Main menu

Background

တစ်ပတ်အတွက် အလုပ်ချိန်

Sun, 06/24/2012 - 04:50 -- Anonymous (not verified)

       တစ်ပတ်လျင် နာရီ ၄၀ ထက်ကျော်လွန်ပြီး အလုပ်လုပ်ခြင်းသည်  ထုတ်လုပ်မှုစွမ်းရည်ကို ထိခိုက်ကျဆင်းစေသည်ဟု ရာစုနှစ်တစ်စု ကြာမျှ စမ်းသပ်လေ့လာခဲ့ပြီးဖြစ်သည့် သုတေသနတွေ့ ရှိချက်ကို အငြင်းပွားဖွယ်ရာ မရှိချေ။ ၁၉၉၀ပြည့် လွန် အစောပိုင်းနှစ်များက ဖို့ဒ်မော်တော်ကား ကုမ္ပဏီက အလုပ်သမား၏  အကောင်းဆုံး ထုတ် လုပ်မှုစွမ်းရည်ကို စမ်းသပ်မှုပေါင်း တစ်ဒါဇင်မ က ပြုလုပ်ရှာဖွေခဲ့သည်။ တစ်ပတ်အတွက် အကောင်း ဆုံးအလုပ်ချိန်သည် နာရီ ၄၀ ဖြစ်ကြောင်း တွေ့ ရှိခဲ့ရသည်။ နောက်ထပ် နာရီ ၂၀ ထပ်လုပ်ခိုင်း လျှင် ကုန်ထုတ်လုပ်မှုစွမ်းရည် အနည်းငယ်တိုးလာ ကြောင်း တွေ့ရနိုင်သည်။ သို့သော်လည်း ထိုသို့တိုး လာခြင်းမှာ ရက်သတ္တပတ် ၃ ပတ်၊ ၄ ပတ်အထိ သာ ခံမည်ဖြစ်ပြီး နောက်ပိုင်းတွင် ထုတ်လုပ်မှု စွမ်းရည်ကျဆင်းသွားကြောင်း တွေ့ရသည်ဟု ဆို သည်။ လွန်ခဲ့သော နှစ် ၁၀ဝ ကျော်က စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများတွင် စမ်းသပ်တွေ့ရှိခဲ့ သည့်အတိုင်းပင် ယနေ့ခေတ်  ရုံးဝန်ထမ်းများ အတွက်လည်း ထိုတွေ့ရှိချက်မှာ မှန်ကန်နေဆဲဖြစ် သည်။ တစ်ပတ်လျှင် နာရီ ၄၀ အလုပ်လုပ်ခြင်း သည် တစ်ပတ်လျှင် နာရီ ၆၀ ကျော် အမြဲတမ်း အလုပ် လုပ်နေသူများထက်  အလုပ်ပို၍ ပြီးစီး ကြောင်း တွေ့ရသည်။  အလုပ်စွဲနေသူများ (Workaholics)  နှင့် လမ်းလွဲလိုက်နေကြသည့် စီမံခန့်ခွဲရေးတာဝန်ယူထားသူများက အလုပ်ကို စွဲစွဲမက်မက်မဖြစ်သည့်  အလုပ်သမားများထက် ပိုပြီး  အောင်မြင်ပြီးမြောက်ကြသည်ဟု အထင် ရောက်နေတတ်ကြသည်။ သို့သော်လည်း လေ့ လာမိသမျှ လုပ်ငန်းများတွင် အချိန်ကြာမြင့်စွာ ဆောင်ရွက်ထားသည့် အလုပ်များမှာ မပြီးမပြတ် ဆောင်ရွက်ထားမှုများနှင့် အစက ပြန်လုပ်ရမည့် အလုပ်များသာ ဖြစ်နေတတ်သည်။ ထို့ပြင် ရက်သတ္တအလုပ်ချိန်  ကြာကြာ ရှည်ရှည် စဉ်ဆက်မပြတ် လုပ်ကိုင်ခြင်းကြောင့် စွမ်းအင်ကုန်ခမ်းသွားတတ်ပြီး၊ ကိုယ်ရေးကိုယ်တာ ပြဿနာများနှင့် မလွဲမသွေ ရင်ဆိုင်လာရတတ် သည်။ ကုမ္ပဏီတစ်ခုတွင် အတူတကွ အလုပ်လုပ် ခဲ့ဖူးသူတစ်ဦးက လုပ်ဖော်ကိုင်ဖက်များ၏ ထုတ် လုပ်မှုစွမ်းရည်ကို အိမ်ထောင်ရေး အဆင်မပြေမှု (လင်မယားကွာရှင်းသည့်)အရေအတွက်ဖြင့် တိုင်း တာသည်ဟု ဆိုသည်။ ထိုသို့  တိုင်းတာခြင်းကို သူ၏အထက် စီမံခန့်ခွဲရေး  တာဝန်ရှိသူများက လည်း ထောက်ခံအတည်ပြုကြသည်ဟုဆိုသည်။ မသင့်လျော်သော တိုင်းတာမှုဟု ယူဆရဖွယ်ရှိ သော်လည်း  တစ်နည်းစဉ်းစားကြည့်လျှင် အဓိ ပ္ပာယ်ရှိသလို ဖြစ်နေပြန်သည်။ ရက်သတ္တပတ် အလုပ်ချိန် ပိုမိုလုပ်ကိုင် ခြင်းကို ထောက်ခံသူများက ထိုင်း၊ တောင်ကိုရီး ယားနှင့် ပါကစ္စတန်တို့ကဲ့သို့နိုင်ငံများတွင် တစ်ပတ် ပျမ်းမျှအလုပ်ချိန် ပိုမိုကြာရှည်ခြင်းကြောင့် ယှဉ် ပြိုင်မှုအားသာချက် (Competitive advantage)  ပိုမိုတိုးတက်အောင်  ဖန်တီးပေးနိုင်ခဲ့သည်ဟု ထောက်ပြကြသည်။ သို့သော်လည်း ယင်းအချက် မှာ ယုတ္တိမရှိချေ။ ကမ္ဘာတွင် ယှဉ်ပြိုင်မှုအားသာ ချက်အကောင်းဆုံး ၁၀ နိုင်ငံအနက် ၆ နိုင်ငံဖြစ် သော ဆွီဒင်၊ ဖင်လန်၊  ဂျာမနီ၊ နယ်သာလန်၊ ဒိန်းမတ်နှင့် ဗြိတိန်တို့တွင် တစ်ပတ်အလုပ်ချိန် ၄၈ နာရီထက်ပို၍ လုပ်ကိုင်စေခြင်းကို တရားမဝင်ခိုင်း စေခြင်းဟု သတ်မှတ်ထားသည်။ အမေရိကန်ပြည် ထောင်စု၏ စီးပွားရေးလောကမှ အချို့လုပ်ငန်း များတွင် တစ်ပတ်လျှင် နာရီ ၅၀ မှ ၇၀ အထိ လုပ်ကိုင်နေကြသည်မှာ ဖက်ရှင်တစ်မျိုးလို ဖြစ် လာသည်။ အကယ်၍ အမေရိကန်မန်နေဂျာများသာ လိမ္မာပါးနပ်ကြမည်ဆိုလျှင် ''စနေနေ့မှာ အလုပ် လာမဆင်းရင် တနင်္ဂနွေနေ့မှာ အလုပ်ကိုလာဖို့ ဒုက္ခခံမနေပါနဲ့''ဟူသော  ဆင်ခြင်ဉာဏ်ကင်းမဲ့ သောစကားမျိုးကို မသုံးသင့်တော့ပေ။ လစာဖြင့် ဖြစ်စေ၊ နာရီအလိုက်လုပ်ခဖြင့်ဖြစ်စေ ခန့်ထား သည့် အလုပ်သမားများအား အလုပ်အများဆုံးပြီး စီးအောင် လုပ်စေချင်ပါက အချိန်အတိုဆုံးနှင့် တစ်သမတ်တည်းသော  အခြေခံမူအဖြစ် ရက်  သတ္တတစ်ပတ်လျှင် နာရီ ၄၀ ခိုင်းစေခြင်းသည်သာ အသင့်တော်ဆုံးဖြစ်သည်။တစ်နည်းပြောရလျှင် အလုပ်ဆင်းရမည့် အချိန်(ဆိုပါစို့ ညနေ ၅ နာရီ)တွင် အလုပ်ခွင်မှ  ထွက်ခွာသည့်အတွက် မည်သူကမျှ ဝန်ချတောင်း ပန်ရန် လိုအပ်မည်မဟုတ်ပေ။ တစ်ကယ်တမ်းဆို လျှင် တစ်ပတ်လုပ်သင့်သည့် အလုပ်ချိန်ထက် ပိုပြီးကြာရှည်စွာ အလုပ်လုပ်နေသူများ ဖြစ်လျှင် သာ ထိုသူတို့က  ဝန်ချတောင်းပန်သင့်သည်။ အဘယ်ကြောင့်ဆိုသော် လုပ်ဖော်ကိုင်ဖက်များ၏ စွမ်းဆောင်ရည်ကို  လျော့နည်းကျဆင်းအောင် လုပ်ရာရောက်နေခြင်းကြောင့်ဖြစ်သည်ဟု  ဆိုပါ သည်။                    Ref; time.com