Main menu

Background

အီးယူ၊ အမေရိကန် စီးပွားရေးပိတ်ဆို့မှု လျှော့ပေါ့ပေးမှုနှင့် မြန်မာ့အထည်ချုပ်လုပ်ငန်းတို့၏ အလားအလာ

Wed, 06/20/2012 - 06:38 -- Anonymous (not verified)

    ဥရောပသမဂ္ဂနှင့်အမေရိကန်တို့ ၏စီးပွားရေးပိတ်ဆို့မှု(Sanction)သည် မြန်မာ့အထည်ချုပ်လုပ်ငန်းကို နှစ်ပေါင်း များစွာ အထီးကျန်စေခဲ့သည်။ ထိုကဲ့သို့ အထီးကျန်စေခဲ့သည့်မြန်မာ့အထည်ချုပ် လုပ်ငန်းသည် နိုင်ငံတော်အစိုးရသစ် ၏ ပြောင်းလဲ ကျင့်သုံးခဲ့သည့်မူဝါဒအသစ် နှင့်အတူ ပြန်လည်ရှင်သန်နိုးထတော့ မည်ဖြစ်သည်။စီးပွားရေးပိတ်ဆို့မှုကိုကျင့်သုံးရာ တွင် အမေရိကန်နိုင်ငံ၏စီးပွားရေးပိတ် ဆို့မှုသည် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ လုပ်ငန်းများ အားလုံးကို ထိခိုက်မှုရှိခဲ့ သည်။ ဥရောပသမဂ္ဂ(အီးယူ)၏စီးပွား ရေးပိတ်ဆို့မှုတွင် အထည်ချုပ်လုပ်ငန်း မပါဝင်ခဲ့သော် လည်း အများနည်းတူ ခံ စားခွင့်ရရှိမည့်အခွင့်အရေးများဆုံးရှုံးနစ် နာခဲ့ရခြင်းသည်လည်း စီးပွားရေးတွင် နစ်နာဆုံးရှုံးရသည့် ပိတ်ဆို့မှုတစ်ခုပင် ဖြစ်ပေသည်။ယခုအခါတွင် စီးပွားရေးပိတ်ဆို့မှုများကို ဥရောပသမဂ္ဂ(အီးယူ)မှလည်း တစ်နှစ်ဆိုင်းငံ့လိုက်သည့်နည်းတူ အမေရိကန်နိုင်ငံမှ လည်း ဆိုင်းငံ့ထားမည်ဟု  သိရှိရသည်။ထိုကဲ့သို့ နိုင်ငံရေးအပြောင်းအလဲ၊ မူဝါဒအပြောင်းအလဲများကြောင့် စီးပွား ရေးပိတ်ဆို့မှုများကို ဆိုင်းငံ့လိုက်ခြင်း သည် အထီးကျန်လောကထဲတွင် ရှင်သန်နေရသည့် မြန်မာ့အထည်ချုပ်လုပ်ငန်းကို ပြန်လည်ရှင်သန်စေရန် တွန်းအားပေးလိုက်သည့် အစီအစဉ်တစ်ရပ် ပင်ဖြစ်သည်။ ွှGSP နှင့် မြန်မာနိုင်ငံ        ထိုကဲ့သို့ စီးပွားရေးပိတ်ဆို့မှုများကို ဆိုင်းငံ့ထားသော်လည်းအဓိကကျသည့် Generalized System of Preference   - GSP ကို ရရှိမှသာလျှင် မြန်မာ့အထည်ချုပ်လုပ်ငန်း ပြန်လည်ရှင်သန်ဦး မော့လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါ်ခိုင်ခိုင်နွယ် က ပြောကြားခဲ့သည်။"ဥရောပမှာ သူတို့နိုင်ငံရဲ့သွင်းကုန် တွေအပေါ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ဆင်းရဲ တဲ့နိုင်ငံများက ပို့တဲ့ပို့ကုန်ကို အခွန် သက်သာခွင့်ပေးထားတဲ့ GSP ဆိုတဲ့ စနစ်တစ်ခုရှိတယ်။ အဲဒါကို မြန်မာနိုင်ငံ က ရပြီးတော့မှ ၁၉၉၇ခုနှစ်မှာ ရုပ်သိမ်း ခံရတယ်။ ဒါကြောင့်မြန်မာနိုင်ငံရဲ့ပို့ကုန် မှန်သမျှဟာ ဥရောပထဲကို သွားမယ်ဆို ရင် အခွန်သက်သာခွင့်မရှိဘူး။ဒါ ကြောင့် အထည်ကို ပို့လို့ရပေမယ့် ဘင်္ဂလားဒေ့ရှ်တို့၊ ကမ္ဘောဒီးယားတို့နဲ့ ယှဉ်လိုက်ရင် သူတို့က အခွန်သက်သာ ခွင့်ရတယ်။ ကျွန်မတို့နိုင်ငံကမရဘူး။ ဒါကြောင့်လည်း ဒီနိုင်ငံကို ဥရောပက အပ်ကုန်တွေနည်းသွားခဲ့တာ"ဟု ၎င်းက ရှင်းပြခဲ့သည်။"GSP အပြင်ကို ဖွံ့ဖြိုးပြီးနိုင်ငံတွေ က ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အများကြီးကူ ညီချင်တယ်ဆိုတဲ့မူဝါဒတွေရှိတယ်။ အဲ ဒီလိုရှိတဲ့အတွက် GSP + + ဆိုတာတွေ ပါ သူတို့က ပေးလာတယ်။ ခံစားခွင့် တွေပိုလာတယ်။ ကျွန်မတို့နိုင်ငံက GSP ပြုတ်သွားတဲ့အတွက် ထပ်ဆောင်းပေး တဲ့ အဲဒီ + + တွေပါ မရတော့ဘူး'' EBA  နှင့် မြန်မာနိုင်ငံ       မြန်မာနိုင်ငံဟာ စီးပွားရေးပိတ်ဆို့ မှုကြောင့် GSP  ကို ခံစားခွင့်မရရှိခဲ့သည့် အပြင် EBA ကိုပါ ခံစားခွင့်မရရှိခဲ့သည့် အတွက် နစ်နာဆုံးရှုံးမှုကို နှစ်ထပ်ကွမ်း ခံစားခဲ့ရသည်။ EBA(Everything But Arms) ဟူ သည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို လက်နက်ခဲယမ်းမှအပ ကုန်ပစ္စည်းများ တင်ပို့ရာတွင် အခွန်ကို (သုည ရာ ခိုင်နှုန်း) လုံးဝကောက်ခံခြင်း မပြုသည့် အစီအစဉ် တစ်ရပ်ဖြစ်ကြောင်း သိရ သည်။"အီးယူကနေပြီးတော့ Sanction  တစ်နှစ်ဆိုင်းငံ့လိုက်တဲ့အချိန်မှာEBA  ကလွဲရင်ဆိုတဲ့အချက်ပါတယ်။ တကယ် တော့ EBA ဆိုတာ လက်နက်ခဲယမ်း ကလွဲရင်အကုန်ပို့လို့ရတယ်လို့ဆိုလိုတာ မဟုတ်ပါဘူး။EBA ဆိုတာပရိုဂရမ်တစ် ခုရဲ့နာမည်ပါ။ အဲဒီ EBA ကိုရလိုက်ရင်  လက်နက်ခဲယမ်းရောင်းဝယ်ဖောက်ကား မှုကလွဲရင် ကျန်တဲ့ပို့ကုန်တွေကိုဥရောပ  ကို တင်ပို့ခွင့်ရှိတယ်။ အဲဒီမှာအခွန်ကင်း လွတ်ခွင့်ရှိတယ်။ ဒါက ဆင်းရဲတဲ့နိုင်ငံ တွေကိုပဲပေးတာ။ မြန်မာနိုင်ငံက GSP  တောင်မရတဲ့အတွက် အဲဒီ GSP + + လည်းမရ၊ EBA လည်းမရဖြစ်နေတာ။ ဒါကြောင့် ဒါတွေရလိုက်ရင်တော့ မြန် မာ့အထည်ချုပ်လုပ်ငန်းက တစ်ဟုန်ထိုး တက်သွားမှာပဲ''ဟု ၎င်းက ရှင်းပြခဲ့ပါ သည်။ ရှေ့အလားအလာ    မြန်မာ့အထည်ချုပ်လုပ်ငန်းသည် ဥရောပ၏စီးပွားရေးပိတ်ဆို့မှုများတွင် မပါဝင်သော်လည်း အဆိုပါအခွန်လျှော့ ပေါ့မှုဆိုင်ရာ အစီအစဉ်များတွင် အကျုံး မဝင်သဖြင့် နိုင်ငံခြားအထည်ချုပ်လုပ် ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်နေကြခြင်း ဖြစ်သည်။ယခုအခါတွင် စီးပွားရေးပိတ်ဆို့မှု များ ဆိုင်းငံ့လိုက်သည့်အတွက် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများသည် မြန်မာ့ အထည်ချုပ် လုပ်ငန်းကို မျက်စိကျ လာခဲ့ကြသည်။ ယင်းတို့၏စိတ်ဝင်စားမှု များ များပြားလာသော်လည်း အီးယူ၏ အဓိကကျသည့် GSP  ရရှိရေးနှင့် EBA  ရရှိရေးသည် အရေးပါသည့်အခန်းတွင် ပါဝင်နေပေသည်။ အိုင်အယ်လ်အိုကထောက်ခံမှ     GSP  ရမည်      ယင်း GSP  နှင့် EBA  ရရှိရန်မှာ အိုင်အယ်လ်အို၏အပေါ်တွင်မူတည် နေကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ဝင်းက ပြောကြားခဲ့ သည်။"အိုင်အယ်လ်အိုက ထောက်ခံမှ ဒီ GSP ရမှာ။ အဲဒါကိုရဖို့ ကျွန်တော်တို့ အသင်းချုပ်က တာဝန်ရှိတဲ့သူတစ်ဦး အိုင်အယ်လ်အိုအစည်း အဝေးသွားတက် နေတယ်။ အဲဒါကို ရအောင်ဆွေးနွေးခဲ့ ပါလို့ မှာလိုက်တယ်။ အိုင်အယ်လ်အို ကတော့ မြန်မာနိုင်ငံကအထည်ချုပ် စက်ရုံတွေမှာ အလုပ်သမားတွေနဲ့ပတ် သက်တဲ့အခွင့်အရေးဖောက်ဖျက်မှုတွေ ရှိတယ်လို့ စွပ်စွဲတာမျိုး မကြားရပါဘူး။ အဲဒီလိုမကြားရတဲ့အတွက် ဒီ GSP  ကို လည်း လုပ်ပေးလိမ့်မယ်လို့ ယူဆရတာ ပဲ။ GSP  ရလာရင်တော့ အထည်ချုပ် လုပ်ငန်းဟာ တစ်ရှိန်ထိုး တိုးတက်လာ မှာပဲ''ဟု ပြောကြားခဲ့သည်။ ကျွမ်းကျင်လုပ်သားရှားပါးမှုပြဿနာ    မြန်မာနိုင်ငံအနေဖြင့်အထည်ချုပ် လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများဝင်ရောက်လာပါကအလုပ်အကိုင် အခွင့်အလမ်းများ များပြားလာမှုနှင့် အတူကျွမ်းကျင်လုပ်သားရှားပါးမှု ပြဿနာနှင့်ပါ ရင်ဆိုင်ရဦး မည်ဖြစ် ကြောင်း ဒေါက်တာအောင်ဝင်းက ဆက်လက်ပြောကြားခဲ့သည်။" အထည်ချုပ်စက်ရုံတွေများလာ တာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်း  တွေများလာမယ်။ ဒါပေမယ့် စက်မှုဇုန် မှာကတော့ စက်ရုံအသစ်တိုးတိုင်းမှာ လာပြီးရင်းနှီးမြှုပ်နှံတဲ့သူက လူသစ်ကို Train  လုပ်တာကို မလုပ်ချင်ကြဘူး။ ကျွမ်းကျင်ပြီးသား သူတွေကိုပဲ ပိုက်ဆံ ပိုပေးပြီး ဆွဲဆောင်မှုတွေနဲ့ ခေါ်ယူကြ တဲ့သဘောမျိုးတွေရှိတယ်။ ဒါမျိုးဟာ မဖြစ်သင့်ဘူး။ ကိုယ့်လူကိုယ်ေ မွးပြီး လုပ်သင့်တယ်။ ဒီလိုလုပ်တဲ့အတွက် ကျွမ်းကျင်လုပ်သားရှားပါးတဲ့ပြဿနာ ကို ရင်ဆိုင်ကြရဦးမှာ။ အခုကတည်းက အဲဒီပြဿနာနဲ့ရင်ဆိုင်နေရတာ။ နောင် ဆိုရင် ဒီထက်ပိုဆိုးလာဖို့ပဲရှိတယ်''ဟု ကျွမ်းကျင်လုပ်သားရရှိေ ရးနှင့်ပတ်သက် ၍ ဖွင့်ဟခဲ့သည်။ သူတို့ဘာတွေမေးကြသလဲ       နိုင်ငံတော်အစိုးရ၏ မူဝါဒ အပြောင်းအလဲကြောင့် နိုင်ငံခြားရင်းနှီးမြှုပ် နှံသူများသည် မြန်မာနိုင်ငံ၏အထည်ချုပ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန်အတွက် စုံစမ်းမေးမြန်းမှုများရှိလာကြောင်း သိရသည်။ ထို့ပြင် GSP ရရှိလာပါက အထည်ချုပ်လုပ်ငန်း ၏ ရှေ့အလားအလာသည် များစွာတိုးတက်လာမည်ဖြစ် သည့်အတွက် ယင်းအချက်များကို မျှော်ကိုးသည့်နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံပါက ၎င်းအတွက် ကာကွယ် ပိုင်ခွင့်မည်မျှရှိမည်၊ အလုပ်သမား ရှာဖွေမှု၊ အဆောက်အဦ၊ အခွန်အခ၊ လုပ်ထုံး လုပ်နည်းများစသည့် အချက်များ ကို မေးမြန်းကြကြောင်း ဒေါ်ခိုင်ခိုင်နွယ်က ထပ်မံပြောကြားခဲ့သည်။" GSP ရလာရင်တော့ ရှေ့ကိုအလားအလာတွေ အများကြီးရလာမယ် လို့ မျှော်လင့်ရတယ်။ ဒါတွေကိုမျှော်လင့်ပြီး နိုင်ငံခြားက စီးပွားရေးလုပ်ငန်း ရှင်တွေကမေးကြတယ်။ မြန်မာနိုင်ငံမှာ သူတို့လာပြီး ရင်းနှီးမြှုပ်နှံပြီဆိုရင် သူတို့ကို အကာအကွယ်ပေးမယ့် Protection of Investment Law  ရှိ လား၊ အလုပ်လုပ်တဲ့အခါမှာ  Infrastructure   တွေရှိရဲ့လား၊ မြေနေရာ အဆောက်အအုံတွေရှိရဲ့လား၊ အလုပ်သမားတွေရှာရတာလွယ်ရဲ့လား၊ နောက် အခွန်အခ၊ လုပ်ထုံးလုပ် နည်းတွေ လွယ်လား မလွယ်ဘူးလား၊ အပိုကုန်ကျငွေ (Transaction Cost) က များလား၊ မများဘူးလား အဲဒီအချက်တွေကိုပဲ မေးကြတာ။ သူတို့ စိတ်ဝင်စားတဲ့အရာတွေကို ဖြေပေးနိုင်ရင် သူတို့ဝင်လာ ကြမှာပဲ''ဟု ပြောကြားခဲ့သည်။ မြန်မာ့အထည်ချုပ်လုပ်ငန်းနှင့် အမည်ခံမြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများ  များပြားစွာရှိသော်လည်း အမည်ခံအထည်ချုပ်လုပ်ငန်းများမှာ များစွာရှိနေပေသည်။ ယင်းအချက်ကို ဖြေရှင်းရန် အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဖေဖော်ဝါရီလ ၂၈ရက် ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ တစ်ရပ်ထုတ်ပြန်ကာ ရက်ပေါင်း ၉၀ အတွင်း တစ်ဦးတည်းပိုင် သို့မဟုတ် ဖက်စပ်သဘောမျိုးဖြင့် လုပ်ကိုင် ရန် ကြေညာချက်များထုတ်ပြန်ခဲ့သည်။ သို့သော် အမည်ခံ အထည်ချုပ်လုပ်ငန်း ပေါင်းများစွာရှိသည့်အနက် အမည်ပြောင်းရန် လာရောက်လျှောက်ထားသည့် စက်ရုံများမှာ ၁၅ ခုခန့်သာရှိသေးကြောင်း ဒေါက်တာအောင်ဝင်းက ပြောကြား ခဲ့သည်။"အမည်ခံစက်ရုံတွေကို တတ်နိုင်သမျှ လမ်းကြောင်းမှန်ကို တက်လှမ်းဖို့ စည်းရုံးတယ်။ ပြောပြတယ်၊ ရှင်းပြတယ်၊ သူတို့ကိုလုပ်ထုံးလုပ်နည်းတွေ ညွှန်ကြား ချက်တွေလည်း ထုတ်ထားပြီးပြီ။ ရက်ပေါင်း ၉၀အတွင်းမှာ ပြောင်းရ မယ်ဆိုပေမယ့် ပြီးခဲ့တဲ့မေ ၃၁ ရက်က ပြည့်ခဲ့ပြီ။ အခုထိတော့လာတင်ထား တာ ၁၅ခုလောက်ပဲရှိသေးတယ်။ တကယ်လို့မပြောင်းဘူးဆိုရင်တော့ ၁၉၉၄ ခုနှစ်က ထုတ်ပြန်ထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေမှာပါတဲ့အတိုင်း နာမည် ပျက်စာရင်းသွင်းခံရမှာပဲ'' ဟု ပြောကြားခဲ့သည်။အထည်ချုပ်လုပ်ငန်းဟူသည် အကျိုးအမြတ်နည်းပါးသည့် လုပ်ငန်းတစ်ခု ဖြစ်သည့်အပြင် လူမှုရေးအကျိုးအမြတ်တစ်ခု တည်းသက်သက်ဖြင့် လုပ်ဆောင် နေသည့်လုပ်ငန်းတစ်ခုပင်ဖြစ်သည်။ ထို့ပြင်ယင်းလုပ်ငန်းသည် လူအင်အား သုံး၍ လုပ်ရသည့်လုပ်ငန်းဖြစ်ပြီး ယင်းလူအင်အားမှာလည်း  ငွေကြေးများ အဆမတန်ပေးရသည့် ဘွဲ့ထူးဂုဏ်ထူးများရှိသည့် သူများမဟုတ်သည့်အ တွက် ကမ္ဘာပေါ်ရှိ ဆင်းရဲသည့်နိုင်ငံများနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးရှိသည့်နိုင်ငံ များက လုပ်ကိုင်ကြသည့် လုပ်ငန်း ပင်ဖြစ်သည်။သို့ဖြစ်ရာအထည်ချုပ်လုပ်ငန်းများသည်အမြတ်အစွန်းနည်းပါးသည့် အတွက် ယင်းလုပ်ငန်းကိုလုပ်ကိုင်သည့်သူများသည် များများရောင်းရသည့် အပေါ်တွင်သာ လုပ်ကိုင်ကြခြင်းဖြစ်ရာ မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ် ငန်းများ ပြန်လည်ဖွံ့ဖြိုး လာပါက မြန်မာနိုင်ငံ၏စီးပွားရေးသာမက ပြည်သူများ ၏အလုပ်အကိုင် အခွင့်အလမ်းများလည်း တိုးတက်မြင့်မား လာနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။