Main menu

Background

ရွှေပြည်တော် ခရီးဝေးသလား

Sun, 06/24/2012 - 06:35 -- Anonymous (not verified)

    ဒီရက်ပိုင်းတွေမှာ တွေ့ရတာတွေ၊ ကြားရတာတွေကတော့ အားလုံး ထူးခြားနေတာပါပဲ။ ဝန်ကြီးဌာနတွေက မိတ်ဆွေတွေက လည်း ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်ပြင်းပြင်း လုပ်ကြဖို့ ပြောနေကြ၊ ဆိုနေကြတာတွေ တွေ့ရသလို အခြားတစ်ဘက်မှာ လည်း ဖယောင်းတိုင်ထွန်းပြီး ဆန္ဒဖော်ထုတ်တာတွေ၊ လုပ်ခ လစာ တိုးပေးဖို့ တောင်းဆို ဆန္ဒပြကြတာတွေ၊ နိုင်ငံအသီးသီးက၊ နယ်ပယ် အသီးသီးက လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံထဲ အလုံးအရင်းနဲ့ ဝင်လာ ကြပြီး ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲေ တွ၊ တွေ့ဆုံပွဲတွေ ကျင်းပကြတာ တွေကို မီဒီယာတွေမှာ မြင်ရ၊ ကြားရ၊ ကိုယ်တိုင်ကြုံရတော့ တို့ ဘာဆက်လုပ်ကြမှာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိတာ လည်း ခဏခဏပါပဲ။     အစိုးရသစ်ဟာ ၂၀၁၁ ခုနှစ် မတ်လကုန်မှာ တက်လာပြီးချိန်က စပြီး ပြုပြင်ပြောင်းလဲမှုဆိုတဲ့ စကားလုံးကို လူထုကို ထူးထူးခြားခြား အသိပေးလိုက်ပြီးတဲ့နောက်မှာ တကယ်ဆက်လုပ်ခဲ့တာတွေကိုလည်း တွေ့ရပါတယ်။ တစ်နှစ်ကျော်ကာလအတွင်း ထူးထူးခြားခြား ပြုပြင် ပြောင်းလဲသွားတာရှိခဲ့သလိုပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေဆဲ လုပ်ငန်း စဉ်တွေကိုလည်း တွေ့ရပါတယ်။ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု တွေ ထိရောက်အောင်မြင်မှုရှိခဲ့ပေမယ့် စီးပွားရေးဘက်မှ ပြုပြင် ပြောင်းလဲမှုတွေကတော့ နှေးနေသလားလို့ ထင်မိပါတယ်။ တစ် ဘက်က ပြန်ကြည့်တော့လည်း ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ အစိုးရဘက်က ဖြေလျော့မှုတွေ၊ ပြောင်းလဲမှုတွေ အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်ပေးခဲ့ပေမယ့်လည်း ထင်သလောက် ခရီး မပေါက်ဖြစ်နေတာကိုလည်း တွေ့ရပြန်ပါတယ်။ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ မေလထဲမှာသမ္မတကြီးပြောသွားခဲ့တဲ့ ဒုတိယအဆင့် ပြုပြင် ပြောင်း လဲမှု လုပ်ငန်းစဉ် စတင်နေပြီဆိုတာ ကြားလိုက်သိလိုက်ရတော့ အားတက်မိတာတော့ အမှန်ပါပဲ။     စီးပွားရေးနဲ့ ပတ်သက်ပြီး ပြောချင်တာကတော့ ရင်းနှီးမြှုပ်နှံမှု ကိစ္စပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကလည်း မကြာခင်ပေါ် ထွက်လာတော့မယ်လို့ သိရပါတယ်။ နိုင်ငံတကာ စီးပွားရေးစာစောင် တွေကလည်း ဒီဥပဒေအကြောင်း သိသလောက်၊ မြင်သလောက် ရေးနေကြ၊ တင်ပြနေကြတာ နေ့စဉ်လိုလို ဖတ်ရ၊ တွေ့ရပါတယ်။ မြန်မာနိုင်ငံ အစိုးရအဆက်ဆက်က ပြဌာန်းခဲ့တဲ့ ဥပဒေတွေ အားလုံး ထက် ဒီဥပဒေက နိုင်ငံတကာ အသိုက်အဝန်းရဲ့ စိတ်ဝင်စားမှု အခံရ ဆုံး ဥပဒေလို့ပဲ ပြောချင်ပါတယ်။ ဒါပေမယ့် ဒီဥပဒေထွက်လာရုံနဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နံှမှုကိစ္စတွေ အင်အားကောင်းကောင်းနဲ့ ဝင်လာဖို့ကတော့ ကျွန်တော်တို့ လုပ်စရာအလုပ်တွေ အများကြီး ရှိသေးတယ်လို့ ထင်မိပါတယ်။ ကျွန်တော်တို့ မကြာခဏ ပြောကြ၊ ကြွားကြတဲ့ မြန်မာပြည်ဟာ သဘာဝအရင်းအမြစ် ပေါကြွယ်ဝတယ်၊ မဟာဗျူဟာ အချက်အချာကျဒေသမှာတည်ရှိတယ်၊ လူသား အရင်း အမြစ်အားကောင်းတယ်ဆိုတဲ့ အခြေအနေတွေထက် ကိုယ့်တိုင်း ပြည်ရဲ့ အလားအလာတွေ အကောင်အထည်ပေါ်လာဖို့က ပိုအရေး ကြီးပါတယ်။ ကျွန်တော်တို့မှာ အားနည်းချက်တွေ ရှိနေသေးတာကို လည်း ဝန်ခံရမှာ ဖြစ်ပါတယ်။     နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရလက်ထဲမှာ ရှိနေတဲ့ နိုင်ငံပိုင် လုပ်ငန်းတစ်ချို့ကို ပုဂ္ဂလိကလက်ထဲ တဖြည်းဖြည်း လွှဲပြောင်းသွားပြီး စွမ်းဆောင်မှုနဲ့ ကုန်ထုတ်လုပ်မှု မြင့်မားအောင် လုပ်ကြဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။ တချို့လုပ်ငန်းတွေဟာ အစိုးရလက်ထက်မှာ ရှိနေခြင်းကြောင့် အစိုးရလည်း ဝန်ပိ၊ လူထု လည်း ပြည့်ပြည့်၀၀အကျိုးမရှိ ဖြစ်နေတာတွေ တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံပိုင်အချိုးအစား များနေတဲ့ ကဏ္ဍတွေကို ပုဂ္ဂလိကပိုင် သွားဖို့ အချက်ကိုလည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ထဲမှာ ထည့်သင့်တယ်လို့ မြင်ပါတယ်။ ဒီနေ့ အစိုးရအကောင်အထည်ဖော်နေတဲ့ လုပ်ငန်းစဉ် ထဲမှာ နတ်လူသာဓုခေါ်တာကတော့ ဆင်းရဲမှုလျှော့ချရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းပါပဲ။ အရင် ခေတ်အဆက် ဆက်က ဆင်းရဲမှုနဲ့ပတ်သက်ရင် ရုပ်ရှင်ဗီဒီယိုဇာတ်လမ်းတွေ မှာ ထည့်ရိုက်ခွင့်မပေးတဲ့အထိတောင် တားမြစ်ခဲ့ရာက အစိုးရ သစ်တက်လာတဲ့အခါ ''ဆင်းရဲမှု"ဆိုတဲ့ စကားလုံးကို အတိ အလင်း ထုတ်ဖော်ဝန်ခံသွားခဲ့ပြီး စတင်တိုက်ဖျက်ဖို့ ကြိုးစား လာတာလည်း တွေ့ရပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် ဆင်းရဲ တယ်၊ ဆင်းရဲလို့ ပြည်ပထွက်ပြီး အလုပ်လုပ်တယ်။ ပြည်ပမှာ အလုပ်လုပ်လို့ အချို့မြန်မာနိုင်ငံသားတွေ ဒုက္ခရောက်ကြရ တယ်။ ဒီလိုနဲ့ပဲ ဒီသံသရာဟာ ပေါက်ပင် ဘာကြောင့် ကိုင်းရ တယ်ဆိုတဲ့ ဇာတ်လမ်းဖြစ်ခဲ့ပါတယ်။ ကိုယ့်တိုင်းပြည်မှာ ရင်းနှီး မြှုပ်နှံမှုအခြေအနေတွေ အားနည်းခဲ့လို့ သယံဇာတ ပေါကြွယ် ဝတဲ့ မြန်မာနိုင်ငံက လုပ်သားတွေအပြင်ကို ရောက်ခဲ့ကြပါ တယ်။ တစ်ကယ်တမ်းတော့ မြန်မာတွေ အပြင်ထွက်ပြီး လုပ် နေကြတဲ့ အလုပ်တွေဟာ  မြန်မာနိုင်ငံထဲမှာ လုပ်လို့ရတဲ့ လုပ်ငန်းတွေဖြစ်နေတာလည်း တွေ့ရပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ  ဘာတွေလုပ်နေကြသလဲ လေ့လာကြည့်လိုက်တော့ လယ်ယာကဏ္ဍမှာ ၁၇၉၀၀၀ ကျော်၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ ၁၇၅၀၀၀ ကျော် ၊ ရေထွက် ပစ္စည်းလုပ်ငန်းမှာ ၁၃၀၀၀၀ ခန့်၊ ပင်လယ်ငါးဖမ်းလုပ်ငန်းမှာ ၄၀၀၀၀ ခန့်၊ လယ်ယာ ထွက်ကုန်ကြိတ်ခွဲ ထုတ်လုပ်မှုလုပ်ငန်းမှာ ၅၅၀၀၀ခန့်၊ စားသောက်ဆိုင်တွေမှာ ၃၆၀၀၀ ကျော်၊ အထည်ချုပ်လုပ်ငန်းတွေ မှာ ၄၁၀၀၀ ကျော်၊ ကုန်သွယ်မှုနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေမှာ ၃၀၀၀၀၀ ကျော် စသဖြင့် လုပ်ကိုင်နေကြတာလည်း တွေ့ရပါတယ်။ တကယ်လို့များ ကိုယ့်နိုင်ငံထဲမှာ အလုပ်အကိုင် အခွင့်အလမ်း ရရှိမဲ့ အခြေအနေနည်းပါးလာရင် အလားတူပဲ ပြည်ပကိုထွက်ပြီး အလုပ် အလုပ်ရမဲ့သူတွေ ထပ်ပြီး တိုးလာနိုင်သေးလို့ ကိုယ့်တိုင်းပြည်ထဲမှာ အလုပ် အကိုင်အခွင့်အလမ်း ရှာဖွေပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာစေဖို့ လိုနေတာကတော့ အမှန်ပါပဲ။   ရင်းနှီးမြှုပ်နှံမှုလို့ပြောလိုက်ရင် ဆက်ပြောရမယ့်စကားက လျှပ် စစ်ဓာတ်အားပါ။ဝင်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေက လျှပ်စစ်ဓာတ်အား မသုံးဘဲ လုပ်လို့ရတာ မရှိသလောက်ပါ။ လက်ရှိ အခြေအနေမှာ တောင် ဖယောင်းတိုင်ထွန်းရတဲ့ဖြစ်စဉ်တွေ ရှိနေရင် အနာဂါတ် အတွက် ဘယ်လိုလုပ်ကြမလဲ။ လျှပ်စစ်ဓာတ်အားကဏ္ဍ ရင်းနှီးမြှုပ်နှံ ဖို့ ဖိတ်ခေါ်နေတာကိုလည်း ဖတ်ရ၊ တွေ့ရပါတယ်။ လျှပ်စစ်ကဏ္ဍမှာ တစ်ဖက်က ရင်းနှီးမြှုပ်နှံမှုတွေဖိတ်ခေါ်သလို တစ်ဖက်ကလည်း နိုင်ငံပိုင်အချိုး လျှော့ချသင့်ပြီလို့ ထင်ပါတယ်။ရေအားလျှပ်စစ်တစ်ခုတည်းအပေါ် အဓိကမှီခိုနေရတဲ့ အခြေအနေအစားအခြား စွမ်းအင်အရင်းအမြစ်တွေ  သုံးပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမြှင့်တင်သွားရေးကိုလည်း စဉ်း စားဖို့ လိုအပ်နေပါပြီ။ တိုင်းပြည်ရဲ့လျှပ်စစ်ဓာတ်အား အပါအဝင် စွမ်းအင်ကဏ္ဍအတွက် ရေရှည်စဉ်ဆက်မပြတ် ဆောင်ရွက်သွား နိုင်မယ့် မူဝါဒတွေရှိဖို့လည်း ဆောင်ရွက်သင့်နေပါပြီ။ ကျေးရွာ တွေအထိ လျှပ်စစ်မီးရအောင် နည်းလမ်းရှာဖွေဆောင်ရွက်ဖို့ လည်းလိုနေပါပြီ။ကျွန်တော်တို့ သွားချင်တဲ့ ရွှေပြည်တော်ကြီးကို ရောက် အောင် ကဏ္ဍအသီးသီးမှာ ကဏ္ဍအလိုက်၊ ဒေသအသီးသီး မှာလည်း ဒေသအလိုက် ဦးစားပေး အစီအစဉ်တွေ ရေးဆွဲ ထားပြီး အစိုးရရဲ့ ရန်ပုံငွေ၊ ပြည်ပအကူအညီ အထောက်အပံ့၊ ရင်းနှီးမြှုပ်နှံမှုတွေကို ဦးစားပေးအစီအစဉ်အလိုက် ဟန်ချက် ညီညီနဲ့ တက်ညီလက်ညီ ဝိုင်းဝန်းလုပ်ကိုင်နိုင်မှသာ မြန်မြန်နဲ့ ခရီးပေါက်မှာ ဖြစ်ပါတယ်။