ပြင်ပမှလေ့လာသူများက တရုတ်နိုင်ငံသည် ပို့ကုန်ကြောင့် စွမ်းဆောင်ရည် တိုးတက်လာခြင်း ဖြစ်သည်ဟု ယူဆထားကြသည်။ ယင်းအချက်မှာ ဇာတ်လမ်း၏ တစ်ပိုင်းတစ်စသာဖြစ်သည်။ စက် ကိရိယာများ၊ အဆောက်အအုံများနှင့် အခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ကျန်ဇာတ်လမ်းတစ်ပိုင်းဖြစ်ပြီး ယမန်နှစ် စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု တွင် ထက်ဝက်ကျော်အထိ ပါဝင်ခဲ့သည်။ အသားတင်ပို့ကုန်အနေဖြင့် ထိုအထဲ တွင် လုံးဝမပါဝင်ခဲ့ပေ။ ထိုမျှများပြားသော ရင်းနှီး မြှုပ်နှံမှုကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများက ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း များမှာ သွယ်ဝိုက်သောနည်းဖြင့် အစိုးရ၏ထောက် ပံ့မှုများ၊ အကာအကွယ်ပေးထားသည့် ဈေးကွက် များနှင့် နိုင်ငံရေးအရ တွန်းအားပေးသည့်ချေးငွေ များမှ အကျိုးခံစားခွင့်များရရှိနေကြသည်။တရုတ်နိုင်ငံ၏ စီးပွားရေးပုံစံသည် ပြည်သူ လူထုအပေါ် မျှတမှုမရှိခြေ။ အတိုးနှုန်းများကို စည်းကမ်းထိန်းချုပ် ထားသဖြင့် ငွေစုဆောင်းသူများ သို့ ဘဏ်များက အတိုးနည်းနည်းသာ ပေးနိုင်ကြ သည်။ ယှဉ်ပြိုင်မှုကို အတားအဆီးများဖြင့် ပိတ် ပင်ထားသဖြင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများက မိမိတို့ထုတ်ကုန်ပစ္စည်းကို ဈေးတင်ရောင်းခြင်းဖြင့် စားသုံးသူများအပေါ် အမြတ်ထုတ်နိုင်ကြသည်။ အိမ်ထောင်စုမှတ်ပုံတင်စနစ်ကြောင့် ကျေးလက်မှ ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သားများမှာ ပြည်သူ့ဝန်ဆောင်မှုအကျိုးခံစားခွင့်ကို မြို့ပြတွင် နေထိုင်သူများနှင့် တန်းတူရည်တူ ခံစားခွင့်မရရှိ နိုင်ကြပေ။ ရွှေ့ပြောင်းလုပ်သားများမှာ မြို့ပြတွင် အလုပ် လုပ်နေကြသော်လည်း မိမိတို့၏ အိမ် ထောင်စုကို ကျေးလက်မှာပင် မှတ်ပုံတင်ထားရ ခြင်းကြောင့်ဖြစ်သည်။မြေယာဥပဒေများသည်လည်း တောင်သူ လယ်သမားများအပေါ် မမှန်မကန် ပြုလုပ်နိုင်ရန် ဒေသခံ အာဏာပိုင်များအား လုပ်ပိုင်ခွင့်ပေး ထားရာ ရောက်နေသည်။ စိုက်ပျိုးမြေများကို လျော်ကြေး အနည်းငယ်ပေးကာ သိမ်းယူပြီး၊ ဆောက်လုပ်ရေး လုပ်ငန်းများလုပ်ရန် လွှဲပြောင်း ပေးသည်။ ထိုသို့ လွဲှပြောင်းပေးသဖြင့် ရငွေအများ အပြားမှာ အစိုးရအရာရှိများ၏အိတ်ထဲ သို့ ရောက် သွားသည်။ အာဏာပိုင်များနှင့် နီးစပ်သူများသာ မျက်နှာသာပေးခံရသည့် ခရိုနီစနစ်နှင့် စည်းကမ်း မဲ့ငွေကြေးသုံးစွဲမှု များကြောင့် တရုတ်နိုင်ငံသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် ကျဆုံး သွားရသည့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများနှင့် တူနေ သည်ဟု ဝေဖန်သုံးသပ်ခဲ့ကြသည်။ လတ်တလော တွင် ၁၉၉၇-၉၈ ခုနှစ် ငွေကြေးအကျပ်အတည်း မဖြစ်ပေါ်မီ အာရှကျားနိုင်ငံများနှင့်တူသည်ဟု နှိုင်းယှဉ်ကြသည်။အာရှကျားဖြစ်ခဲ့သည့် နိုင်ငံများတွင်လည်း ရင်းနှီးမြှုပ်နှံမှုနှုန်း မြင့်မားခဲ့ခြင်းကြောင့် အခိုက် အတန့်အားဖြင့် ဖွံ့ဖြိုးတိုးတက် ခဲ့သည်။ သို့ရာတွင် ရင်းနှီးမြှုပ်နှံမှု လွန်ကဲခြင်းကြောင့် ဘဏ္ဍာရေး ခိုင်မာမှုကို ထိခိုက်လာစေပြီး ပို့ကုန်တင်ပို့ရောင်း ချမှု နှေးကွေး ကျဆင်းလာသည့်အခါတွင် သိသာ ထင်ရှားလာသည်။ ရင်းနှီးမြှုပ်နှံမှု ကျဆင်းသွားပြီး၊ နိုင်ငံခြား အရင်းအနှီးများလည်း ပြည်ပ သို့ထွက်ခွာ သွားတော့သည်။ တရုတ်နိုင်ငံသည် အာရှကျား နိုင်ငံများ ရင်းနှီးမြှုပ်နှံခဲ့ကြသည်ထက် ပိုမိုမြန် ဆန်စွာ တိုးချဲ့ရင်းနှီးမြှုပ်နှံရုံသာမက ဘဏ်များနှင့် အခြားချေးငွေထုတ်ပေးသူ တို့ကလည်း ချေးငွေ များကို ရက်ရက်ရောရော ထုတ်ပေးနေကြသည်။ ကြွေးမြီပမာဏသည် ၂၀၀၈ ခုနှစ်က တရုတ်နိုင်ငံ ဂျီဒီပီ၏ ၁၂၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ် တွင် ၁၇၁ ရာခိုင်နှုန်းရောက်လာခဲ့သည်။ အစိုးရက စီးပွားရေးတွန်းအားပေး ချေးငွေထုတ်ပေးခြင်း (Stimulus lending) အဖြစ် စီစဉ်ထားခြင်း ကြောင့်ဖြစ်သည်။သို့သော်လည်း ထိုသို့ မမျှမတနိုင်လှသည့် စနစ်ကြောင့် တရုတ်နိုင်ငံ၏စီးပွားရေးမှာ ပြန်လည် ရှင်သန်နိုင်စွမ်း ထူးထူးခြားခြား ရှိနေတော့သည်။ အာရှကျားနိုင်ငံများကဲ့သို့ တရုတ်နိုင်ငံသည် ပြည်ပ မှချေးယူငွေအပေါ် အမှီပြုရန်မလိုအပ်ပေ။ တရုတ် နိုင်ငံ၏ စီးပွားဖွံ့ဖြိုးမှုသည် မိမိပြည်သူလူထုထံမှ ထုတ်နုတ်ယူထားသည့် အရင်းအမြစ်အင်အားဖြင့် ဘဏ္ဍာရေးဖြည့်ဆည်းပေးနိုင်သည်။ အရှေ့တောင် အာရှတွင် ဖြစ်ပေါ်ခဲ့သလို နိုင်ငံခြားသားများ စိတ်ပြောင်းသွားသည်နှင့် အရင်းအနှီးများလည်း လွတ်လပ်စွာ ထွက်ပြေးသွားနိုင်သည့် ပြဿနာမျိုး မရှိပေ။ (ယင်းဖြစ်ရပ်မျိုးကို ယခုအချိန်တွင် ယူရို ငွေကြေးဇုန်အတွင်း အချို့နိုင်ငံများ၌ ကြုံတွေ့နေ ရသည်။) တရုတ်နိုင်ငံတွင် ငွေစုဆောင်းမှုနှုန်းမှာ ဂျီဒီပီ၏ ၅၁ ရာခိုင်နှုန်းအထိရှိနေသဖြင့် ရင်းနှီး မြှုပ်နှံမှုနှုန်းထက်ပင် ပိုများနေပေသည်။ ထိန်းချုပ် ကန့်သတ်မှုများဖြင့် အစိုးရက ကြီးစိုးထားသည့် ဘဏ္ဍာရေးစနစ်ဖြစ်သဖြင့် ပြည်သူများ၏ စု ဆောင်းငွေများကို ချေးငွေပြန်လည်ပေးဆပ်ရန် နှောင့်နှေးမှု၊ ပျက်ကွက်မှုများကို အစားထိုး ကိုင် တွယ်ဖြေရှင်းရာ၌ ထိရောက်စွာ အသုံးချနိုင် နေသည်။ အကောင်းမမြင်နိုင်သူများကတော့ တရုတ် နိုင်ငံကို ဂျပန်နိုင်ငံနှင့် နှိုင်းယှဉ်ကြသည်။ ၁၉၉၁ ခုနှစ် စီးပွားရေးပူဖောင်းကွဲခဲ့စဉ်က ဂျပန်နိုင်ငံ ကဲ့သို့ပင် တရုတ်နိုင်ငံသည်လည်း မြီရှင်နိုင်ငံဖြစ် ခဲ့သည်။ သို့သော်လည်း ဂျပန်နိုင်ငံသားတစ်ဦး ချင်းဝင်ငွေ သည် ဈေးကွက်ငွေလဲနှုန်း ပေါက်ဈေး အရ အမေရိကန်နိုင်ငံသား တစ်ဦးချင်းဝင်ငွေ၏ ၁၂၀ ရာခိုင်နှုန်းသို့ ရောက်လာသည့်တိုင် ဂျပန် နိုင်ငံစီးပွားရေးမှာ ပြန်လည်ထောင်မတ်မလာ နိုင်သေးပေ။ တရုတ်နိုင်ငံသားတစ်ဦးချင်း ဝင်ငွေ သာ ဂျပန်နိုင်ငံသား ရရှိသည့်အဆင့်သို့ ရောက်လာ မည်ဆိုပါက တရုတ်နိုင်ငံစီးပွားရေးသည် အမေ ရိကန်နိုင်ငံထက် ၅ ဆအထိ ပိုမိုကြီးမားနေ မည် ဖြစ်သည်။ သို့သော်လည်း ထိုသို့ဖြစ်လာရန်မှာ အလှမ်း တော်တော်ဝေးနေသေးသည်ဟု ဆိုပါ သည်။ Ref; The Economist.
Background