Main menu

Background

စားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုကို ရင်ဆိုင်နိုင်ဖို့ တန်ဇန်းနီးယားက ဆန်ပိုမို တင်သွင်းလာနိုင်

Wed, 06/20/2012 - 06:29 -- Anonymous (not verified)

    စားနပ်ရိက္ခာဈေးနှုန်းမြင့်တက်မှု လျော့ကျဖို့ ဆန်နဲ့အခြားစားသောက်ကုန်များ တင်သွင်းရေး တန်ဇန်းနီးယား အစိုးရက တွန်းအားပေးလာနိုင်တယ်လို့ တန်ဇန်းနီးယားဘဏ် (BOT) မှ ပြောကြားပါတယ်။ စားနပ်ရိက္ခာသီးနှံ ရှားပါးခြင်းနဲ့ ရေ နံ ဈေးမြင့်တက်ခြင်းတို့ကြောင့် အာဖရိကနိုင်ငံအတွင်း ဈေးနှုန်းဖောင်းပွမှုဟာ ၂၄ ရာခိုင်နှုန်း ဝန်းကျင်ရှိနေပါတယ်။    စားနပ်ရိက္ခာဈေးနှုန်းမြင့်တက်ခြင်းဟာ ငွေကြေးဖောင်းပွနှုန်းကို အများဆုံးဖြစ်စေတာကြောင့် ဒီအခြေအနေ ပိုမို ဆိုးဝါးလာခြင်းမရှိအောင် ကာကွယ်ဖို့ အဆင့်များစွာ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။ စားသောက်ကုန်ကြောင့် ဈေးနှုန်း ဖောင်းပွမှု ဟာ အထူးသဖြင့် ဆန်နဲ့ သကြားကြောင့် ဈေးနှုန်းဖောင်းပွမှုဟာ ၆၅ ရာခိုင်နှုန်းခန့်ရှိပြီး၊ ရေနံကြောင့် ကုန်စည် ဈေးနှုန်းဖောင်းပွမှုမှာ ၁၁ ရာခိုင်နှုန်းခန့်သာရှိတယ်လို့ ဗဟိုဘဏ်မှ အကြီးအကဲတစ်ဦးကဆိုပါတယ်။    ဒါကြောင့် စားသောက်ကုန်ဈေးနှုန်းလျှော့ချဖို့ ကြားဖြတ်ဆောင်ရွက်မှုဟာ အရေးပါလျက်ရှိပြီး၊ အခြားနိုင်ငံ တွေမှာ ဆန်နဲ့သကြားဈေးက လက်ရှိပြည်တွင်းဈေးနဲ့ယှဉ်ရင် ၅၀ ရာခိုင်နှုန်းခန့် နည်းနေတာကို သတိပြုရမယ်လို့ ဆိုပါတယ်။ ဆန်လက်လီေ ဈးဟာ တစ်တန် ကန်ဒေါ်လာ ၁၃၇၀-၁၈၇၈ ရှိနေတယ်လို့ ပြည်တွင်းသတင်းများအရ သိရပါတယ်။ ယခုနှစ် ဖေဖော်ဝါရီလမှာ ဆန်လက်ကားဈေးက တစ်တန် ကန်ဒေါ်လာ ၁၁၂၀ ခန့်ရှိရာမှ ဧပြီလမှာ ကန်ဒေါ်လာ ၁၂၀၀ ထိ မြင့်တက်ခဲ့ပါတယ်။ ၂၀၁၁ မတ်လမှာ ကန်ဒေါ်လာ ၅၈၄ ခန့်သာရှိလို့ ၁၀၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။    တန်ဇန်းနီးယားဟာ တစ်နှစ်ကို ဆန်တန်ချိန် ၉၂၄၀၀၀ ဝန်းကျင်ထုတ်လုပ်ပြီး၊ ပြည်တွင်း စားသုံးမှုက တန်ချိန် တစ်သန်း ဝန်းကျင်ရှိလို့ နိုင်ငံအနေနဲ့ ဆန်တင်သွင်းသူဖြစ်နေပါတယ်။                             လမင်း၊Source: oryza.com