Main menu

Background

အရှေ့တောင်အာရှ ဗဟိုဘဏ်များက အတိုးနှုန်းကိစ္စ ဆွေးနွေး

Sun, 06/24/2012 - 07:00 -- Anonymous (not verified)

    ယခုရက်သတ္တပတ်အတွင်း အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံ ဗဟိုဘဏ်တို့တွေ့ဆုံပြီးအတိုးနှုန်းတွေကို ညှိနှိုင်းခဲ့ကြပါတယ်။ ဂရိနိုင်ငံရဲ့ နောက်တစ်ကြိမ်ရွေးကောက်ပွဲမတိုင်မီ ဥရောပရဲ့ ကြွေးမြီအကျပ်အတည်းကို ပိုမိုနက်ရှိုင်းလာနိုင်တဲ့အတွက် စီးပွားရေးတွန်းအားပေးအစီအစဉ်တွေကို ခေတ္တဆိုင်းငံ့ထား ကြပါတယ်။ ထိုင်းနဲ့ ဖိလစ်ပိုင်တို့နဲ့ အတူဒေသအတွင်းမှာ စီးပွားရေးအရပဉ္စမနေရာမှာရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံကလည်း အတိုးနှုန်းကို မပြောင်းမလဲဘဲ ထားရှိပါတယ်။ အင်ဒိုနီးရှား ဗဟိုဘဏ်က ဇွန် ၁၂ ရက် ထိုင်းဗဟိုဘဏ်က ဇွန် ၁၃ ရက် နဲ့ဖိလစ်ပိုင် ဗဟိုဘဏ်ကနောက်တစ်နေ့မှာ အစည်းအဝေး တွေ အသီးသီးကျင်းပကြပါတယ်။    ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မူဝါဒရေးဆွဲသူတွေက ဥရောပနဲ့ တရုတ်၊ ဘရာဇီးနဲ့ သြစတြေးလျနိုင်ငံတို့မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့်အတိုးနှုန်းတွေလျှော့ချရမဲ့ အန္တရာယ် နဲ့ ရင်ဆိုင်နေရပါတယ်။ အာရှနိုင်ငံအများစုက ၂၀၀၈ ခုနှစ်က ကြုံခဲ့တဲ့ ချေးငွေအကျပ်အတည်းကာလနဲ့နှိုင်းယှဉ်ရင် ပိုမိုပြီး အသင့်ပြင်ထားနိုင်တဲ့ အခြေအနေရှိကြောင်း HSBC နဲ့ Moody  အေဂျင်စီတို့က ပြောပါတယ်။    ဖိလစ်ပိုင်နိုင်ငံမှာယခင်ရက်သတ္တပတ်က မနီလာသံလမ်း တည်ဆောက်ရေးလုပ်ငန်းအတွက်ပီဆိုဘီလီယံ ၆၀ (ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ) တင်ဒါခေါ်ယူခဲ့ရာ Gelencore  International  Plc  နဲ့ Gazasia      လီမိတက်တို့က တင်ဒါ ဒေါ်လာ သန်း ၅၀၀ ဖိုး လေလံဆွဲခဲ့ပါတယ်။    ယခုနှစ် အောက်တိုဘာအတွင်းက မလေးရှားဝန်ကြီး ချုပ် နာဂျစ်ရာဇာတ်က ဘတ်ဂျက်ကို ရင်းဂစ် ၂၃၂ ဒသမ ၈ ဘီလီယံ (ဒေါ်လာ ၇၃ ဘီလီယံ) ကို တိုးမြှင့်ပေးခဲ့ပါတယ်။ ယခုအခါ ဝန်ကြီးချုပ်က မြို့ပြဝန်ထမ်းတွေရဲ့ လစာနဲ့ အငြိမ်း စား လစာကိုတိုးမြှင့်ပေးခဲ့ပါတယ်။ကျောင်းလခတွေ ပယ်ဖျက် ပေးခဲ့ပါတယ်။ ဆင်းရဲသားထောက်ပံ့မှုတွေ ပိုပေးခဲ့ပါတယ်။    အာရှဒေသက ကြိုတင်ပြင်ဆင်မှုတွေကို ကောင်းစွာပြု လုပ်ထားပေမဲ့ ကမ္ဘာ့စီးပွားရေးတိုးတက်နှေးကွေးမှုက အာရှ ဒေသကိုထိခိုက်မှု ဖြစ်စေနိုင်သေးတယ်လို့  HSBC  က နျူမန်း က ပြောပါတယ်။ ပို့ကုန်လုပ်ငန်း ဝယ်လိုအားကျဆင်းမှုနဲ့ ကုန်သွယ်ရေးထောက်ပံ့မှုတို့မှတစ်ဆင့် ဂရိအကျပ်အတည်းရဲ့ ဒဏ်ကို အာရှကုန်ထုတ်လုပ်သူတွေ ခံစားရဖို့ရှိပါတယ်။ ဒေသ တွင်းမှာရှိတဲ့ ကုမ္ပဏီတွေနဲ့ မူဝါဒရေးဆွဲသူတွေက ကြုံလာမဲ့ စီးပွားဆုတ်ကပ်အတွက် ပြင်ဆင်ထားတဲ့အတွက် ၂၀၀၈-၂၀၀၉ ခုနှစ်ကလောက် ဆိုးဝါးမှုမရှိနိုင်ဘူးလို့ စီးပွားရေးပညာ ရှင်တွေက ပြောပါတယ်။ Source.bangkokpost.com