Main menu

Background

မြန်မာ့ဆား ဘင်္ဂလားဒေ့ရှ်တင်ပို့နိုင်ရေး အရည်အသွေး ကောင်းမွန်ရန် လိုအပ်

Thu, 06/07/2012 - 06:43 -- Anonymous (not verified)

          ရခိုင်ပြည်နယ်ထွက် နေလှန်းဆား များကို စစ်တွေနယ်စပ်ကုန်သွယ်ရေးမှ ၁၉၉၈ ခုနှစ်မှစပြီးတင်ပို့ခဲ့ရာမှာ ၂၀၀၄ ခုနှစ်ကုန်ပိုင်းမှာ  စားဖိုဆောင်သုံး ပစ္စည်းများတင်ပို့မှု ရပ်ဆိုင်းတဲ့မူအရ ပြည်ပသို့  မြန်မာ့ဆားတင်ပို့မှုလည်း ရပ်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံအနေနဲ့  ပြည်တွင်းဆားလို အပ်မှုအတွက်ဒေသတွင်း ထုတ်လုပ်မှု လုပ်ငန်းများ တိုးချဲ့တည်ထောင်စေခဲ့တဲ့ အပြင် အိန္ဒိယနိုင်ငံ ဆားကုန်သည်များ နဲ့  ချိတ်ဆက်ဆောင်ရွက်စာချုပ် ချုပ် ဆိုဝယ်ယူခဲ့တာကြောင့် မြန်မာ့ဆားဈေး ကွက်ပျောက် ဆုံးခဲ့ရပါတယ်။ နာဂစ် အလွန်   ပြည်တွင်းဆားဈေးနှုန်းများ မြင့်တက်လာပြီး ဆားထုတ်လုပ်မှုလုပ်ငန်းများ   ပြန်လည် လုပ်ကို င်ကြကာ ပြည်ပသို့ တင်ပို့လိုသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ  ဝယ်ယူမှုမရှိတော့ တာကြောင့် ဆား လုပ်ငန်းများတိုးတက် သင့်သလောက်   မတိုးတက်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာဗ်မှာ  ဆားတစ်ကီလိုဂရမ်ကို ၅၅ တာကာ (၁ ပိဿာ ၈၅၀ိ/-) နှုန်း ခန့်ရှိသော်လည်း မိမိတို့ဆားကို ထိုဈေး မပေးကြောင်း၊ ဘင်္ဂလားဒေ့ရှ်ရဲ့အဓိက ဆားချက်စက်ရုံများမှာ စစ်တကောင်း မှာရှိတဲ့အတွက်  ၎င်းင်းတို့ဘက်မှ လာ ရောက်တင်ဆောင်ပါက FOB စစ်တွေ ၁ ပိဿာ ၅၀ ကျပ်သာပေးကြောင်း၊ လက်ရှိပြည်ပမှ ဆားတင်သွင်းခွင့်ပေး ထားခြင်းမရှိကြောင်း၊ ပြန်လည်ဖွင့်လှစ် နိုင်ရေး အစိုးရမှ ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း  တက္ကနာဗ်ဆားကုန် သည်များထံမှ သိရှိရပါတယ်။ လက်ရှိစစ်တွေ နေလှန်းဆား ၁ ပိဿာပေါက်ဈေးမှာ ၃၀  ကျပ်ရှိပြီး စစ်တွေမှရန်ကုန်သို့ သင်္ဘောခ၊ လုပ် အားခ၊ ကပ်ပြောင်းလှေခအပါအဝင် သယ်ယူစရိတ် ၁ ပိဿာ ၁၅ိ/-ခန့် ရှိ ပါတယ်။ စုစုပေါင်း ရန်ကုန်အရောက် ကျသင့်ဈေးမှာ ၁ ပိသာ ၄၅ ကျပ်ခန့် ရှိပြီး ရန်ကုန်ဆားစက်များရဲ့ဝယ်ဈေးမှာ ၁ ပိဿာ ၅၀ိ/-ခန့်သာ ရှိသဖြင့် စီး ပွားရေး  တွက်ခြေကိုက်မှုမရှိ ဖြစ်နေ တယ်လို့ သိရပါတယ်။  မိမိဆားရဲ့ အရည်အသွေးမှာ တစ်ဖက်နိုင်ငံဆားနဲ့ ကွာခြားမှုရှိနေပါတယ်။ တစ်ဖက်နိုင်ငံ မှာက မြေကြီးမှာ ပလတ်စတစ်များ ခင်းပြီးမှ နေလှန်းတဲ့အတွက် ဆားများ ဟာသန့်ရှင်းလျက်ရှိပါတယ်။ မိမိဘက် မှာတော့ မြေကြီးပေါ်မှာ တိုက်ရိုက် နေလှန်းတာကြောင့် မြေကြီး၊ သဲ၊ အမှိုက်များရောနှောပြီး  သန့်ရှင်းမှု မရှိပါဘူး။   တစ်ဖက်နိုင်ငံကလည်း ပြည်ပက ဆားတင်သွင်းခွင့်ကို ပြန်လည် စဉ်းစားနေချိန်ဖြစ်လို့ ကုန်သည်များ၊ ကုမ္ပဏီများအနေနဲ့ နေလှန်းဆားကွင်း များနဲ့ချိတ်ဆက်ပြီး  အရည်အသွေး ကောင်းမွန်သန့်ရှင်းသောဆားများ ရရှိ ရေး၊ ထုပ်ပိုးမှုစနစ်ကောင်းနဲ့ တင်ပို့နိုင် ရေးယခုကတည်းက  ကြိုတင်စဉ်းစား ပြင်ဆင်ထားမှသာ ဈေးကွက်ထိုးဖောက် နိုင်မှာဖြစ်ကြောင်း အသိပေးလိုက်ရ ပါတယ်။                             Source: နကသ၊ MIRT (DOBT)