Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Thu, 06/07/2012 - 08:25 -- Anonymous (not verified)

    တရုတ်စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေး ခြင်းနဲ့ စပိန်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဘဏ်လုပ်ငန်းအကျပ်အတည်းတွေက ထွန်းသစ်စဈေး ကွက်တွေမှာ ရှိနေတဲ့ ငွေကြေးစာချုပ်စာတမ်းတွေရဲ့ ဝယ်လို အားလျော့ကျစေခဲ့ပါတယ်။ ဒါကြောင့် အာရှငွေကြေးတွေရဲ့ လအလိုက်တန်ဖိုး ကျဆင်းမှုက စက်တင်ဘာနောက်ပိုင်း မှာ အများဆုံးဖြစ်ခဲ့ပါတယ်။    ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု အဖွဲ့တွေက တောင်ကိုရီးယား၊ တရုတ် (တိုင်ပေ) နဲ့ အင်ဒိုနီးရှားစတော့ဈေးကွက်တွေ က ငွေတွေ ပြန်ထုတ်သွားတဲ့အတွက် ဧပြီ ၃၀ နောက်ပိုင်းကစပြီး Bloomberg-JP Morgan Asia Dollar Index  က ၂ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့ပါ တယ်။    အိန္ဒိယရူပီးရဲ့ ကျဆင်းနှုန်းက စံချိန်တင်ခဲ့ပြီး အင်ဒိုနီးရှားရူပြားတန်ဖိုး က ၂၀၀၉ ခုနှစ်နောက်ပိုင်းမှာ အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။ တရုတ်ယွမ်နဲ့ မလေးရှား ရင်းဂစ်တို့ကလည်း ယခုနှစ်အတွင်း အနိမ့်ဆုံးနှုန်းကို ရောက်ရှိခဲ့ပါတယ်။    နိုင်ငံရပ်ခြားရန်ပုံငွေအဖွဲ့တွေက မေ ၂၃ ရက်မှာ ကုန်ဆုံးတဲ့ လအတွင်း  ထွန်းသစ်စ  စတော့ဈေးကွက်တွေထဲ က နုတ်ယူသွားတဲ့ငွေက ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံရှိကြပါတယ်။ ဆုံးရှုံး မှုတွေများလာတဲ့အတွက် အာရှဗဟို ဘဏ်တွေက နိုင်ငံခြား ငွေဈေးကွက် တွေထဲကို ဝင်ရောက်ကိုင်တွယ်လာတာ ကို တွေ့ရပါတယ်။ တရုတ်ယွမ်    ပြင်ပတွင်ဖြစ်ပွားနေတဲ့ အခြေ အနေတွေကြောင့် တရုတ်ငွေကြေးက မေလတွင် လအလိုက်နှုန်းထား စံချိန် တင်လောက်အောင် ကျဆင်းခဲ့ပြီး နောက်ပိုင်း  ဇွန် ၁ ရက်မှာ ယွမ်ငွေ တန်ဖိုးအကျရပ်သွားတာကို တွေ့ရပါ တယ်။ ယွမ်တန်ဖိုးက မေလအတွင်းမှာ သုည ဒသမ ၉ ရာခိုင်နှုန်းနဲ့  ယခုနှစ် ဆန်းပိုင်းမှ ယခုချိန်ထိ ၁ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။     ယွမ်ငွေကြေးရဲ့ လက်ငင်းငွေချေ ဈေးကွက်မှာ ဒေါ်လာနဲ့လဲလှယ်နှုန်းက တစ်ဒေါ်လာကို ၆ ဒသမ ၃၆၉၀ ယွမ် နှုန်းရှိခဲ့ပါတယ်။ အိန္ဒိယရူပီး    ကောလာဟလတွေ၊ ဈေးကစားမှု တွေကြားမှာ အိန္ဒိယငွေကြေးတန်ဖိုးက မေ ၃၁ ရက်နေ့မှာ တစ်ဒေါ်လာကို ၅၆ ဒသမ ၅၂ ရူပီးနှုန်းထိ အနိမ့်ဆုံးသို့ ကျဆင်းခဲ့တာကို တွေ့ရပါတယ်။ အိန္ဒိယဗဟိုဘဏ်က ရေနံကုမ္ပဏီတွေ အတွက် ဒေါ်လာတွေထုတ်ရောင်းမယ် ဆိုတဲ့ ကောလာဟလတွေကြောင့် ရူပီး တန်ဖိုးက တစ်ဒေါ်လာကို ၅၅ ဒသမ ၇၃ ရူပီးထိ ရောက်ရှိပြီး ဈေးငြိမ်နေခဲ့ပါ တယ်။ ဒါပေမယ့် ဒီအစီအစဉ်မရှိ ကြောင်း သိရပြီးနောက်ပိုင်း ရူပီးတန်ဖိုး ပြန်ကျပြီး တစ်ဒေါ်လာကို ၅၆ ဒသမ ၂၃ ရူပီးနဲ့ ဈေးပိတ်ခဲ့တဲ့ ရူပီးတန်ဖိုးက တစ်ဒေါ်လာကို ၅၆ ဒသမ ၁၀ ရူပီးနှုန်း ထိရောက်ရှိခဲ့ပါတယ်။ ဂျပန်ယန်း    ယူရိုငွေကြေးတန်ဖိုးက မေ ၃၁ ရက်နေ့က ယန်းနဲ့ဖလှယ်ရာမှာ ဆယ် နှစ်ကျော်အတွင်း အနိမ့်ဆုံးထိ ရောက် ရှိခဲ့ပါတယ်။ နောက်တစ်နေ့ ဇွန် ၁ ရက် မှာ ယူရိုဇုန်နဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှု တွေ ကြီးထွားလာတဲ့အတွက် ယူရို တန်ဖိုးက ၂၃ လအတွင်း အနိမ့်ဆုံးဖြစ် ခဲ့ပါတယ်။ ယူရိုယန်းဖလှယ်နှုန်းက မေ ၃၁ ရက်က နယူးယောက်မှာ တစ်ယူရို ကို ၉၆ ဒသမ ၈၂ ယန်းရှိရာမှ ဇွန် ၁ ရက်မှာ တစ်ယူရိုကို ၉၆ ဒသမ ၈၉ ယန်းနှုန်းရှိခဲ့ပါတယ်။ ဒေါ်လာယန်းဖ လှယ်နှုန်းက နယူးယောက်မှာ ၇၈ ဒသမ ၃၃ ယန်းနှုန်းမှ တစ်ဒေါ်လာကို ၇၆ ဒသမ ၈၀ ယန်းနှုန်းထိ ရှိခဲ့ပါ တယ်။ မလေးရှားရင်းဂစ်    ဥရောပကြွေးမြီအကျပ်အတည်း ပိုမိုနက်ရှိုင်းလာတဲ့အတွက် ရင်းနှီးမြှုပ်နှံ သူတွေက စွန့်စားမှုပိုများတဲ့ အက်ဆက် များကို စုပုံရောင်းချလာတဲ့အတွက် ဇွန် ၁ ရက်မှာ ရင်းဂစ်တန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်တဲ့အခါ စတုတ္ထမြောက်နေ့ အဖြစ် ဆက်တိုက်ကျဆင်းခဲ့ပါတယ်။    ရင်းဂစ်တန်ဖိုးက မေ ၃၁ ရက်က တစ်ဒေါ်လာကို ၃ ဒသမ ၁၇၄၀ ရင်း ဂစ်နှုန်းနဲ့ ဈေးပိတ်ခဲ့ပြီး ဇွန် ၁ ရက် မနက် ၉ နာရီ ၆ မိနစ်မှာ တစ်ဒေါ်လာ ကို ၃ ဒသမ ၁၈၇၀ ရင်းဂစ်နှုန်းရှိခဲ့ပါ တယ်။ တောင်ကိုရီးယားဝမ်    ပို့ကုန်လုပ်ငန်းရှင်များက ဒေါ်လာ ကို ပြန်ထုတ်ရောင်းလာကြတဲ့အတွက် ကိုရီးယားဝမ်ငွေကြေးတန်ဖိုး က စော စောပိုင်းကျဆင်းနေရာမှ ဇွန် ၁ ရက်မှာ ပြန်လည်နာလန်ထူလာတာကို တွေ့ရ ပါတယ်။ ဂရိနဲ့ စပိန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် တောင်ကိုရီး ယားဝမ်တန်ဖိုးက မေလအတွင်းမှာ ၄ ဒသမ ၃ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပြီး ၂၀၁၁ ခုနှစ် စက်တင်ဘာနောက်ပိုင်း အနိမ့်ဆုံးအထိ ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် မေ ၃၁ ရက်က တစ်ဒေါ်လာ ကို ၁၁၈၀ ဒသမ ၃ ဝမ်နှုန်းရှိခဲ့တဲ့ တောင်ကိုရီးယားငွေကြေးက ဇွန် ၁ ရက်မှာ တစ်ဒေါ်လာကို ၁၁၇၇ ဒသမ ၇ ဝမ်နှုန်းသို့ ရောက်ရှိခဲ့ပါတယ်။ ထိုင်းဘတ်    ထိုင်းနိုင်ငံရဲ့အကြီးမားဆုံးပို့ကုန် ဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ စီးပွား ရေးတိုးတက်မှုနှေးကွေးတဲ့အတွက် ဘတ်ငွေတန်ဖိုးက ရက်သတ္တပတ်ငါး ပတ်မြောက်ဆက်တိုက်ကျဆင်းခဲ့ပေမယ့် ဘွန်းစာချုပ်တန်ဖိုးတွေ မြင့်တက်ခဲ့ပါ တယ်။ ဘတ်ငွေတန်ဖိုးက ဧပြီက ထိုင်း ပို့ကုန်တန်ဖိုးတွေက ခုနှစ်လအတွင်း ခြောက်ဆခန့်ကျဆင်းခဲ့ကြောင်း မေ ၃၁ ရက်ဖော်ပြခဲ့ပြီးနောက်ပိုင်း ထိုင်း ဘတ်တန်ဖိုးက နှစ်နှစ်အတွင်းအနိမ့်ဆုံး ကို ရောက်ခဲ့ပါတယ်။    ဘလွမ်းဘတ်မှ   ပြုစုထားတဲ့ စာရင်းများအရ ဘတ်ငွေ တန်ဖိုးက ဘန်ကောက်မှာ ဇွန် ၁ ရက် ညနေ ၃ နာရီ ၂၀ မိနစ်က ဘတ်ငွေတန်ဖိုးက သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၃၁ ဒသမ ၈၅ ဘတ် နှုန်းရှိခဲ့ပါတယ်။Source:bloomberg.economictimes, indiatimes.com,AFP,bernama