Main menu

Background

သဘာဝချည်ထည်နဲ့ ဆိုးဆေးထည်များ ပြည်ပနိုင်ငံများမှ ဝယ်ယူလိုသော်လည်း ရက်ကန်းလုပ်ငန်းရှင်များ ထုတ်လုပ်မှုအားနည်း

Wed, 05/30/2012 - 06:33 -- Anonymous (not verified)

      အမရပူရမြို့နယ်ရှိ ရက်ကန်းလုပ် ငန်းများမှသဘာဝချည်ထည်နဲ့ သဘာ၀ ဆိုးဆေးလုပ်ကိုင်သူ သုံးဦးဝန်းကျင်သာ ရှိပြီး ဓာတုဆိုးဆေးများသုံးပြီး၊ အဆင် သင့်ဆေးဆိုးလုပ်ကိုင်သူ   များပြား ကြောင်း သိရပါတယ်။သဘာဝချည်ထည်နဲ့ သဘာဝဆိုး ဆေးထည်များအား  ပြည်ပနိုင်ငံများမှ ဝယ်ယူလိုသော်လည်း ထုတ်လုပ်မှု နည်းခြင်းကြောင့် ပြသရောင်းချမှု မပြုလုပ် နိုင်ကြောင်း သိရပါတယ်။ သဘာဝဆိုး ဆေးဆိုးရာမှာ   ကုန်ကြမ်းရှားခြင်း၊ အချိန်ကြာြ မင့်ခြင်း၊ နည်းပညာမကျယ် ပြန့်ခြင်းများကြောင့် လုပ်ကိုင်သူမရှိသ လောက်  နည်းခြင်းဖြစ်ကြောင်း သိရ ပါတယ်။အင်ကြင်းချယ် သဘာဝဆိုးဆေး လက်ရက်ထည်လုပ်ငန်းမှ   ဒေါ်အေး အေးသန်းက "ရက်ကန်းလုပ်ငန်းရှင် အားလုံးက ကိုယ့်အိမ်မှာလဲ ဆေးဆိုး တယ်။ ဆေးဆိုးလုပ်ငန်းကိုလည်း အပ် ထည်အပ်ရတာလဲရှိတယ်။  သဘာ၀ ဆေးဆိုးမယ်ဆို သစ်ဥ၊ သစ်မြစ်၊ သစ်ဖု၊ သစ်ခေါက်၊ အပွင့်၊ အသီး၊ အရွက်တွေ ကနေဆိုးရတာ။ ဘယ်အပင်က ဘယ် အရွက်သုံးသုံး  သူ့အချိန်နဲ့ သူခူးမှ အရောင်ဆိုးလို့ရတာ။ မိုးတွင်းကာလ ဆို သစ်ခေါက်ခွာလိုက်ရင် အရောင် မရဘူး။ ဒါကြောင့် အချိန်ပေးမှရတယ်။ သဘာ၀ ဆိုးဆေးကို လူတိုင်းက မလုပ် တတ်ဘူး။ ဆေးဆိုးတဲ့သူတွေကလည်း အချိန်ပေးလုပ်ရတော့ ဓာတုဆေးဆိုး မယ်ဆို လုပ်အားခက တစ်ထုပ်ကို ၆၀၀ ကျပ်၊ ၇၀၀ ကျပ်ဆို သဘာ၀ ဆေးက ဒီလောက်မရနိုင်ဘူး။ အပင်ခွာတဲ့ အခါ လည်းနည်းရှိတယ်။ တစ်ပင်လုံးအပြည့် ခွာလိုက်ရင် အပင်သေသွားနိုင်တယ်။ အသီးအရွက်မနု  မရင့်ဘဲခူးရင်လည်း အရောင်မရနိုင်ဘူး။   အချိန်ပေးပြီး လုပ်ရတော့ စိတ်မရှည်ဘူးပေါ့။ ဓာတု ဆိုးဆေးကတော့ လွယ်တယ်။ ဒါပေ မယ့် ဝတ်ဆင်တဲ့သူရော လုပ်ကိုင်တဲ့ သူရော ကြာရှည်ဆို အန္တရာယ်အရမ်း များပါတယ်။ ဓာတုဆေးဆိုးလုပ်ငန်းမှာ တိုက်ရိုက်ဆိုးတာ၊ အက်စစ်နဲ့ဆိုးတာ၊ အထည် နူးညံ့အောင် လုပ်တာရှိတယ်။ ဓာတုဆေးဆိုးတဲ့အလုပ်သမားဆို ကန် ထဲကို ဆေးထည့်လိုက်တာနဲ့ အငွေ့ပြန် ပြီးလူကိုထိတော့ မတည့်တဲ့လူဆို ယား လာလို့ အဖုအပိတ်တွေထွက်နဲ့ မနေနိုင် ဘူး။ အနားမှ ကျောက်ချဉ်အဆင်သင့် ဆောင်ထားရတာ။ ဒီလိုဆေးစိမ်ထား တဲ့အထည်ကို ရေပြောင်အောင်မလျှော် ဘဲ ဝတ်ဆင်မယ်ဆို ဓာတ်မတည့်သူ အတွက်ယားတာဖြစ်တယ်။ ဓာတုဆေး ဆိုးတာကို  တိုက်ဖျက်ဖို့ လိုလာပြီ။ ဆောင်ဒါးရက်ကန်းကျောင်းမှ ဆေးဆိုး သင်တန်း ပေးသေးတယ်။ တက်တဲ့သူ အလွန်နည်းပါတယ်။  ဒီလိုလုပ်ငန်း ကျယ်ပြန်ဖို့အတွက် ပြည်ပနိုင်ငံတွေ လိုပဲ ကုန်ကြမ်းကို များများစိုက်ပျိုးဖို့လဲ လိုပါတယ်''လို့ ပြောပါတယ်။သဘာဝ  ဆိုးဆေးထည်များကို ဂျပန်နိုင်ငံမှ အများဆုံးကြိုက်နှစ်သက် ပြီး၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ကိုရီးယား နိုင်ငံမှလည်း ကြိုက်နှစ်သက်လို့ ဝယ်ယူ လိုသော်လည်း လုပ်ငန်းရှင်တစ်ဦးချင်း အနေနဲ့  သွားရောက်ပြသရောင်းချဖို့ အခက်အခဲ ရှိပြီး၊ ပြပွဲများဖိတ်ကြားမှု ရှိသော်လည်း သွားရောက်နိုင်ခြင်းမရှိ ကြောင်း၊ တစ်ဦးချင်း အဆက်အသွယ် အရ  ရောင်းချမှု  အနည်းအကျဉ်းရှိ ကြောင်း သိရပါတယ်။         ဇူးဇူး