဲဈေးအမြင့်ဘက် ဆက် တက်ဖွယ်ရှိနေပါတယ်။ အခြား လယ်ယာထွက်ကုန်များနည်းတူ ရိတ်သိမ်းကာလ ဖေဖော်ဝါရီမှာ ဈေးနှုန်းကျဆင်းခဲ့ပြီး၊ ရိတ်သိမ်းထွက်ရှိမှု အမြင့်ဆုံးကာလ ဧပြီလ မေလကုန်တွေထိ ဈေးနှုန်းကျဆင်း လေ့ရှိပါတယ်။ဒါပေမယ့် လက်ရှိရာသီမှာ ဒေလီကုလားပဲလက်ငင်းဈေးက ဧပြီလတိုင်အောင် ၁၉ ရာခိုင်နှုန်းဝန်းကျင်ထိ မြင့်တက်လာခဲ့ပြီး၊ အိန္ဒိယရဲ့ ကုလားပဲအဓိက ထုတ်လုပ် ရာပြည်နယ်များဖြစ်တဲ့ ရာဂျက်စသန်နဲ့ မဟာရပ်ရှ်တရာတို့မှာ ထွက်ရှိမှုကျဆင်းတဲ့ အတွက် ပဲအများဆုံး ဝင်ရောက်တဲ့ ကာလအတွင်းမှာပင် ကုလားပဲဈေးက တစ်တန် ရူပီး ၄၂၈၀၀(ကန်ဒေါ်လာ ၇၇၀)အထိ မြင့်တက်ခဲ့ပါတယ်။ ရာဂျက်စသန်နဲ့ မဟာ ရပ်ရှ်တရာပြည်နယ် ၂ ခုဟာ အိန္ဒိယကုလားပဲထုတ်လုပ်မှုရဲ့ ၂၅ ရာခိုင်နှုန်းကျော် ထွက်ရှိတဲ့ ဒေသများဖြစ်ပါတယ်။NCEDX  ကြိုပွိုင့်ဈေးကွက်မှာ ဖေဖော်ဝါရီလကစပြီး ၄၃ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ပြီး၊ မေ ၉ ရက်မှာ တစ်တန် ရူပီး ၄၄၄၀၀(ကန်ဒေါ်လာ ၇၉၉) အထိ ရောက်ရှိခဲ့ပြီး၊ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာလည်း တစ်တန် ရူပီး ၄၁၄၀၀-၄၄၂၀၀ (ကန်ဒေါ်လာ ၇၄၅-၇၉၆)အတွင်း အပြောင်းအလဲဖြစ်နေပါတယ်။ တတိယ အကြိမ် စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရ ကုလားပဲထွက်ရှိမှုဟာ အစော ပိုင်းခန့်မှန်း တန်ချိန် ၇၆ သိန်းထက်လျော့ပြီး၊ တန်ချိန် ၇၄ သိန်းကို ခန့်မှန်းထားလို့ ၂၀၁၀-၁၁ ထုတ်လုပ်ခဲ့တဲ့ တန်ချိန် ၈၂ သိန်းနဲ့ယှဉ်ရင် ၁၀ ရာခိုင်နှုန်းခန့် လျော့ကျ ပါတယ်။ ရာသီဥတုမမှန်ခြင်းကြောင့် အထွက်နှုန်းကျဆင်းသလို စိုက်ဧကမှာလည်း ၂ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး ဟက်တာ ၈၉ ဒသမ ၆၂ သိန်းသာရှိလို့ ကုလားပဲ အထွက် လျော့ကျခဲ့တာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာ ၂၀၁၀-၁၁ က ပဲမျိုးစုံစုစုပေါင်း တန်ချိန် ၁၈ ဒသမ ၂၄ သန်းထွက်ရှိခဲ့ရာမှ ၂၀၁၁-၁၂ မှာ တန်ချိန် ၁၇ ဒသမ ၀၂ သန်းကို ကျဆင်းခဲ့သလို တစ်ချိန်တည်းမှာ ကုလားပဲအဓိကထုတ်လုပ်တဲ့ ကနေဒါမှာလည်း ၂၀၁၀-၁၁ မှာ တန်ချိန် ၁၂၈၀၀၀ ထွက်ရှိရာမှ ၂၀၁၁-၁၂ မှာ တန်ချိန် ၉၁၀၀၀ ကို ကျဆင်းမယ်လို့ ခန့်မှန်းထားပြန်ပါတယ်။ USDA  ရဲ့ခန့်မှန်းချက်အရ ၂၀၁၂ မှာ ပဲမျိုးစုံ စိုက်ဧက ပိုမိုရေး အလေးထားစိုက်ပျိုးလာဖွယ်ရှိတယ်လို့ သိရပါတယ်။ယခုနှစ်ထွက်ရှိမှု ခန့်မှန်းချက်များ လျော့ကျသလို ယခင်နှစ် လက်ကျန်က လည်း လျော့နည်းတဲ့အတွက် ကုလားပဲရောင်းချမှုက စားသုံးဝယ်လိုအားထက် ကျဆင်းနိုင်တာကြောင့် ဈေးနှုန်းမြင့်တက်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်လို့ Angel  Commodities   မှ သုတေသီ Vedika  Naruekar မှ ပြောကြားပါတယ်။ ကုလားပဲဟာ အိန္ဒိယ ပဲမျိုးစုံ စုစုပေါင်းတင် သွင်းမှုရဲ့ ၉-၁၀ ရာခိုင်နှုန်းရှိပါတယ်။ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်အတွင်း ကုလားပဲထုတ်လုပ်မှု မြင့်တက်တာကြောင့် ၂၀၀၉-၁၀ ရာသီမှာ တင်သွင်းမှု တန်ချိန် ၃ ဒသမ ၃ သိန်းရှိခဲ့ရာမှ တန်ချိန် ၁ သိန်းကို လျော့ကျတင်သွင်းခဲ့ပါတယ်။၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ ပြည်တွင်း လက်ကျန်နည်းတဲ့အတွက် ဧပြီလမှ အောက်တိုဘာလအတွင်း တင်သွင်းမှုဟာ ယခင်နှစ်ကာလတူတင်သွင်းမှု တန်ချိန် သုည ဒသမ ၂၅ သိန်းနဲ့ယှဉ်ရင် ၉၇ ဒသမ ၅ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် သုည ဒသမ ၅ သိန်း တင်သွင်းခဲ့ပါတယ်။ ဒါ့အပြင် ရူပီး တန်ဖိုးကျဆင်းတာကြောင့် တင်သွင်းပဲဈေးကြီးမြင့်လာခဲ့ပါတယ်။ ပြည်ပ ကုန်သွယ်ရေးဌာနမှ စာရင်းအရ ၂၀၁၀-၁၁ အတွင်း ကုလားပဲတင်သွင်း မှု တန်ချိန် ၁၀၀၆၄၅ ဒသမ ၈၈ တန်ရှိတယ်လို့ သိရပါတယ်။ ၂၀၁၁-၁၂ (ဧပြီလ - ဇွန်လ)အတွင်း တန်ချိန် ၁၄၁၆၆ ဒသမ ၅၉ တန် တင်သွင်းခဲ့သလို စားသုံးမှုမြင့်တက်နေပြီး ထုတ်လုပ်မှုကျဆင်းတဲ့အတွက် တင်သွင်းမှု ပိုမိုမြင့်တက်ဖွယ်ရှိနေပါတယ်။JRG  Wealth  Management   မှ ဝါရင့်မန်နေဂျာ Chowda  Reddy မှ ပြောကြားရာမှာ တစ်နှစ်ကို ကုလားပဲတန်ချိန် ၁ သိန်းကျော် တင်သွင်း ရာမှာ အများစုကို သြစတြေးလျနဲ့ ကနေဒါတို့ကဖြစ်တယ်လို့ ဆိုပါတယ်။ ကာဘူလီ ကုလားပဲကို အနည်းငယ်တင် ပို့ပေမယ့် ပြည်တွင်းကုလားပဲတင်ပို့ခြင်းကို ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။ ကုလားပဲက အဓိက ကုန်စည် ဖြစ်လို့ အစိုးရအနေ နဲ့ ဈေးနှုန်းကျဆင်းခြင်း သို့မဟုတ် သိသိသာသာမြင့်တက်ခြင်းတို့မှာ ကြားဖြတ်ဆောင်ရွက်မှုတွေ ပြုလုပ်လေ့ ရှိပါတယ်။ ဒါကြောင့် ယခုလို ရောင်းလိုအား ဝယ်လိုအား အခြေအနေများအရ ကာလလတ်မှ ကာလရှည်မှာ ဈေးနှုန်းထပ်မံမြင့် တက်လာနိုင်ပေမယ့် လည်း ဈေးနှုန်းကျဆင်းအောင် အစိုးရက ကြားဖြတ်ဆောင်ရွက်နိုင်တယ်လို့ Naruekar  မှ ထောက်ပြပါ တယ်။ ဥတ္တရာပရာဒေ့ရှ်နဲ့ မဒ္ဒရာပရာဒေ့ရှ်တို့လို အဓိကစိုက်ပျိုးတဲ့ ပြည်နယ်များက ဝင်ရောက်မှုတိုးတက်ခြင်းကြောင့် ဈေးကွက် တွေမှာ ကာလတို အတွင်း ဈေးနှုန်းအားပျော့လာဖွယ်ရှိပါတယ်။ NCDEX ကြိုပွိုင့်ဈေးကွက်တွေမှာ ဈေးအနည်းငယ် ကျဆင်း ဖွယ်ရှိပေမယ့် ရာဂျက်စသန် မှ ရောင်းချမှုနည်းခြင်းနဲ့ ပြည်တွင်းဝယ်လိုအား ခိုင်မာခြင်းတွေကြောင့် ကာလရှည်မှာ ဈေးနှုန်းကို အထောက်အပံ့ပြုလိမ့်မယ်လို့ Geojit  Contrade မှ CP  Krisham  မှ ပြောကြားပါတယ်။လက်ရှိမှာ ကုလားပဲဈေးက ကျဆင်းနေပေမယ့် နောက်ရက် အနည်းငယ်အတွင်း တစ်တန် ရူပီး ၄၀၀၀၀ (ကန်ဒေါ်လာ ၇၂၀)ထိ ကျဆင်းနိုင်ပေမယ့် နောက်တစ်လ - နှစ်လလောက်မှာ ရူပီး ၄၅၀၀၀-၄၈၀၀၀ (ကန်ဒေါ်လာ ၈၁၀-၈၆၄)ကျော်အထိ မြင့်တက်လာနိုင်တယ်လို့ ကုန်စည်နဲ့ ငွေကြေးသုတေသီ Sumeet  Bagadia မှ ပြောကြားပါတယ်။        ယမင်းရွှေစင်