Main menu

Background

စားအုန်းဆီဈေးကွက်မှာ နယ်စပ်မှဝင်လာတဲ့ဆီများ ဝင်ရောက်လျက်ရှိ၊ အများပြည်သူ ကျန်းမာရေးအတွက် သင့်တော်တဲ့ဆီများ ဝင်ရောက်ဖြန့်ဖြူးနိုင်ရေး တရားဝင်လမ်းကြောင်းကို ဘယ်လိုဖော်ဆောင်မလဲ ?

Wed, 06/20/2012 - 06:54 -- Anonymous (not verified)

ပုံမှန်တင်သွင်းသူများ လိုင်စင်လျှောက်ထားမှု လျှော့လာ    ၂၀၁၁ မေ ကနေ စပြီး၊ လုပ်ငန်း ရှင်တွေကို ပြည်ပက စားအုန်းဆီများ လွတ်လွတ်လပ်လပ်  တင်သွင်းခွင့် ပြုပြီးတဲ့နောက် တင်သွင်းကုမ္ပဏီများမှ အလှည့်ကျစနစ်နဲ့ ရန်ကုန်ဆိပ်ကမ်း ဆီလှောင်ကန်တွေကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီလို တင်သွင်းခဲ့စဉ်က မိမိတို့ အလှည့်နောက်မကျရေး လိုင်စင် လျှောက်ထားမှုကို မြန်နိုင်သမျှမြန် အောင်ကုမ္ပဏီတွေတန်းစီလျှောက်ထား ခဲ့တာဆိုရင် တစ်လကို ကုမ္ပဏီ ၉ ခုမှ ၁၅ ခု၊ တန်ချိန် နှစ်သောင်းကနေ တန် ၅ သောင်းနီးပါးအထိ လျှောက်ထားမှုရှိ တယ်လို့  သက်ဆိုင်ရာ ဌာနက ထုတ် ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။  ဒါပေမယ့် ဒီဘက် ၂၀၁၂-၁၃ ဘဏ္ဍာ နှစ် အစပိုင်းကနေစပြီး၊ စားအုန်းဆီ တင်သွင်းခွင့် လိုင်စင်လျှောက် ထားမှု က တဖြည်းဖြည်းပါး လာခဲ့ပါတယ်။ ဧပြီလမှာ ကုမ္ပဏီ ၆ ခုက တန်ချိန် ၂ သောင်းကျော် လျှောက်ထားမှု ရှိခဲ့ပေ မယ့် မေလအတွင်းမှာတော့ ကုမ္ပဏီ ၄ ခုက တန် ၃၀၀၀ ကျော်သာ တင်သွင်း ခွင့် လျှောက်ထားလာတာ တွေ့ရပါ တယ်။   နိုင်ငံတကာဈေး ကျဆင်းခြင်းနဲ့အတူ ပြည်တွင်းဈေးလည်း လိုက်ပါလျော့ကျ    ပြည်တွင်းမှာ ရောင်းချနေတဲ့ လက်ကား၊ လက်လီဈေးတွေကို လေ့ လာကြည့်ပြန်တော့ ဧပြီလမှာ လက် ကားဈေး တစ်တန် ၁၉၀၀ ကျော် ၂၀၀၀ ကျပ် နီးပါးထိ ဖြစ်ခဲ့ရာမှ မေလ အတွင်းမှာတော့ ကျပ် ၁၇၀၀ ကျော်-၁၈၀၀ ကျော်ကို ပြန်လျော့လာခဲ့ကာ လက်လီဈေးမှာလည်း ၂၁၀၀ ကျပ်မှ အခုဇွန်လ ပထမပတ်မှာတော့ ၁၈၅၀ ကို ပြန်လည် ကျဆင်းခဲ့ပါတယ်။ နိုင်ငံ တကာ စားအုန်းဆီဈေးအနေနဲ့ မလေး ရှားဈေးကွက်ကို လေ့လာရာမှာ အမေရိ ကန် စီးပွားရေးအခြေအနေ၊ အီးယူဇုန် ကြွေးမြီ ပြဿနာတွေ အပြင် ဒီလပိုင်း တွေမှာတရုတ်နိုင်ငံရဲ့ထုတ်လုပ်မှုစာရင်း များက ကျေနပ်ဖွယ်မရှိတဲ့အပေါ် ရင်း နှီးမြှုပ်နှံသူတွေရဲ့ ကုန်စည်ဝယ်လိုအား တွေ ကျဆင်းလာတဲ့အတွက် စားအုန်း ဆီဈေးကလည်း အကျဘက်ကို ဆက် လက် ကျဆင်းနေတာ တွေ့ရပါတယ်။    နိုင်ငံတကာဈေး တောက်လျှောက် ဆင်း နေတဲ့အကျိုးဆက်အနေနဲ့ စားအုန်းဆီ တင်သွင်းသူတွေမှာ ကျဈေးနဲ့လိုက် ရောင်းနေရတာ ဖြစ်လို့ တွက်ခြေ မကိုက်တဲ့အပြင် အချို့သောသူများမှာ အရင်းဈေးနဲ့တောင် မရောင်းရဘူးလို့ တင်သွင်းကုမ္ပဏီ တချို့က ဆိုပါတယ်။ ဆီတင်သွင်းသူများ တွက်ခြေမကိုက်ရတဲ့အကြောင်းရင်းများ    ပင်လယ်ရေကြောင်းက ဆီတင် သွင်းသူများ တွက်ခြေမကိုက်တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဆီကုန်သည် များနဲ့ ဆီလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးသိန်းဟန်က ပြောကြားရာမှာ " နိုင်ငံ တကာဈေး ကျဆင်းလာတာကြောင့် ပါသလို တခြားအကြောင်းရင်းတွေလဲ ရှိပါသေးတယ်လို့ ဆိုပါတယ်။ စားအုန်း ဆီ တင်သွင်းရာမှာ အရင်က Custom  Duty ၅ ရာခိုင်နှုန်းသာ ပေးဆောင်ခဲ့ရ ပေမယ့်၂၀၁၂-၁၃ ဘဏ္ဍာနှစ်စကစပြီး၊ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းပါ ဆောင်ရတဲ့အတွက် စုစုပေါင်းအခွန် ၁၀ ရာခိုင်နှုန်းပေးဆောင်ရတာ တစ်ပိဿာ ကို ၁၅၀ ကျပ်လောက် စရိတ်တက်လာ ပါတယ်။ အရင်က နယ်စပ်က ဝင်လာ တဲ့ စားအုန်းဆီဈေးက ပြည်မထဲဝင်လာ ရင်  သယ်ယူ ပို့ဆောင်မှုအရ တွက်ခြေ မကိုက်လို့ ဝင်မလာပေမယ့် အခုလို ပင်လယ်ေ ရကြောင်းက တင်သွင်းစရိတ် တွေတက်လာတော့ နယ်စပ်က  တရား မဝင် ဝင်လာတဲ့ဆီက ပဲခူးဘက်ကနေ မြန်မာနိုင်ငံ အလယ်ပိုင်းဈေးကွက်တွေကို ပျံ့နှံ့လာခဲ့ပါတယ်။ အထူးသဖြင့် အခွန် ရှောင်ပြီးမြဝတီ ဘက်က မှောင်ခိုဝင် လာ တဲ့ဆီက တစ်ပိဿာ ၁၈၀၀ ဈေးပဲရှိပြီး၊ ကော့သောင်းက သင်္ဘောနဲ့ ဝင်တဲ့ဆီက တစ်ပိဿာ ၁၆၅၀ ကျပ်သာရှိလို့ ပုံမှန် ကုန်သွယ်မှုနဲ့ တင်သွင်းသူတွေ အခက် အခဲဖြစ်ရပါတယ်။ နယ်စပ်က ဝင်တဲ့ဆီ တွေက အရင် ပယ်လယ်ရေကြောင်းက တင်သွင်းဆီေ တွ ဖြန့်ဖြူးနေတဲ့  ပြည်၊ စစ်ကိုင်း၊ မန္တလေး၊ တောင်ကြီးဈေးကွက် တွေအထိ နေရာယူလာတော့ ပင်လယ် ရေကြောင်းကဝင်လာတဲ့ ဆီက ရန်ကုန် ဈေးကွက်တစ်ခုသာ ရရှိပါတယ်။ ဒါ ကြောင့် ရောင်းဝယ်အားကျရတယ်'' လို့ ဆိုပါတယ်။ တရားမဝင်အခွန်ရှောင်ဝင်လာတဲ့ ဆီများကို မယှဉ်နိုင်    ဆက်လက်ပြီး  ပြောကြားရာမှာ "နောက်တစ်ခုကတော့  ဆီရောင်းချသူ တွေ နှစ်စဉ်ကြုံတွေ့ရတဲ့ ရာသီချိန် ဆီ ဝယ်လိုအားနည်းခြင်းပါပဲ။ ဇွန် - ဇူလိုင် လတွေဟာ သရက်သီးပေါ်တဲ့ ကာလ ဖြစ်လို့ ဆီစားသုံးမှုနည်းတဲ့ ကာလဖြစ် သလို ကျောင်းပြန်ဖွင့်တဲ့ကာလ ဖြစ်လို့ လည်း မိသားစု စရိတ် ချွေတာ စား သောက်ခြင်းကြောင့်ဈေးကွက်မှာ ဆီ ရောင်းအားကျဆင်းတဲ့ ကာလဖြစ်ပါ တယ်။ ဒါကြောင့်  ပုံမှန်လမ်းကြောင်းက တင်သွင်းသူတွေအနေနဲ့ ရောင်းအား ကျပြီးရင်း ကျပြီး၊ တွက်ခြေမ ကိုက် ဖြစ်နေရပါတယ်။ ပုံမှန်အခြေအနေအရ ဝယ်အားကျဆင်းတာကို ကုန်သည်တွေ ခံနိုင်ပေမယ့် အခုပုံမှန်တင်သွင်း သူတွေ မယှဉ်နိုင်ဖြစ်ရတာက နယ်စပ်က တရား မဝင် ဝင်ရောက်လာတဲ့ ဆီတွေကိုပါပဲ။     ပုံမှန်တင်သွင်းတဲ့ဆီတွေကို ဖြန့်ဖြူး ရာမှာ FDA ရဲ့ စစ်ဆေးချက်ရမှသာ ဖြန့်ဖြူးတာဖြစ်လို့ စိတ်ချလက်ချ ဝယ် ယူစားသုံးနိုင်ပေမယ့် နယ်စပ်က ဝင် လာတဲ့ဆီတွေမှာတော့ စားသုံးဖို့ သင့် မသင့်ဆိုတာ အာမခံချက် မရှိပါဘူး။ ဥပမာအနေနဲ့ ပြောရရင် တရုတ်နယ်စပ် က ဝင်လာတဲ့ ဆီဟာ စစ်ဆေးချက် တွေ အရ စားသုံးဖို့ မသင့်လို့ ရောင်းချ ဖြန့်ဖြူးမှုတွေ မလုပ်ဖို့ အသင်းမှာ ကြေညာထားပါတယ်။ နောက် မြဝတီ၊ ကော့သောင်းဖက်က ဝင်လာတဲ့ ဆီဟာ လဲ ကျန်းမာရေးအရ စားသုံးဖို့ သင့်တာ ပါသလို မသင့်တာလဲပါလာမှာ ဖြစ်လို့ မှောင်ခိုတင်သွင်းဆီတွေ တားဆီးသင့် ပါတယ်'' လို့ ဆိုပါတယ်။  တရားမဝင်တင်သွင်းမှုကို တားဆီဖို့မှာ ပူးပေါင်းမှုများလို    ဈေးကွက်ရဲ့ သဘောတရားအရ နိမ့်ရာကနေမြင့်ရာကို စီးဆင်းတတ်စမြဲ မို့ ပုံမှန်လမ်းကြောင်းက ဆီဈေးထက် ပိုမိုယှဉ်ပြိုင်နိုင်တဲ့ နယ်စပ်ကဆီတွေ ဈေးကွက်ကို နေရာပိုမိုယူလာနိုင်တာ သဘာဝကျပါတယ်။သဘာဝမကျတာ ကတော့တရားမဝင်မှောင်ခိုဝင်လာ တာ ဖြစ်ပါတယ်။ တရားမဝင် လမ်းကြောင်း ကနေ တရားဝင် ရောက်ရှိလာဖို့ဆိုရင် တော့ နယ်စပ် မျက်နှာစာကျယ်ပြောလှ တဲ့ မိမိတို့ နိုင်ငံမှာ ထိန်းချုပ်ဖို့ဆိုတာ အစိုးရတစ်ခုထဲနဲ့တော့ အောင်မြင်နိုင် မှာ မဟုတ်ပါဘူး။ အားလုံးက ဝိုင်းဝန်း ပူးပေါင်းဖို့တော့ လိုအပ်ပါတယ်။ လုပ်ငန်းရှင်များရဲ့ မှန်ကန်တဲ့ကျင့်ဝတ်သည် အဓိက    ပထမ အချက်အနေနဲ့ ပြောလို တာ ကတော့ နယ်စပ်ဒေသတွေဟာ ပြည်မကြီးနဲ့ အလှမ်းဝေးတဲ့ အတွက် Logestic အရ ပြည်မက ကုန်ပစ္စည်း တွေ သယ်ယူစားသုံးတာထက် နီးစပ်ရာ နယ်စပ်မြို့တွေက ဝယ်ယူစားသုံးဖို့ အား သာစေပါတယ်။ ဒါကြောင့်လဲ စားသုံး ဆီကို နယ်စပ်ဒေသ ပြည်နယ်တွေမှာ ပြည်နယ်ရဲ့ လိုအပ်ချက်အရ နယ်စပ် လမ်းကြောင်းမှ တရားဝင် တင်သွင်းဖို့ ခွင့်ပြုထားပြီးဖြစ်ပါတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပွဲ တစ်ခုမှာ ပြောကြား ခဲ့ပါတယ်။ အဲဒါ ကတော့ '' အစိုးရသစ် လက်ထက်မှာ ဖြေလျှော့မှုတွေ အများကြီးလုပ်နေပါ တယ်။ ပိတ်ပင်ထားတာတွေ ပြန်ခွင့်ပြု တာတွေလဲ အများကြီးပါ။ အဲဒီထဲမှာ အချိုရည်အပါအဝင် ကုန်ပစ္စည်း ၅ မျိုးကို နယ်စပ်က တင်သွင်းမှု ပိတ်ထား ခဲ့တာကို ပြည်လည်ခွင့်ပြုတာလဲ ပါပါ တယ်။ ဒါပေမယ့် အခုချိန်ထိ တရားဝင် လျှောက်ထားသူ မရှိသေးဘူး" လို့ ဆိုပါ တယ်။ ဆိုလိုချင်တာကတော့ အစိုးရက တရားဝင် ခွင့်ပြုထားပေမယ့်လဲ တရား ဝင် လမ်းကြောင်းပေါ်က မလျှောက်ကြ သေးဘဲ အစဉ်အဆက် လုပ်ကိုင်လာခဲ့ တဲ့ မှောင်ခိုရောင်းဝယ်ခြင်းတွေကို အခုချိန်ထိ ခုံခုံမင်မင်လုပ်နေကြသေး တာပါပဲ။ ဒါကြောင့် ကုန်သည် တွေ အနေနဲ့ မှန်ကန်တဲ့အသိအမြင်ရှိပြီး၊ ကုန်သည်ကျင့်ဝတ်နဲ့အညီ ဆောင်ရွက် ရေးဟာ အဓိကကျလှပါတယ်။    အခုဆိုရင် တိုင်းဒေသကြီး၊ ပြည် နယ် အသီးသီးမှာ အနီးကပ်ကြီးကြပ် တာဝန်ယူဆောင်ရွက်နိုင်တဲ့ အုပ်ချုပ်မှု တွေ ရှိနေပါပြီ။ ဒေသတာဝန်ရှိသူများ အနေနဲ့ မိမိတို့ တိုင်းအတွင်း၊ ပြည်နယ် အတွင်းကို ဘယ်လို စားသောက်ကုန် တွေဝင်လာသလဲ၊ မိမိတို့ဒေသတိုင်း၊ ပြည်နယ်အတွင်းက ဘယ်ဒေသတွေကို ဘယ်လို ကုန်မျိုးတွေ ထွက်နေသလဲ၊ ဘယ်စားသောက် ကုန်တွေက ပြည်သူ တွေအတွက် ဘေးကင်းစိတ်ချမှု ရှိ သလား၊ အန္တရာယ် ရှိမလားဆိုတာ အနီးကပ်ဆုံး ကြားသိနိုင်သလို၊ ထိရောက် တဲ့ ကွပ်ကဲမှုလဲ လုပ်နိုင်ရမှာဖြစ် ပါတယ်။  များနေတဲ့အဆင့်များကို လျှော့ချသင့်    သက်ဆိုင်ရာ ဌာနများမှ ပြင်ဆင် ရမယ့်အချက်ကတော့ အစဉ်အဆက် ကတည်းက တရားမဝင်လမ်းကြောင်းမှ နေပြီး၊ ဘာစာရွက်စာတမ်းမှ မလိုဘဲ ကူးသန်း ရောင်းဝယ်ရတာ အရိုးစွဲနေပြီ ဖြစ်တဲ့ ကုန်သည်တွေ လမ်းကြောင်း မှန်က တရားဝင် သွားလာနိုင်ဖို့ဆိုရင် သက်ဆိုင်ရာ ဌာန အသီးသီးအနေနဲ့ လည်း များနေတဲ့ အဆင့်တွေ၊ အထောက်အထားတွေလျှော့ပြီး၊ လွယ် ကူစွာ ဆောင်ရွက်နိုင်ရေး၊ ကူညီပေး ရမှာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အောင် ရစ်ခြင်း၊ ညစ်ခြင်း၊ မသမာမှု တွေမှာ ပူးပေါင်းခြင်းတွေ ရှိနေအုံးမယ် ဆိုရင်တော့ ဒုံရင်း၊ ဒုံရင်းနဲ့ မှောင်ခို လောက ကြီးစိုးနေဦးမှာ ဖြစ်ပါတယ်။ ကျန်းမာရေးအရ စီစစ်ထောက်ခံနိုင်တဲ့ အဆင့်မီ အဖွဲ့အစည်းများစွာ လိုအပ်    နောက်ပြီး ပြည်သူတွေ ကျန်း မာရေးနဲ့အညီ စားသုံးသင့်၊ မသင့် ဆို တာ အာမခံချက်ရှိရှိ ဖြန့်ဖြူးနိုင်ဖို့ ဆိုရင် နယ်စပ်ဝင်ပေါက်တွေမှာ FDA လို အာမခံချက်ရှိအဆင့်အတန်းမီထောက် ခံချက်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေ အလုံအလောက်ရှိဖို့ လိုအပ်မှာဖြစ်ပါ တယ်။ဒါမှသာဝင်လာတဲ့ကုန်များအချိန် တို အတွင်း ဖြန့်ဖြူးပို့ဆောင်နိုင်မှာ ဖြစ် ပါတယ်။ လက်ရှိ အနေအထားအရ ပုံမှန်လမ်းကြောင်းက ဝင်လာတဲ့ ဆီ များကို FDA  ကသာ စစ်ဆေးပြီး ခွင့် ပြုချက်ရမှ ဖြန့်ဖြူးစေတာဖြစ်ပြီး နယ် စပ်က ဝင်လာတဲ့ ဆီနဲ့အတူ စား သောက်ကုန်များ အတွက်လည်း တစ် နေရာထဲမှာ စစ်ဆေးထောက်ခံ ပေးနိုင် ပါမှသာလွယ်ကူမြန်ဆန်မှာဖြစ်ပါတယ်။     ဒီနေရာမှာလဲ ခွင့်ပြုချက် ရဖို့ အဆင့်ဆင့်ထောက်ခံချက်တွေ လုပ်နေ ရဦးမယ် ဆိုရင်တော့ တရားဝင် လမ်း ကြောင်း ဖော်ဆောင်တဲ့ နေရာမှာ အတားအဆီးတစ်ခု ဖြစ်နေဦးမှာပါ။  တင်းကျပ်တဲ့ တားဆီးမှုများ တစ်ဆင့်တိုးဆောင်ရွက်မှု    တရားဝင် လမ်းကြောင်း ဖော် ဆောင်ဖို့ အဆင်သင့်ပြင်ဆင်ပြီးချိန်မှာ ပင် မှောင်ခိုလုပ်ငန်းများ ဆက်ရှိနေ သေးတယ် ဆိုရင်တော့အခြားနိုင်ငံတွေ က မှောင်ခိုတားဆီးမှုမှာ တင်းတင်းကျပ် ကျပ် လုပ်သလို တစ်ဆင့်တက် လုပ် ဆောင် ရတော့မှာ ပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကဘဲ တရုတ်နိုင်ငံ သကြားမှောင်ခိုတင်သွင်းမှု တားဆီးတဲ့ သတင်းဖတ်ရပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာမှာ သကြားအမြောက်အမြားဆုံး စားသုံးတဲ့ နိုင်ငံဖြစ်သလို အများဆုံး ထုတ်လုပ်သူလဲ ဖြစ်ပါတယ်။ ဒါပေမယ့် ယခင်နှစ်များက ရာသီဥတုအရ ကြံ အထွက်လျော့ကျလာခဲ့လို့ သကြား တင်သွင်းမှု ရှိပေမယ့် ကိုတာသတ်မှတ် ပြီး၊ တင်သွင်းစေတာ ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ တောင်သူတွေ ဈေး နှုန်း မထိခိုက်ရလေအောင် အစိုးရက သိုလှောင် သကြားတွေကို ဈေးမြင့်နဲ့ ထုတ်ရောင်းချမှုတွေ ရှိလာတဲ့အခါ ဈေးသက်သာတဲ့ အိမ်နီးချင်း ထိုင်းနဲ့ ဗီယက်နမ်က မှောင်ခိုတင်သွင်းမှုတွေ ကြီးကြီးမားမား ဖြစ်လာခဲ့ပါ တယ်။ မှောင်ခိုတင်သွင်းမှုကို တားဆီးဖို့အတွက် အစိုးရက အရေးယူ  ဖမ်းဆီးမှုတွေ ပြုလုပ်သလို သတင်းပေးပို့သူတွေကိုလဲ ယွမ် ၁၀၀၀ မှ ၅ သိန်းအထိ ထိုက်ထိုက် တန်တန် ချီးမြင့်မှုတွေ လုပ်ခဲ့လို့ အခု ဆိုရင် သကြားမှောင်ခို လျော့ကျလာ တယ်လို့ သိရပါတယ်။            ဆိုလိုချင်တာကတော့ မိမိတို့ ဘက်က အဆင်ပြေအောင်လုပ်ဆောင် ပေးထားပြီးကာမှ ပြည်သူတွေရဲ့ ကျန်း မာရေးကို မငဲ့ဘဲ အတ္တအကျိုးကြည့်ပြီး၊ ဆက်လက်တရားမဝင် လုပ်နေဦးမယ် ဆိုရင်တော့ တရုတ်နိုင်ငံလိုပဲ ထိရောက် တဲ့ အရေးယူမှုတွေ လုပ်ဖို့သင့်ပါတယ်။ လုပ်ငန်းရှင်များ တင်သွင်းခွင့်ပြုပြီး ပြည်တွင်းဈေးနှုန်း လျော့ကျ    ပင်လယ်ရေကြောင်းက ပြီးခဲ့တဲ့ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှာ တင်သွင်းခဲ့တဲ့ အခြေအနေကိုကြည့်မယ်ဆိုရင် ယခင် ဘဏ္ဍာနှစ် ၂၀၁၀-၁၁ ထက် တန်ချိန် ၄ သောင်းခန့် ပိုမိုတင်သွင်းလာတာ သက်ဆိုင်ရာဌာန စာရင်းတွေအရ သိရှိ ရပါတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်များကို တင်သွင်းခွင့်ပြုခဲ့တဲ့ မေကနေ လက်ရှိ မတ်လကုန်အထိ လစဉ်ပျမ်းမျှ ဈေးနှုန်း တွေအရဆိုရင် ဒီဘဏ္ဍာနှစ်မှာ လက်လီ လက်ကား ရောင်းဈေးများ သိသိသာ သာ လျော့ကျလာတာ တွေ့ရပါတယ်။ ၂၀၁၀-၁၁ မှာ ဈေးအမြင့်ဆုံးဖြစ်ခဲ့တဲ့ ဒီနှစ် ဖေဖော်ဝါရီလ ဈေးနှုန်း ကာလ တူနဲ့ယှဉ်ရင် တစ်ပိဿာ ၁၀၀၀ ကျပ် ခန့် လျော့နည်းကွာခြားသလို အနိမ့်ဆုံး ကွာခြားမှုအနေနဲ့တော့ စက်တင်ဘာ ကာလတူ နှိုင်းယှဉ်ရာမှာ ၂၀၁၁-၁၂ မှာ တစ်ပိဿာ ၂၀၀ ကျပ်ခန့်လျော့ နည်းတာ တွေ့ရပါတယ်။ ၁၂ လအတွင်း စားသုံးသူများ ငွေကျပ်သန်းပေါင်းများစွာ သက်သာ    လုပ်ငန်းရှင်များကို လွတ်လပ်စွာ စတင်တင်သွင်းစေခဲ့တဲ့ ၂၀၁၁ မေ မှစပြီး ၂၀၁၂ နှစ်ဧပြီအထိ ၁၂ လတာ စုစုပေါင်း တင်သွင်းမှုပမာဏ တန်ချိန် ၃၃၄၀၀၀ ကျော်အတွက် ရန်ကုန် လက်လီဈေးများရဲ့ လအလိုက် ပျမ်းမျှ ဈေးနဲ့ တွက်ချက်ရင် မြန်မာကျပ်ငွေ သန်းပေါင်း ၄ ဒသမ ၀၃ သိန်းကျော် တန်ဖိုး ရှိပါတယ်။ ၂၀၁၀ မေလမှ ၂၀၁၁ ဧပြီအထိ ကာလတူနှိုင်း ယှဉ် ကြည့်မယ်ဆိုရင် တင်သွင်းမှု စုစုပေါင်း တန်ချိန် ၂၉၂၀၀၀ အတွက် ရန်ကုန် လက်လီဈေးများရဲ့ လအလိုက် ပျမ်းမျှ ဈေးနဲ့ တွက်ချက်ရင် မြန်မာကျပ်ငွေ သန်းပေါင်း ၄ ဒသမ ၁၉ သိန်း ဖိုး ရရှိပါတယ်။လုပ်ငန်းရှင်များ တင်သွင်းမှု ဟာ ယခင်နှစ် ကာလတူထက် ပမာဏ အားဖြင့် တန်ချိန် ၄၂၀၀၀ ခန့်ပိုမိုဝင် ရောက်ခဲ့ပေမဲ့ ရန်ကုန်မှာ ဖြန့်ဖြူးတဲ့ လအလိုက် ပျှမ်းမျှဈေးနှုန်းအရ တွက် ချက်မယ်ဆိုရင် တစ်နှစ်အတွင်းမှာ  မြန်မာကျပ်ငွေ သန်းပေါင်း ၁၆၀၀၀ ကျော်ဖိုး သက်သာစွာနဲ့ စားသုံးသူတွေ စားသုံးနိုင်တာ လေ့လာတွေ့ရပါတယ်။ အရည်အသွေးများလည်း ဆက်လက်ထိန်းသိမ်းစိစစ်သင့်    လုပ်ငန်းရှင် အားလုံး တင်သွင်းခွင့် ရရှိလာတဲ့အတွက် ဈေးကွက်၊ ဈေးနှုန်း ထိန်းချုပ်တာမျိုးမရှိဘဲ ယှဉ်ပြိုင်နိုင်တဲ့ ဈေးနှုန်းတွေနဲ့စားသုံးသူလက်ထဲရောက် ရှိလာလို့ ဆီပမာဏ ပိုမိုသုံးစွဲနိုင်သလို ငွေကြေးမှာလည်း သန်းပေါင်းများစွာ သက်သာရာရစေခဲ့တာ ဖြစ်ပါတယ်။ ဒါကငွေကြေးနဲ့တွက်မယ်ဆိုရင် စားသုံး သူတွေ ခံစားရတဲ့ အကျိုးကျေးဇူးပဲ ဖြစ်ပါတယ်။ အရည်အသွေးပိုင်းမှာ လည်း ယခင် CP-10   အစား CP-8 တင်သွင်းမှုတွေရှိခဲ့လို့ စားသုံးသူတွေ အတွက် အကျိုးရှိခဲ့တယ်လို့ ဆိုရမှာပါ။  ဒါပေမယ့်လည်း ဒီနောက်ပိုင်းမှာတော့ တင်ဆောင်လာတဲ့ သင်္ဘောရဲ့ အား နည်း ချို့ယွင်းမှု၊ တင်သွင်းကုမ္ပဏီ ကိုယ် တိုင် အရည်အသွေး စိစစ်မှု အားနည်း ချက်တွေကြောင့် စားအုန်းဆီ အရည် အသွေး ပြဿနာအချို့ရှိလာတာ ကြား သိရပါတယ်။ အမှန်တော့ ပုံမှန်တင် သွင်းသူတွေအနေနဲ့လည်း နိုင်ငံတော် ရဲ့ စေတနာကို လေးစားပြည်သူတွေရဲ့ အကျိုးကိုငဲ့ပြီး အရည်အသွေးစိစစ် တင် သွင်းရမယ့် တာဝန် မလစ်ဟင်းသင့်ပါ ဘူး။ ပုံမှန်လမ်းကြောင်းရော နယ်စပ် လမ်းကြောင်းကပါ ဟန်ချက်ညီညီရှိစေလို    စားအုန်းဆီဟာ စားဆီတွေထဲမှာ ထုတ်လုပ်မှု ပမာဏအများဆုံးနဲ့ ဈေး အချိုဆုံးဖြစ်လို့လည်း ကမ္ဘာပေါ်မှာ စားသုံးမှု အများဆုံး ဆီတစ်မျိုး ဖြစ်ပါ တယ်။ လူဦးရေကြီးမားတဲ့ အိန္ဒိယနဲ့ တရုတ်က စားအုန်းဆီ ဝယ်ယူစားသုံးမှု အများဆုံးနိုင်ငံများ ဖြစ်သလို ဖွံ့ဖြိုး တိုးတက်တဲ့ အီးယူ 27 ၊ အမေရိကန် ပြည်ထောင်စုတို့ပင်လျှင် စားအုန်းဆီ စားသုံးမှုများတဲ့ နိုင်ငံတွေထဲမှာ  ပါဝင် ပါတယ်။ မိမိတို့နိုင်ငံအနေနဲ့လည်း ပြည် တွင်းစားဆီ ထုတ်လုပ်မှုထက် စားသုံးမှု ကြီးမားလို့ တင်သွင်းနေရတာ ဖြစ်လို့ ဒီလိုတင်သွင်းရာမှာ စားသုံးသူတွေ အတွက် ဈေးနှုန်း ဝန်ပိတာမျိုး မဖြစ် ရအောင်နဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး ကို ရှေးရှုပြီး၊ နိုင်ငံတော်ရဲ့ စေတနာကို တုံ့ပြန်ကာ" ရှဉ့်လဲလျှောက်သာ ပျား လဲစွဲသာ" ဆိုသလို ပုံမှန်လမ်းကြောင်း က တင်သွင်းသူများနဲ့ နယ်စပ်မှ တရား ဝင်တင်သွင်း သူများအဖြစ် ဟန်ချက်ညီ ညီ လှုပ်ရှားနိုင်စေဖို့ ဆန္ဒပြုရေးသား လိုက်ရပါတယ်။