Main menu

Background

AEC အစီအစဉ်အတွက် ထိုင်းစားသောက်ကုန်လုပ်ငန်းအများစုမှာ ပြင်ဆင်ရခြင်းမရှိသေး

Mon, 07/02/2012 - 07:33 -- Anonymous (not verified)

     ၂၀၁၅ အာဆီယံစီးပွားရေးအသိုက်အဝန်းမှာ အောင်မြင်စွာပါဝင်နိုင်ရေး ထိုင်းစားသောက်ကုန်လုပ်ငန်း လည်ပတ်သူများ အသင့် မဖြစ်သေးဘူးလို့ ထိုင်းနိုင်ငံစားသောက်ကုန်အဖွဲ့ (NFI)ရဲ့ စစ်တမ်းကောက်ယူချက်မှာ ဖော်ပြထားပါတယ်။ မေ ၈ ရက်မှ ၂၅ ရက်အတွင်း စားသောက်ကုန် ထုတ်လုပ်သူ ၇၈ ဦးကို စစ်တမ်းကောက်ယူခဲ့ရာမှာ အသေးစားလုပ်ငန်း ၁၅ ခု၊ အလယ်အလတ် လုပ်ငန်း ၁၇ ခုနဲ့ အကြီးစားလုပ်ငန်း ၄၆ ခု ပါဝင်တယ်လို့ သိရပါတယ်။ ယင်းစစ်တမ်းအရ ၅၅ ရာခိုင်နှုန်းမှာ အသင့်မဖြစ်သေးပေမယ့် ၄၅ ရာခိုင်နှုန်းမှာတော့ ကောင်းစွာ ပြင်ဆင်ထားတယ်လို့ ယင်းလုပ်ငန်းရှင်များက ပြောကြားကြောင်း သိရပါတယ်။ ထိုင်းစားသောက်ကုန်လုပ်ငန်းရှင်များရဲ့ ၈၃ ရာခိုင်နှုန်းမှာ AEC  အတွက် အသင့်မဖြစ်သေးကြောင်း၊ စစ်ဆေးတွေ့ရှိတယ်လို့ သိရပါ တယ်။ ဆန်ကုန်သည်များ၊ အသီးအရွက်ဆီထုတ်လုပ်သူများ၊ သစ်သီးနဲ့ဟင်းသီး ဟင်းရွက်ပြုပြင်ထုတ်လုပ်သူများ၊ အဖျော်ယမကာ ထုတ်လုပ်သူ များနဲ့ ပင်လယ်စာပြုပြင်ထုတ်လုပ်သူများမှာ AEC  အတွက် ပြင်ဆင်ထားခြင်းမရှိဘူးလို့ သိရပါတယ်။ ထိုင်းစီးပွားကူးသန်းရဲ့ နိုင်ငံတကာ ကုန်သွယ်မှုလေ့လာရေးစင်တာမှ ညွှန်ကြားရေးမှူး Aat  Pisanwanich   ပြောကြားရာမှာ ထိုင်းနိုင်ငံအသေးစားနဲ့ အလတ်တန်းစား လုပ်ငန်းရှင် (SMEs)များမှာ အခြားနိုင်ငံစားသုံးသူတွေရဲ့ အရသာ၊ အလေ့အထများနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်မရှိ တာကြောင့် ဈေးကွက်ဦးဆောင်နိုင်ဖို့ ခက်ခဲတယ်ဆိုတာတွေ့ရှိရတယ်လို့ ဆိုပါတယ်။ဒါ့အပြင် အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်များဟာ ၎င်းင်းတို့ရင်းနှီးမြှုပ်နှံမှုမပြုမီ လေ့လာဖို့လိုအပ်တဲ့ နိုင်ငံခြားဥပဒေများနဲ့ အခွန်နှုန်း ထားများကိုလည်း နားလည်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ အခြားအာဆီယံနိုင်ငံများရဲ့ နိုင်ငံရေး၊ အခြေအနေအကျိုး အမြတ်ရရှိနိုင်ဖို့ ၎င်းင်းနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့် အတန်းများ နားလည်ဖို့လိုအပ်တယ်လို့ ထိုင်းကုန်သည်များအသင်း ဒုတိယအထွေထွေ အတွင်းရေးမှူး  Pornsil  Patchrintanakul မှ ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ အာဆီယံမှာ အားထားရဆုံးနိုင်ငံဖြစ်ပြီး၊ ထိုင်းနိုင်ငံထုတ်ကုန်ရဲ့ စံချိန်စံနှုန်းနဲ့ အရည်အသွေးဟာလည်း မြင့်မားတဲ့အထဲမှာ ထည့်သွင်းစဉ်းစားထားကြပါတယ်။ ဒါပေမယ့်လည်း ထုတ်ကုန်ရောင်းချမှု ကွင်းဆက်အတွင်း ဘယ်နေရာ မှာ ရောက်ရှိနေတယ်ဆိုတာ နားလည်ဖို့တော့ လိုအပ်တယ်လို့ Mr  Pornsil  မှ ဆိုပါတယ်။                                    ယမင်းခင်၊ Source: bangkok post