ဘရာဇီးလ်နိုင်ငံတွင် စီးပွားရေးလုပ်ငန်း တည်ထောင်ရန်အတွက် မည်သည့်မြို့တော်မှာ အခြေချရကောင်းမလဲ အမြင်ဖြင့် ဆာပါလိုနှ င့် ရီယိုဒီဂျနေရိုးမြို့တို့၏ ကောင်းကျိုးဆိုးပြစ်များကို နှိုင်းယှဉ်ကြည့်မိသည်။ ဆာပါလိုထက် ရီယိုဒီဂျနေး ရိုးက အားသာသည့်အချက် မှာ ရေရှည်အတွက် အဆုံးအဖြတ်ပေးမည့် စာသင်ကျောင်းများဖြစ် သည်။ ထိုမြို့တော်ကြီးနှစ်ခုစလုံးမှ ကျောင်းများ ကို ယမန်နှစ်က သွားရောက်လေ့လာခဲ့ဖူးသည်။ ရီယိုမှကျောင်းများက ဆာပါလိုကျောင်းများထက် သာလွန်ကောင်းမွန်ကြောင်း အလွယ်တကူ သိနိုင် သည်။ ဆာပါလိုမှ ကျောင်းများကို အစိုးရနှင့် မြူနီစီပယ်အဖွဲ့တို့က တည်ထောင်ထားကြခြင်း ဖြစ်သည်။ ရီယိုမှ စာသင်ကျောင်း အားလုံးကို တော့ ဒေသန္တရအဖွဲ့ဖြစ်သည့် မြူနီစီပယ်က တည် ထောင်ထားခြင်းဖြစ်သည်။ ယင်းအတွက်ထူးခြား သည့် အားသာချက် မှာ ကောင်းမွန်သောစိတ်ကူး အကြံအစည်များကို ကျောင်းတိုင်းတွင် လက်တွေ့ ကျင့်သုံးနိုင်ခွင့်ရှိခြင်းဖြစ်သည်။ရီယိုကျောင်းအားလုံးအတွက် သင်ရိုးညွှန်း တမ်းတစ်မျိုးတစ်စားတည်းကို ပြဋ္ဌာန်းထားသည်။ ကျောင်းသားများ၏ တိုးတက်မှု အခြေအနေကို သိရှိနိုင်ရန် ကျောင်းဆရာများက နှစ်လတစ်ကြိမ် အစမ်းစာမေးပွဲစစ်သည်။ သင်ရိုးညွှန်းတမ်းသစ် ကို ဆရာများနှင့် အတူတကွ ရေးဆွဲခဲ့ခြင်းဖြစ်ပြီး၊ ဆရာများက ထိုသင်ရိုးညွှန်းတမ်းအတိုင်း သင် ကြားပေးရင်း အကဲဖြတ်ပေးကြသည်။ ဆရာများ ကို ရက်သတ္တတစ်ပတ်ကြာ မွမ်းမံသင်တန်းများ နှစ် စဉ်ပြုလုပ်ပေးသည်။ အရေးအပါဆုံး ဆန်းသစ်တီ ထွင်မှုမှာ စွမ်းဆောင်မှုနှင့် ချိတ်ဆက်ထားသည့် လစာ (Performance-related pay) ပေးစနစ် ဖြစ်သည်။ နှစ်အလိုက် ရည်မှန်းချက် ကို ပြည့်မီ အောင် ဆောင်ရွက်နိုင်သည့် ကျောင်းများအား ယမန်နှစ်စွမ်းဆောင်မှုကိုပါ ထည့်သွင်းစဉ်းစားကာ အပိုတစ်လစာ ချီးမြှင့်ပေးသည်။ (ကျောင်းဝင်လက် ခံရာတွင် အားနည်းသည့် ကျောင်းသားများကို လက်ခံခဲ့ရသည့် ကျောင်းများအတွက်တော့ မမျှတ သည့်စနစ်ဟု ဆိုနိုင်သည်။)ရီယိုမြို့တော်တွင် အလွန်ဆင်းရဲသူများနှင့် ဆူပူသောင်းကျန်းသူများနေထိုင်ရာ ပျံကျရပ်ကွက် များ၌လည်း ''မနက်ဖြန် အတွက် ကျောင်းများ"(Schools of Tomorrow) ဟူသောအမည်ဖြင့် စာသင်ကျောင်းပေါင်း ၁၅၁ ကျောင်းဖွင့်ထားသည်။ ထိုကျောင်း များအတွက် စွမ်းဆောင်ရည်ဆုချီးမြှင့် ငွေမှာ ၅၀ ရာခိုင်နှုန်း ပိုများသည်။ ငွေပိုငွေလျှံ အနည်းအကျဉ်း ရရှိလာသမျှကို မနက်ဖြန် အတွက် ကျောင်းများသို့ ဦးစားပေးခွဲဝေချထားပေးသည်။ အခြားကျောင်းများမှ ကျောင်းသားများက တီရှပ် အင်္ကျီတစ်ထည်စီသာ ရရှိချိန်တွင် မနက်ဖြန် အတွက် ကျောင်းသားများက အထက်အောက် တူညီဝတ်စုံတစ်စုံစီရရှိကြသည်။ ပထမဦးစွာ ဗလာ စာအုပ်များကို ထိုကျောင်းသားများအား အခမဲ့ ဝေပေးသည်ဟု ရီယိုမြို့တော်၏ ပညာရေးအတွင်း ဝန်၊ ကလော်ဒီယာကော့စ်တင်က ရှင်းပြသည်။ဆာပါလိုမြို့တော်မှ အစိုးရအုပ်ချုပ်ရေး မှူးက ကျောင်းဆရာများသမဂ္ဂ၏ ဖိအားပေး တောင်းဆိုမှုကို လက်ခံလိုက်လျောရသည်။ ယခု နှစ်အစောပိုင်းမှာပင် အစိုးရကတည်ထောင်ထား သည့်ကျောင်းများတွင် စွမ်းဆောင်မှုနှင့် ချိတ်ဆက် ထားသည့် လစာပေးစနစ်ကို ဖျက်သိမ်းပေးခဲ့ရ သည်။ စွမ်းဆောင်မှုနှင့် ချိတ်ဆက်ထားသည့် လစာ ပေးစနစ်သည် ပညာသင်ကြားရေးကို လှုံ့ဆော် အားပေးသည့် တစ်ခုတည်းသော အကြောင်းရင်း မဟုတ်သော်လည်း ထိုလစာစနစ်သည် အရေးကြီး ပါသည်။ ထိုစနစ်ကို ရုပ်သိမ်းေ ပးလိုက်ရခြင်းသည် မှားယွင်းမှုတစ်ရပ်ဖြစ်သည်ဟု ပညာရေးအတွင်း ဝန်၊ ကော့စ်တင်က သုံးသပ်သည်။ ပျံကျဆင်းရဲသား ရပ်ကွက် ထဲတွင် ဖွင့်ထားသည့် မနက်ဖြန် အတွက် ကျောင်းများသည်လည်း ပျော်မွေ့ဖွယ် အေးဆေးတိတ်ဆိတ်လျက်ရှိသည်။ စာကြည့်တိုက် အပါအဝင် ကျောင်းသုံးပစ္စည်းပရိဘောဂ ပြည့် ပြည့်စုံစုံရှိပြီး သင်ယူရေးတွင် အခက်အခဲ ရှိသည့် ကျောင်းသားများအတွက် ကျွမ်းကျင်သူများကို လည်း အဆင်သင့်စီစဉ်ပေးထားသည်။ စာသင်ခန်း များ၏တည်ဆောက်ပုံအရ အသံစနစ်လည်း အထူး ကောင်းမွန်သည်။ (ဆာပါလိုကျောင်းများတွင် ပဲ့တင်သံဟိန်းနေသည့် ကွန်ကရစ်အခန်းများ ဖြစ် သည်။)ဤသို့ တိုးတက်လာမှုများကို ကြိုဆိုဂုဏ်ပြု ရာတွင် ဘရာဇီးလ်နိုင်ငံ၏ပညာရေးစနစ်မှာ ယနေ့ ထိတိုင် မည်မျှဆိုးဝါးနိမ့်ကျေ နဆဲဖြစ်ကြောင်း သိရှိ ထားရန် လိုအပ်မည်ဖြစ်သည်။ ကမ္ဘာ့ဘဏ်မှ သုတေသီ ဘာဘရာဘန်းစ်သည် ဘရာဇီးလ်ပညာ ရေးကို အချိန်ယူလေ့လာခဲ့ပြီး ''ဘရာဇီးလ်တွင် ကမ္ဘာ့အဆင့်မီပညာရေးတည်ဆောက်ခြင်း၊နောက် တစ်ဆင့်အစီအစဉ်" အမည်ရှိ စာအုပ်ကို ရေးသား ခဲ့သည်။ ထိုစာအုပ်တွင် အခြေခံဂဏန်းသင်္ချာ စွမ်း ရည်ကို အသက် ၁၅ နှစ်အရွယ် ကျောင်းသားများ အား OECD ခေါ် ချမ်းသာနိုင်ငံများပါဝင်သည့် အဖွဲ့၏ PISA အစမ်းစာမေးပွဲဖြင့် ၂၀၀၆ခုနှစ်က စစ်ဆေးခဲ့ရာ OECD နိုင်ငံများတွင် အမှန်ဖြေ ဆိုနိုင်သူ ၈၀ ရာခိုင်နှုန်းရှိခဲ့ပြီး ဘရာဇီးလ်နိုင်ငံမှာ အမှန်ဖြေဆိုနိုင်သူ ၁၁ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ အလွန်ရိုးစင်း လွယ်ကူသော မေးခွန်းကို မဖြေနိုင်သူ ကျောင်းသားငယ် ၁၀ ဦးလျင် ၉ ဦး အထိရှိနေသော်လည်း သင်ယူမှုပြီးမြောက်၍ ကျောင်းမှထွက်ခွာသွားကြသည့် ဘရာဇီးလ်နိုင်ငံမှ ယနေ့မျိုးဆက်သစ်လူငယ်များသည် သမိုင်းတွင် အကောင်းဆုံးပညာတတ်မြောက်သူများဖြစ်သည်။ သို့ဖြစ်၍ ဘရာဇီးလ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများ အတွက် အရေးအကြီးဆုံး အခက်အခဲတစ်ရပ်ဖြစ် ခဲ့သော အရည်အချင်းမီ အလုပ်သမားများရရှိရေး တွင် အဆင့်မီအလုပ်သမားရရှိမှုနှုန်း တိုးတက် လာ ကြောင်း တွေ့ရနိုင်သည်။ ကျောင်းကောင်းကောင်း များ ရရှိထားသည့် မြို့တော်ကသာ အဖိုးမဖြတ် နိုင်သော စွမ်းရည်သတ္တိထူးကို ပိုင်ဆိုင်ခြင်းဖြစ် သည်ဟု ဆိုပါသည်။Ref; The Economist..
Background