Main menu

Background

ဆင်းရဲတွင်းမှ လွတ်မြောက်ရေးသည် မျှော်လင့်ချက်

Wed, 06/20/2012 - 07:21 -- Anonymous (not verified)

      အကောင်းဘက်သို့ မျှော်လင့်စရာ ကင်းမဲ့ ခြင်းသည် ဆင်းရဲတွင်းထောင်ချောက်ထဲမှ မလွတ် မြောက်နိုင်သည့် ကြီးမားသော အကြောင်းတစ်ရပ် ဖြစ်သည်။ မျှော်လင့်ချက်ရှိလာစေရန် ဆောင်ရွက် ပေးခြင်းသည် အလွန်အမင်းဆင်းရဲနေသူများအား သိသိသာသာ ပြောင်းလဲသွားစေသည်။  နိုင်ငံရေး ခေါင်းဆောင်များ၊ လှုပ်ရှားတက်ကြွသူများက အိပ်မက်မက်ချင်စရာေ တွ ပြောဆို စည်းရုံးသည်နှင့် တူသည်။ မက်ဆာချူးဆက်နည်းပညာ တက္ကသိုလ် မှ ဆင်းရဲနွမ်းပါးမှုကို  ကိန်းဂဏန်းများဖြင့် လေ့ လာဆန်းစစ်ခဲ့ခြင်းကြောင့် နာမည်ကျော်ခဲ့သည့် စီးပွားရေးပညာရှင် အက်စ်သာဒပ်ဖလိုက "ဆင်းရဲ နွမ်းပါးမှုတိုက်ဖျက်ရေး အစီအစဉ်အချို့၏ အကျိုး သက်ရောက်မှုသည်  ဆင်းရဲနွမ်းပါးသူများတွင်ရှိ ထားသည့် အရင်းအမြစ်များ၏ တိုက်ရိုက်အကျိုး သက်ရောက်မှုထက်ပင် ကျော်လွန်၍ ခရီးရောက် သည်''ဟု ဆိုပါသည်။ ထိုကဲ့သို့သော အစီအစဉ် များကဆင်းရဲနွမ်းပါးသူများကို အသက်ရှင် ရပ် တည် နိုင်ရုံအတွက်သာ မဟုတ်တော့ဘဲ မျှော်လင့် ချက်များဖြစ်လာစေရန်  လုပ်ပေးနိုင်သည်ဟု ဆို သည်။မစ္စဒပ်ဖလိုနှင့်အဖွဲ့သည်    အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်တွင် ဆောင်ရွက်နေ သည့်အစီအစဉ်တစ်ခု ကို လေ့လာအကဲဖြတ် ခဲ့ကြ သည်။ ချေးငွေပြန်မဆပ်နိုင်ဘဲ အကျပ်ဆိုက်နေကြ သည့် ဆင်းရဲသားများကို အသေးစားဘဏ္ဍာငွေ ထောက်ပံ့ရေး (Microfinance)အဖွဲ့ တစ်ခုဖြစ် သည့် Bandhan  က နွားမတစ်ကောင်၊ ဆိတ် လေးငါးကောင် သို့မဟုတ် ကြက်တစ်အုပ်စသည့် ကုန်ထုတ်လုပ်မှုဖြစ်စေမည့်ရပိုင်ခွင့် (Productive asset)  အနည်းငယ်စီကို ဆင်းရဲသားတစ်ဦးချင်း သို့ ဝေငှပေးသည်။  ရပိုင်ခွင့်များကို ချက်ချင်း ရောင်းထုတ် သို့မဟုတ်သတ်ဖြတ်စားသောက်ခြင်း မပြုမိစေရန်အတွက်လည်း ထောက်ပံ့ကြေးအနည်း ငယ် ထုတ်ပေးသေးသည်။ ထို့ပြင်တိရစ္ဆာန်မွေးမြူ စောင့်ရှောက်နည်းနှင့် အိမ်မှုကိစ္စများ စီမံခန့်ခွဲနည်း တို့ကိုလည်း ထိုအဖွဲ့က အပတ်စဉ်လေ့ကျင့်သင် ကြားပေးသည်။ ထိုသို့ဆောင်ရွက်ပေးခြင်းကြောင့် အိမ်မွေးတိရစ္ဆာန်မှ  ထွက်ကုန်များကို ရောင်းချ နိုင်သဖြင့် ဝင်ငွေအနည်းအကျဉ်း ရရှိလာမည်ဖြစ် ပြီး၊ သူတို့၏ငွေကြေးကိုလည်း စီမံခန့်ခွဲတတ်လာ လိမ့်မည်ဟု Bandhan  အဖွဲ့က မျှော်လင့်ထား သည်။     သို့သော်လည်း ပေါ်ထွက်လာသည့် ရလဒ် များမှာ မျှော်လင့်ထားသည်ထက် အံ့သြဖွယ်သာ လွန်ကောင်းမွန်ေ နကြောင်း တွေ့ရသည်။ ငွေကြေး နှင့် ရုပ်ဝတ္ထုပစ္စည်း ထောက်ပံ့မှုများ ရပ်ဆိုင်း လိုက်ပြီးနောက်မှာပင် Bandhan  အဖွဲ့၏အစီ အစဉ်အတိုင်း ဆောင်ရွက်ခဲ့သူများသည် ယခင် ကထက် အစားအသောက် ၁၅ ရာခိုင်နှုန်းပိုပြီး စားသောက်နိုင်ကြပြီး၊ လစဉ်ဝင်ငွေ ၂၀ ရာခိုင်နှုန်း ပိုရလာကြသည်။ သူတို့ကဲ့သို့ အခြားဆင်းရဲသား အုပ်စုများနှင့် နှိုင်းယှဉ်လျှင် နပ်ကျော်စားသောက် ရမှု လျော့ပါးသွားသည်။ ထို့ပြင် ငွေကြေးအတော် အသင့်ကိုပင် စုဆောင်းနိုင်သေးကြောင်း  တွေ့ရ သည်။ အကျိုးသက်ရောက်မှုများမှာ အလွန်ကြီး မားပြီး ကာလကြာရှည်တည်တံ့သည်။ ထိုအကျိုး သက်ရောက်မှုမျိုးကို  ထောက်ပံ့ပေးကမ်းမှုများ (Grants)ကြောင့် ဖြစ်ပေါ်လာသည့် တိုက်ရိုက် သက်ရောက်မှုများက မပေးစွမ်းနိုင်ချေ။ ထိုသို့ ရလဒ်ကောင်းများ ပေါ်ထွက်လာရ ခြင်းကို ဆန်းစစ်ကြည့်ရာ Bandhan အဖွဲ့၏ ထောက်ပံ့လေ့ကျင့်မှု ရရှိခဲ့ကြသူများသည် ယခင် ကထက် အလုပ်ချိန် ၂၈ ရာခိုင်နှုန်း ပိုပြီးလုပ် ကြသည်။ ထိုသို့ အချိန်ပိုလုပ်ကြသည့် အလုပ် အများစုမှာ သူတို့ကိုပေးထားသည့် နွား၊ ဆိတ် စသည့် ရပိုင်ခွင့်များနှင့် တိုက်ရိုက်ဆက်နွှယ်မှု မရှိ သော အလုပ်များဖြစ်သည်။ အကျိုးခံစားခွင့်ရရှိ ကြသူများ၏ စိတ်ကျန်းမာရေး သိသိသာသာ တိုး တက်လာကြောင်းနှင့်  စိတ်ဖိစီးခံရမှုနှုန်းလည်း များစွာလျော့နည်းသွားကြောင်း လေ့လာတွေ့ရှိခဲ့ သည်။ အလွန်အမင်း ဆင်းရဲကြသည့် ထိုသူတို့ကို ခေါင်းကုပ်နေရရုံသာ မနေကြရစေဘဲ  ပိုပြီးစဉ်း စားလာနိုင်အောင် စိတ်နေရာလွတ် (Mental space) ဖန်တီးပေးနိုင်ခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်ကြသည်။ ထို့ပြင်  လက်ရှိလှုပ်ရှားလုပ် ဆောင်မှုများထဲမှာပင် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကဲ့သို့ အလုပ်များကို ရှာကြံလုပ်ကိုင်လာ ကြသည့်ပြင် အလုပ်အကိုင်အမျိုးအစားသစ်များ ကို လုပ်ကိုင်နိုင်ရန်လည်း  ရှာဖွေစူးစမ်းလာ ကြောင်း တွေ့ရသည်။မျှော်လင့်ချက်မရှိခြင်းက ဆင်းရဲနွမ်းပါးသူ များကို ထောင်ချောက်ထဲမှ ရုန်းမထွက်နိုင်အောင် ဆွဲနှစ်ထားသည်။ Bandhan  အဖွဲ့က ထိုလူဆင်း ရဲများ၏ ခန္ဓာကိုယ်ထဲသို့ အကောင်းဘက်လှည့် တွက်နိုင်မည့် မျှော်လင့်ချက်အားဆေးကို ထိုးသွင်း ပေးခြင်းဖြစ်သည်ဟု မစ္စဒပ်ဖလိုက မှတ်ချက်ချ သည်။ မျှော်လင့်ချက်ကင်းမဲ့နေခြင်းသည် နည်း လမ်းအမျိုးမျိုးဖြင့် ကိုယ့်ဘာသာ ဖော်ပြနေတတ် သည်။ အကြောင်းယုတ္တိမရှိဘဲ ရှေးရိုးစွဲဆန်ခြင်း သည် မျှော်လင့်ချက်ကင်းမဲ့ခြင်းတစ်မျိုးဖြစ်သည်။ အကျိုးများနိုင်မည့် အလားအလာရှိပြီး မိမိနှင့် လည်း လက်လှမ်းမီနိုင်သည့်ကိစ္စဖြစ်ပါလျက် မလုပ် ရဲ မကိုင်ရဲ ဖြစ်နေတတ်ကြသည်။ လက်ရှိခံစား နေရသည့်  အကျိုးခံစားခွင့် အနည်းအကျဉ်းကို လက်လွတ်လိုက်ရမှာ  စိုးရိမ်ခြင်းကြောင့် တွန့် ဆုတ်နေကြခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဆင်းရဲသားများသည် ဘတ်စ်ကားစီးသွားလျှင်ရောက်နိုင်သည့် မြို့ကြီးသို့ ရွှေ့မသွားဘဲ မိုးခေါင်ရေရှား သည့်ဒဏ်ကို ခံရလေ့ ရှိသည့် မိမိတို့ကျေးရွာမှာပင် တွယ်ကပ်နေချင် ကြသည်။ စိုက်ပျိုးရာသီ မရောက်မီ လုပ်စရာ အလုပ်အကိုင် မရှိချိန်၌ အမျိုးသားများအား မြို့ တက်အလုပ်လုပ်နိုင်ရန် ဘတ်စ်ကားခ ထောက်ပံ့ ပေးသော်လည်း  မြို့တက်  အလုပ်လုပ်သူ ၂၂ ရာခိုင်နှုန်းသာ တိုးတက်လာသည်။ မြို့တက်အလုပ် လုပ်သူများက ကျေးလက်မှမိသားစုထံ ငွေပြန်ပို့ နိုင်ကြသဖြင့် ထိုသူတို့၏မိသားစု တွင် ဝယ်ယူစား သုံးနိုင်မှု မြင့်တက်လာသည်။ ဘတ်စ်ကားခ  ၈ ဒေါ်လာ အကုန်အကျခံခြင်းကြောင့် မိသားစုဝင် တစ်ဦးချင်း၏ စားသုံးမှုတွင် ဒေါ်လာ ၁၀၀ ပိုများ လာခြင်းဖြစ်သည်။ သို့သော်လည်း နောက်တစ်နှစ် အလုပ်ပါးချိန် ရောက်လာသည့်အခါ ဘတ်စ်ကား ခ ထောက်ပံ့မပေးသော်လည်း ယမန်နှစ်က မြို့ တက် အလုပ်လုပ်ခဲ့သူဦးရေ၏ ထက်ဝက်က မျှော် လင့်ချက်ထားကာ မိမိတို့ဘာသာ မြို့တက်အလုပ် လုပ်ကြသေးသည်ဟု ဆိုပါသည်။Ref; The Economist.