Main menu

Background

ပြုပြင်ပြောင်းလဲမှုများကြောင့် တိုးတက်လာခဲ့သော ၂၀၁၁-၂၀၁၂ နယ်စပ် ကုန်သွယ်မှု အခြေအနေ

Mon, 05/28/2012 - 10:06 -- Anonymous (not verified)

နှစ်စဉ်တိုးတက်လျက်ရှိကုန်သွယ်မှုလုပ်ငန်းဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ မောင်း နှင်အားတွေထဲက တစ်ခုဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတိုင်းဟာ အပြိုင်အဆိုင် ကြိုးပမ်းအားထုတ်နေကြရ ပါတယ်။ မိမိတို့ရဲ့ ထွက်ကုန်ပစ္စည်းတွေကို နိုင်ငံတာကာဈေးကွက်ကို တင်ပို့ရောင်းချနေကြရပါတယ်။ အရင်က ပြည်ပကုန်သွယ်မှု လုပ် ငန်းတွေကို ပင်လယ်ရေကြောင်းထွက်ပေါက်တစ်ခုကနေ လုပ်ဆောင် နေရာ ကနေ ၁၉၈၈ ခုနှစ်နောက်ပိုင်းကစပြီး နယ်စပ်ကုန်သွယ်မှု တွေကို ကုန်းတွင်းပိုင်းလမ်းကြောင်းတွေကတစ်ဆင့် တိုးချဲ့လုပ်ကိုင် ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အထိ နှစ်အလိုက်နယ်စပ်ကုန်သွယ်မှု ပမာဏများကိုကြည့်လျှင် နှစ်စဉ် တိုးတက်လာလျက်ရှိတာ ကို တွေ့ရပါတယ် -ကန်ဒေါ်လာသန်း ဘဏ္ဍာနှစ် ပို့ကုန်သွင်းကုန်   ကုန်သွယ်မှု   ၂၀၀၇-၂၀၀၈ ၇၄၆ .၆၈၃ ၅၈၂ .၈၄၉ ၁၃၂၉ .၅၃၂ ၂၀၀၈-၂၀၀၉ ၆၅၇ .၃၀၀ ၆၉၁ .၁၈၀ ၁၃၄၈ .၄၈၀ ၂၀၀၉-၂၀၁၀ ၆၆၃ .၉၄၀ ၇၁၉ .၀၂၂ ၁၃၈၂ .၉၆၂ ၂၀၁၀-၂၀၁၁ ၁၁၁၄ .၃၄၆ ၁၀၁၅ .၈၄၃ ၂၁၃၀ .၁၈၉ ၂၀၁၁-၂၀၁၂ ၂၀၂၈ .၃၉၄ ၁၃၃၉ .၆၀၄ ၃၃၆၇ .၉၉၈ နယ်စပ်ကုန်သွယ်ရေးဖြစ်ပေါ် ပြောင်းလဲလာမှုအခြေအနေ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှာ မြန်မာ့ထုတ်ကုန်သွင်း ကုန်လုပ်ငန်း (Myanmar Export Import Services)  က လားရှိုး၊ မူဆယ်၊ ကြူကုတ်၊ နမ့်ခမ်းနဲ့ ကွမ်းလုံဒေသများမှာ နယ်စပ်ကုန် သွယ်ရေးရုံးများစတင် ဖွင့်လှစ်ပြီး နှစ်နိုင်ငံသုံးငွေကြေးပေါ်အခြေခံတဲ့ သွင်းကုန်ပထမ၊ ပို့ကုန်နောက် (Import First, Export Later)   စနစ်နဲ့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါ တယ်။ ၁၉၉၁ ခုနှစ် ဇူလိုင် လနှောင်းပိုင်းမှာတော့ နယ်စပ်ကုန်သွယ် ရေးမှာ တစ်ဖက်စောင်းနင်း နစ်နာနေရမှုတွေ၊ ငွေလဲလှယ်နှုန်းမှာ ကျပ်ငွေတန်ဖိုး ကျဆင်းနေရမှုတွေကို အချိန်မီ  တားဆီးနိုင်ရေး အတွက် စနစ်သစ်နယ်စပ်ကုန်သွယ်ရေးကိုဖော်ဆောင်ဖို့ နိုင်ငံတော် က စီစဉ်ဆောင်ရွက်ခဲ့ပါ တယ်။ ၁၉၉၁ ခုနှစ် အောက်တိုဘာလဆန်း မှာတော့ MEIS  ကို စနစ်သစ် နယ်စပ်ကုန်သွယ်ရေးကို တာဝန် ပေးဆောင်ရွက်စေခဲ့ပါတယ်။  ၁၉၉၅ ခုနှစ် သြဂုတ်လဆန်းမှာ မြန်မာ-တရုတ် နယ်စပ်ဖြစ်တဲ့ မူဆယ်ဒေသအား စမ်းသပ်ဒေသ အဖြစ် နယ်စပ်ကုန်သွယ်ရေးညွှန်ကြားရေး မှူးရုံးကို  ဖွင့်လှစ်ပြီး နယ်စပ်ကုန်သွယ်ရေးကို ပုံမှန်ကုန်သွယ်မှု  နည်းလမ်းနဲ့ နယ်စပ် ကုန်သွယ်မှုနည်းလမ်းဆိုပြီး နည်းလမ်းနှစ်သွယ် နဲ့ ဆောင်ရွက်ခဲ့ ပါတယ်။ စနစ်သစ်နယ်စပ်ကုန်သွယ်ရေးနည်းလမ်း ဆောင်ရွက်နိုင် ရန် MEIS  ဟာ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ နယ်စပ်များမှာ နယ်စပ်ကုန် သွယ်ရေးရုံးဖွင်လှစ်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ် သြဂုတ် ၂၈ ရက်မှာ တော့ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနကို ထူထောင်နိုင်ခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေးရဲ့ ရည်ရွယ်ချက်များနှစ်နိုင်ငံချစ်ကြည်ရေးပိုမိုတိုးတက်စေရန်၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးတက်စေရန်နဲ့ ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိစေ ရန်၊ နိုင်ငံတော်မှရသင့်ရထိုက်သော အခွန်အခများအပြည့်အ၀ ရရှိ စေရန်၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိစေရန် နှင့် ထိုက်သင့်သောအကျိုးအမြတ်ဖြစ်ထွန်းစေရန်၊ ကုန်စည်စီးဆင်းမှု ပိုမိုအဆင်ပြေလွယ်ကူချောမောစေရန်ဆိုတဲ့ ရည်ရွယ်ချက် ၅ ရပ်နဲ့ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနကို တည်ထောင်ခဲ့ပါတယ်။ ရည်မှန်းချက်ကုန်သွယ်မှုပမာဏ နှစ်စဉ်တိုးတက်ရေး၊  သတ်မှတ်ထားသော အခွန်အခများ အပြည့်အဝရရှိရေးနှင့် မသမာမှု များကင်းရှင်းရေး ဆိုတဲ့ ရည်မှန်းချက် (၃) ရပ်နဲ့လည်း ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ကုန်သွယ်မှုလုပ်ငန်းစဉ် တိုးတက်ပြောင်းလဲမှုများပို့ကုန်ပထမစနစ်ကျင့်သုံးရန် ပို့ကုန်တန်ဖိုး (Export Earning)  ရှိမှ သွင်းကုန်တင်သွင်းခွင့်ပြုရန်၊ ကုန်သွယ်မှု အချိုးညီရန်နဲ့ မိမိနိုင်ငံမှ ထွက်ရှိသော ပစ္စည်းအားလုံးကို ရောင်းချရသော ဈေးကွက်သည် မိမိနိုင်ငံအတွင်း၌သာ ရှိစေရန်ဆိုတဲ့ လုပ်ငန်းစဉ်များနဲ့ လုပ်ဆောင် လျက်ရှိပါတယ်။ ၁၉၉၇ ခုနှစ်ဇူလိုင်လနှောင်းပိုင်းမှာ ယခင်ကကျင့်သုံး ခဲ့တဲ့  Import First Export Later   စနစ်အစားပို့ကုန်ကြောင့်ရငွေ Export Earning  ရှိမှ သွင်းကုန်ခွင့်ပြုတဲ့  Export First Import Later  စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။ ၁၉၉၇ ခုနှစ် နိုဝင်ဘာလနှောင်းပိုင်းမှာတော့ နယ်စပ်ဒေသ အားလုံးမှာ နှစ်နိုင်ငံငွေကြေးပေါ်အခြေခံပြုလုပ်တဲ့ နယ်စပ်ကုန်သွယ် မှုနည်းလမ်းအစား အမေရိကန်ဒေါ်လာကို အခြေခံပြုလုပ်တဲ့ ပုံမှန် ကုန်သွယ်မှု  Normal Trade  နည်းလမ်းကို အစားထိုးဆောင်ရွက်ခဲ့ ပါတယ်။ ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာ ၁၅ ရက်ကစပြီး မြန်မာ-တရုတ် နယ်စပ်နဲ့ မြန်မာ-အိန္ဒိယနယ်စပ်ဒေသများမှာ ကုန်သွယ်မှုပြုလုပ်တဲ့ အခါ အမေရိကန်ဒေါ်လာအပြင် မြန်မာကျပ်ငွေ၊ တစ်ဖက်နိုင်ငံသုံး ယွမ်နဲ့ ရူပီးများနဲ့ပါ ဆောင်ရွက်ခွင့်ပြုခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၁ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစပြီး မြန်မာ-ထိုင်း နယ်စပ်ဒေသများမှာ အမေရိကန်ဒေါ်လာငွေသာမက မြန်မာကျပ်ငွေ၊ တစ်ဖက်နိုင်ငံသုံး ဘတ်ငွေနဲ့ ကုန်သွယ်မှုပြုလုပ်ခွင့်ပြုခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် သြဂုတ် လလယ်ခန့်မှစပြီး ပို့ကုန်သွင်းကုန်လိုင်စင်များအရ ငွေလွှဲစာတမ်း ဖွင့်လှစ်ခြင်း၊ ငွေပေးခြင်းများကို အမေရိကန်ဒေါ်လာ တန်ဖိုးအစား ယူရို သို့မဟုတ် ဂျပန်ယန်းငွေ သို့မဟုတ် စင်ကာပူဒေါ်လာငွေကြေး တန်ဖိုးများနဲ့လည်း ဆောင်ရွက်ထားခဲ့ပါတယ်။၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် နယ်စပ်ကုန်သွယ်ရေးရဲ့ ထူးခြားမှုများသောင်းရင်းမြစ်  မြေထိန်းနံရံ  တည်ဆောက်တဲ့ကိစ္စကို အကြောင်းပြုပြီး ၂၀၁၀ ခုနှစ် ဇူလိုင်လလယ်က ပိတ်ထားခဲ့ရတဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းကို ၂၀၁၁ ဒီဇင်ဘာလဆန်းကစပြီး ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ရန်ကုန်-မြဝတီ ကုန်သွယ်မှုလမ်း ကြောင်းပေါ်ရှိ မရမ်းချောင်စစ်ဆေးရေးစခန်းနဲ့ မန္တလေး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်းပေါ်က ရေပူစစ်ဆေးရေးစခန်းတို့ကို ၇-၁-၂၀၁၂ နေ့ကစပြီး ရုပ်သိမ်းပေးခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ဖြေလျှော့မှုများ ပြည်ပပို့ကုန်တိုးမြှင့်ရေးကို အားပေးတဲ့အနေနဲ့ ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရော်ဘာ၊ ရေချိုရေငန်ထွက်ရေထွက်ပစ္စည်း၊ တိရစ္ဆာန် နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းများတင်ပို့မှု ပြည်ပပို့ကုန်ရောင်းရငွေအပေါ် စည်းကြပ်ကောက်ခံတဲ့ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ကို ၂၀၁၁ ခုနှစ် သြဂုတ်လမှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီထိ ခြောက်လခွင့်ပြု ထားခြင်းအပေါ် ဆက်လက်ပြီး ဖေဖော်ဝါရီလမှ သြဂုတ်လအထိ ခြောက်လခွင့်ပြုပေးခဲ့ပါတယ်။ပြည်ပသို့ တင်ပို့ခွင့်ကန့်သတ်ထားသော ပို့ကုန်အမယ်များ ထဲက မြေပဲ၊ မြေပဲဆီ၊ ဆီကြိတ်ရာမှာ အသုံးပြုတဲ့ နှမ်းနီ၊ နှမ်းညိုနဲ့ နှမ်းဆီများကို ပြည်ပသို့တင်ပို့ခွင့်ပြုသော ပစ္စည်းအဖြစ် ပြင်ဆင်သတ် မှတ်ပေးခဲ့ပါတယ်။ ပြည်ပသို့ တင်ပို့ခွင့်မပြုသော ကျန်ပစ္စည်းများကို လည်း ပြည်တွင်းဈေးကွက်လိုအပ်ချက် အခြေအနေများပေါ် မူတည် ပြီး အခါအားလျော်စွာ ပြင်ဆင်ပြောင်းလဲသင့်တာတွေကို ပြင်ဆင် ဆောင်ရွက်ပေးသွားမယ်လို့လည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးက ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်က အမိန့်စာထုတ် ကြေညာထားခဲ့ပါတယ်။၂၀၁၁ ခုနှစ်၊ အောက်တိုဘာလဆန်းပိုင်းကစပြီး ရန်ကုန်တိုင်း ဒေသကြီးရုံးခွဲမှာ ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားခွင့် ခွင့်ပြုပေး ခဲ့တာလည်းရှိခဲ့ပါတယ်။ ပို့ကုန်ပစ္စည်းများဖြစ်တဲ့ လယ်ယာထွက်ကုန် ပစ္စည်း၊ ရေထွက်ကုန်၊ သစ်တောထွက်ပစ္စည်းနဲ့ CMP  ပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီးရုံးခွဲမှာ လျှောက်ထားခွင့်ပြုခဲ့ပါတယ်။ တစ်ပြိုင် တည်း သွင်းကုန်ခြောက်မျိုးဖြစ်တဲ့ CMP  ဆေးပစ္စည်းမျိုးစုံ၊ ဆေးရုံသုံး ပစ္စည်းများ၊ တိရစ္ဆာန်ဆေးပစ္စည်းများ၊ ဓာတ်မြေသြဇာအမျိုးမျိုးနဲ့ ပိုးသတ်ဆေးအမျိုးမျိုးကိုလည်း ရန်ကုန်မှာသွင်းကုန်လိုင်စင် လျှောက် ထားခွင့်ပြုခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂ ရက်ကစပြီး ပလတ် စတစ် ပစ္စည်းမျိုးစုံနဲ့ ပီနန်အိတ်များ၊ တိရစ္ဆာန် အစားအစာမျိုးစုံ၊ ဖန်ထည်ပစ္စည်းများနှင့် စာရေးကိရိယာမျိုးစုံကို ရန်ကုန်တိုင်းဒေသ ကြီးရုံးခွဲတွင် လျှောက်ထားခွင့် ထပ်မံခွင့်ပြုပေးခဲ့ပါတယ်။ဝန်ကြီးဌာနရဲ့ ယခင်အမိန့်စာများနှင့် တင်သွင်းခွင့်မပြုရန် ကန့်သတ်ထားတဲ့ ကုန်ပစ္စည်းများအနက် ပထမအဆင့်အနေနဲ့ အချို မှုန့်၊ အချိုရည်၊ ဘီစကစ်မျိုးစုံ၊ စည်သွပ်ဘူးများ (အသားနဲ့ သီးစုံ)၊ ခေါက်ဆွဲခြောက် အမျိုးမျိုးအပါအဝင် လူသုံးကုန် ငါးမျိုးအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကစပြီး ပင်လယ်ရေကြောင်းနဲ့ နယ်စပ် ဒေသများမှ အကန့်အသတ်နဲ့ ဖြေလျှော့တင်သွင်းခွင့်လည်း ပေးခဲ့ပါတယ်။၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလနှောင်းပိုင်းကစပြီး ပြည်ပပို့ကုန် တိုးမြှင့်ရေးကို အားပေးတဲ့အနေနဲ့ သစ်သီးဝလံအမျိုးမျိုးအပါအဝင် ဥယျာဉ်ခြံမြေထွက်သီးနှံနဲ့ ပစ္စည်းများကို ပြည်ပပို့ကုန်ရောင်းရငွေ အပေါ် စည်းကြပ်ကောက်ခံကုန်သွယ်လုပ်ငန်းခွန်များကို ၁-၃-၂၀၁၂ ကစပြီး သြဂုတ် ၁၄ ရက်ထိကင်းလွတ်ခွင့်ပေးထားပြီး ဖြစ်ပါတယ်။သစ်သီးအစိုများဖြစ်တဲ့ တယ်သီးနဲ့ သလဲသီး (အစို) များကို ရာသီမရွေး တရားဝင်တင်သွင်းခွင့်ကို ဒီဇင်ဘာလလလယ်က စခွင့် ပြုပေးခဲ့ပါတယ်။ နဂါးမောက်သီးနဲ့ Sunkist  သီးများကိုတော့ မိမိတို့ နိုင်ငံတော်မှာစိုက်ပျိုးထွက်ရှိတဲ့ အောက်တိုဘာလမှစပြီး ဇန်နဝါရီလ ကာလမှာ တင်သွင်းခွင့်ကိုကန့်သတ်ထားခဲ့ပါတယ်။ ဖေဖော်ဝါရီလမှ စက်တင်ဘာလထိကာလအတွင်းမှာတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ တရားဝင်တင်သွင်းခွင့်ပြုခဲ့ပါသေးတယ်။ စားသောက်ကုန် ၅ မျိုးအား ပထမအဆင့်ဖြေလျှော့တင်သွင်းခွင့်ပြုနိုင်ငံတော်မှ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလကစပြီး ဖြေလျှော့တင် သွင်းမှုခွင့်ပြုထားတဲ့ အချိုမှုန့်၊ အချိုရည်၊ ဘီစကစ်မျိုးစုံ၊ စည်သွပ် ဘူးများ (အသားနဲ့သီးစုံ)၊ ခေါက်ဆွဲခြောက်အမျိုးမျိုး စတဲ့ စား သောက်ကုန် ငါးမျိုးအား  FDA  ထောက်ခံချက်ရှိပါက နှစ်နိုင်ငံ ငွေကြေး သို့မဟုတ် နိုင်ငံတော်မှ သုံးစွဲခွင့်ပြုထားသော ငွေကြေး တစ်ရပ်ရပ်နဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ တင်သွင်းခွင့်ကို မတ်လကစပြီး ထပ်မံဖြေေ လျှာ့ခွင့်ပြုပေးခဲ့ပါတယ်။ လူသုံးကုန်ထီးကို နယ်စပ်မှ တင်သွင်းခွင့်ပြု      ဒါ့အပြင် နိုင်ငံတော်မှ တရားဝင် ကန့်သတ်တားမြစ်ကုန်ပစ္စည်း စာရင်းတွင် မပါဝင်သော်လည်း ယခင်က  မြန်မာနိုင်ငံတွင် ထုတ်လုပ် ရောင်းချနေသော ထီးတံဆိပ်အမျိုးမျိုးကို နယ်စပ်တွင်ထုတ်လုပ်ပြီး မြန်မာနိုင်ငံအတွင်းသို့ နည်းမျိုးစုံဖြင့် အခွန်အမျိုးမျိုးရှောင် တိမ်းပြီး တင်သွင်းနေသဖြင့် စက်မှု(၁)ထီးစက်ရုံများနှင့် ဥပဒေနဲ့အညီ မှတ်ပုံ တင်ထားသော ပုဂ္ဂလိကပိုင်ထီးအလုပ်ရုံများ၏ ထုတ်လုပ်မှုများကို ထိခိုက်စေခြင်းကြောင့် အမှတ် (၁)စက်မှုဝန်ကြီးဌာန၏ ညှိနှိုင်းချက် အရ နယ်စပ်မှထီးမျိုးစုံတင်သွင်းခွင့်အား ၂၀၀၀ ပြည့်နှစ် ဇူလိုင်လ မှစပြီး တားမြစ်ခဲ့ပါတယ်။ တရားဝင်တင်သွင်းခွင့်ပြုလိုက်ပါက တရားမဝင် တင်သွင်းနေ မှုများပပျောက်ပြီး ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက် ရှိကာ ကုန်သွယ်မှုပမာဏ တိုးလာစေတဲ့အပြင် နိုင်ငံတော်အတွက် အခွန်အခများ ပိုမိုရရှိလာနိုင်ပြီး နဲ့ ပြည်တွင်းဈေးကွက်ဝယ်လို အား ဖြည့်တင်းပေးနိုင်မှာဖြစ်တဲ့အတွက် ၂၀၁၂ ခုနှစ် မတ် ၁၃ ရက်ကစပြီး နယ်စပ်စခန်းအသီးသီးမှ သွင်းကုန်လိုင်စင်နဲ့ တရားဝင်တင်သွင်းခွင့် ပြုထားပြီးဖြစ်ပါတယ်။ OSS များ မိမိတို့ရဲ့ အဓိကလုပ်ငန်းတာဝန်ယူဆောင်ရွက်စေခဲ့လက်ရှိနိုင်ငံတော်အစိုးရအဖွဲ့သစ်ရဲ့ ပြောင်းလဲဆောင်ရွက်နေ တဲ့စနစ်နဲ့အညီ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၆ ရက်  One Stop Service  ကစပြီး OSS အား နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ဦးဆောင်မှု မပြုတော့ဘဲ မိမိဌာနအလိုက် ဥပဒေလုပ်ထုံးလုပ်နည်းများကျင့်သုံး၍ မိမိတို့ဌာနများရဲ့ အဓိကလုပ်ငန်းတာဝန်များကို ကိုယ်စီတာဝန် ယူဆောင်ရွက်စေခဲ့ပါတယ်။ ယမန်နှစ်ကုန်သွယ်မှုထက် သိသိသာသာပိုမိုအစိုးရသစ်တက်ပြီးတဲ့နောက်ပိုင်းမှာ ကုန်သွယ်မှုဆိုင်ရာ ဖြေ လျှော့မှုများပေးတဲ့အတွက် ၂၀၁၀-၂၀၁၁ဘဏ္ဍာနှစ်နဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ကုန်သွယ်မှုပမာဏကို နှိုင်းယှဉ်ကြည့်တဲ့အခါ ပို့ကုန် ၈၂ ရာခိုင်နှုန်း၊ သွင်းကုန် ၃၂ ရာခိုင်နှုန်းနဲ့ ကုန်သွယ်မှုပမာဏအနေနဲ့ ၅၈ ရာခိုင်နှုန်းအထိ ပိုမိုလာခဲ့ပါတယ်-                    ၂၀၁၁-၂၀၁၂                 ၂၀၁၀-၂၀၁၁                  ပြောင်းလဲမှု(+/-)       ပို့     သွင်း ကုန်သွယ်မှု        ပို့       သွင်း ကုန်သွယ်မှု         ပို့      သွင်း  ကုန်သွယ်မှု တရုတ် ၁၈၂၁. ၈၉၈ ၁၁၆၃. ၅၂၆  ၂၉၈၅. ၄၂၄ ၉၃၂. ၈၂၁ ၈၆၂. ၄၅၂ ၁၇၉၅. ၂၇၃ ၈၈၉. ၀၇၇  ၃၀၁. ၀၇၄ ၁၁၉၀. ၁၅၁ ထိုင်း ၁၇၅. ၁၆၂ ၁၆၈. ၁၄၃ ၃၄၃. ၃၀၅ ၁၅၆. ၆၃၀ ၁၄၇. ၃၆၀ ၃၀၃. ၉၉၀ ၁၈. ၅၃၂ ၂၀. ၇၈၃     ၃၉. ၃၁၅ ဘင်္ဂလားဒေ့ရှ် ၂၂. ၄၆၅ ၁. ၃၉၅ ၂၃. ၈၆၀ ၁၆. ၆၁၄ ၁. ၅၁၁ ၁၈. ၁၂၅ ၅. ၈၅၁ ဝ. ၁၁၆     ၅. ၇၃၅ အိန္ဒိယ ၈. ၈၆၉ ၆. ၅၄၀ ၁၅. ၄၀၉     ၈. ၂၈၁ ၄. ၅၂၀ ၁၂. ၈၀၁ ဝ. ၅၈၈ ၂. ၀၂၀ ၂. ၆၀၈  ၂၀၂၈. ၃၉၄ ၁၃၃၉. ၆၀၄ ၃၃၆၇. ၉၉၈ ၁၁၁၄. ၃၄၆ ၁၀၁၅. ၈၄၃ ၂၁၃၀. ၁၈၉ ၉၁၄. ၀၄၈ ၃၂၃. ၇၆၁ ၁၂၃၇. ၈၀၉ ဇယားပါ ကိန်းကဏန်းများကိုကြည့်သည့်အခါ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနယ်စပ် မျက်နှာစာအားလုံးမှာ ပို့ကုန်ရော သွင်းကုန်ပါ ယမန်နှစ်ကာလတူထက် ပိုမိုဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကုန်သွယ် မှုပမာဏလည်း ပိုမိုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်မျက်နှာစာမှာတော့ ယမန်နှစ်ကဘဏ္ဍာနှစ်ထက် ဓာတ်မြေသြဇာနဲ့ ဘိလပ်မြေအသွင်း လျော့နည်းခဲ့တဲ့အတွက် သွင်းကုန်လျော့နည်းခဲ့ရခြင်းဖြစ် တယ်လို့ သိရပါတယ်။ပို့ကုန်အုပ်စုအလိုက် ဆောင်ရွက်နိုင်မှု ယမန်နှစ်ကာလတူနဲ့ နှိုင်းယှဉ်တဲ့အခါ ပို့ကုန်ဆောင်ရွက်မှုများ ပိုမိုခဲ့ပါတယ်။ အုပ်စုအလိုက်ဆောင်ရွက်နိုင်မှုကို ယမန်နှစ် ဘဏ္ဍာနှစ် နဲ့ နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်နှင့်၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်  ကုန်ပစ္စည်းအုပ်စုအလိုက် ပို့ကုန်ဆောင်ရွက်နိုင်မှု နှိုင်းယှဉ်ချက်ပြဇယားတန်ဖိုး -ကန်ဒေါ်လာသန်း၊ တန်ချိန် -ထောင်ပေါင်းပစ္စည်းအုပ်စု        ၂၀၁၁-၂၀၁၂      ၂၀၁၀-၂၀၁၁ ပြောင်းလဲမှု တန်ချိန်     တန်ဖိုး တန်ချိန်     တန်ဖိုး တန်ချိန်    တန်ဖိုး  လယ်ယာထွက်ကုန်   ၁၆၃၁  ၈၅၅ ၁၁၆၁ ၅၇၃   ၄၇၀   ၂၈၂ တိရစ္ဆာန်ထွက်    ၄၇     ၈၄     ၆၀   ၈၁      ၁၃     ၃ ရေထွက်   ၁၉၇ ၂၅၄   ၁၈၉ ၂၁၁     ၈   ၄၃ သတ္တုတွင်းထွက်   ၃၁၃ ၇၈၄   ၁၄၁ ၂၀၄    ၁၇၂  ၅၈၀ သစ်တောထွက်     ၂၁    ၁၂    ၆၉   ၂၂       ၄၈    ၁၀ စက်မှုကုန်ချော          ၈     ၆     ၂ အခြား           ၃၁    ၁၇    ၁၄ စုစုပေါင်း(တန်ဖိုး)       ၂၀၂၈    ၁၁၁၄  ၉၁၄  လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုကိုကြည့်လျင် နယ်စပ်မှ ယခင်ဘဏ္ဍာနှစ်မှာ ဆန်တင်ပို့ခွင့်မပြုခဲ့ဘဲ ယခုနှစ်မှာတော့ ဆန်နဲ့ ဆန်ကွဲတန်ချိန် ၁၃၇၀၀၀ တင်ပို့ခွင့်ရရှိခဲ့ပါတယ်။ ပြောင်းတင်ပို့ ရာတွင်လည်း ယမန်နှစ်ကထက် ပြောင်းတန်ချိန် ၁၉၂၀၀၀ ပိုမိုတင် ပို့နိုင်ခဲ့ပါတယ်။ ပဲအမျိုးမျိုးတင်ပို့မှုတွင် ယခုနှစ်၌ တန်ချိန် ၁၅၆၀၀၀ တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကထက် တန်ချိန် ၂၉၀၀၀ ပိုမိုတင်ပို့နိုင်ခဲ့ ပါတယ်။ တင်ပို့တဲ့ပဲမျိုးစုံတွေကတော့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲတီစိမ်း လုံးခြမ်း၊ ကုလားပဲ၊ ပဲလွန်းဖြူ၊ ပဲပုပ်စေ့၊ ပဲယင်း၊ ပဲကြီး၊ ထောပတ် ပဲတို့ဖြစ်ပြီး ယခင်နှစ်ကထက် ပဲတီစိမ်း၊ ပဲပုပ်စေ့၊ ပဲယင်းတို့အပို့ပိုခဲ့ပြီး ယခုဘဏ္ဍာနှစ်မှာ ကုလားပဲ အနည်းငယ် စစ်တွေနယ်စပ်မှ အပို့ရှိ လာတာတွေ့ရပါ တယ်။ ယခင်နှစ်ကထက် မတ်ပဲ၊ ပဲတီစိမ်းလုံးခြမ်း၊ ပဲလွန်းဖြူနဲ့ ထောပတ်ပဲတို့ အပို့လျော့ခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် မှာ နှမ်းတန်ချိန် ၈၀၀၀၀ ကျော် အပို့ရှိခဲ့ပြီး ယခင်နှစ်ကထက် တန်ချိန် ၃၀၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နှမ်းနက်၊ နှမ်းဖြူ အခွံချွတ် သာတင်ပို့ခွင့်ပြုရာမှာ နှမ်းနီ၊ နှမ်းညိုနဲ့ နှမ်းဆီများကိုပါ ယခုနှစ်မှာ တင်ပို့ခွင့်ပြုလိုက်ခြင်းဟာ နှမ်းတင်ပို့မှုကို သိသိသာသာ မြင့်တက်စေ ခဲ့တာပဲ ဖြစ်ပါတယ်။ရော်ဘာတင်ပို့မှုကို ကြည့်မယ်ဆိုလျှင် ယခုနှစ်မှာ တန်ချိန် ၄၅၀၀၀ တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ်ကထက် တန်ချိန် ၃ ထောင်ကျော် အပို့ပိုခဲ့ပါတယ်။သစ်သီးဝလံတင်ပို့မှုအပိုင်းမှာ ယမန်နှစ်ကထက်  ဖရဲသီး၊ သခွားမွှေး၊ သရက်သီးတို့ အပို့ပိုမိုခဲ့ပါတယ်။ ယမန်နှစ်ကထက် ဖရဲသီး တန်ချိန် ၇၀၀၀၀ကျော်၊ သခွားမွှေးတန်ချိန် ၁၇၀၀၀ ကျော်နဲ့ သရက် သီးတန်ချိန် ၅၀၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အခြားလယ်ယာ ကိုင်းကျွန်းထွက်ပစ္စည်းများလည်း တန်ချိန် ၇၃၀၀၀ ကျော် အပို့ပိုခဲ့ရာ ယခုနှစ်မှာ လယ်ယာထွက်ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၈၅၅ သန်း ဝန်းကျင်ရရှိခဲ့ပါတယ်။ ယမန်နှစ်ကထက် ကန်ဒေါ်လာ ၂၈၂ သန်း ကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုကြည့်လျင် ယမန်နှစ်ကထက် သားရေစိမ်းနဲ့ သားရေချောတင်ပို့မှု ပိုမိုခဲ့ပြီး အခြားတိရစ္ဆာန်ထွက် ပစ္စည်းတင်ပို့မှုကတော့ လျော့နည်းခဲ့ပါတယ်။ တန်ဖိုးနည်းပစ္စည်း တင်ပို့မှုပမာဏလျော့နည်းခဲ့ပြီး တန်ဖိုးကြီးတဲ့သားရေစိမ်းနဲ့ သားရေ ချောအပို့ပိုခဲ့တဲ့အတွက် ယမန်နှစ်ဆောင်ရွက်မှုထက် ကန်ဒေါ်လာ ၃ သန်း ကျော်ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ရေထွက်ကုန်ပစ္စည်း တင်ပို့မှုကိုကြည့်လျှင် ကန်ဒေါ်လာ ၂၅၄ သန်းကျော်ဆောင်ရွက်နိုင်ခဲ့ပြီး ယခင်နှစ်ကထက် ကန်ဒေါ်လာ ၄၃ သန်းကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်၊ ငါးစည်ဖောင်း၊ ငါးမှုန့်နဲက အခြားရေထွက်ကုန်များ ယမန်နှစ်ကထက် အပို့ပိုခဲ့တယ်လို့ သိရပါတယ်။သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုတွင် ကန်ဒေါ်လာ ၇၈၄ သန်း ကျော်ဆောင်ရွက်နိုင်ခဲ့ပြီး ယမန်နှစ်ကထက် သန်း ၅၈၀ ဝန်းကျင် ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယမန်နှစ်ကထက် သတ္တုနဲ့ သတ္တုရိုင်း များ၊ ကျောက်စိမ်း၊ ကျောက်မျက် ရတနာနဲ့ ခဲမဖြူတို့ အပို့ပိုခဲ့ပြီး ယခုဘဏ္ဍာနှစ်မှာသန့်စင်ပြီး ခနောက်စိမ်းများ အပို့ရှိလာတာ တွေ့ရပါတယ်။ အခြား သတ္တုတွင်းထွက်ပစ္စည်းများလည်း အပို့ပိုခဲပြီး ယခုနှစ်မှာ ခဲမဖြူတင်ပို့မှုကတော့ ယမန်နှစ်ကထက် ကန်ဒေါ်လာ ၂ သန်းကျော်ဖိုး လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှာ ယခုနှစ်မှာ ကန်ဒေါ်လာ ၁၂ သန်းကျော်တန်ဖိုးမှာ သစ်တောထွက်ပစ္စည်း တန်ချိန်ထောင် ပေါင်း ၂၁ ဝန်းကျင်အပို့ရှိခဲ့ရာ ယခင်နှစ်ကထက် ကန်ဒေါ်လာ ၁၀ သန်းကျော်၊ တန်ချိန်ထောင်ပေါင်း ၄၈ လျော့နည်းဆောင်ရွက် ခဲ့တာတွေ့ရပါတယ်။ သစ်ပါးလွှာနဲ့ အထပ်သားတစ်မျိုးသာတင်ပို့မှု ပိုမိုခဲ့ပြီး ကျွန်းသစ်လုံး၊ သစ်မာလုံး၊ သစ်မာခွဲသား၊ ကြိမ်၊ အခြားသစ် ခွဲသား၊ အခြားသစ်လုံးနဲ့ အခြားသစ်တောထွက်ပစ္စည်းများ သိသိသာ သာ အပို့လျော့ခဲ့တယ်လို့သိရပါတယ်။စက်မှုကုန်ချောပစ္စည်း  တင်ပို့မှုမှာ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ၇ သန်းကျော်ဆောင်ရွက်နိုင်ခဲ့ပြီး ယခင်နှစ်ကထက် ကန် ဒေါ်လာ ၂ သန်းဝန်းကျင် ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယခုနှစ်မှာ သကြားတင်ပို့ခွင့် ရရှိလာခြင်းကြောင့် လည်းကောင်း၊ စကျင်ကျောက် ဆင်းတုနဲ့ အခြားစက်မှုကုန်ချောပစ္စည်းများ အပို့ပိုခဲ့၍လည်းကောင်း၊ ယခင်နှစ်ကထက် ပိုမိုခဲ့ရခြင်းဖြစ်ပါတယ်။ ယခင်နှစ်ကထက် ချုပ် ပြီးအထည်များနဲ့ ကော်ဖီမစ်တင်ပို့မှု လျော့နည်းခဲ့တယ်လို့ သိရပါ တယ်။ ပို့ကုန်ကဏ္ဍတစ်ခုလုံးကို ပြန်လည်ကြည့်မယ်ဆိုလျင် ယမန်နှစ် ကထက် လယ်ယာထွက်ကုန် ကန်ဒေါ်လာ ၂၈၂ သန်းကျော်၊ ရေ ထွက်ကုန် ကန်ဒေါ်လာ ၄၃ သန်းခန့်၊ သတ္တုတွင်းထွက်ပစ္စည်း ကန် ဒေါ်လာ သန်း ၅၈၀၊ စက်မှုကုန်ချော ကန်ဒေါ်လာ ၂သန်းနဲ့ အခြား ပစ္စည်းများ ကန်ဒေါ်လာ ၁၄ သန်းဝန်းကျင် အပို့ပိုခဲ့တဲ့အတွက် တိရစ္ဆာန်ထွက်ပစ္စည်း ကန်ဒေါ်လာ ၃ သန်းဝန်းကျင်နဲ့ သစ်တော ထွက်ကုန် ၁၃ သန်းခန့် လျော့နည်းတင်ပို့ခဲ့သော်လည်း  ယမန်နှစ် ကထက် ပို့ကုန် ကန်ဒေါ်လာ သန်း ၉၀၀ ကျော်ပိုမိုဆောင်ရွက်နိုင်ခဲ့ ပါတယ်။၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်နဲ့ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် အုပ်စုအလိုက် သွင်းကုန်ဆောင်ရွက်မှုနှိုင်းယှဉ်ချက်တန်ဖိုး -ကန်ဒေါ်လာသန်း    ပစ္စည်းအုပ်စု၂၀၁၁-၂၀၁၂ ၂၀၁၀-၂၀၁၁   ပြောင်းလဲမှု     တန်ဖိုး    တန်ဖိုး    တန်ဖိုး ရင်းနှီးမြှုပ်နှံမှု    780   542   238 လုပ်ငန်းသုံး    338   302    36 လူသုံးကုန်       222     172    51 စုစုပေါင်းတန်ဖိုး  1340    1016    324  သွင်းကုန်ပိုင်းဆောင်ရွက်မှုလည်းပိုမို၂၀၁၁-၂၀၁၂  ဘဏ္ဍာနှစ် သွင်းကုန်ဆောင်ရွက်နိုင်မှုဟာ ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာ ၃၂၄ သန်း ပိုမိုဆောင်ရွက် နိုင်ခဲ့ပါတယ်။ အုပ်စုအလိုက်ဆောင်ရွက်နိုင်မှုများကိုကြည့်မယ်ဆိုလျင် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ ယခုဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာသန်း ၇၈၀ ဝန်းကျင်အသွင်းရှိခဲ့ပြီး ယမန်နှစ်ကထက် ကန်ဒေါ်လာ ၂၃၈ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ မီးရထားနဲ့ မီးရထားပစ္စည်း များ၊ မော်တော်ယာဉ်နဲ့ မော်တော်ယာဉ်ပစ္စည်းများ၊ သင်္ဘောနှင့်သင်္ဘော ပစ္စည်းများ၊ လယ်ထွန်စက်များ၊ ရုပ်မြင်သံကြားစက် များ၊ ဖန်ဆောက် လုပ်ရေးပစ္စည်းများ၊ သတ္တုကုန်ချော ဆောက်လုပ်ရေးပစ္စည်းများ၊ သံနဲ့ သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပို ပစ္စည်း၊ စက်ဘီးအပိုပစ္စည်းများ ယခင်နှစ်ကထက် ပိုမိုတင်သွင်းခဲ့ပြီး ဘိလပ်မြေ၊ လယ်ယာသုံးနောက်တွဲယာဉ်နဲ့ အခြားယာဉ်များ၊ တယ် လီဖုန်းနဲ့ ဆက်သွယ်ရေးပစ္စည်းများ၊ ကွန်ပျူတာ၊ ကွန်ပျူတာနှင့် သက် ဆိုင်သော ပစ္စည်းကိရိယာများ၊ လေအေးစက်များ၊ အင်ဂျင်များ၊ စက်နဲ့ စက်ပစ္စည်းများ၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေး ပစ္စည်းများ၊ ဝါယာကြိုးများ အသွင်းလျော့ခဲ့ပါတယ်။ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ တင်သွင်းမှုအပိုင်းမှာ ကန် ဒေါ်လာ ၃၃၈ သန်းကျော် ဆောင်ရွက်နိုင်ခဲ့ပြီး ယမန်နှစ်ကာလ တူထက် ကန်ဒေါ်လာ ၃၆ သန်းကျော်ပိုမိုခဲ့ပါတယ်။ ယမန်နှစ်က ထက် ဂျုံစေ့၊ ရေနံထွက်ပစ္စည်း၊ လုပ်ငန်းသုံးသီးနှံဆီများ၊ ဓာတုပစ္စည်း၊ ဓာတ်မြေသြဇာများ၊ တာယာနှင်ကျွတ်များ၊ ပလတ်စတစ် ကုန်ကြမ်း ပစ္စည်းများ၊ သားရေ၊ သားရေတုနဲ့ပြုလုပ်ထားသော ပစ္စည်းများ အသွင်းပိုခဲ့ပါတယ်။လူသုံးကုန်ပစ္စည်းများအုပ်စုတွင် ကန်ဒေါ်လာ  ၂၂၂ ခန့်နီးပါး ဆောင်ရွက်နိုင်ခဲ့ပြီး ယမန်နှစ်ကာလတူထက် ကန်ဒေါ်လာသန်း ၅၀ ကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ ယခုနှစ်မှာ အိမ်သုံးအပ်ချုပ်စက် များ၊ လျှပ်စစ်မီးသီးနဲ့ မီးချောင်များ၊ နို့ဆီ၊ နို့မှုန့်၊ ဟင်းခတ်အမွှေး အကြိုင်၊ ဆေးဝါးပစ္စည်းများ၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ အလှကုန် ပစ္စည်း၊ အားကစားပစ္စည်း၊ ဇာနှင့် ဇာထိုးထားသောအထည်များ၊ ချုပ်ပြီး အဝတ်အထည်များ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ မျက်မှန်၊ မျက်မှန်နဲ့ဆိုင်သော ပစ္စည်းများ အသွင်းပိုခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကစပြီး ယခင်ကကန့်သတ်ထားသော စားသောက်ကုန်များအနက် ငါးမျိုးကို တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်တဲ့ အတွက် ယခုဘဏ္ဍာနှစ် ဖေဖော်ဝါရီလနဲ့ မတ်လတို့မှာ အချိုမှုန့် ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းကျော်ဖိုး နယ်စပ်မှတင်သွင်းလာနိုင် တာ တွေ့ရပါတယ်။ သွင်းကုန်တစ်ပိုင်းလုံးကိုပြန်ကြည့်မယ်ဆိုလျင် ကန်ဒေါ်လာ ၁၃၄၀ သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းသုံး၊ လူသုံး ကုန်များတင်သွင်းခဲ့ပြီး ယခင်နှစ်ကထက် ကန်ဒေါ်လာ ၃၂၄ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ အလားအလာကောင်းများနဲ့ နယ်စပ်ကုန်သွယ်ရေးနိုင်ငံတော်အစိုးရသစ်ရဲ့ မူဝါဒအပြောင်းအလဲများနဲ့ ဖြေလျော့ မှုများပေးထားသလို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ် များပေါ်ထွက်လာတော့မည်ဖြစ်ရာ ဗှနဗြ အဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်တို့မှ စီးပွားရေးလုပ်ငန်းရှင်များလည်း တဖွဲဖွဲလာရောက်နေကြပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းနဲ့ စီးပွားရေး အလားအလာကောင်းများရှိတဲ့ မြန်မာနိုင်ငံမှာ လာ ရောက်ရင်းနှီးမြှုပ်နှံရန်၊မြန်မာစီးပွားရေးလုပ်ငန်းရှင်များနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် စိတ်ဝင်စားနေကြပါတယ်။ ထားဝယ်ရေ နက်ဆိပ်ကမ်း၊ ထားဝယ်စီးပွားရေးဇုန်၊ သီလဝါအထူးစီးပွားရေးဇုန် စတဲ့ စီးပွားရေးအခြေခံ အဆောက်အအုံများဟာလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ကုန်သွယ်မှုအတွက် အလားအလာကောင်းများ ဖြစ် နေရာ မြန်မာ့ကုန်သွယ်မှု တိုးတက်သည်ထက်တိုးတက်လာနိုင်မဲ့ အလားအလာများရှိနေကြောင်းပါ။