Main menu

Background

အစကောင်းခဲ့ပြီ အဏ္ဏဝါဒေဝီ

Mon, 07/02/2012 - 05:13 -- Anonymous (not verified)

CMP  ဟု လူတိုင်းအလွယ်တကူခေါ်နေသည့် အပ်ကုန်စနစ် (ဝါ) လက်ခစားစနစ်ကို ယခင်က အထည်ချုပ်လုပ်ငန်းများနှင့် စက်မှု လုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ပေးခဲ့ရာမှ ယခုအခါ ရေထွက် ပစ္စည်းများကိုပါ လုပ်ကိုင်ခွင့်ပေးနေပြီဟု သိရသည်။ယင်းကဲ့သို့  CMP  စနစ်ကို လုပ်ကိုင်ခွင့်ရရှိရန်မှာ လွယ်ကူ လှသည်တော့မဟုတ်။ စမ်းသပ်ခံကာလတစ်ခုကို ဖြတ်ကျော်ခဲ့ ရသည်။ စမ်းသပ်ခံကာလအတွင်းတွင် ရေလုပ်ငန်းများအနေဖြင့် CMP စနစ်ဖြင့်လုပ်၍ အောင်မြင်မှု ရှိ၊ မရှိကို အဏ္ဏဝါဒေဝီ က ဖော်ဆောင်ပေး ခဲ့သည်။အဏ္ဏဝါဒေဝီငါးဖမ်းလုပ်ငန်းသည် ယခင်က မိမိဒေသတွင်း ပင်လယ်ပြင်မှထွက်ရှိသည့်ငါးများကိုသာ ဖမ်းဆီး၍ လုပ်ကိုင်ခဲ့သည်။ သို့သော် မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတများထွက်ရှိမှု နည်း ပါးလာသည်နှင့်အမျှ ရေလုပ်ငန်းကို လုပ်ကိုင်သည့်ကုမ္ပဏီများ၊ စက်ရုံ များသည် အခက်အခဲပေါင်းများစွာနှင့် ကြုံတွေ့ခဲ့ရသည်။အဏ္ဏဝါဒေဝီ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းနှင့် အထွေထွေ ကုန်ထုတ်လုပ်ငန်း  သမဝါယမအသင်းလီမိတက်သည် ယခင် က မြန်မာ့ ပင်လယ်ပြင်တွင် ကကတစ်ငါးများကိုသာ ဖမ်းဆီးပြီး လုပ်ကိုင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ကကတစ်ငါးများ ကို ဖမ်းဆီးခဲ့ရာမှ ကကတစ်ငါးများ ထွက်ရှိမှု ကျဆင်းလာမှုနှင့်အတူ စက်ရုံများပိတ်ရတော့မည့်အခြေအနေသို့ ဆိုက်ရောက်ခဲ့ရကြောင်း သိရသည်။ ယင်းကဲ့သို့အခြေအနေတွင် CMP စနစ်ဖြင့် လုပ်ကိုင်ခွင့် ရသည့်အတွက် စက်ရုံကို ပြန်လည် လည်ပတ်နိုင်ခဲ့ကြောင်း သိရ သည်။" ကျွန်မတို့ကုမ္ပဏီက  အစတုန်းက  မြန်မာ့ပင်လယ်ပြင်က ကကတစ်ငါးတွေကို ဖမ်းဆီးပြီးလုပ်ရတာပါ။ နောက်ပိုင်းမှာ ကက တစ်ငါးရဲ့ထွက်ရှိမှုက ကျဆင်းလာတယ်။ အရင်တုန်းကဆိုရင် တစ် နှစ်ကို တန် ၅၀၀ လောက်ထွက်တယ်။ မနှစ်ကဆိုရင် တန် ၁၈၀ ပဲ ထွက်တော့တယ်။ တစ်နှစ်ကို တန် ၅၀၀ ထုတ်နိုင်ရင် စက်ရုံမှာ အမြတ်အစွန်း ရနိုင်တယ်။ တန် ၁၈၀ ပဲ ထုတ်နိုင်မယ်ဆိုရင်တော့ ရှုံးနေပြီ။ ၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ ရေထွက်ကုန်တွေ ဈေးကျလာ တယ်။ Freeze ဖြစ်လာတယ်။ ထုတ်နိုင်တဲ့စွမ်းအားကို အပြည့်အ၀ မထုတ်နိုင်တော့ဘူး။ စက်ရုံကို ထိန်းသိမ်းနိုင်ဖို့အတွက် အများကြီး ကြိုးစားလာရတယ်။ ငါးကတော့ ရှိချင်ရှိမယ်။ ဒါပေမယ့် ပြည်ပကို တင်ပို့နိုင်တဲ့ငါးကတော့ မရှိတော့ဘူး။ ဒါကြောင့် ကိုယ့်ဆီက ထုတ် ကုန်တစ်ခုတည်းကို အားကိုးနေလို့မရတော့ဘူး။ ဒါကြောင့် CMP  လုပ်ဖို့ဆုံးဖြတ်ရတာပါ'' ဟု CMP  လုပ်ကိုင်ရခြင်း၏ ရည်ရွယ်ချက် ကို ဒေါ်တိုးနန္ဒာတင်က ရှင်းလင်းပြောကြားခဲ့သည်။မြန်မာ့သယံဇာတတွင် ရေထွက်ပစ္စည်းများ  ရှားပါးလာမှု ကြောင့် စက်ရုံများတွင် ကုန်ကြမ်းများ ရှားပါးလာပြီး မိမိကုမ္ပဏီ၊ စက်ရုံများမှ လုပ်သားများအား လုပ်ခလစာများပေးနိုင်ရန် အခက် အခဲများကြုံတွေ့ခဲ့ရသည့်အပြင် စက်ရုံများပါ ပိတ်သိမ်းရမည့် အခြေ အနေအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့  CMP  စနစ် ကို လုပ်ကိုင်သည့်အတွက် အလုပ်သမားများအနေဖြင့် လစာလုပ်ခ လစာများ ပိုမိုရရှိနိုင်သည့်အပြင် စက်ရုံများပိတ်ရမည့် အနေအထား တစ်ခုကိုလည်း ကျော်လွှားနိုင်မည်ဖြစ်ကြောင်း အဏ္ဏဝါဒေဝီပင်လယ် ငါးဖမ်းလုပ်ငန်းနှင့် အထွေထွေကုန်ထုတ်လုပ်ငန်းသမဝါယမအသင်း လီမိတက်မှ ဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင် က ပြောကြားခဲ့သည်။"CMP လုပ်တဲ့အတွက် ကိုယ့်စက်ရုံကို လည်ပတ်နိုင်ပါတယ်။ ဝန်ထမ်းတွေကိုလည်း လစာပြည့်ပြည့်၀၀ပေးနိုင်သလို စက်ရုံပိတ်ရ မယ့်အနေအထား တစ်ခုကိုလည်း မပိတ်ရအောင် လုပ်နိုင်မှာပါ။ ဒီ CMP  လုပ်တဲ့အတွက် အလုပ်သမားတွေဟာ လုပ်ခလစာပိုပြီးရ တယ်။ စက်ရုံထဲမှာလုပ်တဲ့ကလေးတွေအတွက် ကီလိုကြေးဆိုတာရှိ တယ်။ တစ်ကီလိုလုပ်တိုင်း လုပ်ခရတယ်။ ကီလိုများများ လုပ်တိုင်း လုပ်တိုင်းမှာ ဝန်ထမ်းလေးတွေ လုပ်ခပိုပြီးရတယ်။ ဒါ ဃဏြ လုပ်တဲ့ အကျိုးကျေးဇူးတွေပဲ''ဟု ရှင်းပြသည်။ထို့ပြင် CMP  စနစ်ကိုကျင့်သုံးခြင်းကြောင့် မိမိနိုင်ငံ၏ ရေ သယံဇာတများ ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်နိုင်သကဲ့သို့ သဘာ၀ အရင်းအမြစ်များ ပျက်စီးဆုံးရှုံးခြင်းမှလည်း ကာကွယ်နိုင်ပေသည်။  မိမိပင်လယ်ပြင်တွင် ရေသယံဇာတဖြစ်သည့် ငါးမျိုးပြုန်းတီး မှုကြောင့် နောင်ကာလတွင် ငါးများရှားပါးလာကာ စားနပ်ရိက္ခာပြတ်လပ်မှု များနှင့်ကြုံတွေ့ရမှုကို CMP  စနစ်က ထိန်းသိမ်းပေး ထားနိုင်ကြောင်း  သိရသည်။မိုးတွင်းကာလ ငါးဖမ်းဆီးမှု တားမြစ်ထားချိန်တွင် CMP  စနစ်ကို လုပ်ကိုင်သည့်အတွက် လုပ်ငန်းရပ်ဆိုင်းမှုများမဖြစ်ပေါ်ဘဲ ငါးမျိုးပွားများမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းကဆက်လက်ရှင်းပြ သည်။"ပင်လယ်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ သဘာ၀ ရေသယံဇာတဖြစ်တဲ့ငါးတွေကို ထုတ်ယူသုံးစွဲတာပဲ ရှိတယ်။ ပြန်ဖြည့် ပေးနိုင်တာမရှိခဲ့ဘူး။ အဲဒီလို ပြန်မဖြည့်ပေးနိုင်တဲ့အတွက် ငါးသယံ ဇာတတွေရှားပါးလာတယ်။ Close Season  လုပ်လိုက်ရင် စက်ရုံ တွေက ကုန်ကြမ်းမရတော့တဲ့အတွက် အခက်အခဲ ဖြစ်နိုင်တယ်။ CMP  ကိုလုပ်မယ်ဆိုရင် ကုန်ကြမ်းပြတ်လပ် မှုဖြစ်မှာကိုလည်း မပူ ရတော့ဘူး။ Close Season  လုပ်နိုင်တဲ့အတွက် သဘာဝကရှိတဲ့ ငါးမျိုးစိတ်တွေဟာ ပိုပြီးပွားများလာတဲ့အတွက် ကိုယ့်နိုင်ငံရဲ့ သယံ ဇာတကိုလည်း ဖြည့်တင်းပြီးသားဖြစ်စေပါတယ်'' ဟု CMP လုပ်ငန်း လုပ်ဆောင်သည့်အတွက် သဘာ၀ သယံဇာတများ ထိန်းသိမ်းနိုင် သည့်အကြောင်းကို ရှင်းပြခဲ့သည်။အဏ္ဏဝါဒေဝီ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းနှင့် အထွေထွေကုန် ထုတ်သမဝါယမအသင်းလီမိတက်သည်မလေးရှား နိုင်ငံမှ ရေထွက် လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီတစ်ခုနှင့်ချိတ်ဆက်၍ CMP  လုပ်ငန်း ကို လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်သည်။မလေးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် လုပ်သားအင်အား ပေါများသည့်နိုင်ငံဖြစ်သည့်အပြင် လုပ်အားခ သက်သာ သည့်နိုင်ငံ ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်ရခြင်းဖြစ် ကြောင်း မလေးရှားနိုင်ငံကုမ္ပဏီ မှ ရေလုပ်ငန်း ကျွမ်းကျင်သူက ရှင်းပြ သည်။" မြန်မာနိုင်ငံမှာက လုပ်သားအင်အားပေါများတယ်။ ဒါ့ပြင် အလုပ်သမားခပေးရတာလည်း သက်သာတယ်။ ဒါကြောင့် ဒီမှာ လာပြီး CMP  စနစ်နဲ့လုပ်ကိုင်တာပါ။ အရည်အသွေးပိုင်းမှာလည်း စိတ်ချရတယ်။ လုပ်သမျှတွေထဲမှာ ပြန်ပို့ရတယ်ဆိုတဲ့ Reject  မရှိ တဲ့အတွက်  ကျေနပ်မှုရှိပါတယ်။ တရုတ်နိုင်ငံမှာလည်း CMP  စနစ်နဲ့ လုပ်တာရှိပေမယ့် မြန်မာကတော့ ကျွန်မတို့နိုင်ငံနဲ့ လမ်းပန်းဆက် သွယ်ရေးအရ နီးတယ်။ နောက်ပြီး အာဆီယံနိုင်ငံအချင်းချင်း ဖြစ် တဲ့အတွက် လုပ်ရကိုင်ရတာ ပိုပြီးလွယ်ကူတယ်''"မလေးရှားမှာကတော့ အလုပ်သမားရှားတယ်။ လုပ်ခက လည်း ဈေးကြီးတယ်။ အဏ္ဏဝါဒေဝီနဲ့က အရည်အသွေးပိုင်းမှာ စိတ် ချမှုရှိတဲ့အတွက် ဒီမှာလာပြီးလုပ်ရတာပါ။ CMP ပဲလုပ်လုပ် ဘာပဲ လုပ်လုပ် ယုံကြည်စိတ်ချမှုရှိဖို့ အရေးကြီးပါတယ်''ဟု မလေးရှား နိုင်ငံမှ CMP  စနစ်ဖြင့် လာရောက်လုပ်ကိုင်နေသည့် ကုမ္ပဏီမှ ကျွမ်း ကျင်သူက ပြောသည်။အဏ္ဏဝါဒေဝီ ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် အထွေထွေကုန် ထုတ်လုပ်ငန်း သမဝါယမအသင်းသည် မလေးရှားနိုင်ငံမှ ရေထွက် လုပ်ငန်းကုမ္ပဏီနှင့်ချိတ်ဆက်၍ လုပ်ကိုင်နေသည်မှာ ၁၅ နှစ်တိုင်ခဲ့ ပြီဖြစ်သည်။ သို့သော် CMP  စနစ်ကို စတင်ဆောင်ရွက်သည်မှာ ယခုရက်ပိုင်းအတွင်းသာရှိသေးပြီး စမ်းသပ်ကာလတွင် အောင်မြင်မှု ရရှိရန်အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။အီးယူနှင့် အမေရိကန်တို့၏ စီးပွားရေးပိတ်ဆို့မှု လျှော့ချ ပေးမှုနှင့်အတူ မြန်မာ့ထုတ်ကုန်ပစ္စည်းများပေါ်တွင် အခွန်များ ကင်း လွတ်ခွင့်ရရှိခဲ့ခြင်းသည်ပင် မြန်မာတို့၏ CMP လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးလာစေမည့်အချက်တစ်ရပ်ပင်ဖြစ်သည်။ CMP  လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးခိုင်မာလာပါက အလုပ်အကိုင်ရှားပါးမှုကိုလည်း တစ်ဖက် တစ်လမ်းမှ ဖြေလျော့ပေးနိုင်မည့်အပြင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက် ရေးလုပ်ငန်းစဉ်များကိုပါ အထောက်အပံ့ပေးနိုင်သည့် လုပ်ငန်းတစ် ရပ်အဖြစ် ပေါ်ထွက်လာမည်ဖြစ်သည်။အဏ္ဏဝါဒေဝီမှ စတင်လမ်းပြပေးလိုက်သည့် ရေလုပ်ငန်းများ တွင် CMP  စနစ်ဖြင့် လုပ်ကိုင်ခြင်းသည် တိုင်းပြည်၏ အလား အလာကောင်းများ ရရှိစေနိုင်သည့်အတွက် အဏ္ဏဝါဒေဝီ၏ အစ ကောင်းခဲ့မှုကို ကြိုဆိုရင်း ...။