Main menu

Background

မြေအောက် ရေအရင်းအမြစ် အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှု

Thu, 06/07/2012 - 09:55 -- Anonymous (not verified)

        တရုတ်နိုင်ငံရဲ့ မြေဧရိယာ၂ ရာခိုင်နှုန်းရှိတဲ့  စတုရန်းကီလိုမီတာ ၁၉၀၀၀၀ မှာ မြေအောက်ရေ အရင်းအမြစ်ကို အလွန်အကျွံ ထုတ်ယူသုံးစွဲခဲ့မှု ကြောင့် သဘာဝပတ်ဝန်းကျင်ဟာ ယိုယွင်းပျက် စီးမှုနဲ့ကြုံတွေ့လာတာတွေ့ရပါတယ်။ မြေအောက် ရေအရင်းအမြစ် အလွန်အကျွံ ထုတ်ယူသုံးစွဲမှုရဲ့ ဆိုးကျိုးတွေကို အထူးသဖြင့် တရုတ်နိုင်ငံရဲ့မြောက် ပိုင်းဒေသတွေမှာ  ထင်ရှားစွာ  တွေ့မြင်လာနိုင် ပါတယ်။ဟယ်ပေ့ပြည်နယ် ကျန်ကျာခိုမြို့  ကျန်ပေ့ ခရိုင်မှာရှိတဲ့ အန်းဂူလီကျော  သောက်သုံးရေ ကန်ကြီးဟာ ၂၀၀၄ ခုနှစ်မှာ ခန်းခြောက်သွား ခဲ့ပါ တယ်။အဲဒီ ကန်ကြီးရဲ့ဧရိယာဟာ ဟက်တာပေါင်း ၆၀၀၀ ခန့်ရှိပြီး  တရုတ်နိုင်ငံရဲ့ မြောက်ပိုင်းမှာ အကြီးဆုံးကုန်းတွင်းရေ ကန်ကြီးတစ်ခုဖြစ်ပါတယ်။လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကဆိုရင် အဲဒီရေ ကန်ရဲ့ ရေအနက်ဟာ ကန်ရဲ့အလယ်မှာ ၈ မီတာ အထိရှိခဲ့ပြီး ကမ်းစပ်မှာဆိုရင် လူတစ်ယောက်ရဲ့ ရင်ဘတ်ကို မြုပ်ခဲ့ပါတယ်။ အဲဒီကန်ကြီးရဲ့ ပတ်လည်မှာရှိတဲ့ ရွာပေါင်း ၂၀ က ရွာသူရွာသား တွေဟာ အဲဒီရေကန်မှာပဲ ငါးမျှားပြီး စားသောက် ခဲ့ကြပါတယ်။ ယခုတော့ အဲဒီကန်ကြီးရဲ့ ခြောက် သွေ့ပြီး ပက်ကြား အက်နေတဲ့ ကြမ်းခင်းမြေပြင်ကြီး ဟာ နေကိုတိုက်ရိုက်ထိတွေ့တာ ခံနေရပြီဖြစ်ပါ တယ်။  အဲဒီဒေသမှာ နေထိုင်ကြသူတွေက  ဘာ ကြောင့်များ ဒီလောက်ကြီးတဲ့ ရေကန်ကြီးဟာ နှစ် အနည်းငယ်အတွင်း ခန်းခြောက်သွားခဲ့ရသလဲလို့ မေး ရင်း ဝေခွဲလို့မရဘဲရှိနေကြပါတယ်။ရေအရင်း အမြစ်ဌာနမှ ကျွမ်းကျင်သူတွေကတော့ ပူပြင်း ခြောက်သွေ့တဲ့ရာသီဥတု နဲ့ မြေအောက်ရေအရင်း အမြစ်တွေကို အလွန်အကျွံ ထုတ်ယူသုံးစွဲခဲ့မှုတွေ ကြောင့်ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီဒေ သမှာ ၁၉၉၉ ခုနှစ်ကစပြီး မိုးခေါင်ရေရှားမှုဒဏ် ကိုခံစားခဲ့ရတာ ၄ နှစ်ခန့်ကြာမြင့်ခဲ့တယ်လို့ သိရပါ တယ်။ ၁၉၉၇ ခုနှစ် မတိုင်မီက အဲဒီဒေသက လယ်သမားတွေဟာ ပူပြင်းခြောက်သွေ့တဲ့ရာသီ ဥတုကို ခံနိုင်ရည်ရှိတဲ့ ဂျုံနဲ့အာလူးလို သီးနှံတွေကို စိုက်ပျိုးခဲ့ပေမယ့် အဲဒီနှစ်နောက်ပိုင်းမှာ ရေအများ အပြားလိုအပ်တဲ့ ဟင်းသီးဟင်းရွက်တွေကို တိုးချဲ့ စိုက်ပျိုးလာတဲ့အတွက်  မြေအောက်ရေအရင်း အမြစ်တွေကို အများအပြား ထုတ်ယူအသုံးပြုလာ ခဲ့ကြပါတယ်။ ၁၉၉၉ ခုနှစ်နောက်ပိုင်း မိုးခေါင် ရေရှားတဲ့ ကာလတွေမှာဆိုရင် ပိုပြီးထုတ်ယူသုံးစွဲ ခဲ့ကြပါတယ်။ ၁၉၉၈ ခုနှစ်လောက်ကစပြီး အဝီစိ တွင်းပေါင်း မြောက်မြားစွာ တူးဖော်သုံးစွဲလာခဲ့ကြ ပါတယ်။ ၂၀၀၀ ပြည့်နှစ်ရောက်တော့ ဒီလို မြေ အောက်ရေအရင်းအမြစ်တွေကို အများအပြား သုံး စွဲပြီး ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးတဲ့လုပ်ငန်းဟာ အကျိုးအမြတ်တွေ ကောင်းကောင်းရရှိနိုင်တာ သိလာတဲ့အတွက် ပိုပြီးချဲ့ထွင် လုပ်ကိုင်လာခဲ့ ကြပါတယ်။ ပြည်နယ်အစိုးရကလည်း မြေအောက် ရေအရင်းအမြစ်တွေကို အသုံးချနိုင်ရင် ကျေးလက် ဒေသရဲ့ ဆင်းရဲမှုပြဿနာကို ဖြေရှင်းနိုင်ကြောင်း အထွက်နှုန်းနည်းတဲ့ မြေယာတွေကို အထွက်တိုး အောင် ဆောင်ရွက်နိုင်ကြောင်း မှတ်ယူလာခဲ့ ကြပါတယ်။ဟယ်ပေ့ပြည်နယ်မှာ တရုတ်နဲ့ သြစတြေး လျ ပညာရှင်တွေပါဝင်တဲ့ ရေအရင်းအမြစ်နဲ့ စိုက် ပျိုးရေးစီမံခန့်ခွဲမှု  အစီအစဉ်ရေးဆွဲသူတွေ ဟာ ပြည်နယ်အနှံ့မှာရှိတဲ့ ရေတွင်းပေါင်း ၁၀၀ ကို လေ့လာခဲ့ရာမှာ အဲဒီရေတွင်းတွေရဲ့ ရေအနက် ဟာ အလွန်လျင်မြန်စွာကျဆင်းခဲ့ တယ်လို့ သိရ ပါတယ်။ ဥပမာ အန်းဂူလီကျော ရေကန်ကြီး တည် ရှိခဲ့တဲ့ ကျန်ပေ့ခရိုင်မှာရှိတဲ့ ရေတွင်းတွေရဲ့ အနက် ဟာ ၂၀၀၃ ခုနှစ်မှာ မြေပြင်က ၅ မီတာအနက် အထိ ရေရှိခဲ့ပေမယ့် ၂၀၀၆ ခုနှစ်ကိုရောက်တော့ ၁၂ မီတာအထိ လျော့ကျသွားခဲ့ပါတယ်။ ယခုလို မြေအောက်ရေအရင်းအမြစ်တွေ  အများအပြား လျော့နည်းသွားခဲ့တဲ့အတွက် အန်းဂူလီကျောရေ ကန်ကြီးလည်း ခန်းခြောက်သွားခဲ့ရတယ်လို့ ဆို ပါတယ်။ အဲဒီရေကန်ကြီးလိုပဲ တရုတ်နိုင်ငံမြောက် ပိုင်းမှာရှိတဲ့ ရေတွင်း၊ ရေကန်တွေ၊ မြစ်ချောင်းတွေ အတော်များများဟာ ခန်းခြောက်လာနေပါတယ်။မြေအောက်ရေအရင်းအမြစ်တွေ ရှိတဲ့နေ ရာတွေမှာ ရေတွေကုန်ခန်းသွားတဲ့အခါ အဲဒီနေ ရာတွေအစား မြေတွေပြိုကျပြီး နေရာယူလာခဲ့ တဲ့ အတွက်  တရုတ်နိုင်ငံမြောက်ပိုင်းဒေသ  အများ အပြားမှာ ကန်တော့ပုံ မြေချိုင့်ကြီးတွေကို တွေ့ လာရပါတယ်။ တရုတ်နိုင်ငံဘူမိဗေ ဒ ကွင်းဆင်း လေ့လာရေးအဖွဲ့ရဲ့  အဆိုအရ  တရုတ်နိုင်ငံ မြောက်ပိုင်းလွင်ပြင်ဧရိယာရဲ့ ထက်ဝက်လောက် နီးပါးဟာ ၁၉၅၉ ခုနှစ်ကစပြီးမြေမျက်နှာပြင် နိမ့်ကျလာခဲ့ရာ ယနေ့အထိ မီလီမီတာ ၂၀၀ ရှိလာ တယ်လို့ သိရပါတယ်။ ဒီလိုမြေမျက်နှာပြင် နိမ့် ကျလာတာ မြေဆီလွှာတွေ ခန်းခြောက်လာတာ မြေပြိုကျလာတာတွေဟာ   ထင်သာမြင်သာတဲ့ သဘာဝပတ်ဝန်းကျင်  ပျက်ယွင်းလာ မှုကြီးတွေပဲ ဖြစ်ကြောင်းပါခင်ဗျား။Ref:"Emptying Out'' (bjreview.com)