Main menu

Background

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု နှင့် လျှပ်စစ်စွမ်းအင်

Wed, 06/20/2012 - 07:24 -- Anonymous (not verified)

       ခေတ်မီစက်မှုနိုင်ငံ ထူထောင်ရန်နှင့် လူမှုစီးပွားရေးဆိုင်ရာ အခြေခံအဆောက်အဦများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများဖွံဖြိုးတိုးတက်ရန် အတွက် လျှပ်စစ်ဓာတ်အားသည် မရှိမဖြစ် လိုအပ်သည်။ ပြည်သူတို့၏ နေ့စဉ် လူနေမှုဘ၀ ပြောင်းလဲလာ သော အခြေအနေများအရ လျှပ်စစ်စွမ်းအား လိုအပ်ချက်သည်လည်း နေ့စဉ်နှင့် အမျှ တိုးတက်လျက်ရှိပါသည်။ ထို့အပြင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ကုလ သမဂ္ဂ၏ထောင်စုနှစ်ရည်မှန်းချက်များတွင်လည်း လူနေမှုအဆင့်အတန်း မြင့်မား ရေးအတွက် လျှပ်စစ်စွမ်းအား အသုံးပြုမှုနှင့်ပတ်သက်၍ ရည်မှန်းချက်များကို ညွှန်းကိန်းများဖြင့် သတ်မှတ်ထားပါသည်။           ၂၀၄၀ ခုနှစ်တွင် ကမ္ဘာပေါ် လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် ၈၀ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဖြစ်ရာ စက်မှုလုပ်ငန်းများအတွက် ၄၅ ရာခိုင်နှုန်း၊ အိမ်သုံး အတွက် ၃၀ ရာခိုင်နှုန်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် ၂၀ ရာခိုင်နှုန်း တိုးတက် လိုအပ်လာမည် ဖြစ်ပါသည်။ ၁၉၉၀ ခုနှစ်မှ ၂၀၄၀ ခုနှစ်အထိ သုံးစွဲမှုကဏ္ဍအလိုက် ကမ္ဘာ့လျှပ်စစ်ဓာတ်အား လိုအပ်ချက်များနှင့် အသုံးပြုသည့် စွမ်းအင်လောင်စာ အမျိုးအစားအလိုက် လိုအပ်ချက်များကို အောက်ပါအတိုင်း တွေ့ရှိရပါသည်-   ၂၀၁၀ ခုနှစ်မှ ၂၀၄၀ ခုနှစ်အတွင်း သဘာဝဓာတ်ငွေ့လိုအပ်ချက် ၁.၆ ရာခိုင်နှုန်း တိုးတက်လိုအပ်လာမှာဖြစ်ပြီး အခြားစွမ်းအင်လိုအပ်ချက်များလည်း တိုးတက်လာမှာ ဖြစ်ကြောင်း အောက်ပါအတိုင်း တွေ့ရှိရပါသည်-   ၂၀၄၀ ခုနှစ်တွင် တိုးတက်လာမည့် အိမ်ထောင်စုများအတွက် ကမ္ဘာ့ဒေသ အလိုက် လျှပ်စစ်စွမ်းအားလိုအပ်ချက် များကို အောက်ပါအတိုင်းတွေ့ရှိရပါသည်-ကုန်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍအလိုက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို အောက်ပါအတိုင်း တွေ့ရှိရပါသည်-        ယနေ့ကမ္ဘာ့နိုင်ငံများနှင့် အာဆီယံနိုင်ငံများ၏ လျှပ်စစ်ဓာတ်အား ထုတ် လုပ်မှုနှင့် သုံးစွဲမှုတို့ကို အောက်ပါ အတိုင်း တွေ့မြင်နိုင်ပါသည် -                                 ကမ္ဘာ့ဒေသများ၏ လျှပ်စစ်စွမ်းအားထုတ်လုပ်မှုနှင့်သုံးစွဲမှု  ဇာစ်မြစ်။   Statistical Yearbook for Asia and the Pacific 2011    အာဆီယံ + ၄ နိုင်ငံတို့၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ သုံးစွဲမှုနှင့် တိုးတက် မှုနှုန်းတို့အား  အောက်ပါအတိုင်း တွေ့ရှိနိုင်သည် -အာဆီယံနိုင်ငံများနှင့် အာဆီယံ + ၄ နိုင်ငံများ၏  လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ သုံးစွဲမှုနှင့် တိုးတက်မှုနှုန်း  ဇာစ်မြစ်။    Statistical year book for Asia and the Pacific 2011      အိမ်ထောင်စုများတွင် စားသုံးမှုအသုံးစရိတ် တိုးမြှင့်သုံးစွဲနိုင် ရေးနှင့် ဝင်ငွေ တိုးတက်မြင့်မားရေးအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရန် လိုအပ်ပြီး၊ အလုပ်လက်မဲ့နှုန်း ကျဆင်း ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်မှာလည်း နိုင်ငံ အတွင်း စက်မှု ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့် ပေါ်ပေါက်ရန် လိုအပ်ပါသည်။ ကုန်စည်ထုတ်လုပ်မှုနှင့် ဝန် ဆောင်မှု လုပ်ငန်းများ ထွန်းကားလာသည်နှင့်အမျှ၊ လူနေမှု အဆင့် အတန်း မြင့်မားလာသည်နှင့်အမျှ တိုးမြှင့် သုံးစွဲလာမည့် လျှပ်စစ် ဓာတ်အား ပမာဏသည်လည်း တစ်နှစ်နှင့်တစ်နှစ် တိုးမြင့်လိုအပ် လာမည် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများ၏ ဝင်ငွေရရှိမှုအလိုက် လျှပ်စစ်စွမ်းအား ထုတ်လုပ်မှုနှင့် သုံးစွဲမှု  နိုင်ငံများ (High income countries)    ဇာစ်မြစ်။  Statistical Yearbook for Asia and  the Pacific 2011    ထိုကဲ့သို့ တိုးမြင့် လိုအပ်လာမည့် လျှပ်စစ်ဓာတ်အား လိုအပ် ချက်ကို မြို့ကြီးများသာမက ကျေးလက်ဒေသများအထိ စဉ်ဆက် မပြတ် အပြည့်အ၀ ဖြန့်ဖြူးပေးနိုင်မည့် ယန္တယားတစ်ရပ် ပုံဖော်ရာ တွင် နိုင်ငံတော် အခန်းကဏ္ဍတစ်ခုတည်းမှ ဆောင်ရွက်၍ မရနိုင် သကဲ့သို့ ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန်လည်း လိုအပ်ပါသည်။ လက်ရှိကမ္ဘာ့နိုင်ငံများတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း တွင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေမှုကို အောက်ပါအတိုင်းတွေ့မြင်နိုင်ပါသည်။   လိုအပ်ချက်များ ဖြည့်ဆည်းပေးရာတွင် ယနေ့ကမ္ဘာ့နိုင်ငံ အသီး သီးကို လေ့လာကြည့်လျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်နှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက်  လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်သရွေ့ ထုတ်လုပ်ကြသည့်အပြင် လိုအပ်သည့် ဓာတ်အားပမာဏကို အခြား နိုင်ငံများမှလည်း ဝယ်ယူအသုံးပြုနေသည်ကို တွေ့ရှိရပါသည်။ အိမ်နီး ချင်းဖြစ်သည့် ထိုင်းနိုင်ငံကို လေ့လာကြည့်ပါက လျှပ်စစ်ဓာတ်အား ဖူလုံမှုရှိစေရန် အိမ်နီးချင်းနိုင်ငံများမှ ပြန်လည်ဝယ်ယူ သုံးစွဲလျက်ရှိရာ လာအိုနိုင်ငံမှစက်တပ်ဆင်အင်အား ၃၅၇၆ မဂ္ဂါဝပ်အား လည်း ကောင်း၊တရုတ်နိုင်ငံမှ ၃၀၀၀မဂ္ဂါဝပ်အားလည်းကောင်း ၂၀၁၇ ခုနှစ် တွင် ဝယ်ယူရန် ရည်မှန်းထားပါသည်။ ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အားကဏ္ဍ    ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလုပ်ငန်း ဆောင်ရွက်မှုပုံစံကို လေ့လာကြည့်ပါကဓာတ်အား ထုတ်လုပ်ခြင်း၊ ဓာတ်အားပို့လွှတ်ခြင်း နှင့် ဓာတ်အားဖြန့်ဖြူးခြင်းဟူ၍ လုပ်ငန်းများ ခွဲခြား ဆောင်ရွက် သည်ကို တွေ့ရှိရပြီး၊ ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်လိုသူများအား အစိုးရမှ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခဲ့ပါသည်။Electricity Generating Authority of Thailand (EGAT) မှ ဓာတ်အား ဝယ် ယူခြင်း၊ဓာတ်အားစနစ်အားကိုင်တွယ်ထိန်းချုပ်ခြင်း၊ဓာတ်အား ပို့လွှတ် ခြင်းတို့နှင့် ဓာတ်အားအစုလိုက်ရောင်းချခြင်းတို့ကို တာဝန်ယူ ဆောင် ရွက်ပါသည်။ Indepent Power producers (IPP) နှင့် small power producers(SPP)  တို့သည် ဓာတ်အား ထုတ်လုပ်ပြီး၊ EGAT သို့ ရောင်းချနိုင်သကဲ့သို့ dkY Metropolitian Electricity Authority (MEA) နှင့် Provincial Electricity Authority (PEA) တို့သို့လည်း EGAT မှ တစ်ဆင့်ရောင်းချနိုင်ပါသည်။ small power producers (SPP) များသည် ပြန်လည် ပြည့်ဖြိုးမြဲစွမ်း အင်ကို အများဆုံးအသုံးပြုကြပြီး၊ အမြင့်ဆုံး တပ်ဆင်အင်အားမှာ  ၉၀ မဂ္ဂါဝပ် ခွင့်ပြုထားပါသည်။ End-User  ရောင်းချမှုအနေဖြင့် မိမိနယ်မြေဝန်းကျင်ရှိ သုံးစွဲသူများကို တိုက်ရိုက် ရောင်းချခွင့် ရှိပါ သည်။  (SPP) များသည် (IPP) များနှင့် ပူးပေါင်း ထုတ်လုပ်သည့် ပုံစံများလည်း ရှိပါသည်။    ထိုင်းနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းကို အစိုးရက အောက်ပါအတိုင်း ဖွဲ့စည်းကြီးကြပ် ဆောင်ရွက်ကြောင်း တွေ့ရှိရပါသည်-    ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအား အောက်ပါ အတိုင်း တွေ့ရှိနိုင်သည်-    ထိုင်းနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်ပမှ လျှပ်စစ်ဓာတ်အား တင်သွင်းမှုသည် ၂၀၀၇ ခုနှစ်တွင် ၃ ရာခိုင်နှုန်းရှိရာမှ ၂၀၂၁ ခုနှစ်တွင် ၁၇ ရာခိုင်နှုန်း အထိ တိုး တက်လာမည်ဟု ခန့်မှန်းထားသည်။ ထိုင်းနိုင်ငံ၏ ကဏ္ဍအလိုက် လျှပ်စစ်ထုတ်လုပ်နိုင်မှုအခြေ အနေ ကို အောက်ပါအတိုင်း တွေ့ရှိရသည်။ ယင်းအနက် ကျောက်မီးသွေး ဖြင့် ၂၁ ရာခိုင်နှုန်းပါဝင်ပြီး  သဘာဝဓာတ်ငွေ့ဖြင့် ၇၀.၆ ရာခိုင်နှုန်း အထိ ပါဝင်ကြောင်း အောက်ပါအတိုင်း တွေ့ရှိနိုင်သည်-  ရေနံထွက်ရှိမှုအနေဖြင့် ထိုင်းနိုင်ငံသည် တစ်နေ့လျှင် ရေနံ စည်ထောင်ပေါင်း ၁၄၂ (အမေရိကန်စည်) ထွက်ရှိပြီး၊ သဘာ၀ ဓာတ်ငွေ့မှာ တစ်နေ့လျှင် ကုဗပေသန်းထောင်ပေါင်း ၁၂၈၀ ခန့် ထွက်ရှိသဖြင့် ၎င်းနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို မိမိနိုင်ငံ၏ ထုတ်လုပ်မှုမှ အတော်အသင့် ရရှိနိုင်မည် ဖြစ်သော်လည်း ၎င်း နိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြား အိမ်နိုင်ငံ များမှ သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားကို ပြန်လည် ဝယ်ယူ သုံးစွဲလျက်ရှိပါသည်။    ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အခြားလျှပ်စစ်ဓာတ်အားရရှိနိုင် မည့် နည်းလမ်းကိုလည်း အောက်ပါအတိုင်း သုံးစွဲရန် ရည်မှန်းထား ကြောင်း တွေ့ရှိရသည်-  ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်နှင့် ကီလိုဝပ်နာရီ အပေါ်ဈေးနှုန်းတွက်ချက်မှုကို အောက်ပါအတိုင်း တွေ့ရှိနိုင်သည်-     ပုဂ္ဂလိကကဏ္ဍအား ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုသည့် အခါတွင် နိုင်ငံတော်အစိုးရမှ သတ်မှတ်သည့် ဈေးနှုန်းနှင့် ပုဂ္ဂလိကဈေးနှုန်း ကွာဟချက်များနေပါက သုံးစွဲသူများအကြား မညီမျှမှုများ ဖြစ်ပေါ် လာနိုင်သဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် ထုတ်လုပ်သည့် နည်းစနစ် အမျိုးအစားအလိုက် ဈေးနှုန်းကို ရင်းနှီးမြှုပ်နှံသူနှင့် ဝယ်ယူ သုံးစွဲသူ  နှစ်ဦးနှစ်ဘက် အဆင်ပြေ မည့် ဈေးနှုန်းများ ဖြစ်စေရန်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ၎င်းတို့၏ ဒေသ အခြေအနေ အရ သင့်တော်သည့် ဈေးနှုန်းများ သတ်မှတ်နိုင်ရန် ဈေးနှုန်းမူဝါဒ များ ချမှတ်ပေး ရန်လည်း လိုအပ်ပါသည်။     ထို့အပြင် ပုဂ္ဂလိကလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူး ခြင်းနှင့် သဘာဝဓာတ်ငွေ့ ပို့ဆောင်ဖြန့်ဖြူးခြင်း လုပ်ငန်းများကို အောက်ပါအတိုင်းခွင့်ပြုလိုင်စင်များဖြင့်ထုတ်ပေးကြောင်းတွေ့ရှိရသည်။   ဗီယက်နမ်နိုင်ငံ၏ လျှပ်စစ်စွမ်းအားကဏ္ဍ    ဗီယက်နမ်နိုင်ငံတွင် စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်လာ မှုနှင့်အတူ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် သိသိသာသာ မြင့် မားလာခဲ့ပါသည်။ ၂၀၀၁ခုနှစ်မှ ၂၀၁၀ခုနှစ်အတွင်း နှစ်စဉ်ပျမ်းမျှ တိုးတက်သုံးစွဲလိုမှုနှုန်း ၁၄.၅% ရှိခဲ့ပြီး၊ ၈၆.၅  tetrawatt-hours (TWh)  ထိ ရောက်ရှိခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလုပ်ငန်းတွင် ပုဂ္ဂလိက ကဏ္ဍမှ ပါဝင် ဆောင်ရွက်နေမှုများကို အောက်ပါအတိုင်း တွေ့ရှိရပါ သည်။  ဗီယက်နမ်နိုင်ငံ၏ လျှပ်စစ်ဓါတ်အားလုပ်ငန်းတွင် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းဆောင်ရွက်မှုပုံစံ Governmnet institutions in the Power sector in Vietnam   ဗီယက်နမ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလုပ်ငန်းတွင် ပုဂ္ဂလိက လုပ်ငန်းဆောင်ရွက်မှုပုံစံ  မလေးရှားနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ     မလေးရှားနိုင်ငံ၏ ဓာတ်အား ထုတ်လုပ်ခြင်း၊ ဓာတ်အားပို့လွှတ် ခြင်းနှင့် ဓာတ်အားဖြန့်ဖြူးခြင်း လုပ်ငန်းများဆောင်ရွက်မှုပုံစံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -  မလေးရှားနိုင်ငံ၏ ဓာတ်အား ထုတ်လုပ်ရာတွင် စွမ်းအင် လောင်စာအသုံးပြုမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ    အင်ဒိုနီးရှားနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်း ကို အစိုးရက အောက်ပါအတိုင်း ဖွဲ့စည်းကြီးကြပ်ဆောင်ရွက်ကြောင်း တွေ့ရှိရပါသည်-    အင်ဒိုနီးရှားနိုင်ငံ၏ ၂၀၁၀ ခုနှစ်စာရင်းအရ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ကျောက်မီးသွေးဖြင့်  ၄၄.၉ ရာခိုင်နှုန်း၊ လောင်စာ ဆီဖြင့် ၂၅.၉ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ဖြင့် ၂၄ ရာခိုင်နှုန်း ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကြောင်း အောက်ပါအတိုင်း တွေ့ရှိရသည်-  National Grip ပေါ်မှ ဖြန့်ဖြူးမှု ၂၉ GW၊ National Grip ပြင်ပမှ ၆.၄ GW ဖြန့်ဖြူးပေးကြောင်း အောက်ပါအတိုင်း တွေ့ရှိရပါသည်-   အင်ဒိုနီးရှားနိုင်ငံ၏ Off-Grid  မှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-   မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ    မြန်မာနိုင်ငံတွင် ယခင်အစိုးရလက်ထက်က နိုင်ငံတော်ဘဏ္ဍာ ငွေ ကျပ်သန်း ၂ သန်းကျော်နှင့် နိုင်ငံခြားချေးငွေ အမေရိကန် ဒေါ် လာ ၆ ဘီလီယံကျော်သုံးစွဲပြီး လျှပ်စစ်ဓာတ်အား ကဏ္ဍဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသည်။ ၁၉၈၈ ခုနှစ်တွင် လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု စုစုပေါင်း ကီလိုဝပ်နာရီ သန်းပေါင်း (၂.၂၂၆)ရှိခဲ့ရာမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုစုစုပေါင်း ကီလိုဝပ်နာရီ သန်းပေါင်း (၉.၇၁၁)အထိ တိုးတက် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် လျှပ်စစ် ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုကို ပိုမိုအာရုံစိုက်၍ ဆောင်ရွက်နိုင်စေရန် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနနှစ်ခု တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရ သည်။        လျှပ်စစ်ကဏ္ဍအနေဖြင့် ၂၀၀၆ ခုနှစ်တွင်   ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ(၁၀)ရုံ၊ ကျောက်မီးသွေးသုံးဓာတ်အားပေး စက်ရုံ (၁)ရုံ၊ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံ(၁၅)ရုံ   စုစု ပေါင်း(၂၆)ရုံမှစက်တပ်ဆင်အင်အား (၁၅၄၆)မဂ္ဂါဝပ်ဖြင့် ထုတ်လုပ် ခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနများမှ ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံ(၁၉)ရုံ၊ ကျောက်မီးသွေးသုံး ဓာတ် အားပေးစက်ရုံ(၁)ရုံ၊  သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ(၁၅)ရုံ   စုစုပေါင်း(၃၅)ရုံမှ  စက်တပ်ဆင်အင်အား (၃၄၉၄) မဂ္ဂါဝပ်  ထုတ်လုပ်နိုင်ခဲ့သည်။  ယင်းကာလအတွင်းတွင်  ရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံ (၉) ရုံ  ထပ်မံ တည်ဆောက် ပြီးစီးခဲ့ပြီး   တပ်ဆင်အင်အား (၁၉၄၈) မဂ္ဂါဝပ်တိုးတက်ရရှိခဲ့ပါသည်။ သို့သော်   တိုးတက်လာသောလူဦးရေနှင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဆက် လက်ရှိနေသည်။   လျှပ်စစ်ဓာတ်အား တိုးတက်ရရှိစေရန် ရေရှည်စီမံကိန်းအဖြစ် ၂၀၀၆ ခုနှစ်မှစ၍ နည်းလမ်း ၃ ခုဖြင့် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည်။ စီမံကိန်း အရေအတွက်နှင့် လျှပ်စစ်စက် တပ်ဆင်အား ပမာဏများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်- နည်းလမ်း                                         အရေအတွက်    စက်တပ်ဆင်အား                                                                    ခု           မဂ္ဂဝပ်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်                     ၁၂         ၂၅၁၂ .၀၀ဆောင်ရွက်ခြင်းတိုင်းရင်းသားလုပ်ငန်းရှင်က အကောင်အထည်ဖော်    ၈          ၅၇၈ .၀၀ဆောင်ရွက်ခြင်းနိုင်ငံခြားရင်းနှီးမြုပ်နှံမှုဖြင့် အကောင်အထည်ဖော်     ၄၄       ၄၂၁၄၅ .၅၀ဆောင်ရွက်ခြင်း    နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ဆဲဖြစ်သော စီမံကိန်း (၄၄)ခုတွင်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-(က)    MOUအဆင့်စီမံကိန်း            (၁၈) ခု(ခ)    MOA အဆင့်စီမံကိန်း             (၂၂) ခု(ဂ)    JVA အဆင့်စီမံကိန်း             ( ၄ ) ခု    စုစုပေါင်း                              (၄၄) ခု   မြန်မာနိုင်ငံတွင်  လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်အပေါ် တွင် အခြေခံ ထုတ်လုပ်လျက်ရှိပြီး ကျောက်မီးသွေးဖြင့် ၃.၅ ရာခိုင် နှုန်း၊ သဘာဝဓာတ်ငွေ့ဖြင့် ၂၀.၄ ရာခိုင်နှုန်းနှင့် ရေအားဖြင့် ၇၆.၁ ရာခိုင်နှုန်း အသီးသီး လျှပ်စစ်ဓာတ်အား ထုတ်လုပ် လျက်ရှိပါသည်။သို့ရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်း လာချိန်၌ အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များ၊ အခြားရင်းနှီး မြှုပ် နှံမှုများ၊ ဟိုတယ်လုပ်ငန်းများ စတင် ဖွံ့ဖြိုးလာသည်နှင့် လျှပ်စစ် ဓာတ်အား သုံးစွဲမှုသည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်လာသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့် ဆည်းနိုင်ရန်အတွက် သမားရိုးကျ ရေအား လျှပ်စစ်တစ်ခုတည်းကို သာ အဓိကမှီခို၍ မရတော့ဘဲ အခြားနိုင်ငံနည်းတူ သဘာဝဓာတ်ငွေ့၊ လောင်စာ ဆီ၊ ကျောက်မီးသွေး၊ လေအား၊ နေအား၊ စွန့်ပစ်ပစ္စည်းနှင့် ဇီဝလောင်စာတို့ဖြင့် ထုတ်လုပ်နိုင်သော နည်းလမ်းမှန်သမျှ အသုံးပြု ထုတ်လုပ်ရမည် ဖြစ်ပေသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အစိုးရဘတ်ဂျက်နှင့် ချေးငွေ သက်သက်ဖြင့် နှစ်ရှည်လများ အချိန်ယူ၍ ဆောင်ရွက်ခြင်းထက် အခြားနိုင်ငံများကဲ့သို့ ပြည်တွင်းပြည်ပ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် ဆောင်ရွက်ရမည် ဖြစ်သည်။     ရင်းနှီးမြှုပ်နှံသူများအတွက် ထုတ်လုပ်စရိတ်နှင့် ဈေးနှုန်းများ သည် စီးပွားရေးတွက်ချေ ကိုက်/မကိုက် တွက်ချက်နိုင်ရန်အတွက် လိုအပ်သည့်အလျောက် အောက်ပါထုတ်လုပ်မှုစရိတ်နှင့် ဈေးနှုန်း များအား လေ့လာတွက်ချက် ဆောင်ရွက်ကြသည်-           ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် စိတ်ဝင်စားကြသည့် အလျောက်  ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်းသည့် အောက်ပါ အချက်များကို စုံစမ်းမေးမြန်းလာကြသည်ကို တွေ့ရသည်--    မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဝယ်လိုအားနှင့် ရောင်း လိုအား-    လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုစနစ်-    နိုင်ငံတော်အစိုးရဌာနက တာဝန်ယူမည့်အပိုင်းနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုပေးမည့် အပိုင်း၊ ကဏ္ဍ၊ ပမာဏ-    သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ စက်သုံးဆီ၊ ရေအား ရရှိ နိုင်မှုနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်-    ရင်းနှီးမြှုပ်နံှမှု ကုန်ကျစရိတ်နှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရောင်းချမည့် ဈေးနှုန်းမူဝါဒ-    လျှပ်စစ်ဓာတ်အားနှင့် စွမ်းအင်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ-    National Grid/ Off-Grid သုံးစွဲနိုင်မှုအခြေအနေနှင့်  Line Loss -    တိုင်းဒေသကြီး/ ပြည်နယ်များ၊ မြို့နယ်များအလိုက် အသေး စား၊ အလတ်စား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး   ရင်းနှီး မြှုပ်နှံခွင့် ပြုမည့်အခြေအနေ-    ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုအပေါ် စည်းကြပ်မည့် အခွန်အကောက်    အထက်ပါ အခြေအနေများအရ အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် သတ္တုတွင်း ဝန်ကြီးဌာန အစရှိသည့် သက်ဆိုင်ရာဌာနများ ပူပေါင်း၍ နိုင်ငံတော် ၏ စွမ်းအင်ကိစ္စအရပ်ရပ်အတွက် အမျိုးသားစွမ်းအင်မူဝါဒ (National Energy Policy)  ရေးဆွဲချမှတ်ပြီး ယင်းမူဝါဒနှင့်အညီ လျှပ်စစ်စွမ်းအား ထုတ်လုပ်ဖြန့်ဖြူးေ ရး ရေတို၊ ရေရှည်အစီအမံ များကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါကိစ္စအရပ်ရပ်ကို စီမံခန့်ခွဲနိုင်ရန်အတွက် လည်း ကော်မတီ တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရန် ရှိကြောင်း သက်ဆိုင်ရာမှ ကြားသိရ သည်။ ထို့ကြောင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ေ ရးနှင့် ပြည်သူတို့၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့််ဆည်းပေးမည့် အစီအမံများ အား နိုင်ငံ တော်၏ ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ရပ် အဖြစ် မြင်တွေ့ရတော့မည် ဖြစ်ပေသည်။