Main menu

Background

နိုင်ငံရေးအရွှေ့၊ စီးပွားရေးမူဝါဒများ ပြုပြင်ပြောင်းလဲ တိုးတက်လာမှုများနဲ့အညီ စည်းကမ်းညီဖြစ်ထွန်းလာရမည့် အရပ်ဘက် လူ့အဖွဲ့အစည်းတို့၏ အခန်းကဏ္ဍ

Thu, 06/07/2012 - 09:19 -- Anonymous (not verified)

လေးနှစ်တာမှာ အိမ်မက်ပမာ အပြောင်းအလဲမြန်ဆန် မိမိတို့နိုင်ငံရဲ့ (၂၀၀၈-၂၀၁၂) လေးနှစ်တာ ကာလအတွင်း နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို ပြန်လည်စောင်းငဲ့ကြည်မည်ဆိုလျှင် "ဒီမိုကရေစီ နိုင်ငံထူထောင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်'' ဟာ အံသြဖွယ်အဟုန်ဖြင့် ပြောင်းလဲတိုးတက်ခဲ့တာကို မျက်ဝါး ထင်ထင်  တွေ့မြင်ကြရမှာပဲဖြစ်တယ်။ ၂၀၀၈ မှာ အခြေခံဥပဒေကို အပြီးသတ်ရေးဆွဲပြီး အတည်ပြုနိုင်ခဲ့မှု၊ ၂၀၁၀ မှာ ပါတီစုံဒီမို ကရေစီ ရွေးကောက်ပွဲကျင်းပပေးနိုင်ခဲ့မှု၊ ၂၀၁၀ နိုဝင် ဘာတွင်  ဒေါ်အောင်ဆန်းစုကြည်  နေအိမ် အကျယ်ချုပ် မှ  ပြန်လည် လွပ်မြောက်လာခဲ့မှု၊ ၂၀၁၂ ဇန်နဝါရီလအတွင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ မွန်မြတ်တဲ့စေတနာနဲ့ ထင်ရှားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများအပါ အဝင်အကျဉ်းသားများ  ပြန်လည်လွှတ်ပေးခဲ့မှု၊ ၂၀၁၄ အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် သဘောတူညီချက်ရရှိခဲ့မှု၊ ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်လာပြီး လွှတ်တော်အတွင်း ဝင်ရောက်လာ နိုင်ခဲ့မှု၊  တစ်ဆက်တည်းဆိုသလို နိုင်ငံတကာမှ Sanction  များ တဖြည်းဖြည်း ကင်းလွတ်ခွင့်ပြု လာမှုများနှင့်အတူ နိုင်ငံတကာ အသိုင်းအဝိုင်း အတွင်း  ပြန်လည်ဝင်ရောက်လာနို င်မှု များဟာ  တိုတောင်းလှတဲ့ကာလအတွင်းမှာ အိပ်မက်ပမာ မြန်ဆန်လှတဲ့ အပြောင်းအလဲတွေ ပဲ ဖြစ်ပါတယ်။ တချို့သော ပြုပြင်ပြောင်းလဲမှုများ အထက်ပါ လေးနှစ်တာကာလ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများနဲ့အညီ နိုင်ငံတော်အစိုးရမှ စီးပွားရေးမူဝါဒများကိုလည်း  ဒီမိုကရေစီစနစ်နဲ့ လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲခဲ့တာကိုလည်း တွေ့မြင်ကြရမှာဖြစ်ပါတယ်။ စားအုန်းဆီ၊ လောင် စာဆီ၊ မော်တော်ယာဉ်တို့ကို  ပုဂ္ဂလိကအခန်း ကဏ္ဍမှ လွတ်လွတ်လပ်လပ် တင်သွင်းခွင့်ပြုခြင်း များအပါအဝင် ပို့ကုန်/သွင်းကုန် မူဝါဒများကို ခေတ်နဲ့အညီပြုပြင်ပြောင်းလဲနိုင်ခဲ့ခြင်း၊ ဗဟို ဘဏ်ရဲ့ လွတ်လပ်တဲ့သီးခြားရပ်တည်မှုဖြင့် "နိုင်ငံတကာ စံမီ  နိုင်ငံခြားေ ငွကြေးဈေးကွက်ကြီးကို'' မူဝါဒသစ်များချမှတ် ထူထောင်နေခြင်း၊ နိုင်ငံခြား ရင်းနှီးမြူပ်နှံမှုဥပဒေသစ်များကို  ရေးဆွဲနေပြီး နိုင်ငံ တကာမှ ဝင်ရောက်ရန် တာစူနေသော ရင်းနှီး မြှုပ်နှံမှုများကို စနစ်တကျလက်ခံ ရန် ဆောင်ရွက် နေခြင်း၊ နိုင်ငံတကာစံမီ စီးပွားရေးစနစ်တစ်ခုရဲ့ ကျောရိုးဖြစ်တဲ့ အရင်းအနှီးဈေးကွက် (Stock Share Market)  ကြီးကို ၂၀၁၅တွင် ပေါ်ပေါက် လာရေး စီမံကိန်းချ ဆောင်ရွက်နေခြင်း စတဲ့ပြုပြင် ပြောင်းလဲမှုများကို တွေ့ရမှာပဲဖြစ်ပါတယ်။ ကျွန်တော်ဒီနေရာမှာ အဓိကထား အကြံ ပြုတင်ပြချင်တာကတော့ နိုင်ငံတော်မှ နိုင်ငံရေး၊ စီးပွားရေးအပြောင်းအလဲတွေကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေချိန်မှာ သက်ဆိုင်ရာ နယ်ပယ် အသီးသီးရှိ ဒီမိုကရေစီစနစ်ရဲ့ ကျောရိုးဖြစ်တဲ့ အရပ်ဘက်  လူ့အဖွဲ့အစည်းများရဲ့ ဟန်ချက်ညီ ပြောင်းလဲလိုက်ပါနိုင်စွမ်းပဲဖြစ်ပါတယ်။ ဒီလို အကြံ ပြုတင်ပြတဲ့နေရာမှာ မိမိတို့ပဲလောက အရပ်ဘက် လူ့အဖွဲ့အစည်းရဲ့ အနေအထားကို "ဘောလုံး လောက အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ပြောင်း လဲနိုင်စွမ်း'' "၂၀၁၄ နိုင်ငံလုံးဆိုင်ရာ သန်းခေါင် စာရင်းကောက်ခံမှုနှင့် အရပ်ဘက်လူ့အဖွဲ့အစည်း'' ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ နှိုင်းယှဉ်တင်ပြအကြံပြု လိုပါတယ်။ ဘောလုံးလောက အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် ပြောင်းလဲနိုင်စွမ်း ဘောလုံးအားကစားလောကကို  လေ့လာ ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဟာ ပြီးခဲ့တဲ့ ငါးနှစ်တာကာလအထိ အားကစား ဝန်ကြီးဌာန လက်အောက်ရှိ အဖွဲ့အစည်းတစ်ခု အဖြစ် ရပ်တည်ဆောင်ရွက်ခဲ့ရတာပါ။ ဒါပေမယ့် မဝေးသေးတဲ့ကာလ တစ်ခုအတွင်းမှာပဲ လွတ် လပ်တဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းအဖြစ် သီးခြား ရပ်တည်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ရပ်တည် ဆောင်ရွက်ခဲ့တဲ့ တိုတောင်းတဲ့လေးနှစ်တာကာလ အတွင်း နိုင်ငံတော်အစိုးရထံတင်ပြပြီး လိုအပ်တဲ့ မူဝါဒများကို ညှိနှိုင်းပြုပြင်ကာ အားကစားကွင်း အပါအဝင် လိုအပ်ချက်များ  ပြုပြင်ရယူခြင်း၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ် အပါအဝင် နိုင်ငံတကာ အရပ်ဘက် လူ့အဖွဲ့ အစည်းများနှင့်ချိတ်ဆက်ညှိနှိုင်းကာ ငွေကြေး ရန်ပုံငွေ၊ နည်းပညာနဲ့ အကြံဉာဏ်များကို ရယူ ခြင်း၊ ဘောလုံးကလပ်အသင်းများ ထူထောင်ရန် ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်များအား ဆွဲ ဆောင်နိုင်ခဲ့ခြင်း၊ ဒေသတွင်းအာဆီယံ League  များမှာ ကျင်လည်နေတဲ့ဘောလုံး Agent   များ၊ နည်းစနစ်ဒါရိုက်တာများ၊ နည်းပြများ၊ ကစား သမားများကို ငွေကြေးဖြင့် ငှားရမ်းခေါ်ယူတင် သွင်းခဲ့ခြင်း စတဲ့ ဆောင်ရွက်ချက်တွေနဲ့အတူ ''အပျော်တမ်း ဘောလုံးလောက"မှ "ကြေးစား ဘောလုံးလောက'' သို့ ကူးပြောင်းနိုင်ခဲ့တာကို တွေ့ ရမှပဲဖြစ်ပါတယ်။ ဒီနေရာမှာ ကလပ်အသင်းတစ် သင်းစီအနေနဲ့ ထွက်ငွေ၊ အထွေထွေကုန်ကျစရိတ် နဲ့ ဝင်ငွေမျှတတဲ့ ပုံမှန်စီးပွားရေးလုပ်ငန်းတစ်ခု အနေအထားကို ယခုချိန်ထိ မရောက်ရှိသေးတာ၊ ဘောလုံးအားကစားအဆင့်အတန်းအနေနှင့်လည်း အဓိကထားတိုင်းတာရမယ့် နိုင်ငံ့လက်ရွေးစင် အသင်းကြီးမှာလည်း အာဆီယံအဆင့် ပြိုင်ပွဲမှာ တောင် အောင်မြင်မှုပြန်လည်မရရှိသေးတာ စတဲ့ အားနည်းချက်တွေ  ရှိနေသေးတာ မှန်ပေမယ့် အရပ်ဘက် လူ့အဖွဲ့အစည်းအဖြစ် လွတ်လပ်စွာ ပြောင်းလဲရပ်တည်အပြီး တိုတောင်းတဲ့ ကာလ အတွင်းမှာ တစ်စုံတစ်ရာပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရမှာပဲဖြစ်ပါတယ်။ ၂၀၁၄ နိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်း ကောက်ခံမှုနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ် Mr.  ဘန်ကီမွန်း မြန်မာနိုင်ငံကို ၂၀၁၂ ဧပြီလ ကုန်ပိုင်းမှာ အလည်အပတ်ရောက်ရှိ လာပြီး  နိုင်ငံ တော်သမ္မတကြီး ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါ တယ်။ ဒီလို  တွေ့ဆုံဆွေးနွေးမှုအပြီး  မစ္စတာဘန် ကီမွန်းမှ ''သမ္မတကြီးက  မိမိအား ၂၀၁၁ နိုဝင် ဘာလ ဘာလီတွင် ကျင်းပသော ASEAN-UN Summit  မှာ တွေ့ဆုံစဉ်ကတည်းက  ၂၀၁၄ အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်း ကောက်ယူ မှုကြီးကို ဆောင်ရွက်မည်ဟု အသိပေး ပြောကြားပြီး ကမ္ဘာ့ကုလသမဂ္ဂထံမှ   နည်းပညာ အကူအညီများကို တောင်းခံခဲ့ပါကြောင်း၊ မိမိတို့ ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့်လည်း မြန်မာနိုင်ငံမှ မူဝါဒချမှတ်သူများအတွက် ဤသန်းခေါင်စာရင်း ကောက်ယူသည့်   လုပ်ငန်းစဉ်မှ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးစီမံကိန်းအတွက်  လိုအပ်သော သတင်းအချက်အလက်များကိုရမည့်အပြင် ကွဲပြား ခြားနားတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ  အတူ ယှဉ်တွဲနေထိုင်သော နိုင်ငံတစ်နိုင်ငံအဖို့   ၎င်းတို့ အချင်းချင်းကြား အပြန်အလှန် နားလည်မှုရနိုင်တဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့အတွက်  ကုလသမဂ္ဂအဖွဲ့ကြီး အနေနှင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း" ပြောကြားခဲ့ပါတယ်။ ဒီနောက်မှာတော့ နိုင်ငံတော် သမ္မတကြီးရဲ့  ကမ္ဘာ့ကုလသမဂ္ဂမှ အကူအညီ တောင်းခံထားမှုကို ကုလသမဂ္ဂအထွထွေအတွင်း ရေးမှူးချုပ်မှ လက်ခံသဘောတူညီခဲ့ပြီး ဤလုပ် ငန်းစဉ်  ဖြစ်မြောက်အောင်မြင်ရေးအတွက် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးမှ နည်းပညာ၊ ငွေကြေး အထောက်အပံ့များပေးအပ်ရန် နှစ်ဖက်သဘော တူစာချွန်လွှာကို လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေရာမှာ  ကုလသမဂ္ဂအထွထွေ အတွင်းရေးမှူးချုပ်နဲ့ ကုလသမဂ္ဂတာဝန်ရှိသူတွေ အဓိကသတိေ ပးပြောကြားခဲ့တာကတော့ ဒီလုပ် ငန်းစဉ် အလုံးစုံ  ပြီးမြောက်အောင်မြင်ရေးဟာ နိုင်ငံတော်အစိုးရရဲ့ သက်ဆိုင်ရာဌာန အသီးသီးနဲ့ မလုံလောက်ဘဲ မြန်မာတစ်နိုင်ငံလုံးရှိ လွတ်လပ်တဲ့ အရပ်ဘက်လူ့ ဖွဲ့အစည်းတွေရဲ့ တက်တက်ကြွကြွ၊ ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးဖြင့် ပူးပေါင်း ဆောင်ရွက်မှုတွေဟာ လွန်စွာအရေးကြီးတယ် ဆိုတာပဲဖြစ်ပါတယ်။ ဒီအချက်ကို ထောက်ရှုခြင်း အားဖြင့် ဒီမိုကရေစီစနစ်တစ်ခုရဲ့အောက် ကဏ္ဍ တစ်ခုချင်းစီအလိုက် လုပ်ငန်းများ ပုံဖော်ဆောင် ရွက်တဲ့နေရာမှာ နိုင်ငံတော်အစိုးရ၊ ကုလသမဂ္ဂလို ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများရဲ့ ငွေကြေး၊ နည်းပညာ အကူအညီများဖြင့်ပင် မလုံလောက်ဘဲ သက်ဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ ပါဝင်ဆောင်ရွက်ရမယ့် အခန်းကဏ္ဍဟာ လွန်စွာ အရေးကြီးကြောင်း အထင်အရှား တွေ့မြင်ရမယ့် သာဓကတစ်ခုအဖြစ် တင်ပြရပါတယ်။မိမိတို့ပဲလောကရှိ အရပ်ဘက် လူူ့အဖွဲ့အစည်းများကို ဆန်းစစ်အကြံပြုတိုက်တွန်းမှုမိမိကျင်လည်ရာ ပဲလောကကြီးတစ်ခုလုံးကို ပြန်လည်လေ့လာကြည့်မည်ဆိုလျှင် အရပ်ဘက် လူ့အဖွဲ့အစည်းဟာ ပြီးခဲ့တဲ့နိုင်ငံရေးစနစ်ဟောင်း ကာလ နှစ်ပေါင်းများစွာကတည်းက အားကောင်း မောင်းသန်ရှိနေခဲ့တာပါ။ ဒီလောက အရပ်ဘက် လူ့အဖွဲ့အစည်းတွေဟာ စနစ်တကျရွေးချယ်တင် မြှောက်ထားတဲ့ အလုပ်အမှုဆောင်အဖွဲ့ "စနစ် တကျ ကောက်ခံသိုမှီးထားတဲ့ရန်ပုံငွေ" ''ခံ့ညားတဲ့ ကိုယ်ပိုင်အဆောက်အအုံ"တွေနဲ့ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ စတဲ့မြို့ကြီးများမှာ သက်ဆိုင်ရာ ဒေသအသီးသီးရဲ့ ကုန်စည်ဒိုင်တွေအဖြစ်နဲ့ လွတ် လွပ်လပ် ထည်ထည်ဝါဝါ ရပ်တည်ပြီး ရောင်းဝယ် ဖောက်ကားခဲ့ကြတာပါ။ နိုင်ငံရေးစနစ်ဟောင်း ကာလ တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် ဒီလိုအဖွဲ့အစည်းမျိုးတွေ အားနည်းခဲ့စဉ်ကတည်း က အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အားကောင်း ခဲ့တဲ့ရှားရှားပါးပါး နယ်ပယ်တစ်ခုလည်း ဖြစ်ပါ တယ်။ ဒီနေရာမှာ မိမိမေးချင်တဲ့ မေးခွန်းကတော့ "မိမိတို့ဟာ ဒီအားသာချက်ကြီးကို နိုင်ငံတော် အစိုးရရဲ့ နိုင်ငံရေးစီးပွားရေး မူဝါဒများလျင်မြန်စွာ ပြုပြင်ပြောင်းလဲခဲ့တဲ့ လေးနှစ်တာအတွင်းမှာ ပဲလောက တိုးတက်ပြောင်းလဲမှုအတွက် ထိထိမိမိ အသုံးချနိုင်ခဲ့ပါသလား'' ဆိုတဲ့မေးခွန်းပဲ ဖြစ်ပါ တယ်။ ဒီမေးခွန်းကို ပြန်ဖြေဖို့ဆိုရင် မိမိတို့ ပဲ လောကရဲ့ လေးနှစ်ကာလ ဈေးကွက်ပိုင်းနဲ့ စိုက် ပျိုးထုတ်လုပ်မှု အခြေအနေ အဖြစ်အပျက်တွေကို အကျဉ်းချုံးပြီး ပြန်လည်သုံးသပ်ရမှာဘဲ ဖြစ်ပါ တယ်။အားချိလာတဲ့ ပဲဈေးကွက်ဈေးကွက်ပိုင်းကို  လေ့လာသုံးသပ်ရမယ် ဆိုလျှင် ဒီလေးနှစ်တာကာလမှာ အစဉ်အလာ ဟောင်းအတိုင်း  ယုံကြည်မှုတစ်ခုတည်းအပေါ် အခြေခံတဲ့ ရောင်းဝယ်ဖောက်ကားမှုစနစ်ပေါ်မှာ ဆက်လက်အခြေခံ လုပ်ကိုင်ဆောင်ရွက်ကြရင်း၊ ၂၀၀၈မှာ ပဲလောကရဲ့ အထွေထွေငွေကြေးအရှုပ် အရှင်းပြဿနာကြီးကို ရင်ဆိုင်ခဲ့ရသလို  ၂၀၁၁ မှာ ပဲကုန်သည်တစ်ဦးရဲ့  မနည်းလှတဲ့ ငွေကြေး ပမာဏ   အလွဲသုံးစားမှုတစ်ခုကို  တွေကြုံခဲ့ရတဲ့     အတွက် ဈေးကွက်တစ်ခုလုံး ယိုင်နဲ့ခံရပြီး ဈေး ကွက်အပေါ် ယုံကြည်မှုတွေ နည်းပါးခဲ့ပါ တယ်။ စိုက်ပျိုးထုတ်လုပ်မှုအပိုင်းမှာလည်း ပြောင်းလဲ လာနေတဲ့ ရာသီဥတု၊ နိုင်ငံတကာ ဈေးကွက်ရဲ့ လိုအပ်ချက်စတဲ့ အချက်ေ တွပေါ်မှာ လိုက်လျော ညီထွေပြောင်းလဲပြီး  စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်၊ ခေတ်မီစိုက်ပျိုးရေး စက်ကိရိယာများဖြင့် ပြောင်းလဲထုတ်လုပ်နိုင်မှု စသည့်အချက်တွေကို တစ်နိုင်ငံလုံးအတိုင်းအတာ နှင့် ပြောင်းလဲေ ဆာင်ရွက်နိုင်မှုကင်းမဲ့ခဲ့ပြီး အစဉ် အလာ၊ သမားရိုးကျအတိုင်း စိုက်ပျိုးထုတ်လုပ် ကြရင်း မိမိတို့လောကရဲ့ အဓိကကျေားရိုးဖြစ်တဲ့ လူအများစု တောင်သူဦးကြီးများရဲ့ မပြုံးပျော်နိုင်တဲ့ နေ့စဉ်ဘဝတွေဟာ တဖြည်းဖြည်းလုံးပါး ပါးခဲ့ရပါ တယ်။ အတိတ်အခြေအနေဟောင်းများ အတိတ်မှာသာထားရစ်ခဲ့ခြုံငုံသုံးသပ်မှုအရ မိမိတို့ပဲလောကကြီးဟာ လေးနှစ်တာကာလအတွင်း တစ်စုံတစ်ရာ တိုးတက် မှုကိုမတွေ့ရတဲ့အပြင် တဖြည်းဖြည်း ဆုတ်ယုတ် လာတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရမှာ ဖြစ် ပါတယ်။ ဒီနေရာမှာ မိမိအနေဖြင့် လေးလေးနက် နက်  ပြောချင်တာ ကတော့  ဒီတိုတောင်းလှတဲ့ ကာလအတွင်းမှာ  ပြည်တွင်း  နိုင်ငံရေးပြောင်း လဲမှုတွေဟာ အိပ်မက်ပမာ မြန်ဆန်လွန်းနေတာ၊ ကမ္ဘာ့ဈေးကွက်အနေဖြင့်လည်း ၂၀၀၈ အမေရိ ကန်နိုင်ငံရဲ့ Lehman Brothers   ကုမ္ပဏီပြိုလဲမှု မှသည် ယနေ့တိုင်  မပြီးနိုင်သေးတဲ့ ဥရောပ ကြွေးမြီပြဿနာများကြား ကမ္ဘာလုံးဆိုင်ရာ ဝယ် လိုအားကျဆင်းနေတာ စတဲ့ မကြုံစဖူးတွေ့ကြုံ နေရတဲ့ ပြည်တွင်းပြည်ပ အခြေအနေ အသစ် တွေကို တိုက်တိုက်ဆိုင်ဆိုင် တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရချိန်မှာ ချက်ချင်းလိုက်ပါ ပြောင်းလဲ ဖို့ဆိုတာ အလွန်ခက်ခဲတယ်ဆိုတာကို ရာနှုန်းပြည့် နားလည်နိုင်တဲ့အတွက် မိမိတို့ ပဲလောကရှိ အရပ် ဘက် လူ့အဖွဲ့အစည်းအသီးသီးနှင့် တာဝန်ရှိသူ အားလုံးကို အပြစ်တင်ပြောကြားလိုခြင်း အလျဉ်း မရှိဘူးဆိုတာပဲဖြစ်ပါတယ်။ ဒါပေမယ့်မိမိတို့ဟာ အတိတ်က   အခြေအနေအဟောင်းတွေကို အတိတ်မှာပဲထားခဲ့ပြီး ယနေ့မှစ၍ မိမိလောကရဲ့ အားသာချက်ကြီးဖြစ်တဲ့ နှစ်ပေါင်းများစွာ နိုင်ငံ အနှံ့ စနစ်တကျတည်ရှိတဲ့ အရပ်ဘက်လူ့အဖွဲ့ အစည်းတွေရဲ့အားကို အခြေပြုပြီး ပြုပြင်ပြောင်း လဲရေးတွေကို အရှိန်အဟုန်နှင့် ဆောင်ရွက်ကြပါစို့ ရယ်လို့ အပြုသဘောအကြံပြု  တိုက်တွန်းလိုခြင်း ပဲဖြစ်ပါတယ်။ပဲလောက အရပ်ဘက်လူ့အဖွဲ့အစည်းများမှ စီမံကိန်းချ ဆောင်ရွက်သင့်ဒီလိုဆောင်ရွက်တဲ့နေရာမှာ အရပ်ဘက် လူ့အဖွဲ့အစည်းတွေအနေနှင့် နိုင်ငံတော်အစိုးရ ထံတင်ပြပြီး လိုအပ်တဲ့ မူဝါဒနှင့် လုပ်ထုံးလုပ် နည်းများ  လိုက်လျောညီထွေပြောင်းလဲနိုင်ရေး ညှိနှိုင်းဆောင်ရွက်ခြင်း၊ နိုင်ငံတော်အစိုးရ၊ ကမ္ဘာ့ ကုလသမဂ္ဂရှိ သက်ဆိုင်ရာအဖွဲ့အစည်းများ အပါ အဝင် နိုင်ငံတကာအစိုးရများ၊ ကမ္ဘာအရပ်ရပ်ရှိ မိမိတို့နယ်ပယ်မှ နိုင်ငံတကာ အရပ်ဘက်လူ့အဖွဲ့ အစည်းများဖြင့်ချိတ်ဆက်၍ စိုက်ပျိုးထုတ်လုပ်မှု အပိုင်းနှင့် ဈေးကွက်အပိုင်း နှစ်ခုစလုံးအတွက် နည်းပညာနှင့် ငွေကြေး အကူအညီများကို တောင်း ခံရယူခြင်း၊ ၎င်းအပိုင်းနှစ်ခုစလုံး ပြုပြင်ပြောင်း လဲရေးအတွက် လိုအပ်တဲ့ နိုင်ငံတကာမှ ပညာရှင် များကို ငွေကြေးနှင့်ငှားရမ်းခေါ်ယူခြင်း စသည့် လုပ်ငန်းစဉ်များကို ယနေ့မှစ၍ စီမံကိန်းချအရှိန် ဖြင့် လုပ်ဆောင်ကြမယ် ဆိုရင်  နောင်လာမည့် လေးနှစ်တာကာလမှာ ခေတ်မီစိုက်ပျိုးရေးနည်း စနစ်၊ စက်ကိရိယာများဖြင့် စိုက်ပျိုးထုတ်လုပ်နေပြီး ပြုံးပျော်နေတဲ့ တောင်သူဦးကြီးတို့ရဲ့ နေ့စဉ်ဘဝ၊ နိုင်ငံတကာစံမီ ပြည်တွင်းဈေးကွက်ကြီးကို အခြေခံ ရင်းနိုင်ငံစုံဈေးကွက်များတွင် ကူးလူးရောင်းဝယ် နေတဲ့ ပြည်တွင်းလုပ်ငန်းရှင်များရဲ့  ကဏ္ဍကို မလွဲဧကန် တွေ့မြင်ရမှာဖြစ်ပါကြောင်း တင်ပြ လိုက်ရပါတယ်ခင်ဗျာ။