Main menu

Background

အဆင့်မြင့် မော်တော်ယာဉ် ဆားဗစ်စင်တာများ ပေါ်ပေါက်ဖို့ လိုအပ်နေပြီ

Mon, 05/28/2012 - 09:59 -- Anonymous (not verified)

    မည်သည့် ပစ္စည်းကိုမဆို တီထွင် ထုတ်လုပ်ပြီးသည်နှင့် ၎င်း၏နောက်မှ အရိပ်ပမာကပ်၍လိုက်လာသည်မှာ Servicing   ခေါ် ဝန်ဆောင်မှု ပြုပြင်ရေး လုပ်ငန်းပင် ဖြစ်သည်။ ထို့ပြင်ပြည်ပမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများ သည်လည်းအသစ်ပင်ဖြစ်စေ၊ တစ်ပတ် ရစ် (Good Second Hand) ပင်ဖြစ်စေ၊ Servicing  လုပ်ငန်းများသည် အရေးပါ သည့်ကဏ္ဍ တစ်ရပ်တွင် တည်ရှိနေပေ သည်။မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ များ အထူးသဖြင့် ဒေသတွင်းအာဆီယံ နိုင်ငံများနှင့်နှိုင်းယှဉ်လျှင်ပင် ကားစီးနိုင် သူဦးရေမှာ လူ ၁၀၀၀လျှင် ၇ဦးနှုန်းသာ ဖြစ်ပေရာ မော်တော်ယာဉ်တင်သွင်းခွင့် များကို အဆင့်လိုက်လျှော့ချပေးသွား မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က နေပြည်တော်တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ တွင် ထည့်သွင်းပြောကြားသွား ခဲ့သည်။ထိုကဲ့သို့မော်တော်ယာဉ်များကို မော်ဒယ်အမြင့်များအထိ တင်သွင်းခွင့် ပြုခြင်းသည် ကိုယ်ပိုင်လုပ်ငန်းအတွက် ကားသုံးစွဲလိုသူများ၊ ယခင်က လက် လှမ်းမမီ၍ ဆန္ဒရှိသော်လည်း ကား တစ်စီး ဝယ်မစီးနိုင်သည့် မြန်မာနိုင်ငံ သားများအတွက် အဆင်ပြေချောမွေ့ သည့် လမ်းကြောင်း တစ်ခုကို ခင်းပေး လိုက်ခြင်းပင်ဖြစ်သည်။ထို့ကြောင့် မော်တော်ယာဉ်တင် သွင်းမှုပမာဏသည်ယခင်ကထက် ပိုမို များပြားလာမည်မှာအမှန်ပင်ဖြစ်သည်။ သို့သော်တင်သွင်းလျက်ရှိသည့် ကားများ၊ ထပ်မံတင်သွင်းလာသည့်ကားများသည် မော်ဒယ်အသစ်စက်စက်ကားများပါဝင် မှာ ဖြစ်သကဲ့သို့ တစ်ပတ်ရစ် လေလံ ကျကားများလည်း ပါဝင်လာမည်မှာ အသေအချာပင်ဖြစ်သည်။ကားအသစ်များတင်သွင်းသည်ဖြစ် စေ လေလံကျကားများတင်သွင်းသည် ဖြစ်စေ အဆိုပါကားများသည် သတ် မှတ်ကီလိုနှုန်းမောင်းနှင်ပြီး ပါက Servicing  သို့မဟုတ် Maintenance   လုပ်ရမည်မှာအမှန်ပင်။ အထူးသဖြင့် လေလံကျကားများသည်ယင်းနိုင်ငံတွင် ကာလ တစ်ခု မောင်းနှင်ပြီးဖြစ်ရာ ၎င်း ကားများကို ဝယ်ယူသူများအနေဖြင့် ပထမဦးစွာ  Servicing လုပ်ရပေမည်။ ထိုကဲ့သို့  Servicing  လုပ်ရာတွင် တင် သွင်းလာသည့်ကားများသည် မော်ဒယ် အမြင့်ကားများဖြစ်ပေရာ မြန်မာနိုင်ငံ တွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် ကား Service Center  များမှာအဆင့် မြင့် Service Center  များမဟုတ်သည့် အတွက် အခက်အခဲတွေ့ကြရမည်ပင် ဖြစ်သည်။ထိုအခက်အခဲများကို တစ်စိတ် တစ်ပိုင်း ဖြေရှင်းသည့်အနေဖြင့် နေ ပြည်တော် ဘောဂသီရိယာဉ်ပြင်အလုပ် ရုံများ ဖွင့်ပွဲကို  မေ ၂၄ ရက်က ကျင်းပခဲ့သည်။ အဆိုပါဘောဂသီရိ ယာဉ်ပြင်အလုပ်ရုံများတွင် ရွှေတောင် ကုမ္ပဏီလီမိတက်၏အဆင့်မြင့်ယာဉ်ပြင် အလုပ်ရုံ၊ AMA ကားအမျိုးမျိုးပြုပြင် ထိန်းသိမ်းရေးအဆင့်မြင့် ယာဉ်ပြင် အလုပ်ရုံ၊ အောင်ပေါ်အဆင့်မြင့်ယာဉ် ပြင်အလုပ်ရုံ၊ King Horse Power Co., Ltd.  အဆင့်မြင့်ယာဉ်ပြင်အလုပ်ရုံ၊ Hummer Auto Mobile Service   အဆင့်မြင့်ယာဉ်ပြင်အလုပ်ရုံ၊ ရွှေနန်း တော်အဆင့်မြင့်ယာဉ်ပြင်အလုပ်ရုံ၊ UD Group အဆင့်မြင့်ယာဉ်ပြင်အလုပ် ရုံ၊ ရွှေနဂါး စက်မှုလက်မှု အဆင့်မြင့် ယာဉ်ပြင်အလုပ်ရုံစသည့်အလုပ်ရုံ ၈ ရုံ ကို ဖွင့်လှစ်ပေးခဲ့သည်။မြန်မာနိုင်ငံတွင် တင်သွင်းလာ မည့် တင်သွင်းလျက်ရှိသည့် ကားများ အတွက်အဆင့်မြင့်ကား Service Center   များ အနည်းငယ်သာ ရှိသေးသည့် အတွက် အဆင့်မြင့် Service Center  များ မြန်မာပြည်အနှံ့ပေါ်ပေါက်ရေး အတွက် ဝိုင်းဝန်းကြိုးစားရမည်ဖြစ် သည်။အဆင့်မြင့်ကားဝပ်ရှော့များ၊ Service Centerများ ပေါ်ထွန်းလာရေးအတွက် အဆိုပါကားဝပ်ရှော့များတွင် အသုံးပြုရမည့် ခေတ်မီပစ္စည်း ကိရိယာ များလိုအပ်ကြောင်းကို Aung Thein Than Services & Agency Limited   မှ ဒါရိုက်တာ ဦးသန့်ဇင်က ပြောကြားခဲ့ သည်။"အဆင့်မြင့်ကားဝပ်ရှော့တွေပေါ် ထွန်းဖို့အတွက် အဲဒီအဆင့်မြင့်ဝပ်ရှော့ တွေမှာ အသုံးပြုရတဲ့ခေတ်မီပစ္စည်းကိ ရိယာတွေလိုအပ်ပါတယ်။ အဆင့်မြင့် ကိရိယာဆိုတာက မော်တော်ယာဉ်တစ် စီးမှာသတ်မှတ်ထားတဲ့မိုင်နှုန်းမောင်းနှင်  ပြီးရင် အင်ဂျင်ဝိုင်လဲရတယ်၊ အော်တို ဆီလဲရတယ်၊ အဲဒီလိုလဲတာတောင်မှ ကားရဲ့ Function  တွေက မမှန်တတ် ဘူး။ အဲဒီလိုမမှန်တဲ့အခါကျတော့ Scanner   လို့ခေါ်တဲ့ မော်တော်ယာဉ်ရဲ့ ကွန်ပျူတာ Box ကနေဆက်ပြီးတော့ ယာဉ်ရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ အခြေ အနေကို ကြည့်ရှုနိုင်တဲ့ ကိရိယာရှိပါ တယ်။ အဲဒါနဲ့ကြည့်ရင် ဘယ်အပိုင်းက ချို့ယွင်းနေတယ်ဆိုတာကိုသိနိုင်ပါတယ်။ အရင်ခေတ်ကဆိုရင် မော်တော်ယာဉ် တစ်စီးကို ပြင်ဆင်တဲ့အခါမှာ စမ်းတ ဝါးဝါးနဲ့ပြင်ဆင်ရတယ်။ အခုဆိုရင်ချက် ခြင်းသိနိုင်ပါပြီ။ ဖြစ်တဲ့နေရာကို Point Out  လုပ်လို့ရနိုင်နေပြီ"ဟု ၎င်းက ပြော ကြားခဲ့သည်။ထို့ပြင် မြန်မာနိုင်ငံတွင် ယင်းကဲ့ သို့ ကားတစ်စီး၏ဖြစ်ပျက်မှုမှန်သမျှကို တစ်ချိန်တည်းတစ်ပြိုင်နက်တည်းသိရှိ နိုင်သည့်အဆင့်မြင့်ပစ္စည်း ကိရိယာများ တပ်ဆင်ထားသည့် ကားဝပ်ရှော့များ များများစားစားမရှိသေးသည်ကို၎င်းက-  "အဆင့်မြင့်ဝပ်ရှော့ဆိုတာကတော့ မြန်မာနိုင်ငံမှာ များများစားစား မရှိသေး ပါဘူး။ အင်မတန်မှနည်းပါးနေပါသေး တယ်''ဟု ဆိုသည်။တိုယိုတာကားဆားဗစ်စင်တာမှ ဆားဗစ်မန်နေဂျာ ဦးဟန်ရှိန်က "လေလံ နဲ့ဝယ်လာတဲ့ကားတွေဆိုရင်ဒီကိုရောက် တာနဲ့ Maintenance  လုပ်ဖို့အရေးကြီး ပါတယ်။ ဒီမှာက ကားဝယ်ပြီးရင်မပျက် မချင်းစီးနေကြတာ။ Maintenance  လုပ်ဖို့ကို မသိကြဘူး။ သတ်မှတ်ထား တဲ့ကီလိုကိုမောင်းနှင်ပြီးပြီဆိုရင် ကားကို Maintenance   လုပ်ဖို့လိုပါတယ်။ အဲဒါ ဟာတကယ့်ကိုအရေးကြီးတဲ့အချက်ပါ''ဟု Maintenance   ပိုင်း၏အရေးကြီးပုံကို လည်း ပြောကြားခဲ့သည်။အဆင့်မီကားဝပ်ရှော့များပေါ်ထွန်း လာဖို့အတွက် မြန်မာနိုင်ငံရှိ မက္ကင်းနစ် ပညာရှင်များအနေဖြင့် ခေတ်နှင့်အညီ လိုက်နိုင်အောင်ကြိုးစား ကြရမည်ဖြစ် သည်။ ထို့ပြင် နောက်ခံဘက်ဂရောင်း လည်းလိုအပ်ကြောင်းကို တိုယိုတာကား ဆားဗစ်စင်တာမှ ဦးဟန်ရှိန်က ပြော ကြားခဲ့သည်။"အဆင့်မီဝပ်ရှော့တွေပေါ်ပေါက် လာဖို့အတွက် လိုက်နိုင်အောင်ကြိုးစား ဖို့လိုတယ်။ငွေအား လူအားတွေ သာ မက  Background  လိုအပ်ပါတယ်။ ဥပမာ ကျွန်တော်တို့ရဲ့ တိုယိုတာ ဆား ဗစ် စင်တာဆိုရင် ဂျပန်နိုင်ငံ တိုယိုတာ ကားကုမ္ပဏီက  Background ယူထားပါ တယ်။ သူ့ရဲ့ ကိုယ်စားလှယ်အနေနဲ့လုပ် တဲ့ အခါကျတော့ နည်းပညာပိုင်းမှာ အခက်အခဲ မရှိတော့ဘူးပေါ့။ မစ်ဆု ဘီရှီတို့နစ်ဆန်းတို့ဆိုရင် ဒီမှာ ကိုယ်စား လှယ်မရှိတဲ့အတွက် နည်းပညာပိုင်းမှာ အခက်အခဲတွေ ရှိနိုင်တယ်''"နည်းပညာပိုင်းလို့ဆိုရာမှာ စက် ပစ္စည်းပိုင်းမှာပြဿနာမရှိပေမယ့် Electronic Control  ပိုင်းမှာအခက်အခဲ ရှိတယ်။ Circuit  ပိုင်းရဲ့အပြစ်ကိုရှာတဲ့ အခါကျတော့ အခက်အခဲတွေရှိတတ် တယ်။ ဒါကြောင့် နည်းပညာပိုင်းကို မရ ထားရင် ဒီလိုပြဿနာမျိုးကိုဖြေရှင်းရ တာ ခက်ခဲတတ်ပါတယ်''ဟု တိုယိုတာ ကားဆားဗစ်စင်တာမှဆားဗစ်မန်နေဂျာ  ဦးဟန်ရှိန်က ပြောကြားခဲ့သည်။မြန်မာနိုင်ငံ၏လတ်တလောအခြေ အနေတွင် ကားများကိုသာ များများစား စားတင်သွင်းနေကြသော်လည်း ယင်း ၏နောက်ဆက်တွဲအဓိကကျ သည့် မော်တော်ယာဉ်အပိုပစ္စည်းများတင်သွင်းရေး၊ ကိစ္စကိုမူ စဉ်းစားထားကြခြင်းမရှိသေး သည်ကို တွေ့ရှိရသည်။ တင်သွင်းလာ သည့်ကားများသည် အမျိုးအစားစုံလင် လှပေရာ တင်သွင်းသူများအနေဖြင့် လည်း မည့်သည့်ကားအမျိုးအစား၏ အပိုပစ္စည်း Spare Parts  ကို တင်သွင်း ရမည်မသိဖြစ်နေသည်ကိုလည်း သိရှိ  ရသည်။"ကားတွေကိုတော့ အပြိုင်အဆိုင် တွေတင်သွင်းနေကြတယ်။ ကားတွေက များလာတာနဲ့အမျှ Service လုပ်ဖို့ကိစ္စ Spare Parts    ကိစ္စတွေ ဟာ တကယ့်ကို အရေးကြီးတဲ့ကိစ္စဖြစ်လာပါပြီ။ တချို့ ကားတွေဆိုရင် Spare Parts  မရှိရင် ရပ် သွားမယ့်အနေအထားမျိုးမှာတောင် ရှိ နေတဲ့ကားတွေရှိတယ်''ဟု အောင်သိန်း သန်းကုမ္ပဏီမှ ဦးသန့်ဇင်ကပင် ဆက် လက်ပြောကြားခဲ့သည်။အဆင့်မြင့်ဝပ်ရှော့များ၊ ကားဆား ဗစ်စင်တာများပေါ်ထွန်းလာရန်အတွက် ကြိုးစားကြမည့်နည်းတူ တင်သွင်းလာ မည့်ကားများနှင့် လိုက်လျောညီထွေရှိ မည့်ကားအပိုပစ္စည်းများကိုလည်း တင် သွင်းကြဖို့လိုအပ်လှပေသည်။ယင်းအခက်အခဲများကိုသိရှိသည့် စင်ကာပူအခြေစိုက်ဂျပန်ကုမ္ပဏီတစ်ခု မှ ကားအပိုပစ္စည်းများရောင်းချသည့် ကုမ္ပဏီတစ်ခုကို မြန်မာနိုင်ငံ တွင် လာ ရောက်ဖွင့်လှစ်ရန် ဆွေးနွေးစုံစမ်းလျက် ရှိကြောင်း အောင်သိန်းသန်း ကုမ္ပဏီမှ ဦးသန့်ဇင်က ဆက်လက် ပြောကြားခဲ့ သည်။"ကျွန်တော်တို့ဒီနိုင်ငံမှာ ကားတွေ ကိုသာတင်သွင်းနေတယ်။ အဲဒီကား တွေနဲ့လိုက်လျောညီထွေရှိတဲ့ကားအပို ပစ္စည်းတွေကိုတင်သွင်းမယ့် သူမရှိသေး ဘူး။ အဲဒါကိုသိတဲ့စင်ကာပူအခြေစိုက် ဂျပန်ကုမ္ပဏီတစ်ခုက ကားအပိုပစ္စည်း တွေကို တင်သွင်းဖို့ လက်ရှိဈေးကွက် ကို သူတို့လေ့လာပါတယ်။ လက်ရှိမှာ အများဆုံးတင်သွင်းနေတဲ့ကားတွေရဲ့ ချက်ဆီနံပါတ်တွေကို ယူပါတယ်။နောက် နှစ်လအတွင်းမှာ သူတို့တွေ ဒီ မှာလာပြီး ယာဉ်အပိုပစ္စည်းရောင်းတဲ့ ဆိုင်ဖွင့်ပါမယ်လို့ပြောသွားခဲ့တယ်'' ဟု ယာဉ်အပိုပစ္စည်းများ တင်သွင်းရေးကိစ္စ နှင့်ပတ်သက် ၍ ပြောကြားခဲ့သည်။ တန်ချိုဂရု(ပ်)နှင့်မြန်မာနိုင်ငံမြန်မာနိုင်ငံတွင် အဆင့်မြင့်ဝပ် ရှော့များ များများစားစားမရှိရသေး သည့်အကြောင်းမှာ နည်းပညာကျွမ်း ကျင်မှုလိုအပ်ချက်သည် အဓိကကဏ္ဍ တစ်ခုအဖြစ်ရပ်တည်လျက်ရှိသည်ကို တွေ့ရှိရသည်။ ထိုနည်းပညာအား ရယူ နိုင်ရန်အတွက် နိုင်ငံခြားမှ ကားဆားဗစ် စင်တာများ လာရောက်ဖွင့်လှစ်ခြင်းမှ ရယူနိုင်သလို မြန်မာကျွမ်းကျင်ပညာရှင် များအား နိုင်ငံရပ်ခြားသို့ပို့လွှတ်၍ နည်းပညာများအားသင် ယူစေခြင်းနည်းလမ်း တို့ဖြင့် ဆောင်ရွက်ရမည်ဖြစ်သည်။ယခုအခါတွင် မလေးရှားနိုင်ငံရှိ ပရိုတွန်ကားများကို ထုတ်လုပ်လျက်ရှိ သည့်တန်ချိုဂရု(ပ်)ကုမ္ပဏီမှမြန်မာနိုင်ငံ တွင် အဆင့်မြင့် ကားဝပ်ရှော့နှင့်ဆား ဗစ်စင်တာတစ်ခုဖွင့်လှစ်ရန် ဆောင်ရွက် လျက်ရှိကြောင်း ဦးသန့်ဇင်က ထုတ် ဖော်ပြောကြားခဲ့သည်။''အခုဆိုရင် မြန်မာနိုင်ငံကို မလေး ရှားနိုင်ငံ တန်ချိုဂရု(ပ်)ကုမ္ပဏီက ကား ဆားဗစ်စင်တာနဲ့ပတ်သက်ပြီး လာရောက်ရင်းနှီးမြှုပ်နှံ ဖို့ မြေနေရာရှာနေ တယ်လို့ဆိုပါတယ်။ အဲဒီကုမ္ပဏီက Servicing ကို အဓိကထားပြီးလုပ် ဆောင်သွားမယ်လို့ သိရပါတယ်''ဟု ဆိုသည်။ခေတ်မီအဆင့်မြင့်ကားများကို အပြိုင်အဆိုင်တင်သွင်းလာမှုနှင့်အတူ  မြန်မာနိုင်ငံအနှံ့အဆင့်မြင့်ကားဝပ်ရှော့ များ၊ Service Center များပေါ်ထွန်းလာ စေရေး၊ကျွမ်းကျင်သူပညာရှင်များ ပေါ် ထွက်လာစေရေးအတွက် ဝိုင်းဝန်း ကြိုး စားလုပ်ဆောင်ကြရမည်ဖြစ်ပေသည်။