Main menu

Background

ဓာတုဗေဒစက်မှုလုပ်ငန်းနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

Mon, 07/02/2012 - 07:29 -- Anonymous (not verified)

       တရုတ်နိုင်ငံမှာ ရေနံချက်စက်ရုံတွေနဲ့ ရေနံ ဓာတုစက်ရုံပေါင်းနှစ်သောင်းကျော်  ရှိတဲ့အနက် စက်ရုံပေါင်း ၁၃၀၀၀ ခန့်ဟာ ယန်စီမြစ်နဲ့ မြစ်ဝါ မြစ်ကမ်းတစ်လျှောက်မှာ  တည်ရှိကြပါတယ်။ အစိုးရရဲ့ စုံစမ်းစစ်ဆေးချက်တစ်ရပ်အရ တရုတ် နိုင်ငံရဲ့ အဓိကရေနံဓာတုစက်မှုလုပ်ငန်းကြီး ၈၁ ရာခိုင်နှုန်းဟာ သဘာဝပတ်ဝန်းကျင်ကို အလွယ် တကူ ထိခိုက်ပျက်စီးစေနိုင်တဲ့ ဧရိယာတွေဖြစ်တဲ့ မြစ်ချောင်း၊ ရေကန်၊ ရေတိမ်ဒေသတွေနဲ့ လူဦး ရေထူထပ်တဲ့ မြို့ကြီးနားတွေမှာ တည်ရှိကြတယ် လို့သိရပါတယ်။ ဒီလို ဓာတုပစ္စည်းနဲ့ ရေနံဓာတု စက်ရုံကြီးတွေကို  ရေလမ်းကြောင်းတွေနားမှာ တည်ထောင်ထားတဲ့ အစဉ်အလာဟာကုန်ပစ္စည်း တွေကို  ဈေးသက်သက်သာသာနဲ့ သယ်ယူပို့ ဆောင်ဖို့အပြင် အဲဒီစက်ရုံတွေကထွက်ရှိတဲ့ စွန့် ပစ်ပစ္စည်းတွေကို အလွယ်တကူပစ်ဖို့လည်း ပါဝင် နေပါတယ်။ ဒါ့အပြင် စီမံခန့်ခွဲဖို့ညံ့ဖျင်းတဲ့ စက်ရုံ တွေကြောင့် မကြာခဏ ဓာတုပစ္စည်းယိုစိမ့်မှုတွေ၊ ပေါက်ကွဲမီးလောင်မှုတွေ  ဖြစ်ပွားခဲ့တာကြောင့် အဲဒီစက်ရုံတွေတည်ရှိတဲ့ မြစ်ချောင်းတွေနဲ့ ပတ် ဝန်းကျင်ဒေသတွေမှာ  ညစ်ညမ်းမှုနဲ့ ဘေး အန္တရာယ်အမျိုးမျိုးဖြစ်ပွားစေခဲ့တာကို တွေ့ရှိရ ပါတယ်။ကျိန်းကျန်ဓာတုစက်မှုဇုန်ကြီးဟာ ယန်စီ မြစ်ကြီးပေါ်မှာတည်ရှိပြီး အဲဒီစက်မှုဇုန်ရဲ့ အောက် ပိုင်း၊ ယန်စီမြစ်ရဲ့  မြစ်လက်တက်တစ်ခုပေါ်မှာ လူဦးရေ ရှစ်သိန်းနေထိုင်တဲ့ ဒန်းယန်မြို့ဆိုရင် တစ် နှစ်ကို အကြိမ် ၂၀ ကျော်ေ လာက် မြစ်ရေညစ် ညမ်းကြောင်း သတိပေးနေရတယ်လို့ ဆိုပါတယ်။ တစ်ခါတစ်ရံ မြစ်ရေညစ်ညမ်းမှုကြောင့် မြို့ရေ ပေးဝေတဲ့စနစ်ကို တစ်ပတ်လောက် ဖြတ်ထား တတ်ပါတယ်။၂၀၁၀ ပြည့်နှစ် ဇူလိုင်လအတွင်းက တရုတ် နိုင်ငံရဲ့ အဓိကရေလမ်းကြောင်းကြီးတစ်ခုဖြစ်တဲ့ ဆုန်ဟွာမြစ်ကြီးပေါ်က ဆည်ကြီးနှစ်ခုဟာ မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ကျိုးပေါက်ပြီး ရေ လျှံခဲ့တဲ့အတွက် အဲဒီမြစ်ကြီးရဲ့ အောက်ပိုင်းမှာ တည်ရှိတဲ့ ကျီလင်စက်မှုဇုန်ကြီးဟာ ရေလွှမ်းမိုး တာခံခဲ့ရပါတယ်။ အဲဒီစက်မှုဇုန်ကြီးမှာရှိတဲ့ ဓာတု ဗေဒပစ္စည်းတွေထည့်သွင်း ထားတဲ့ ပေပါ(ပုံး) စုစု ပေါင်း ခုနစ်ထောင်ကျော်ဟာ ဆုန်ဟွာမြစ်ကြီးထဲ မျောပါကုန်ပါတယ်။ ဒါကြောင့် ကျီလင်မြို့တည် ရှိတဲ့ ဆုန်ဟွာမြစ်ပြင်ကြီးထဲမှာ အပြာရောင်ဓာတု ဗေဒပစ္စည်းပေပါပုံးတွေအများအပြား မျောပါနေ တာကိုတွေ့ရပါတယ်။ တချို့ပုံးတွေကနေ အဖြူ ရောင်ဓာတ်ငွေ့တွေ ထွက်နေတာကိုလည်း မြင်ရ ပါတယ်။ ကျီလင်နဲ့ မြစ်အောက်ပိုင်းရှိမြို့တွေက မြို့သူမြို့သားတွေဟာ သက်ဆိုင်ရာက အဲဒီဓာတု ဗေဒပစ္စည်းတွေကြောင့် မြစ်ရေဟာ အန္တရာယ်မရှိ နိုင်ကြောင်း ဘယ်လို ပဲပြောကြားခဲ့ပေမဲ့ မယုံကြည် ကြဘဲ ရေသန့်ဘူးတွေကိုသာ အလုအယက် ဝယ် ယူသုံးစွဲခဲ့ကြတယ်လို့ သိရပါတယ်။အဲဒီနေ့မှာပဲ ကျန်စုပြည်နယ် မြို့တော်နန် ကျင်းမှာရှိတဲ့ ချီရှားစက်မှုဇုန်မှာလည်း ပရိုပလိန်း ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ပေါက်ပြီးမီးလောင်ခဲ့တဲ့ အတွက် အနီးမှာရှိတဲ့ ဓာတုဗေဒစက်ရုံကြီတစ် ရုံကိုပါမီးကူး ကာ ပေါက်ကွဲမှုကြီး  ဖြစ်ပွားခဲ့ပါ တယ်။ အလုပ်သမား ၁၃ ဦးသေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူပေါင်း ၅၀၀ ကျော်ကို ဆေးရုံတင်ခဲ့ ရတယ်လို့ သိရပါတယ်။တရုတ်နိုင်ငံ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးအေဂျင်စီ (SEPA) ရဲ့အဆိုအရ ဆုန်ဟွာ မြစ်ကြီးပေါ်မှာရှိတဲ့ စက်မှုလုပ်ငန်းပေါင်း ၁၅၇ ခု ဟာမြစ်အတွင်း လူကိုဘေးဥပဒ်ဖြစ်စေတဲ့ ဓာတ် သတ္တုနဲ့ ဓာတုဗေဒပစ္စည်းတွေဖြစ်တဲ့ ပြဒါး၊ ခဲ၊ ကတ်မီယမ်၊ အာဆေနိတ်၊ ဟီဆာဗေလက်ကရိုမီ၊ ဖိနောနဲ့ ဆိုင်းနိုတ်ပါဝင်တဲ့အမှိုက်တွေကို တစ်နှစ် မှာ တန်ချိန် ၆၀ ခန့်စွန့်ပစ်နေကြတယ်လို့ ထောက် ပြထားပါတယ်။ ဆုန်ဟွာမြစ်ကမ်းမှာ နေထိုင်သူ တစ်ဦးကတော့ " ဆုန်ဟွာမြစ်ကြီးပေါ်မှာ ဓာတု ဗေဒစက်ရုံတွေ အများအပြား ရှိနေတာကို သိပါ တယ်။ ကျွန်တော်တို့ဟာ မြစ်ရေညစ်ညမ်းတာကို မလိုလားပေ မဲ့ နေ့စဉ်သုံးစွဲဖို့လိုအပ်တဲ့ ရေပေးေ၀ မှုကို ဖြတ်ပစ်မှာကိုပိုကြောက်ကြတယ်'' လို့ပြောပါ တယ်။ဒါကြောင့် ဖူကျန်မြို့မှာတည် ဆောက်မယ့်  Paraxylene   ဓာတုဗေဒ စက်ရုံစီမံကိန်းကိုလည်း ကောင်း၊ ဖုန်ကျိုးမြို့မှာ Sinopec   ကုမ္ပဏီက ရေနံ ချက်စက်ရုံတည်ဆောက်မယ့် စီမံကိန်းကို လည်း ကောင်း၊ ချုံချင်းမြို့မှာ  BASF ဓာတုဗေဒကုမ္ပဏီ ကြီးက Methylenediphenyl  diisocyanate    ထုတ်လုပ်မယ့်စက်ရုံ တည်ဆောက်မယ့် စီမံကိန်း ကိုလည်းကောင်း မြို့ခံလူထုတွေက ကန့်ကွက်လာ တာကို တွေ့ရကြောင်းပါခင်ဗျား။  ။ွRef:China  Weekly