Main menu

Background

အပြည်ပြည်ဆိုင်ရာငွေကြေးစနစ်နဲ့ ယူရို၊ ဒေါ်လာနဲ့ ယွမ်တို့ အလားအလာ အခြေအနေ

Sun, 06/24/2012 - 04:12 -- Anonymous (not verified)

    အရှေ့အလယ်ပိုင်း၊ မြောက်ပိုင်းအာဖရိကနဲ့ ယူရေးရှား ဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ဇွန် ၅ ရက်က တူရကီနိုင်ငံ အစ္စတန်ဘူမြို့မှာ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ ယူရို၊ ဒေါ်လာနဲ့ ယွမ်ငွေကြေးတို့ရဲ့ အပြည်ပြည်ဆိုင်ရာ အခန်း ကဏ္ဍမှာမရေရာမှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတစ်စောင် ကို တင်သွင်းခဲ့ပါတယ်။ အစီရင်ခံစာမှာ ဒီငွေကြေး နယ်မြေ အသီးသီးမှာရှိကြတဲ့ မူဝါဒရေးဆွဲသူတွေရဲ့ အမျိုးမျိုးတုံ့ပြန် ဆောင်ရွက်မှုတွေကြောင့် ၂၀၃၀ ပြည့်နှစ် အပြည်ပြည်ဆိုင် ရာ ငွေကြေးစနစ်မှာ စိန်ခေါ်မှုရှိမဲ့ အလားအလာတွေ တွေ့ရ မယ်လို့ ဆိုပါတယ်။    ဒီလိုတစ်မျိုးစီ ဖွံ့ဖြိုး တိုးတက်မှုကို ခွဲခြမ်းစိတ်ဖြာ လေ့လာမှုက ပြည်သူ့ကဏ္ဍနဲ့ ပုဂ္ဂလိက ကဏ္ဍမှာရှိကြတဲ့ ဆုံးဖြတ်ချက်ချမှတ်သူတွေ ခိုင်မာတောင့်တင်းတဲ့ မဟာ ဗျူဟာ တွေချမှတ်နိုင်ရေးအတွက် အထူးအရေးကြီးပါ တယ်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးစနစ်မှာ မတည်ငြိမ်မှု ကြီးထွား နေမှုက စီးပွားရေးဖွံ့ဖြိုးမှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး လုပ်ငန်း ပတ်ဝန်းကျင်ကို ထူးထူးခြားခြားထိခိုက်စေနိုင်တယ်လို့ အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။    အနာဂတ်ကာလမှာရှိမဲ့ အပြည်ပြည်ဆိုင်ရာ အခန်း ကဏ္ဍမှာကမ္ဘာ့ရဲ့ အဓိက ငွေကြေးသုံးမျိုးဖြစ်တဲ့ ဒေါ်လာ၊ ယန်းနဲ့ ယွမ်တို့ရဲ့ မရေမရာ ဖြစ်လာမဲ့ အခြေအနေကို အစီရင်ခံစာမှာ ခန့်မှန်းဖော်ပြထားပါတယ်။ ပြီးတော့ ငွေကြေး နယ်မြေတစ်ခုချင်းစီမှာရှိတဲ့ မူဝါဒရွေးချယ်မှုအပေါ်အခြေခံပြီး ၂၀၃၀ ပြည့်နှစ်မှာ ဖြစ်လာမဲ့ ငွေကြေးများရဲ့ အလား အလာကို သုံးမျိုးခန့်မှန်းထားပါတယ်။    ငွေကြေးသုံးခုစလုံးက တစ်မျိုးတစ်ဘာသာစီ ထူးခြားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ယူရိုဇုန် က စီမံ အုပ်ချုပ်မှုဖွဲ့စည်းတည်ဆောက်ပုံ အားနည်းမှု၊ ခိုင်မာမှုမရှိတဲ့ နိုင်ငံတော်ကြွေးမြီဈေးကွက် ကြီးထွားဖွံ့ဖြိုးမှု အလားအလာ မရေရာမှုစတဲ့ အခြေအနေကဖိစီးတဲ့ဒဏ်ကို ခံနေရပါတယ်။ အမေရိကန်ပြည်ထောင်စုက ဘဏ္ဍာရေး အလားအလာ မှေးမှိန်မှု၊ ကုန်သွယ်မှုလိုငွေမြင့်မားမှုနဲ့ ကိုယ်ကျိုးစီးပွား ကာ ကွယ်မှု အတွက် အန္တရာယ်ရှိတဲ့ နိုင်ငံရေးစနစ်ကို ကျင့်သုံး ရမှာဖြစ်ပါတယ်။ယွမ်ငွေကြေးကို အပြည်ပြည်ဆိုင်ရာ အဆင့် အထိ ထူးခြားအောင် ဆောင်ရွက်ချင်တယ်ဆိုရင် တရုတ်ရဲ့ ဖွံ့ဖြိုးမှု ဆက်လက်တည်တံ့ရမယ်။ ဘဏ္ဍာရေးစနစ်ရဲ့ အား နည်းချက်တွေကို စနစ်တကျဖြေရှင်းရမယ်။ ငွေကြေးထိန်းချုပ် မှုစနစ်က ပေါ်ထွက်လာတဲ့ အကန့်အသတ်တွေကို ထိန်းချုပ် ရပါမယ်။                                                   Source.xinhua