Main menu

Background

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ အေဂျီဒီဘဏ်မှတစ်ဆင့် တရားဝင်ငွေလွှဲသည့်နေ့ရက် ပြောင်းလဲသတ်မှတ်

Thu, 06/07/2012 - 09:12 -- Anonymous (not verified)

       မြန်မာနိုင်ငံရှိ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်နှင့် ထိုင်းနိုင်ငံရှိ Karsikorn Bank (KBank)  တို့သည် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများစိတ်အေးချမ်းသာစွာဖြင့် ငွေလွှဲပို့နိုင်ရန် ငွေလွှဲလုပ်ငန်းကို လာမည့် ဇွန် ၁ ရက်မှစ၍ စတင် ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သတင်းထုတ်ပြန်ခဲ့သည်။သို့သော် ထိုင်းနိုင်ငံမှငွေလွှဲလုပ်ငန်းကို လက်ခံလုပ်ကိုင်မည့် Karsikorn Bank (KBank) ၏ လုပ်ငန်းပြင်ဆင်ဆောင် ရွက်မှုများ မပြီးပြတ်သေးသဖြင့်  အဆိုပါငွေလွှဲလုပ်ငန်းကို ဇူလိုင် ၁ ရက်မှသာ စတင်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း Karsikorn Bank (KBank) မှအေဂျီဒီဘဏ်သို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။အဆိုပါ ငွေလွှဲလုပ်ငန်းလုပ်ကိုင်မည့် အစီအစဉ်ကို မေ ၁၅ ရက်က အင်းလေးကန် Aureum Palace Hotel & Resorts  တွင် ပြုလုပ်သည့် (၁၁)ကြိမ်မြောက် ထိုင်း-မြန်မာ အလုပ်သမားရေးရာ အစည်းအဝေးတွင် အာရှစိမ်းလန်းမှုဖွံ့ဖြိုး ရေးဘဏ်နှင့် Karsikorn Bank (KBank) တို့ပူးပေါင်းမှုဖြင့် ငွေလွှဲလုပ်ငန်းကို လုပ်ကိုင်မည်ဖြစ်ကြောင်း တရားဝင်ထုတ် ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။                                                                မယ်သီတာ