ဒုက္ခ၏ လမ်းဆုံး 'ဒုက္ခ' ဟု ဆိုလိုက်သည်နှင့် စိတ် ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက် တို့ မပြည့်စုံမှုကြောင့် မကျေမနပ်ဖြစ်ရ သည့် အခြေအနေဟု တန်းခနဲသိကြ သည်။ ၎င်းင်း၏ ဆန့်ကျင်ဘက် 'သုခ' ဟု ဆိုခဲ့လျှင်လည်း စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ ပြည့်စုံမှု အပါအဝင် ချမ်းသာ ပြည့်စုံခြင်းအနေအထားမျိုးကိုသာ တွေး မိကြလိမ့်မည်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ခဲ့ပါမူ လောကုတ္တရာ အသိအမြင်များ၊ အကိုးအကားဖြင့် 'ဒုက္ခ' ၏ အနက်အဓိပ္ပာယ်ကို ပိုမိုကျယ် ပြန့်စွာ နားလည်သဘောပေါက်နိုင် သည်။ သတ္တဝါမှန် သမျှ အမိဝမ်းတွင်း၌ ရုပ်ကိုယ်ခန္ဓာကြီး စတင်ဖြစ်တည်လာ ချိန်ကတည်းက 'ဒုက္ခ' ကို ရင်ဝယ်ပိုက် ပြီးဖြစ်၏။ အချိန်တန်၍ အမိဝမ်းတွင်းမှ ထွက်လာပြီးနောက်ပိုင်းတွင် ထိုဒုက္ခဖြင့် ဘဝတစ်လျှောက်ဖြတ်သန်းရတော့သည်။ ထို့ကြောင့် 'ခန္ဓာ' စတင်ဖြစ်တည်သည် နှင့်တစ်ပြိုင်နက် ဖြစ်ပေါ်လာသည့် ဒုက္ခသည် ရုပ်နာမ်နှစ်ပါး ချုပ်ငြိမ်းစေ သည့် နိဗ္ဗာန်သို့ရောက်မှ အဆုံးသတ် မည်သာ ဖြစ်သည်။ဒုက္ခ၏ အကျယ်၊ အကျဉ်း မွေးရာပါ ဒုက္ခဆိုသည့်အရာသည် စက္ကန့်မလပ်ပြေးလွှားလွင့်ပါးတတ်သော စိတ်၏သဘာဝကြောင့် ပွားပြီးရင်းပွား လျက်ရှိနေသည်။ ထိုအပြေးစိတ် က လေးအား အခိုက်အတန့်ထိန်းချုပ်ရန် ရည်ရွယ်လျက် တရားထိုင်ခြင်းအလုပ် ကို ခေတ္တမျှလုပ်နိုင်ရုံဖြင့် ခေတ္တယာယီ စိတ်တည်ငြိမ်မှုရကာ အေးချမ်းမှုကို ခံစားရနိုင်သည်။ ဒုက္ခယာယီသက်သာ သည်ဟု ဆိုကြ၏။ ဒုက္ခနှင့်ပတ်သက် သည့် အယူအဆ၊ သဘောတရား၊ အသိအမြင်တို့သည်ကား ကျယ်ပြော နက်ရှိုင်းလှသည်။ ယခုရည်ရွယ်ပြောဆို ချင်သည့် 'ဒုက္ခ' မှာမူ ထိုဒုက္ခမဟုတ်၊ နာမ်၊ရုပ်နှစ်ပါးချုပ်ငြိမ်းရာနိဗ္ဗာန်ရောက် ကြောင်းတရားတို့အထိပင် ဆက်နွှယ် နေသည့် ကျယ်ပြော နက်ရှိုင်းလှသည့် ဒုက္ခကို မရည်ရွယ်။ သက်တမ်းနှစ်တစ် ရာမရှိတရှိ တိုတောင်းသော လူ့ဘ၀ အချိန်ကာလတစ်ခုအတွင်း ရင်ဆိုင်နေ ရသည့် စားဝတ်နေရေးမပြည့်စုံမှု၊ မလုံ လောက်မှု၊ ရုန်းကန်နေရမှုတို့ကို ရည် ညွှန်းသော အလွန့်အလွန်ကျဉ်းမြောင်း သည့် ဒုက္ခသာဖြစ်သည်။ လူတို့၏နေ့စဉ်ဘဝရပ်တည်မှု တွင် အဆုံးမသတ်နိုင်သော စိတ်၏လို အင်ဆန္ဒ၊ တက်မက်မှုဖြင့် အမြဲလိုအပ်မှု များရှိနေသော ရုပ်ပိုင်းဆိုင်ရာ လိုအပ် ချက်များကြောင့် ကျဉ်းမြောင်းစွာဖွဲ့ဆို သော ထိုဒုက္ခသည်ပင်လျှင် ချဲ့ကား တွေးကြည့်ပါက ဆုံးနိုင်မည်မထင်။ ဒုက္ခ ၏ ပွားများတတ်သော သဘာဝကို သတိပြုရန်လိုသည်။ တစ်ဒုက္ခပြီးလျှင် တစ်ဒုက္ခပေါ်လာလိမ့်ဦးမည်။ တစ်ပြိုင် နက် ပေါ်လာသည်များလည်းရှိမည်။ ယခုစက်ရုံအလုပ်ရုံများတွင် အလုပ် သမားတို့ဆန္ဒပြရခြင်း၏ အဓိက အကြောင်း တရားကို ကြည့်မိပါက "မပြည့်စုံ မလုံလောက်မှု"ဆိုသည်ကို တွေ့ရသည်။ ရုန်းကန်လှုပ်ရှားနေစဉ်မှာ ပင် ရုပ်ပိုင်းဆိုင် ရာဖြည့်ဆည်းမှုဖြစ် သည့် စားဝတ်နေမှုအတွက် အသုံးအစွဲ မလောက်မငှဖြစ်ရခြင်းဖြစ်၏။ ဤသို့ ဖြင့် အလုပ်သမား တို့မှာ 'ဒုက္ခ'ကို ရင်ဆိုင်နေရပြီဟု ဆိုရမည်။ ထိုဒုက္ခသည် ခေတ်ကာလအခြေအနေနှင့်ချိန်ထိုးကြည့် ပါက နိမ့်ပါးလွန်းသော၊ မလျော် ကန် သော လုပ်ခ၊ လစာများကြောင့်သာ ပေါ်ပေါက်လာရခြင်းဖြစ်၏။ ထိုဒုက္ခ သည် အလုပ်ရှင်တို့အတွက် အရေးကြီး သည့် အမြတ်အစွန်းဟု ခေါ်နိုင်သော ငွေကြေး၊ အလုပ်သမားတို့အတွက် အသက်ရှင်ရပ်တည်နိုင်ရေးကို ပံ့ပိုး သည့် လုပ်ခ၊ လစာဟုခေါ်သော ငွေ ကြေးတို့ကြောင့်သာ ဖြစ်လာရသည်။ ထိုဒုက္ခကို အရောင်မဆိုးဘဲ အလုပ်ရှင်၊ အလုပ်သမားနှစ်ဦးနှစ် ဖက်ကြားတွင် စာနာမှု၊ နားလည်မှုတို့ဖြင့် အကျဉ်းချုံး အဖြေရှာနိုင်ခဲ့လျှင် ဒုက္ခသက်သာရ ကောင်းဟု တွေးမိသည်။လုပ်ခကြောင့်ဖြစ်သော နှစ်ဖက်ဒုက္ခ စက်ရုံအလုပ်ရုံရှိလျှင် အလုပ် သမား၊ အလုပ်ရှင်ရှိမည်။ ထိုစက်ရုံ အလုပ်ရုံကို အမှီပြုလျက် အလုပ်ရှင် များနှင့် အလုပ်သမားတို့သည် ထုတ် လုပ်ဖြစ်စဉ်တွင် အတူတကွ ပါဝင်ရင်း အကျိုးစီးပွားမျှဝေခံစားကြရသည်။ ငွေ ပင်ငွေရင်း များစွာ မြှုပ်နှံထားသော အလုပ်ရှင်များက အမြတ်အစွန်း ငွေ ကြေးရရှိကြသကဲ့သို့ ကာယ၊ ဉာဏ လုပ်သားတို့သည်လည်း လုပ်ခ၊ လစာ၊ အချိန်ပိုကြေး၊ ဘောနပ်(စ်) စသဖြင့် ထိုက်သင့်သော အခကြေးငွေကို ရရှိကြ သည်။ နှစ်ဖက်စလုံးငွေကြေးမက်လုံးကို ဦးတည်၍ စခန်းသွားနေကြခြင်းဖြစ် သည်။ ထုတ်လုပ်သူ၊ လုပ်ငန်းရှင်တို့မှ ထုတ်လုပ်ထားသော ကုန်စည်နှင့် ဝန် ဆောင်မှုများကို ဈေးကွက်တွင်ဖြစ်ပေါ် နေသော ပေါက်ဈေးနှုန်းအတိုင်း ပြည် တွင်းတွင် ရောင်းချခြင်း၊ နိုင်ငံခြားဈေး ကွက်များသို့ တင်ပို့ခြင်းတို့ကို ပြုလုပ် လျက်ရှိရာ ပံံ့ပိုးထုတ်လုပ်ပေးနေသည့် အလုပ်သမားများ၏ လုပ်ခ၊ လစာနှုန်း ထားများ (လုပ်သားဈေးနှုန်းများ) ကို လည်း ဈေးကွက်အခြေအနေနှင့် လိုက် လျောညီထွေဖြစ်မည့် နှုန်းထား၊ ပမာဏတို့ဖြင့် စီစဉ်ပေးရန် လိုသည်ဟု ယူဆသည်။ ယခုတောင်းဆိုဆန္ဒပြနေ ကြသည့် အလုပ်သမားတို့၏ ခံစားချက် များထဲတွင် အခြားသောအရာများ ထက် ၎င်းတို့၏ စားဝတ်နေရေး၊ သွား လာရေးအတွက် လိုအပ်သည့် ငွေကြေး ပမာဏတစ်ရပ်ကို မူလရရှိထားသည့် လုပ်ခ၊ လစာတွင် ထပ်မံဖြည့်ဆည်းတိုး ပေးစေလိုသည့်ဆန္ဒသာ ပိုမိုပြင်းပြနေ ခြင်းဖြစ်သည်။ တောင်းဆိုသမျှ အပြည့် အဝမဖြည့်းဆည်းပေးနိုင်သည့်တိုင် တစ်စုံတစ်ရာသော အတိုင်းအတာတစ်ခု အထိ တိုးမြှင့်ပေးရန် စဉ်းစားသင့် သည်။ တောင်းဆိုဆန္ဒပြမှုများ အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ထုတ်လုပ်မှု များကျဆင်းလာခြင်း၊ အမှာအော်ဒါများ ရှိခဲ့ပါက အချိန်မီမပေးနိုင်ခြင်း၊ မတင်ပို့ နိုင်ခြင်း၊ ဖောက်သည်ပျက်ခြင်းစသဖြင့် အလုပ်ရှင်၊ ထုတ်လုပ်သူတို့တွင် ဆုံးရှုံး နစ်နာမှု များ ဖြစ်လာနိုင်သကဲ့သို့ အလုပ် သမားတို့မှာလည်း လူပင်ပန်း စိတ်ပင် ပန်းဖြစ်ကာ မတည်ငြိမ်သော ဘ၀ အခြေအနေ များဖြစ်လာရခြင်း၊မိသားစု အတွင်းစားဝတ်နေရေးအခက်အခဲဖြစ်ခြင်း စသောဆိုးကျိုးများ ကြုံလာရမည်။ လုပ်ခပြဿနာကြောင့် ဖြစ်ပေါ်လာ သည့် ရလဒ်များသည် နှစ်ဖက်နစ်နာမှု များဆီသို့သာ ဦးတည်သွား၏။နှစ်ဖက်မျှ၊ လှပသောအဖြေ ဒီမိုကရေစီ လူ့အဖွဲ့အစည်းများ တွင် လုပ်ခပြဿနာဖြစ်ပေါ်လာသည့် အခါ အနိမ့်ဆုံးလုပ်ခ၊ လစာပြဌာန်းပေး ခြင်း၊ ဥပဒေသတ်မှတ်ခြင်းကဲ့သို့ စနစ် ကျသော နည်းလမ်းများ အသုံးပြုလေ့ ရှိကြသည်။ ထိုအခြေအနေမျိုး မပေး သေးသည့် အချိန်အခါမျိုးတွင် နှစ်ဖက် ညှိနှိုင်းအဖြေရှာခြင်းသည်သာအကောင်း ဆုံး အဖြေတစ်ခု ရနိုင်ပေလိမ့်မည်။ အလုပ်ရှင်နှင့် အလုပ်သမား ဆိုသည်မှာ ပြိုင်ဆိုင်ရမည့်သူများ မဟုတ်၊ အတူ တွဲ ဖက်လက်တွဲရသည့် သူများဖြစ်သည်။ နားလည်မှု၊ ကိုယ်ချင်းစာစိတ်ဖြင့် နှစ် ဖက် ညှိနှိုင်းနိုင်ခဲ့လျှင် နှစ်ဖက်ဒုက္ခ သက်သာရေး၊ အထောက်အကူ ရလာ နိုင်သည်။ ထိုကဲ့သို့ မစွမ်းဆောင်နိုင်ခဲ့ ပါလျှင်သက်ဆိုင်ရာဌာနများမှ တာဝန် ရှိ ပုဂ္ဂိုလ်များ၏ ဥပဒေ အကြောင်း တရားများအရ ဖြေရှင်းပေးမှုကို လက်ခံ ဖို့လိုမည်။ နှစ်ဖက်ဒုက္ခကြောကို ဖြတ် နိုင်ရေး တစ်နည်းမဟုတ် တစ်နည်း စဉ်း စားဖို့ လိုမည်ဖြစ်သည်။
Background