Main menu

Background

ဈေးကွက်ရှိသည့် မြေပဲများ စိုက်ပျိုးထုတ်လုပ်၍ အလုပ်အကိုင်အခွင့်အလမ်းနှင့် နိုင်ငံခြားဝင်ငွေတိုးတက်ရရှိရေး နည်းလမ်းများကြံဆကြိုးပမ်းဖို့ အချိန်တန်

Sun, 06/24/2012 - 07:08 -- Anonymous (not verified)

ကမ္ဘာ့မြေပဲထက်ဝက်ခန့်ကိုသာ ဆီအတွက်အသုံးပြုကမ္ဘာမှာ အသုံးများတဲ့ဆီ ၁၀ မျိုးခန့်မှာ အပါအဝင်ဖြစ်တဲ့ မြေပဲဆီကို တစ်နှစ်ကမ္ဘာ့စားသုံးမှုက တန်ချိန် ၄ ဒသမ ၈၂ သန်း ခန့်ရှိပါတယ်။ အသုံးအများဆုံး စားအုန်းဆီနဲ့ပဲပုပ်ဆီတွေကို ဟင်း ချက်ဆီ၊ အလှကုန်မှအစ ဇီဝလောင်စာဆီအထိ အသုံးများပေမဲ့ မြေပဲ ဆီကိုတော့ စားသုံးဖို့သာအသုံးများပါတယ်။ မြေပဲအနေနဲ့ပြောရရင် တော့ မြေပဲအစိုအတောင့် အပြုတ်စားသလို၊ အတောင့်အခြောက်ကို လှော်ခြင်း၊ မြေပဲအဆန်ကို သွားရေစာမုန့်အမျိုးမျိုးအဖြစ် စားသုံး ကြတဲ့အတွက် စုစုပေါင်း မြေပဲထုတ်လုပ်မှုရဲ့ ထက်ဝက်နီးပါးခန့်ကို မုန့်အမျိုးမျိုးနဲ့ သွားရေစာအဖြစ် မြေပဲဆန်ကိုအသုံးပြုပြီး မြေပဲထက် ဝက်ကျော်သာ မြေပဲဆီအဖြစ် အသုံးပြုတယ်လို့သိရပါတယ်။ ကမ္ဘာမှာ မြန်မာက မြေပဲထုတ်လုပ်မှု ဆဋ္ဌမမြောက်ကမ္ဘာတစ်ဝန်းမှာ မြေပဲကို တစ်နှစ် တန်ချိန် ၃၅ သန်းဝန်းကျင် ထုတ်လုပ်လျက်ရှိပြီး တရုတ်နိုင်ငံကတော့ တစ်နှစ်ကိုတန်ချိန် ၁၅ သန်းဝန်းကျင်ထုတ်လုပ်ကာ ကမ္ဘာမှာ အများဆုံးထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပါတယ်။ အဲဒီနှစ်မှာ အိန္ဒိယက တန်ချိန် ခုနစ်သန်းဝန်းကျင်နဲ့ ဒုတိယနေရာမှာရှိပြီး၊ မြန်မာနိုင်ငံက ကမ္ဘာမှာ ဆဋ္ဌမမြောက် မြေပဲ ထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ အမေရိကန် စိုက်ပျိုးရေးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။ အဓိက ထုတ်လုပ်သူလဲဖြစ်သလို တင်ပို့သူလဲဖြစ်တဲ့ နိုင်ငံတွေကတော့ အမေ ရိကန်၊ အာဂျင်တီးနား၊ ဆူဒန်၊ ဆီနီဂေါနဲ့ ဘရာဇီးတို့ဖြစ်ပါတယ်။ အဓိက တင်သွင်း သူတွေဖြစ်တဲ့ အီးယူ၊ ကနေဒါ၊ ဂျပန် စတဲ့နိုင်ငံ တွေက ကမ္ဘာ့မြေပဲတင်သွင်းမှုရဲ့ ၇၈ ရာခိုင်နှုန်းခန့် နေရာယူထား ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အများဆုံးထုတ်လုပ်သူဖြစ်ပေမဲ့ ပြည် တွင်းမှာ အများဆုံးစားသုံးတာဖြစ်လို့ တရုတ်နဲ့ အိန္ဒိယနှစ်နိုင်ငံပေါင်း မှ ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၄ ရာခိုင်နှုန်းအောက်သာရှိတယ်လို့ သိရပါ တယ်။တရုတ်နိုင်ငံ မြေပဲ ၈ ရာခိုင်နှုန်းတင်ပို့မိမိတို့မြေပဲဆန် အများဆုံးတင်ပို့နေရတဲ့ တရုတ်နိုင်ငံရဲ့ မြေပဲ ထုတ်လုပ်မှုကို လေ့လာကြည့်ရင် ၂၀၀၃ ခုနှစ်မှာ မြေပဲစိုက်ဧက ၁၂ သန်းကျော်မှ မြေပဲတန်ချိန် ၁၃ သန်းကျော် ထုတ်လုပ်ပြီး ၂၀၁၁ ခုနှစ်မှာ စိုက်ဧက ၁၁ ဒသမ ၆ သန်းကျော်မှ တန်ချိန် ၁၆ သန်းကျော် ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံစုစုပေါင်းထုတ်လုပ်မှုရဲ့ ၄၇ မှ ၄၉ ရာခိုင်နှုန်းခန့်ကို ဆီအဖြစ် ကြိတ်ခွဲပြီး ၈ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းကိုတော့ မျိုးစေ့အဖြစ် ချန်ထားတယ်လို့ သိရပါတယ်။ စားသောက်ကုန်တွေမှာ အသုံးပြုတာတော့ ၃၆-၃၈ ရာခိုင်နှုန်းရှိပြီး ပြည်ပကိုတော့ ၇-၈ ရာခိုင်နှုန်းခန့် တင်ပို့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ မြေပဲတင်ပို့ဈေးကွက်များတရုတ်နိုင်ငံရဲ့ ပြည်ပတင်ပို့မှုကိုကြည့်ရင် ၂၀၀၅ ခုနှစ်မှာ တန်ချိန် ၇ ဒသမ ၇၄ သိန်းနဲ့ အများဆုံးတင်ပို့ခဲ့ပြီး ၂၀၁၁ ခုနှစ် မှာတော့ တန်ချိန် ၄ ဒသမ ၈၈ သိန်းခန့်သာ တင်ပို့နိုင်ခဲ့ တယ်လို့ သိရပါတယ်။ မြေပဲကို ကုန်ကြမ်းအတိုင်းရော၊ အဆန်နဲ့ ပြုပြင်ထားတဲ့မြေပဲများပါ တင်ပို့လျက်ရှိပြီး၊ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း တင်ပို့တဲ့နိုင်ငံ များကတော့ အီးယူကို ၂၃ ရာခိုင်နှုန်း၊ အာဆီယံ နဲ့ အရှေ့အလယ်ပိုင်းကို ၁၇ ရာခိုင်နှုန်းစီ၊  ဂျပန်ကို ၁၃ ရာခိုင်နှုန်း၊ တောင်ကိုရီးယားကို ၆ ရာခိုင်နှုန်း၊ အမေရိကန်၊ ကနေဒါ၊ မက္ကစီ ကို စတဲ့နိုင်ငံတွေကို ၇ ရာခိုင်နှုန်း၊ ရုရှား၊ ယူကရိန်းကို ၈ ရာခိုင်နှုန်းနဲ့ အခြားနိုင်ငံ များကို ၉ ရာခိုင်နှုန်း အသီးသီး တင်ပို့ တယ်လို့ တရုတ် နိုင်ငံအကောက်ခွန်ဌာန စာရင်းအရ သိရပါတယ်။ ကမ္ဘာ့လက်ကျန်နည်းလို့ မြေပဲဈေးမြင့်ဈေးကွက်အနေအထားကို လေ့လာကြည်မယ်ဆိုရင် မြေပဲ ထုတ်လုပ်တဲ့ အိန္ဒိယ၊ အမေရိကန်နဲ့ အခြားနိုင်ငံတွေမှာ ရာသီဥတု အရ မြေပဲအထွက်နှုန်း လျော့ကျလာတဲ့အတွက် ၂၀၁၁ ကမ္ဘာ့မြေပဲ လက်ကျန်ဟာ ၁၄ နှစ်အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့တယ် လို့ သိရ ပါတယ်။ ဒါကြောင့် အမေရိကန်မှာ မြေပဲဈေးက ၂ ဆမြင့်တက်ပြီး၊ အီးယူမြေပဲတင်သွင်းဈေးကလည်း ၆၀ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ် လို့သိရပါတယ်။ နိုင်ငံတကာဈေးမြင့်တက်ခဲ့တဲ့အတွက် တရုတ်နိုင်ငံရဲ့ မြေပဲတင်ပို့ဈေးဟာ လည်း၂၀၁၁ ဇန်နဝါရီကနေ နိုဝင်ဘာလ အတွင်းမှာ တစ်တန်ကန်ဒေါ်လာ ၁၃၀၀ နဲ့ ရောင်းဝယ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၂ ဖေဖော်ဝါရီမှာတော့ ယခင်နှစ်ကုန်ထက် ၅ ရာခိုင်နှုန်းကျော်တိုးလာပြီး ပျမ်းမျှ တစ်တန်ကို ယွမ် ၁၁၅၀၀ (ကန်ဒေါ်လာ ၁၈၀၆) ထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတကာဈေးမြင့်တာရယ်၊ ပြီးခဲ့တဲ့နွေရာသီမှာ တစ်တန်ကို ယွမ် ၁၅၀၀၀ (ကန်ဒေါ်လာ ၂၃၅၆) ထိအောင် အမြင့်ဆုံးရောက်ရှိခဲ့တဲ့ အတွက် တောင်သူတွေက ဈေးကောင်းကို စောင့်ဆိုင်းနေတဲ့အတွက် ရယ်တွေကြောင့် ဈေးမြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဆီကြိတ်ခွဲသူတွေကတော့ အကျိုးအမြတ်ရရှိမှုနည်းလို့ ဒေသ တွင်းမှာ မြေပဲတစ်တန် ယွမ် ၉၆၀၀-၉၈၀၀ (ကန်ဒေါ်လာ ၁၅၀၈-၁၅၃၉) ဈေးအတွင်းသာ ဝယ်ယူတယ်လို့ သိရပါတယ်။ယခုနှစ် ပထမနှစ်လအတွင်း မြန်မာမြေပဲတန် ၁၆၀၀၀ ကျော်တင်ပို့ပြီးမြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းဆီဖူလုံရေးကို အဓိကထားပြီး မြေပဲနဲ့ ဆီကြိတ်နှမ်းအချို့ကို အရင်ကပြည်ပ တင်ပို့ခွင့်မပြုခဲ့ပါဘူး။ ၂၀၁၁ ခုနှစ်မှာတော့ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သူတွေ အကျိုး အမြတ်ပိုမိုစေရေးအတွက် မြေပဲဆန်၊ မြေပဲဆီနဲ့ ဆီကြိတ်နှမ်းတို့ကိုပါ တင်ပို့ခွင့်ပြုခဲ့ပါတယ်။ တင်ပို့ခွင့်ပြုပြီးတဲ့ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် အတွင်းမှာ ပင်လယ်ရေကြောင်းက ဗီယက်နမ်နဲ့ မလေးရှားကို တန် ၈၀ ခန့်သာတင်ပို့ခဲ့ပေမဲ့ နယ်စပ်ကုန်သွယ်မှုမှတဆင့် တရုတ်နိုင်ငံကို မြေပဲဆန် တန်ချိန် ၁၂၂၈၃ တန်နဲ့ မြေပဲအစိုတောင့် တန် ၂၃၃၉၊ စုစုပေါင်းတင်ပို့မှု တန်ချိန် ၁၄၆၂၂ တန်မှ စုစုပေါင်းဝင်ငွေ ကန် ဒေါ်လာ ၁၉ သန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် ဧပြီနဲ့မေ နှစ်လအတွင်းမှာတော့ တင်ပို့မှုတိုးတက်လာပြီး တန်ချိန် ၁၆၀၀၀ ကျော်အထိ နယ်စပ်လမ်းကြောင်းက တင်ပို့ထားပြီး ကြောင်း သိရပါတယ်။ တရုတ်က ဝယ်လိုအားကောင်းတဲ့ မြေပဲဆန်လက်ရှိမြေပဲဆန်တင်ပို့မှုနဲ့ပတ်သက်လို့ မူဆယ်ဒေသခံတစ်ဦး ပြောတာကတော့ " မြေပဲဆန်ကို အရင်က တင်ပို့ခွင့်မပြုခင်က လည်း တရားမဝင် သွားနေကြတာဆိုတော့ ခုလိုတရားဝင်ခွင့်ပြုလိုက်တော့ တင်ပို့တဲ့ပမာဏ တရားဝင်ကိန်းဂဏန်းတွေ အနီးစပ်ဆုံးမှန်ကန်မှုရ လာသလို ကုန်သည်တွေလဲ တရားဝင်လမ်းကြောင်းက လျှောက်လာ  နိုင်တဲ့ ကောင်းကျိုးတွေရလာ ပါတယ်။ အခုလပိုင်းဆိုရင် ၇ ရက် တစ်ပတ်ကို တန် ၃၀၀၀ ကျော် တင်ပို့နေတာ တွေ့ရပါတယ်။ ၃ ထောင်အောက်လျော့တဲ့ သီတင်းပတ်ကို မရှိဘူး၊ တရုတ်ကဝယ်လို အားကောင်းနေတယ်။ တရုတ်မှာလည်း စားဆီပြဿနာတွေ ရှိလာ တဲ့နောက်ပိုင်း မြေပဲဆီကို လူလတ်တန်းစားတွေ စားသုံးမှုများလာ တယ်လို့ တရုတ်ဘက်က ကုန်သည်တွေ ကပြောကြ တယ်။ မြေပဲဆန် အဖြူရော၊ အနီရောယူတယ်။ သူတို့ ဝယ်လိုအားကောင်းနေတဲ့ ကာလဆိုတော့ လက်ရွေးဆန်မှ မဟုတ်ပါဘူး။ အရည်အသွေးနိမ့် တာကလဲ ဝယ်တာတွေ့ရတယ်။ ဈေးကတော့ အရည်အသွေးပို ကောင်းရင် ဈေးပိုရတာပေါ့။ လက်ရှိ ရွှေလီဘက်မှာ မြေပဲဆန် တစ် တန်ကို ယွမ် ၁၀၉၀၀ (ကန်ဒေါ်လာ ၁၇၁၂ )ဈေးရှိတယ်။ သူတို့က အကောက်ခွန်ဆောင် ရတဲ့ ယွမ်  ၃၀၀ (ကန်ဒေါ်လာ ၄၇ ) နုတ်ပြီး၊ ဒီဘက်မှာ ယွမ် ၁၀၆၀၀ (ကန်ဒေါ်လာ ၁၆၆၅ ) ၊ တစ်ပိဿာ ကျပ် ၂၃၀၀ကျော်လောက်နဲ့ဝယ်တယ်။ ဒါပေမဲ့ ဒီဘက်က ကုန်သည် တွေက ရွှေလီအရောက်ပို့ရတယ်။ ရွှေလီက အချို့ကုန်သည်တွေက သူတို့နီးစပ်ရာ ကုန်သည်တွေဆီက မြန်မာပဲဆီကို ဝယ်စားတာတွေရှိ တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက မြေပဲဆီများများတော့ ဝယ်မယ် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် သူတို့က ကိုယ်ပိုင်စက်နဲ့ ကြိတ်ပြီး ပဲဖတ်ကို သုံးလိုတာကြောင့်ဖြစ်သလို မြေပဲဆန်ကို စားသောက်ကုန် တွေမှာလဲ အသုံးများတာကြောင့် ကုန်ကြမ်းအတိုင်း ဝယ်ယူ တာ ပိုများမယ်ထင်ပါတယ်''လို့ ဆိုပါတယ်။ဈေးကွက်သဘောအရ ပစ္စည်းကောင်းရင်  ဈေးကောင်းရလို့ ကောင်းတာမှ ရောင်းလိုမန္တလေးဈေးကွက်မှာ  လတ်တလော မြေပဲလုံးဆန်ဈေးက တစ်ပိဿာ ၂၁၀၀-၂၂၀၀ ကျပ် ဝန်းကျင်ရှိပြီး ဆီဆန်က တစ်ပိဿာ ကျပ် ၁၈၅၀-၁၉၇၅ ဝန်းကျင်ရှိပါတယ်။ မေလဆန်းမှာ လုံးဆန်ဈေး က ကျပ် ၁၉၅၀-၂၁၅၀ ဝန်းကျင်ရှိပြီး ဆီဆန်က ကျပ် ၁၈၅၀-၁၉၀၀ ဝန်းကျင်ရှိနေလို့ ဒီလပိုင်းမှာ တရုတ်ဘက်ကို တင်ပို့မှု ပိုလာလို့ ဈေးအနည်းငယ်တက်လာတဲ့ သဘောရှိပါတယ်။ မြေပဲဆန်ဈေးတိုး လာတာနဲ့အညီ မြေပဲဆီဈေးကလည်း မေလဆန်းမှာ တစ်ပိဿာ ကျပ် ၃၄၀၀-၃၉၀၀ ရှိခဲ့ရာက ဇွန်လတတိယပတ်မှာတော့ ၃၆၀၀-၄၃၀၀ ကို တိုးလာခဲ့ပါတယ်။ ရေမြင့်တော့ ကြာမြင့်တဲ့ သဘောပါပဲ။ ဒါပေမဲ့ ဆီစက်ရပ်ဝန်းမှာတော့ မြေပဲဆန်တင်ပို့တဲ့နေရာမှာ လက် ရွေး၊ ပစ္စည်းအသန့်တွေ တင်ပို့တဲ့အတွက် ဆီစက်လုပ်ငန်းရှင်တွေ အတွက် ပစ္စည်းကောင်းတဲ့  ကုန်ကြမ်းရရှိမှု နည်းလာတယ်ဆိုတဲ့ အသံတွေ ကြားလာရပါတယ်။ အရည်အသွေးနိမ့်တဲ့ ကုန်ကြမ်းတွေနဲ့ ကြိတ်ခွဲရတဲ့အတွက် ဆီထွက်နှုန်းနည်းပြီး ကုန်ကျစရိတ်ပိုလာတယ် လို့ဆိုပါတယ်။ ဒါပေမဲ့လည်းဈေးကွက် ရဲ့သဘောအရ ပစ္စည်းကောင်း ရင် ဈေးကောင်းရတဲ့အတွက် ပြည်ပတင်ပို့ရာမှာလည်း ကုန်သည် တွေကတော့ ရနိုင်သမျှ ကောင်းတဲ့ပစ္စည်းကိုရွေးပြီး ရောင်းဝယ်နေ ဦးမှာ ဖြစ်ပါတယ်။ လက်ရှိမြေပဲစိုက်ပျိုးမှု တိုးချဲ့လာမြန်မာနိုင်ငံမှာ မြေပဲစိုက်ပျိုးမှုဟာ တစ်နှစ်ကို ဧက နှစ်သန်း ကျော်မှ မြေပဲဆန်တန်ချိန် တစ်သန်းကျော် ဝန်းကျင်ထွက်ရှိတယ်လို့ သက်ဆိုင်ရာဌာနစာရင်းတွေအရ သိရပါတယ်။ တစ်နှစ်ကို ဆောင်းနဲ့ မိုးနှစ်ကြိမ်စိုက်ပျိုးပြီး အများစုကိုတော့ ဆောင်းမြေပဲကို ပိုစိုက်ကြ ပါတယ်။ တချို့ဒေသတွေမှာတော့ နွေမှာလည်း ရေသွင်းပြီး စိုက်ပျိုးမှု အနည်းငယ်ရှိတာ တွေ့ရပါတယ်။ ဒီလအတွင်းမှာလည်း အချို့ဒေသ တွေမှာ မိုးမြေပဲတွေ စစိုက်နေကြပါပြီ၊ ဈေးကောင်းရလာတဲ့အတွက် အချို့ဒေသတွေမှာ စိုက်ဧကတွေ တိုးစိုက်လာကြတာရှိပေမဲ့ နိုင်ငံ အလယ်ပိုင်းဒေသတွေမှာတော့ လုံလောက်တဲ့ မိုးရေ မရသေးတဲ့ အတွက် စိုက်ပျိုးမှုနှေးကွေးနေတယ်လို့ သိရပါတယ်။ လိုအပ်ချိန်မှ ရွေးဝယ်ယူလို့ မရနိုင်ပါ    နိုင်ငံတော်အစိုးရအနေနဲ့ တောင်သူအကျိုး၊ နိုင်ငံတော်အကျိုး အတွက် အရင်က ခွင့်မပြုဘဲထားခဲ့တဲ့ ကုန်စည်တွေ ကို ပြန်လည်တင် ပို့ခွင့်ပြုပြီးတဲ့နောက်မှာတော့ ပိတ်လိုက်ဖွင့်လိုက်ဆိုတဲ့ မတည်ငြိမ်တဲ့ မူဝါဒကို ကျင့်သုံးဖို့ဆိုတာကတော့ မလွယ်ကူတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ တောင်သူတွေလဲ ဈေးကောင်းရ၊ ဆီစက်လုပ်ငန်းရှင်တွေလည်း အရည်အသွေးကောင်းတဲ့ ကုန်ကြမ်းတွေ လုံလုံလောက်လောက် ရ ဖို့ဆိုရင်တော့ အရည်သွေးကောင်းမွန်တဲ့ မြေပဲမျိုးစေ့တွေနဲ့ အထွက် ပိုအောင်ဆောင်ရွက်ဖို့က အဓိက ကျနေပါတယ်။ ဒေသအလိုက် သင့်တော်တဲ့ ရေမြေနဲ့လိုက်ဖက်မယ့် မျိုးကောင်းတွေ ရရှိစိုက်ပျိုး နိုင်မှသာ အထွက်ကောင်းမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုရင်တော့ တောင်သူတွေ ဘာစိုက်စိုက် ပစ်ထားပြီး လိုချိန်မှ ရွေးဝယ်ယူလို့ အဆင်မပြေနိုင်တော့ပါဘူး။ ပစ္စည်းကောင်း ဝယ်လိုသူများအနေနဲ့ တောင်သူတွေနဲ့ချိတ်ဆက်ပြီး ကန်ထရိုက်လယ်ယာစနစ်လို ဒါမှ မဟုတ် မျိုးစေ့တွေ ဖြန့်ဝေပေးတဲ့ နည်းလမ်းတွေ ဆောင်ရွက်ရမှာပဲ ဖြစ်ပါတယ်။ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးရေး မဟာဗျူဟာအချို့နိုင်ငံတွေမှာဆိုရင်  ဆီထွက်သီးနှံကို အုပ်စုတစ်ခုအနေ နဲ့ အသင်းအဖွဲ့တွေဖွဲ့စည်းပြီး ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးဖို့ မဟာ ဗျူဟာတွေ ချမှတ်ဆောင်ရွက်တာသိရပါတယ်။ ဥပမာအနေနဲ့ ပြော ရမယ်ဆိုရင် အိန္ဒိယမှာ ဆီထွက်သီးနှံနဲ့ ထုတ်ကုန်များ ထုတ်လုပ်တင် ပို့သူများအသင်းကနေပြီး မြေပဲအရည်အသွေး ကောင်းမွန်အောင် ပြည်နယ်အသီးသီးမှာ ချိတ်ဆက်ဆောင်ရွက်မှုတွေ ရှိတယ်လို့ သိရ ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဆီထွက်သီးနှံကဏ္ဍမှာ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း ရှိပြီးဖြစ်တဲ့အတွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းအဖွဲ့ တစ်ခုဖွဲ့စည်းပြီး ယင်းအသင်းနှစ်ခုတို့မှ ပေါင်းစပ်ကာ သက်ဆိုင်ရာအစိုးရဌာနတွေနဲ့ ပူးပေါင်းပြီး အရည်အသွေးကောင်းတဲ့ မြေပဲဆန်များ တိုးတက်ထွက် ရှိရေး လိုအပ်တဲ့ထောက်ပံ့မှုတွေနဲ့အတူ တောင်သူတွေနဲ့ လက်တွဲ ဆောင်ရွက်သွားဖို့ မဟာဗျူဟာတွေ လိုအပ်မှာဖြစ်ပါတယ်။တန်ဖိုးမြှင့်ထုတ်လုပ်တင်ပို့ရေး ပြင်ဆင်ရမယ့် အချိန်အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ ပြည်တွင်းစားသောက်ကုန် ထုတ်လုပ်မှုမှာ မြေပဲအသုံးပြုမှုက  ထုတ်လုပ်မှုရဲ့ ၃၈ ရာခိုင်နှုန်း လောက်ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက မြေပဲကုန်ကြမ်းတွေ တန်သိန်းချီပြီး တင်ပို့နေတဲ့နေရာမှာ တန်ဖိုးမြှင့်ထုတ်ကုန်တင်ပို့မှု ထက်ဝက်ခန့်အထိ တိုးတက်သွားနိုင်မယ်ဆိုရင် ပြည်တွင်းမှာ အလုပ် အကိုင်အခွင့်အလမ်း တိုးလာမှာဖြစ်သလို ဘေးထွက်ပစ္စည်းများ ပြည်တွင်းမှာ သုံးစွဲနိုင်တဲ့အပြင် တန်ဖိုးမြှင့်ထုတ်ကုန်ရဲ့ ပိုမိုတဲ့တန်ဖိုး တွေကြောင့် အကျိုးအမြတ်ပိုမိုကြီးမားလာမှာဖြစ်ပါတယ်။ တန်ဖိုးမြှင့် ထုတ်ကုန်တွေကို တရုတ်ကိုသာမကပါဘူး။ ဂျပန်၊ ကိုရီးယား အပြင် ဈေးကွက်တွေပွင့်လမ်းလာနေပြီဖြစ်တဲ့ အီးယူအထိပါ ခြေဆန့်နိုင် စေဖို့အတွက် ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ လိုအပ်နေသေး တဲ့ နည်းပညာနဲ့ စက်ပစ္စည်းတွေကိုလည်း မကြာသေးခင်က သမ္မတကြီးရဲ့ မိန့်ခွန်းမှာပါရှိသလို မိမိနိုင်ငံ၊ မိမိပြည်သူတွေ အကျိုးရှိမယ့် လုပ်ငန်း များအတွက် ပြည်ပရင်းနှီးမြုပ်နှံသူများကို အမြန်ဆုံးဖိတ်ခေါ်ရမယ့် အလှည့်ပဲ ဖြစ်ပါတယ်။ပေါင်းစပ်ဖြည့်ဆည်းကာ အဖြေရှာနိုင်ငံတော်က တောင်သူတွေအကျိုးအတွက် မြေပဲဆန်ပြည်ပ တင်ပို့ခွင့်ပြုခဲ့သလို ဆီစက်လုပ်ငန်းရှင်တွေ အလုပ်အကိုင် အခွင့် အလမ်းမဆုံးရှုံးရအောင် ပဲဆီ၊ နှမ်းဆီများလည်း တင်ပို့ခွင့်ပြုခဲ့ပါတယ်။ လိုအပ်တဲ့နည်းပညာနဲ့ အရင်းအနှီးအတွက် လည်း ပြည်ပရင်းနှီးမြှုပ် နှံမှုကို ခွင့်ပြုထားပြီးဖြစ်လို့ မြေပဲကုန်ကြမ်းများ လိုအပ်မှုအတွက် " ပေါက်ပင်ဘာကြောင့် ကိုင်း'' ဆိုတာထက် လိုအပ်ချက်များ ပေါင်း စပ်ဖြည့်ဆည်းကာ အဖြေရှာကြမယ်ဆိုရင်ဖြင့် စိုက်ပျိုးထုတ်လုပ်သူ များ တိုးတက်ထုတ်လုပ် လာနိုင်ပြီး ဆီစက်၊ ကုန်သည်၊ လုပ်ငန်းရှင် များလည်း အကျိုးရှိကာ နိုင်ငံတော်ရဲ့ ရည်မှန်းထားတဲ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုမှာ ဆီထွက်သီးနှံကဏ္ဍက အောင်မြင်စွာ ပါဝင်နိုင်လိမ့် မယ်လို့ ယုံကြည်စွာ ရေးသားလိုက်ရပါတယ်။