ကုလားပဲ၊ ကုလားပဲဖြူလုံးကြီးဟာ ပရိုတိန်းကြွယ်ဝပြီး၊ အာဟာရဓာတ်မြင့်မားတဲ့ ပဲတစ်မျိုးဖြစ်ပြီး၊ ကမ္ဘာတစ်ဝန်းမှာ တတိယ မြောက်အရေးပါတဲ့ပဲဖြစ်ပါတယ်။ကုလားပဲမှာဒေစီကုလားပဲနဲ့ကုလားပဲဖြူလုံးကြီးဆိုပြီး ၂ မျိုးရှိရာ ကမ္ဘာ့ထွက်ရှိမှုရဲ့ ၁၀-၁၅ ရာခိုင်နှုန်း သာရှိတယ်လို့သိရပါတယ်။ကုလားပဲဖြူလုံးကြီးကိုပုံမှန်အနေနဲ့ အလုံးလိုက် စားသုံးပြီး၊ ဒေစီကုလားပဲကိုတော့ ခွဲခြမ်းသို့မဟုတ် ကုလား ပဲမှုန့်ကြိတ်ပြီး စားသုံးပါတယ်။ အိန္ဒိယနိုင်ငံမှာ သတ်သတ်လွတ်စားသုံးမှုအရ ပဲမျိုးစုံက မရှိမဖြစ်အစားအသော က်ဖြစ်ရာ ကုလားပဲ လည်း အပါအဝင်ပဲဖြစ်ပါတယ်။ လက်ရှိလက်ငင်းဈေးကွက်မှာကုလားပဲက အိန္ဒိယကုန်စည်တွေထဲမှာ ထင်ရှားနေပါ တယ်။ ကမ္ဘာ မှာအိန္ဒိယကပဲထုတ်လုပ်မှုရော စားသုံးမှုပါအကြီးဆုံးဖြစ်လို့ ကမ္ဘာ့ဝယ်လိုအားနဲ့ ရောင်းလိုအားကို အိန္ဒိယက အဓိကလွှမ်း မိုးထား ပါတယ်။လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းကမ္ဘာ့ကုလားပဲထုတ်လုပ်မှုဟာ ၃၆ရာခိုင်နှုန်းဝန်းကျင် မြင့်တက်လာခဲ့ပြီး၊ ၂၀၁၀ ခုနှစ်မှာ စုစု ပေါင်း တန်ချိန် ၁၀၉ ဒသမ ၁၈ သိန်းထွက်ရှိခဲ့တယ်လို့ FAO က ခန့်မှန်းထားပါတယ်။ အဲဒီလို အထွက်တိုးလာခဲ့ခြင်းဟာ စိုက် ဧက ၁၈ ရာခိုင်နှုန်းနဲ့ အထွက်နှုန်းက ၁၅ ဒသမ ၄ ရာခိုင်နှုန်းစီ မြင့်တက်လာတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာ့ကုလားပဲ ထုတ်လုပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို အိန္ဒိယက ထုတ်လုပ်ပြီး အဲဒီနောက်မှာ သြစတြေးလျ ၆ ရာခိုင်နှုန်း၊ ပါကစ္စတန်က ၅ ရာခိုင်နှုန်း၊ တူရကီက ၅ ရာခိုင်နှုန်းနဲ့ မြန်မာနိုင်ငံက ၄ ရာခိုင်နှုန်း အသီးသီးထုတ်လုပ်တယ်လို့ သိရပါတယ်။ ထုတ်လုပ်နိုင်မှုအနေနဲ့ ကမ္ဘာ့ပျမ်းမျှထုတ်လုပ်က တစ်ဟက်တာ ၁၂၁၉ ကီလိုရှိပြီး၊ အိန္ဒိယအထွက် နှုန်းမှာ ၂၀၁၀ ခုနှစ်က တစ် ဟက်တာ ၉၁၁ ကီလိုရှိတယ်လို့ သိရပါတယ်။ ကုန်သွယ်မှုအနေနဲ့ ကုလားပဲကို သြစတြေးလျက အဓိကတင်ပို့ပြီး၊ ကမ္ဘာ့ စုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၁၂ သိန်းဝန်းကျင်ရှိပြီး၊ ကမ္ဘာ့တင်သွင်းမှု ဝေစုရဲ့ ၄၅ ရာခိုင်နှုန်းကိုတော့ အိန္ဒိယက ဦးဆောင် တင်သွင်း နေပါတယ်။ အိန္ဒိယနိုင်ငံမှာ ကုလားပဲက ပြည်တွင်းပဲစုစုပေါင်းထုတ်လုပ်မှုရဲ့ ၄၃ ရာခိုင်နှုန်းကျော်ရှိပါတယ်။ ကုလားပဲ ကို အောက်တိုဘာနဲ့ ဒီဇင်ဘာလအတွင်း စိုက်ပျိုးပြီး၊ ဇန်နဝါရီလမှ မေလတိုင်အောင် ခူးဆွတ်ရိတ်သိမ်းရတဲ့ ဆောင်းသီးနှံဖြစ်ပါတယ်။ ပြည်တွင်းပဲမျိုးစုံ ဝယ်လိုအား မြင့်တက်နေခြင်းကို ဖြည့်ဆည်းဖို့နဲ့ တင်သွင်းမှုအပေါ် မှီခိုနေရမှု လျော့ကျဖို့ ကြိုးပမ်းတဲ့အနေနဲ့ အနိမ့်ဆုံး ထောက် ပံ့ ဈေးနှုန်းများ တိုးမြှင့်ပေးခဲ့ရာ ၁၉၉၉-၂၀၀၀ မှာ တစ်တန်ကို ရူပီး ၁၀၁၅၀(ကန်ဒေါ်လာ ၁၈၃)ရှိရာမှ ၂၀၁၁-၁၂ မှာ ရူပီး ၂၈၀၀၀ (ကန်ဒေါ်လာ ၅၀၄) အထိ နှစ်စဉ်တိုးမြင့်ခဲ့ပါတယ်။ စိုက်ပျိုးဧရိယာမှာလည်း လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ၄၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ပေမယ့်ရာသီဥတုပြောင်းလဲနေခြင်းတို့ကြောင့်အထွက်နှုန်းကတော့ဆက်လက်နိမ့်ကျနေဆဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် အတွင်း ပြည်တွင်း ထုတ်လုပ်မှု ၃၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး၊ ၂၀၁၀-၁၁ မှာ တန်ချိန် ၈၂ ဒသမ ၂ သိန်းအထိ စံချိန် တင်ထွက်ရှိခဲ့ပါတယ်။ဒါပေမယ့်စားသုံးမှုက ရောင်းလိုအားထက် ဆက်လက်ပိုနေဆဲဖြစ်လို့ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ပျမ်းမျှ တစ်နှစ် ကို ကုလားပဲ တန်ချိန် ၁ ဒသမ ၈ သိန်းခန့် တင်သွင်းနေရပါတယ်။ ကာဘူလီကုလားပဲမှအပ ကျန်ပဲမျိုးစုံတင်ပို့မှုကိုလည်း ပိတ် ပင်ခဲ့ပါတယ်။ ကုလားပဲဈေးနှုန်းက ရိတ်သိမ်းမှုစတင်တဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွေမှာ ဈေးနှုန်းစတင်ကျဆင်းခဲ့ပြီး၊ အများဆုံးထွက်ရှိတဲ့ ဧပြီ၊မေလတွေမှာတော့အနိမ့်ဆုံးကိုကျဆင်းတတ်လေ့ရှိပါတယ်။ဒါပေမယ့် ယခုရာသီမှာတော့ ပုံမှန်အတိုင်းဖြစ်မလာဘဲ မေလ အတွင်း မှာတစ်တန်ရူပီး၄၃၅၂၀(ကန်ဒေါ်လာ ၇၈၄)အထိသမိုင်းတွင်အောင်မြင့်တက်ခဲ့ပါတယ်။၂၀၁၁-၁၂ မှာ ကုလားပဲထွက်ရှိမှုက ယခင် နှစ်ထက် ၁၀ ရာခိုင်နှုန်း ကျဆင်းပြီး၊တန်ချိန် ၇၄ သိန်းသာရှိခဲ့လို့ဧပြီလကစပြီး၊ ကုလားပဲဈေး ၁၈ ရာခိုင်နှုန်းဝန်း ကျင် မြင့်တက်ခဲ့ပါ တယ်။ စိုက်ဧကမှာလည်း ၂ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းပြီး၊ ဟက်တာ ၈၉ ဒသမ ၆၂ သိန်းသာရှိတဲ့အပြင် ရာသီဥတု မကောင်း တဲ့အတွက် အထွက်နှုန်းပါ လျော့ကျခဲ့လို့ ပဲအထွက်ကျဆင်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယ ရူပီး တန်ဖိုးကျဆင်းတာ ကလည်း တင်သွင်းပဲတွေ ဈေးနှုန်းကြီးမြင့်စေတာကြောင့်၊ ကုလားပဲဈေးက အမြင့်ကို ဆက်လက်ရောက်ဖို့ ဖြစ်စေခဲ့ပါတယ်။ ပဲအထွက် လျော့ကျမယ့် ခန့်မှန်းချက်တွေ ထွက်လာခြင်း၊ ယခင်နှစ်က ပဲလက်ကျန် နည်းခြင်းတို့ကြောင့် ရောင်းချမှုက စားသုံးမှုဝယ်လိုအားထက် နည်းနိုင်တဲ့အတွက် ကာလလတ်မှာ ဈေးနှုန်းမြင့်တက်ဖို့ တွန်းပို့နေပါတယ်။ ဒါပေမယ့် ကုလားပဲဟာ နိုင်ငံရဲ့ အရေးပါတဲ့ ကုန်စည်ဖြစ် လို့ ဈေးနှုန်းလျော့ကျအောင် အစိုးရက ကြားဖြတ်ဆောင်ရွက်မှုတွေလုပ်ဆောင်နိုင်လို့ ဈေးနှုန်းမြင့်တက်မှု ကန့်သတ်နိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။ ကုလားပဲ နှစ်စဉ်ထုတ်လုပ်မှုနဲ့ MSP ဈေးနှုန်းအပြောင်းအလဲများ ကုလားပဲ(MSP) ဧရိယာ ထုတ်လုပ်မှု ပြောင်းလဲမှုရာခိုင်နှုန်း ဒေါ်လာ/တန် (ဟတ်ကာသိန်း) တန်သိန်း MSP ဧရိယာ ထုတ်လုပ်မှု၂၀၀၆-၀၇ ၂၆၀ ၈၂ .၄၆ ၆၃ .၃ ၀ .၇၀ ၁၀ .၀၀ ၁၃ .၀၀၂၀၀၇-၀၈ ၂၈၈ ၇၉ .၀၈ ၅၇ .၅ ၁၀ .၇၀ ၄ .၁၀ ၉ .၂၀၂၀၀၈-၀၉ ၃၁၁ ၈၄ .၄၈ ၇၀ .၆ ၈ .၁၀ ၆ .၈၃ ၂၂ .၈၀၂၀၀၉-၁၀ ၃၁၇ ၈၄ .၃၈ ၇၃ .၅ ၁ .၇၀ ၀ .၁၂ ၄ .၁၀၂၀၁၀-၁၁ ၃၇၈ ၉၁ .၈၆ ၈၂ .၂ ၁၉ .၃၀ ၁၀ .၉၃ ၃ .၁၀၂၀၁၁-၁၂ ၅၀၄ ၈၉ .၆၂ ၇၄ .ဝ ၃၃ .၃၃ ၂ .၄၄ ၉ .၉၈MIRT(MAPT)
Background