Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Wed, 05/30/2012 - 05:11 -- Anonymous (not verified)

    ဥရောပ၏  ကြွေးမြီအကျပ် အတည်းက ကမ္ဘာ့စီးပွားရေးနာလန်ထူ တာကိုတုံ့နှေးစေလိမ့်မယ်။  အာရှဒေ သတွင်းရှိ  ပို့ကုန်လုပ်ငန်းတွေအတွက် ဝယ်လိုအားကို   ထိခိုက်စေလိမ့်မယ် ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် အာရှငွေ ကြေးတွေက စတုတ္တပတ်အဖြစ် တန်ဖိုး ဆက်လက်ကျဆင်းခဲ့ပါတယ်။ယခုနှစ် အတွင်း အရှည်ကြာဆုံးတန်ဖိုးကျဆင်း တာလည်းဖြစ်ပါတယ်။   တရုတ်နိုင်ငံ၏  စီးပွားရေး  တိုး တက်မှုနှုန်း ကွေးခဲ့သည်မှာ ခုနှစ်လ မြောက်ရှိပြီဖြစ်ကြောင်း၊တရုတ်(တိုင်ပေ) ၏ပြည်ပတင်ပို့မှုနှင့် စက်ရုံထုတ်လုပ်မှု များကျဆင်းနေကြောင်းနဲ့မလေးရှားနိုင်ငံ ရဲ့ပထမသုံးလပတ်ကုန်ထုတ်လုပ်မှုကျ ဆင်းနေကြောင်း ယခုသီတင်းပတ်အ တွင်းထုတ်ပြန်တဲ့ အစီရင်ခံစာတွေအရ သိရပါတယ်။   ယခုသီတင်းပတ်အတွင်း မှာ ရူပီး တန်ဖိုးက ၁ ဒသမ ၆ ရာခိုင်နှုန်းကျ ဆင်းခဲ့ကြောင်း မွန်ဘိုင်းမြို့မှာ ၂၅ ရက် နေ့လယ် ၁ နာရီ ၄၄ မိနစ်က ထုတ်ပြန် တဲ့ သတင်းတွေအရ   သိရပါတယ်။အလားတူ ဖိလစ်ပိုင် ပီဆို၊ ထိုင်းဘတ်နဲ့ တရုတ် ယွမ်တို့လည်း  တန်ဖိုးကျဆင်း ခဲ့ပါတယ်။တရုတ်ယွမ်    ညနေပိုင်း အာရှဈေးကွက်မှာ ဒေါ်လာတန်ဖိုးကျဆင်းတဲ့အတွက် နှစ်ရက်ဆက်တိုက်တန်ဖိုးကျဆင်းနေတဲ့ ယွမ်တန်ဖိုးက မေ ၂၅ ရက်ညနေပိုင်းက ဒေါ်လာနဲ့ဖလှယ်ရာမှာ တန်ဖိုးပြန်တက်  ခဲ့ပါတယ်။လက်ငင်းငွေချေဈေးကွက်မှာ  ယွမ်တန်ဖိုးက ဂရင်းစနစ်စံတော်ချိန် ၈ နာရီ၃၀ မိနစ်မှာ တစ်ဒေါ်လာကို ၆ ဒသမ ၃၄၃၉ ယွမ်နှုန်း ရှိတဲ့အတွက် မေလ ၂၄ ရက်နေ့ဈေးပိတ်ချိန်က ရှိခဲ့ တဲ့ တစ်ဒေါ်လာ ၆ ဒသမ ၃၄၄၇ ယွမ် နှုန်းထက်တန်ဖိုးမြင့်တက်ခဲ့ပါတယ်။တရုတ်ဗဟိုဘဏ်က ဒေါ်လာ/ယွမ် ဖလှယ်နှုန်းကို မေ ၂၄ ရက်ကရှိခဲ့တဲ့ တစ်ဒေါ်လာ ၆ ဒသမ ၃၄၄၇ ယွမ်က နေ ၆ ဒသမ ၃၄၃၉ ယွမ်နှုန်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ယွမ်တန်ဖိုးက လွန်ခဲ့တဲ့ သီတင်းပတ်ကထက် သုည ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး ယခု နှစ် နှစ်စနဲ့နှိုင်းယှဉ်ပါက သုညဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။အိန္ဒိယရူပီး    မေ ၂၄ ရက် နံနက်ပိုင်းက ရူပီးတန်ဖိုးသည် အနိမ့်ဆုံးနှုန်းဖြစ်တဲ့ တစ်ဒေါ်လာ ၅၆ ဒသမ ၄၀ ရူပီးနှုန်း ထိရောက်ရှိပြီးနောက်ပိုင်း ရူပီးတန်ဖိုး သည် တစ်ဒေါ်လာကို ၅၅ ဒသမ ၆၄ ရူပီးနှုန်းသို့ ရောက်ရှိခဲ့သည်။ ရူပီးတန် ဖိုးယခုကဲ့သို့ အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိ ခဲ့ခြင်းမှာ သတ္တမမြောက်နေ့ အဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ဓာတ်ဆီဈေး နှုန်းများ  မြင့်တက်မှုက ငွေဈေးကွက်  အပေါ်ယုံကြည်မှုကို  ကျဆင်းစေခဲ့ သည်။ဂျပန်ယန်း    ဥရောပခေါင်းဆောင်များ က ဂရိကြွေးမြီအကျပ်အတည်းကိုဖြေ ရှင်းရန် အလူးအလဲရုန်းကန်နေချိန်မှာ ရင်းနှီးမြှုပ်နှံသူတွေက လုံခြုံမှုကို ရှာဖွေ လာကြတဲ့အ တွက်  ဒေါ်လာတန်ဖိုးက ယူရိုနဲ့လဲလှယ်ရာမှာလည်းကောင်း၊အခြား အဓိကငွေကြေးများနဲ့ဖလှယ်ရာမှာလည်း ကောင်းမေ ၂၄ ရက်က  တန်ဖိုးမြင့် တက်ခဲ့ပါတယ်။ ယန်းငွေတန်ဖိုးက မေ ၂၄ ရက်ကတစ်ဒေါ်လာကို ၇၉ ဒသမ ၄၅ ယန်းရှိခဲ့ရာမှ မေ ၂၅ ရက်မှာ ၇၉ ဒသမ ၅၉ ယန်းဖြင့် ယန်းငွေတန်ဖိုး ကျဆင်းခဲ့ပါတယ်။မလေးရှားရင်းဂစ်    ရင်းဂစ်တန်ဖိုးက   မကြာ သေးမီရက်ပိုင်းအတွင်းက ကျဆင်းနေ ခဲ့ပြီးနောက်ပိုင်း အဝယ်ပြန်လိုက်လာ သဖြင့် မေ ၂၅ ရက်က  ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးပြန်လည် မြင့်တက်ခဲ့ပါတယ်။ရင်းဂစ်တန်ဖိုးက မေ ၂၄ ရက်ဈေးပိတ်ချိန်မှာ တစ်ဒေါ် လာကို ၃ ဒသမ ၁၅၃၁ ရင်းဂစ်နှုန်းရှိ ရာမှ မေ ၂၅ ရက်မနက် ၉ နာရီ တစ်ဒေါ်လာကို   ၃ ဒသမ ၁၄၆၀ ရင်းဂစ်နှုန်းနဲ့ တန်ဖိုးပြန်တက်ခဲ့ပါတယ်။    ဒါပေမဲ့ ယူရိုကြွေးမြီ  အကျပ် အတည်းက ဈေးကွက်တွေကို ခြောက် လှန့်နေဆဲဖြစ်လို့  ဝယ်လက်တွေက စောင့်ကြည့်တဲ့သဘောထားမျိုး ရှိနေပါ တယ်လို့ ဝယ်ရောင်းသမားတစ်ဦးက ပြောပါတယ်။တောင်ကိုရီးယားဝမ်    ယူရိုဇုန်ကနေ ဂရိနိုင်ငံစွန့် ခွါတော့မဲ့အလားအလာကြောင့် စိုးရိမ် မှုတွေကြီးထွားလာတဲ့အတွက် ရင်းနှီး မြှုပ်နှံသူတွေက ဒေါ်လာဘက်ကိုဦး လှည့်လာကြပါတယ်။ဒါကြောင့် မေ ၂၄ ရက်မှာ   ထွန်းသစ်စ  ငွေကြေးတွေ တန်ဖိုးကျဆင်းခဲ့ပါတယ်။  ဒီငွေကြေး တွေထဲမှာ တောင်ကိုရီးယားဝမ်တန်ဖိုး ကငါးလအတွင်းအနိမ့်ဆုံးနှုန်းကို ရောက်ခဲ့ပါတယ်။တောင်ကိုရီးယားဝမ် တန်ဖိုးက မေ ၂၅ ရက်နေ့မှာ ၁ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဒေါ်လာ ကို ၁၁၈၅ ဒသမ ၄၃၀ ဝမ်နှုန်းရှိခဲ့ပါ တယ်။ထိုင်းဘတ်    ဂရိ ကြွေးမြီ အကျပ်အတည်း က ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုကို  နှေး ကွေးစေလိမ့်မယ်ဆိုတဲ့   စိုးရိမ်မှုဖြစ် ပေါ်နေချိန်မှာ  ပြည်ပရင်းနှီးမြှုပ်နှံသူ တွေက ထိုင်းရှယ်ယာများကို ပြန်လည် ရောင်းထုတ်လာတဲ့နောက်ပိုင်း ဘတ် ငွေကြေးတန်ဖိုးက ၂၀၁၂ ခုနှစ်အတွင်း သီတင်းပတ်အလိုက်ကျဆင်းမှု အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ ယခုသီတင်းပတ်အတွင်း ပထမလေးရက်မှာရင်းနှီးမြှုပ်နှံသူတွေက ထိုင်းရှယ်ယာတွေကို အဝယ်ထက်အ ရောင်းက ဒေါ်လာ ၁၈၇ သန်းပိုမိုခဲ့တဲ့ အတွက် ဘတ်ငွေတန်ဖိုးက စတုတ္တ မြောက်သီတင်းပတ်အဖြစ်   တန်ဖိုး ကျဆင်းခဲ့ပါတယ်။    ဘတ်တန်ဖိုးက ဘန် ကောက် မြို့မှာ မေ ၂၅ ရက်ညနေ ၃ နာရီ ၁၀ မိနစ်က     ယခုသီတင်းပတ်အတွက် တန်ဖိုး ၁ ဒသမ ၁ ရာခိုင်နှုန်းကျဆင်း ပြီး တစ်ဒေါ်လာကို ၃၁ ဒသမ ၆၉ ဘတ်နှုန်းရှိခဲ့ပါတယ်။ ဘတ်တန်ဖိုးက နေ့အလိုက် သုညဒသမ ၃ ရာခိုင် နှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၃၁ ဒသမ ၇၃ ဘတ်နှုန်းရှိခဲ့ပါတယ်။ ဒီနှုန်းက ဇန်နဝါရီ ၁၉ ရက်နောက်ပိုင်း အနည်း ဆုံးဖြစ်ပါတယ်။ Sources.bloomberg.com,dowjones .com,AFP.bernama,breorder