Main menu

Background

ဂျယ်လီငါးတွေ ကြီးစိုးလာနိုင်တဲ့ အနာဂတ်ပင်လယ်

Wed, 05/30/2012 - 04:42 -- Anonymous (not verified)

    လူတွေရဲ့စဉ်ဆက်မပြတ် ကျူးလွန်ခဲ့တဲ့ ပတ် ဝန်းကျင် ညစ်ညမ်းမှုကြီးတွေကြောင့် ကမ္ဘာ့ပင် လယ်ကြီးရဲ့ ဂေဟစနစ်ဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ ကာလအတွင်း  လူ့သမိုင်းမှာ အလျင်အမြန်ဆုံး ပြောင်းလဲစေခဲ့ပါတယ်။   ပင်လယ်တော်တော် များများမှာ ရေသတ္တဝါ ကြီးတွေဖြစ်ကြတဲ့ ဝေလ ငါး၊ လင်းပိုင်၊ ငမန်းနဲ့ လိပ်မျိုးတွေရဲ့ ၇၅ ရာခိုင်နှုန်း ဟာ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်ပါတယ်။ တချို့ ရေသတ္တဝါတွေဖြစ်တဲ့ ထိပ်ဖြူငမန်းနဲ့ အမေရိကန် ငလိပ်ကျောက်တွေဆိုရင် ၉၉ ရာခိုင်နှုန်းလောက် အထိ ပျောက်ကွယ်သွား ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀ ရာစုကုန်အထိ ပင်လယ်ပြင်ရဲ့ အနက်ပေ ၃၀၀၀ အထိသာ စီးပွားဖြစ်ငါးဖမ်းတဲ့လုပ်ငန်းကို လုပ်ကိုင် ခဲ့ပေမဲ့ ယခုအခါပေအနက် တစ်သောင်းအထိ ဖမ်း ဆီးလာနေကြပါတယ်။ ၂၀၁၀ ပြည့်နှစ်က အမေရိကန်နိုင်ငံမှာ   စီးပွားဖြစ်   ငါးဖမ်းဆီးခဲ့တဲ့ ငါး   ပမာဏရဲ့ ၂၅  ရာခိုင်နှုန်းေ လာက်ဟာ အလွန် အကျွံ ဖမ်းဆီးခဲ့မှုတွေက ရရှိခဲ့တယ်လို့ ဆိုပါတယ်။လွန်ခဲ့တဲ့ အနှစ် ၃၀ အတွင်း ပင်လယ်တွေထဲ ကို စက်မှုလုပ်ငန်းတွေက အမှိုက်သရိုက်တွေနဲ့ ဓာတုဗေဒအညစ်အကြေးပစ္စည်းတွေကိုအမြောက် အမြား စွန့်ပစ်ခဲ့ကြပါတယ်။ စက်ရုံတွေက ထုတ် လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ အများ အပြားဟာလည်း တဖြည်းဖြည်းနက်ရှိုင်းတဲ့ ပင် လယ်ပြင်အောက်ကို ရောက်ရှိခဲ့ပြီး ပင်လယ်ရေရဲ့ ဓာတုဗေဒအချိုးအစားကို ပြောင်းလဲလာစေခဲ့ပါ တယ်။   တစ်နည်းအားဖြင့် ပင်လယ်ရေထုရဲ့ သဘာဝပတ်ဝန်းကျင်ကို   ယိုယွင်းပျက်စီးစေတဲ့ အထိ တွန်းပို့ခဲ့ကြပါတယ်။စက်မှုလုပ်ငန်းကြီးတွေ မဖွံ့ဖြိုးသေးတဲ့ ခေတ် ကာလကတည်းက လူတွေရဲ့  တွင်းထွက်လောင် စာဆီတွေ မီးရှို့မှုကြောင့်ဖြစ်ဖြစ်၊ သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းပြီး မီးရှို့ခဲ့မှုတွေကြောင့်ဖြစ်ဖြစ်၊ စိုက်ပျိုးရေးထွက်ကုန်နဲ့  ဘိလပ်မြေထုတ်လုပ်တဲ့ လုပ်ငန်းတွေကဖြစ်ဖြစ် ထုတ်လွှတ်ခဲ့တဲ့စုစုပေါင်း ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ပမာဏရဲ့ ၃၀ ရာခိုင်နှုန်းကို ပင်လယ်တွေက စုပ်ယူခဲ့ပါတယ်။ လက်ရှိအတိုင်း ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို မထိန်းချုပ်၊ မလျှော့ချခဲ့ရင် ပင်လယ်ရေမှာပါဝင်တဲ့ အက်စစ်ဓာတ်အချိုးအစား ဟာ ၂၀၅၀ ပြည့်နှစ်ရောက်ရင် ၁၅၀ ရာခိုင်နှုန်း အထိ မြင့်တက်လာနိုင်တယ်လို့ဆိုပါတယ်။ အဲဒီ အက်စစ်ဓာတ်မြင့်တက်မှုအချိုးအစားဟာ လွန်ခဲ့ တဲ့အနှစ်သန်း ၂၀ အတွင်း အမြန်ဆုံးမြင့်တက်ခဲ့တဲ့ နှုန်းဖြစ်ပါတယ်။ ပရိုင်းမောက်အဏ္ဏဝါ သုတေသန ဌာနမှ ကျွမ်းကျင်သူပညာရှင် ကားလို့တာရေးက "ကျွန်ုပ်တို့ရဲ့  သက်တမ်းအတွင်း ပင်လယ်ရေရဲ့ အက်စစ်ဓာတ်ပါဝင်မှု အချိုးအစားဟာမယုံကြည် နိုင်စရာ တိုးတက်ခဲ့ပြီး  အဲဒီတိုးတက်မှုနှုန်းထား ဟာ လူသားတွေ ရဲ့သမိုင်းမှာဖြစ်ခဲလှပါတယ်"လို့ ထောက်ပြထားပါတယ်။ ပင်လယ်ရေ အက်စစ် ဓာတ်ပါဝင်မှု မြင့်မားလာတဲ့ ဆိုးကျိုးကိုခန့်မှန်းရ တာ ခက်ပါတယ်။ အနည်းဆုံးကတော့  ကာဗွန် နိုတ်အခွံမာ (Carbonate Shells )ရှိတဲ့ ရေသတ္တ ဝါတွေအသက်ရှင်သန်ဖို့ ခက်ခဲလာနိုင်ပါတယ်။ဒီလိုပင်လယ်ရေမှာ အက်စစ်ဓာတ်များလာ တဲ့အပြင် ဓာတ်မြေသြဇာဓာတ်ကြွင်းရေတွေ၊ လူ တွေ စွန့်ပစ်ကြတဲ့ မစင်ကအစ အညစ်အကြေးမျိုး စုံတွေကြောင့် မကြာသေး မီနှစ်များအတွင်း ပင် လယ်တွေအတွင်း သေမင်းဇုန်  (dead zones)  တွေပေါ်ပေါက်လာခဲ့ပါတယ်။  အဲဒီဒေသတွေမှာ အောက်စီဂျင်ဓာတ်  နည်းလာတဲ့အတွက်  ရေ သတ္တဝါအနည်းငယ်သာ အသက်ရှင်သန်နိုင်ပါ တယ်။ အဲဒီသေမင်းဇုန်တွေကို မစ္စစီပီလိုမြစ်ကြီး တွေရဲ့ အဝင်ဝတွေ၊ လူဦးရေထူထပ်တဲ့ပင်လယ် ကမ်းခြေဒေသတွေနဲ့ ကုန်းတွင်းပင်လယ်တွေမှာ တွေ့နိုင်ပါတယ်။ ဒီလိုညစ်ညမ်းလာတဲ့  ပင်လယ် ရေတွေအတွင်း အသက်ရှင်နေနိုင်တဲ့ ရေသတ္တဝါ တွေကတော့ ဂျယ်လီငါး (Jelly Fish) လို အကျွိ အချွဲ (Slime) ခန္ဗာကိုယ်ရှိတဲ့ သတ္တဝါတွေပဲဖြစ်ပါ တယ်။ ဂျယ်လီငါးတွေဟာ အစာအလုံအလောက် ရရှိခဲ့ရင် လျင်မြန်စွာကြီးထွားလာနိုင်ပါတယ်။ ဒါ့ အပြင် သူတို့ရဲ့ အဆိပ်ရှိတဲ့ လက်တံနှာမောင်း တွေကြောင့်လည်း အလွန်ကြောက်စရာရေသတ္တဝါ ကြီးတွေဖြစ်လာနိုင်ပြီး  တခြားရေသတ္တဝါတွေရဲ့ ဥတွေ၊ အသားတွေစားကာ ပင်လယ်ပြင်ကို ကြီး စိုးမင်းမူလာဖို့ ရှိပါတယ်။လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကစပြီး မြေထဲ ပင်လယ်ကမ်းခြေက  အပန်းဖြေစခန်းတွေမှာ ဂျယ် လီငါးတွေရဲ့ အရေအတွက်ဟာ လျင်မြန်စွာတိုး ပွားလာတာတွေ့ရပါတယ်။ အပန်းဖြေစခန်းတွေ မှာ ရေကူးသူတွေဟာ မရမ်းစေ့ရောင်ဂျယ်လီငါး တွေရဲ့  လက်တံနှာမောင်းတွေနဲ့  ထိတွေ့မိရင် အဆိပ်တက်တဲ့ဝေဒနာကိုခံစားရတယ်လို့ ဆိုပါ တယ်။ ၂၀၀၄ ခုနှစ် နွေရာသီတုန်းက မိုနာကို အပန်းဖြေစခန်းတွေမှာ လူပေါင်း ၄၅၀၀၀ ကို အဲဒီဂျယ်လီငါးအဆိပ်တက်ဝေဒနာ ကုသပေးခဲ့ရ ပါတယ်။ ၂၀၀၇  ခုနှစ်ကလည်း အိုင်းရစ်ဆော် လမွန်း ငါးမွေးကန်လုပ်ငန်းတွေထဲက ငါးတွေကို အဲဒီမရမ်းစေ့ရောင်ဂျယ်လီငါးတွေ အုပ်စုလိုက်ဝင် လာပြီး စားသောက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမျိုး တွေကို ဂျပန်၊ အိန္ဒိယနိုင်ငံတွေနဲ့ မေရီလန်းပြည် နယ်တွေမှာ ကြုံခဲ့ပါတယ်။ဒါကြောင့် ယခုအတိုင်း  ပင်လယ်တွေထဲ ဓာတ်မြေသြဇာ ဓာတ်ကြွင်းရေတွေနဲ့ လူ့အညစ် အကြေးအမှိုက်သရိုက်တွေစွန့်ပစ်နေကြပြီး စက်ရုံ အလုပ်ရုံတွေက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ငွေ့ထုတ်လွှတ်မှုတွေကို မလျှော့ချခဲ့ရင် လာမယ့် အနှစ် ၄၀-၅၀ အတွင်းပင်လယ်တွေမှာ အန္တရာယ် ပေးမယ့်ရေမှော် (algae) တွေ ရှင်သန်မှုနှုန်းမြင့်မား လာနိုင်ပါတယ်။ ရေသတ္တဝါတွေရဲ့ အသက်ရှင်ဖို့ လိုအပ်တဲ့  အောက်စီဂျင်ဓာတ်တွေ  လျော့နည်း လာဖို့ရှိပါတယ်။ ပင်လယ်ဝတွေ မှာ သေမင်းဇုန်ကြီး တွေပေါ်ထွန်းလာနိုင်ပါတယ်။ ဒီအခါ ပင်လယ် တွေမှာ ဝေလငါး၊ ငမန်းနဲ့ လင်းပိုင်တွေကို ရှာဖွေ လို့ မတွေ့နိုင်တော့ဘဲ၊  ယနေ့လူတွေ အဓိက အာဟာရ အဖြစ်စားသုံးနေကြတဲ့ ပင်လယ်ငါးတွေ ကို လုယူစားသောက်မယ့် ဧရာမဂျယ်လီငါးကြီး တွေကြီးစိုးတဲ့ ပင်လယ်ကြီးအဖြစ် ပြောင်းလဲ သွား နိုင်ကြောင်းပါခင်ဗျား။Ref:"The Sorrow  Beneath (Time)