Main menu

Background

ပါကစ္စတန်နိုင်ငံက ပြည်တွင်းပဲ လိုအပ်ချက်ရဲ့ ၈၀ ရာခိုင်နှုန်း တင်သွင်းရဖွယ်ရှိ

Wed, 06/20/2012 - 06:36 -- Anonymous (not verified)

    ယခင်နှစ် ဆောင်းရာသီမှာ အအေးလွန်ကဲခြင်းကြောင့် ပြည်တွင်းသီးနှံများ ပျက်စီးခဲ့တဲ့အတွက် ပြည်တွင်း စားသုံးမှု ဖြည့်ဆည်းဖို့ ပဲလိုအပ်ချက်ရဲ့ ၈၀ ရာခိုင်နှုန်းခန့် တင်သွင်းရဖွယ်ရှိတယ်လို့ ဇွန်လ ၃ ရက်နေ့မှာ ပဲတင်သွင်း သူများက ပြောကြားပါတယ်။ ယခင်နှစ် ဆောင်းရာသီက အအေးလွန်ကဲပြီး၊ ပဲသီးနှံရဲ့ ၈၀ ရာခိုင်နှုန်းဝန်းကျင် ပျက်စီးခဲ့လို့ ပြည်တွင်း ဝယ်လိုအား ပြည့်မီဖို့ ယခုအခါ တင်သွင်းရမယ်လို့ ပဲတင်သွင်းသူများခေါင်းဆောင်  Anis  Majeed  မှ ပြောကြားပါတယ်။    ပါကစ္စတန်နိုင်ငံဟာ နှစ်စဉ် ပဲမျိုးစုံ တန် ၆ သိန်းခန့်စားသုံးတယ်လို့ ဆိုပါတယ်။ ပါကစ္စတန် ရူပီးတန်ဖိုး ကျဆင်းခြင်းက ပဲ တင်သွင်းမှုမှာ ဈေးနှုန်းကို အဓိကခြိမ်းခြောက်နေတယ်လို့ ၎င်းင်းကဆိုပါတယ်။ ရူပီး တန်ဖိုးကျဆင်း ခြင်းက လက်လီဈေးတွေ မြင့်တက်မှာကို စိုးရိမ်လျက်ရှိကြောင်း ပြောကြားပါတယ်။ ပါကစ္စတန်နိုင်ငံဟာ သြစတြေးလျ၊ မြန်မာ၊ တန်ဇန်းနီးယားနဲ့ အီသီယိုးပီးယားတို့က ပဲအများစု တင်သွင်းနေရပါတယ်။    ပဲမျိုးစုံတင်သွင်းမှုအပေါ် အခွန်ကို ဖယ်ရှားထားတဲ့တိုင် အစိုးရရဲ့လုပ်ဆောင်ချက် က ပြည်တွင်းဈေးကွက် မှာ ဈေးနှုန်း မြင့်တက်မှုကို မသက်ရောက်သေးဘူးလို့ ဆိုပါတယ်။ လက်ရှိ ဘဏ္ဍာနှစ်ရဲ့ ပထမ ၁၀ လအတွင်း ပဲမျိုးစုံတန်ချိန် ၅၀၂၄၂၆ တင်သွင်းခဲ့လို့ယခင်ဘဏ္ဍာနှစ်ကာလတူတင်သွင်းမှုပမာဏတန်ချိန် ၅၅၂၅၉၁ ထက် ၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း အစိုးရ စာရင်းများအရ သိရပါတယ်။ ပထမ ၁၀ လအတွင်း တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃၂၀ ဒသမ ၂၆၉ သန်းဖိုး တင်သွင်းခဲ့လို့ ယခင်ဘဏ္ဍာနှစ်ကာလတူ တင်သွင်းမှု ကန်ဒေါ်လာ ၃၄၄ ဒသမ ၆၀၇ သန်းထက် ၇ ဒသမ ၀၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။    ကာလတိုအတွင်း ပဲတင်သွင်းမှု ကျဆင်းခဲ့ပေမယ့် ယခုနှစ် ပဲအထွက်နှုန်းနည်းတဲ့အတွက် မကြာမီ ပဲတင်သွင်းမှု မြင့် တက်မယ်လို့ Anis  Majeed   မှ ပြောကြားပါတယ်။ လစဉ်တင်သွင်းမှုစာရင်းအရ ယခုနှစ် မတ်လမှာ ပဲတန်ချိန် ၄၆၁၇၉ တင်သွင်းခဲ့ပြီး၊ ဧပြီလမှာ တန်ချိန် ၅၄၃၈၃ တန်ထိ ၁၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ တန်ဖိုးအနေနဲ့ လည်း မတ်လမှာ ကန်ဒေါ်လာ ၃၄ ဒသမ ၈၀၂ သန်းဖိုး တင်သွင်းခဲ့ရာမှ ဧပြီလမှာ ကန်ဒေါ်လာ ၃၇ ဒသမ ၈၉၉ သန်းဖိုးထိ ၅ ဒသမ ၃၇ ရာခိုင်နှုန်း ပိုမိုတင်သွင်းခဲ့ကြောင်း သိရပါတယ်။ ယခုနှစ် ဧပြီလ တင်သွင်းမှုဟာ ယခင်နှစ် ဧပြီလအတွင်း တင်သွင်းခဲ့တဲ့ တန်ချိန် ၅၁၁၉၂ ထက် ၆ ဒသမ ၂၃ ရာခိုင်နှုန်း ပိုမိုတင်သွင်းခဲ့ကြောင်း သိရပါတယ်။ယမင်းရွှေစင်၊Source: dawn.com