Main menu

Background

ငါးရှဉ့် သယံဇာတထိန်းသိမ်းရေး

Thu, 06/07/2012 - 09:31 -- Anonymous (not verified)

    ငါးရှဉ့်ကို အာရှနိုင်ငံအများ အပြား၌ ဟင်းလျာအဖြစ် နှစ်ခြိုက်စွာ စားသုံးကြပါသည်။ အထူးသဖြင့် တရုတ်လူမျိုးများသည် ငါးရှဉ့်အား သွေးအားကောင်းစေသော ဟင်းလျာ အဖြစ် တန်ဖိုးထားစားသုံးလေ့ရှိ သည်။ ငါးရှဉ့်များကို အစိုအတိုင်းဖြစ် စေ၊ တာရှည်ခံ စားသုံးရန် ကျပ်တိုက်၍ ဖြစ်စေ စားသုံးကြပြီး၊ စားသောက်ဆိုင် များတွင် ငါးရှဉ့်ခြောက်စပ်၊ ငါးရှဉ့် ချဉ်စပ်၊ ငါးရှဉ့်မြေအိုးဟင်းလျာများမှာ လူအများ နှစ်ခြိုက်စွာ စားသုံးသည့်  တန်ဖိုးကြီး ဟင်းလျာများတွင်ပါဝင် သည်။    မြန်မာနိုင်ငံ၌ အတွေ့များသော ရေချိုငါးရှဉ့်များသည် လယ်ကွင်းထဲ၌ နေထိုင်ကျက်စားပြီး၊   Monopterus albusç Monopterus javanensis နှင့် Monopterus cuchia  မျိုးစိတ် များသည် ထင်ရှားသော မျိုးစိတ်များ ဖြစ်ကြသည်။ Monopterus albus ငါးရှဉ့်မျိုးစိတ်ကို လယ်ငါးရှဉ့် (  Rice - field eel ) ဟူ၍လည်းကောင်း၊ နုန်းငါး ရှဉ့် (Swamp eel )ဟူ၍ လည်း ကောင်း ခေါ်ဝေါ်ပြီး ခန္ဓာကိုယ်တွင် ကျောဘက်ရေယက်၊ အမြီးရေ ယက် နှင့် စအိုရေယက်များသည် တစ်ဆက် တည်းရှိသည်။ အဆိုပါ ငါးရှဉ့်မျိုးများ တွင် အဖို လိင်အင်္ဂါနှင့် အမလိင် အင်္ဂါ နှစ်မျိုးစလုံး ပါရှိသည်ကို ထူးခြားစွာ တွေ့ရှိ ရပါသည်။    တစ်နှစ်သားအရွယ် ကျန်းမာသန် စွမ်းသော ငါးရှဉ့်သည် အလျား ၁၇ စင်တီမီတာခန့်အရွယ်ရှိပြီး သက်တမ်း အားဖြင့် သုံးနှစ်သား ကျော်ပါက အလျား ၂၈-၄၆ စင်တီမီတာအတွင်း ရှိကာ အဖို လိင်အင်္ဂါနှင့် အမလိင်အင်္ဂါ နှစ်မျိုးစလုံး ပါရှိတတ်သည်။  Mono-pterus albus  ငါးရှဉ့်သည် ကြီးထွားနှုန်း ကောင်းမွန်ပါက အမလိင်အင်္ဂါကို ဦးစွာ ရရှိပြီး ကြာရှည်သောအခါ အထီး အဖြစ် ပြောင်းလဲတတ်သည်။ ငါးရှဉ့် များသည် ဟော်မုန်းဓါတ် ပြောင်းလဲမှု ကြောင့်အမမှ အထီးသို့ ပြောင်းလဲသည့် အချိန်တွင် အချင်း ချင်း ပြန်လည် စားတတ်သည့် အလေ့အထ ရှိပါသည်။    ငါးရှဉ့်များ၏ မျိုးပွားရာသီမှာ မတ်လမှ စက်တင်ဘာလအထိဖြစ်၍ တစ်နှစ်ပတ်လုံး အုချနိုင်သည်။ မိတ် လိုက်ရာသီအမြင့်ဆုံးကာလမှာ မေလ နှင့်ဇွန်လဖြစ်ပြီး အနည်းဆုံးကာလမှာ ဒီဇင်ဘာလ၊ ဇန်နဝါရီလများဖြစ်ပါ သည်။ ငါးရှဉ့်အထီးများ သည် ရေမြုပ် အသိုက်ဆောက်ပြီး ၂-၃ ရက်ကျော် လျှင် အမများသည် ၎င်းအသိုက်ထဲ အုချကာ ဥများကိုတွယ်ကပ်စေပါသည်။ ငါးရှဉ့်အမ၏ ဥအိမ်သည် ၎င်း၏ ဝမ်းဗိုက်အောက်ခြေအထိ ရှည်လျား၍ အသိုက်တစ်ခုတွင် ဥပေါင်း ၅၀၀-၁၀၀၀ အထိ အုချနိုင်ပါ သည်။            စီးပွားဖြစ်ငါးရှဉ့်မျိုးစိတ် ဖြစ်သော လယ်ငါးရှဉ့် Monopterus albus  အားမြန်မာနိုင်ငံမှ ထိုင်းနိုင်ငံနှင့် တရုတ် နိုင်ငံသို့ တင်ပို့လျက်ရှိပြီး အထူး သဖြင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ နှစ်စဉ်ပုံမှန် တင်ပို့လျက်ရှိပါသည်။            ငါးရှဉ့်များအားပြည်ပသို့ တင်ပို့ ရောင်းချရာတွင် နိုင်ငံတော်မှ အခွန် ဘဏ္ဏာအပြည့်အဝရရှိရေး၊ ဈေးနှုန်း မှန် ကန်မှုရှိစေရေး၊ နိုင်ငံအတွင်းခိုင်မာသည့် ဈေးကွက်ဖြစ်ပေါ်လာစေရေး၊ ရောင်းသူ စိတ်ကြိုက်ဈေးကွက်အခြေအနေ ဖန်တီးနိုင်ခွင့် ကို နိုင်ငံသားလုပ်ငန်း ရှင်များ၏ လက်ဝယ်ရှိစေရေးဟူသော နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ငါးရှဉ့် တင်ပို့မှုလုပ်ငန်း များ ရေရှည်ဖွံ့ဖြိုးတိုး တက်စေရေးအတွက် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်တွင် ရေထွက် ပစ္စည်းဇုန်ထူထောင်ပြီး (၁၅-၆-၂၀၀၆) ရက်မှစ၍ ငါးရှဉ့်များကို လေလံစနစ် ဖြင့် ရောင်းချခဲ့ပါသည်။ ထိုသို့ဆောင် ရွက်နိုင်ခဲ့ခြင်းကြောင့် မူဆယ် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ငါးရှဉ့်များ တိုးတက် တင်ပို့နိုင်ခဲ့ပါသည်။    ငါးရှဉ့် (အရှင်) တင်ပို့မှုများပြား လာခြင်းကြောင့် တင်ပို့သောငါးရှဉ့်များ တွင် အရွယ်အစားသေးငယ်သော ငါးရှဉ့်များ ပါဝင်မှုများပြားလာပြီး၊ ဈေးနှိမ်ဝယ်ယူမှုများကြောင့် ဈေးနှုန်း ကျဆင်းကာ ဈေးကွက်အပေါ်ထိခိုက်မှု များဖြစ်ပေါ်စေနိုင်ပါသည်။ အရွယ် အစားသေးငယ်သော ငါးရှဉ့်များအား လွတ်လပ်စွာဖမ်းဆီးခြင်း၊ ရောင်းဝယ်ခြင်း၊ တင်ပို့ခြင်းသည် ဈေးကွက်ကို ထိခိုက်မှုရှိသကဲ့သို့ နိုင်ငံတော်၏ ရေနေ သယံဇာတများကို ဆုံးရှုံးမှုဖြစ်ပေါ်စေ ပါသည်။ ထို့အပြင်လုပ်ငန်းခွင် အခြေခံ လူတန်းစား များဖြစ်သော ငါးရှဉ့်ဖမ်း ဆီးရောင်းချသူ ကျေးလက်ပြည်သူများအား ရေရှည်တွင်အလုပ် အကိုင်အခွင့် အလမ်းဆုံးရှုံးမှု များ ဖြစ်ပေါ်စေပြီး ကျေးလက်လူမှု စီးပွားဖွံ့ဖြိုးရေး ဆောင်ရွက်နေသည့်နိုင်ငံတော်၏ရည်မှန်းချက် အား ထိခိုက်စေနိုင် မည် ဖြစ်ပါသည်။     ငါးလုပ်ငန်း ဦးစီးဌာနသည် ငါး သယံဇာတများ မျိုးပြုန်းတီးမှု မရှိစေဘဲ ရေရှည်တည်တံ့ တိုးပွားရေးအတွက် ဆောင်ရွက်ရန်ဟူသော ရည်မှန်းချက် များအပေါ် အခြေခံ၍ ရေလုပ်ငန်း ကဏ္ဍကြီး တစ်ရပ်လုံးတွင် ရင်းနှီးမြှုပ် နှံမှုများ ပိုမိုတိုးတက်ဖြစ်ထွန်းလာစေပြီး ငါးလုပ်ငန်းဆိုင်ရာ လူမှုစီးပွားရေး အခြေအနေမြင့်မားလာစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ငါးရှဉ့်သယံဇာ တများ ပြုန်းတီးမှုမရှိစေဘဲ စဉ်ဆက် မပြတ်ထုတ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ လုံးပတ် သုံး စင်တီမီတာ အောက် အရွယ်ငယ်ငါးရှဉ့်များကို မည်သူမျှ ဖမ်းဆီးခြင်း၊ ဝယ်ယူရောင်းချခြင်း၊ ပြည်ပတင်ပို့ခြင်း မပြုရန် (၁.၃. ၂၀၀၅) ရက်နေ့စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၁/၂၀၀၅ ကိုထုတ်ပြန်တား မြစ်ခဲ့ပါသည်။    ငါးရှဉ့်သည် မြန်မာနိုင်ငံ၏ ရေ သယံဇာတ ထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ် သည့် အားလျော်စွာ နိုင်ငံခြားဝင်ငွေရှာ ဖွေပေးသည့် အရေးပါသော ကုန်ပစ္စည်း အမယ်လည်းဖြစ်ပါသည်။ သို့ဖြစ်ရာ ရောင်းဝယ် ဖောက်ကားမှု၌ လွယ် ကူစေခြင်းငှာ ငါးလုပ်ငန်းဦးစီး ဌာနသည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်၌ ငါးရှဉ့်ကုန်များကို လွတ်လပ်စွာ တင်ပို့ ခွင့်ပြုကြောင်း ထုတ်ပြန်ပေးခဲ့ ပါသည်။     ရေသယံဇာတများသည် ထုတ်ယူ သုံးစွဲခြင်းနှင့်အညီ သဘာဝ၌ ပြန်လည် ပေါက်ပွားအစားထိုးနိုင်သည်မှာ မှန် ကန်သော်လည်း အဆိုပါအချက်သည် ထိုရေသယံဇာတ နေထိုင်ပေါက်ပွားကြီး ပြင်းရာ သဘာဝပတ်ဝန်းကျင် ကောင်း မွန်နေမှုအပေါ်၌လည်း တည်မှီနေပါ သည်။ ယနေ့အခါကာလသည် ရာသီဥ တုဖောက်ပြန်ပြောင်းလဲခြင်း (climate change)  အခြေအနေကြောင့် လည်း ကောင်း၊ လူသားတို့၏ ဆင်ခြင်တုံ တရားကင်းမဲ့မှုကြောင့်သော် လည်း ကောင်း၊ အကြောင်းကိစ္စများအပြန် အလှန်ဆက်စပ်ကာ သဘာဝပတ်ဝန်း ကျင်အနေအထားသည် ကမ္ဘာ့နေရာ အနှံ့အပြား၌ ယိုယွင်းလျက် ရှိကြောင်း ကို တွေ့မြင်ကြားသိနေရပါသည်။     ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များ ကြောင့် ရေနေသယံဇာတများဖြစ်ထွန်း မှုအပေါ် ထိခိုက်မှုများရှိလာပြီး၊ သား ငါးသယံဇာတများရှားပါးမှုနှင့် ကြုံတွေ့ လာရပါသည်။ သို့ဖြစ်ပေရာ  ငါးရှဉ့်မျိုး များ မျိုးပြုန်းတီးမှုမရှိစေရေး၊ စဉ်ဆက် မပြတ် ထုတ်ယူသုံးစွဲနိုင်ရေးအတွက် တာဝန် သိစိတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်မှာ ငါးရှဉ့်လုပ်ငန်းဖြင့် ရောင်းဝယ်ေ ဖာက်ကားမှုဆောင်ရွက် နေသူများသာမက အများပြည်သူ အပိုင်းကပါ ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်လာပြီဖြစ် ပါသည်။ ငါးရှဉ့် လုပ်ငန်းရှင်များအနေဖြင့်လည်း ငါးရှဉ့် သယံဇာတများ ပြုန်းတီးမှု မဖြစ်စေဘဲ ရေရှည်ထုတ်ယူသုံးစွဲနိုင်ရေး၊ ငါးရှဉ့် လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး၊ အခြေခံ ငါးရှဉ့်လုပ်သားများ လူနေမှုဘဝမြှင့် တင်ရေးဟူသော ရည်မှန်းချက်များနှင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ၊ ငါးရှဉ့်များ မျိုးသုဉ်းမှု မရှိစေရန်နှင့် ရေရှည်ထုတ်ယူသုံးစွဲနိုင်ရန်၊ ငါး လုပ်ငန်းဦးစီးဌာနနှင့်အတူ မိမိတို့၌ လည်းတာဝန် ရှိသည်ဟူသော အသိ တရားခံယူပြီး၊ လက်တွဲကြိုးပမ်းဆောင် ရွက်ရမည်ဖြစ်ပါသည်။ ထို့အပြင် သယံဇာတထိန်းသိမ်းရေး လုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြည်သူလူထု ပိုမိုသိရှိလိုက်နာဆောင် ရွက်ရန် ပညာပေးလုပ်ငန်းများ ကိုလည်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ် ပါသည်။    ရေလုပ်ငန်းသယံဇာတများအား ထုတ်ယူသုံးစွဲရာတွင် တာဝန်ရှိမှုအသိ စိတ်ဓါတ်ဖြင့်ဆောင်ရွက်ခြင်းဖြင့် စဉ် ဆက်မပြတ် ရေရှည်ထုတ်ယူသုံးစွဲနိုင် မည်ဖြစ်ရာ၊ ဤတာဝန်သိမှုအသိ စိတ်ဖြင့် လုပ်ငန်းရှင်ပြည်သူလူထုနှင့် ငါးလုပ်ငန်းဦးစီးဌာန သုံးဦးသုံးဖလှယ် လုပ်ကိုင်ဆောင်ရွက်ပါက ရေရှည် အတွက် လုပ်ငန်းအာမခံချက်ရှိခြင်း၊ စားနပ်ရိက္ခာလုံလောက်ခြင်း၊ ရေရှည်ဖွံ့ ဖြိုးတိုးတက်ခြင်း အကျိုးတရားများကို သားစဉ်မြေးဆက် ခံစားကြရမည်ဖြစ် ပါကြောင်း ရေသားဖော်ပြလိုက်ပါ သည်။