Main menu

Background

တရုတ် နဲ့ ဗီယက်နမ် ကုန်သွယ်မှု

Sun, 07/08/2012 - 06:39 -- Anonymous (not verified)

        တရားဝင်မီဒီယာများ၌ တရုတ်နှင့် ဗီယက် နမ်နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်မျိုးဆက်များအဖြစ် ချီးကျူးထောပနာပြု  ရေးသားေ ဖာ်ပြကြသည်။ထိုနှစ်နိုင်ငံသည် အဖြစ်အပျက်၊  အပြောင်းအလဲ များစွာဖြင့် သမိုင်းကြောင်းရှည်လျားစွာ တည်ရှိ ခဲ့သော အိမ်နီးချင်းများ လည်း ဖြစ်သည်။ မကြာ သေးမီကာလအတွင်း ဗီယက်နမ်နှင့် အမေရိကန်နိုင်ငံတို့အကြား မိတ်ဖြစ်ဆွေဖြစ် ဆက်ဆံရေးဗျူ ဟာ ခင်းကျင်းမှုများကို  ထုတ်ဖော်ရည်ညွှန်းခြင်း မပြုသော်လည်း မြောက်ဘက်က နိုင်ငံကြီးကို သံခင်းတမန်ခင်းအရ အဟန့်အတားဖြစ်ေ စခဲ့သည် ဟုနားလည်ထားကြသည်။ တရုတ်နိုင်ငံနှင့် ဗီယက် နမ်ဆက်ဆံရေးမှာ  ကုန်သွယ်ရေးမှာသာမက အခြားမျက်နှာစာများစွာတွင် လည်း သိမ်မွေ့ ရှုပ် ထွေးလျက်ရှိသည်။ယခုနှစ်ဇွန်လအစောပိုင်းတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး  လီယွန်ပင်နက်တာ ဗီယက်နမ်သို့ရောက်လာခဲ့ခြင်းကို နှစ်နိုင်ငံဆက်  ဆံရေး ပိုမိုအားကောင်းလာခြင်းဖြစ်သည်ဟု ဆို သည်။ အမေရိကန် သတင်းစာများက '' ယခင်ရန် သူဟောင်းမှ ထူးခြားသော မဟာမိတ်အဖြစ် ပြောင်းလဲလာခြင်း''ဟုဖော်ပြခဲ့ကြသည်။ ဗီယက် နမ်နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးများသည် ၂၀၀၃ ခုနှစ်မှစ၍ နှစ်စဉ် အပြန်အလှန် အလည် အပတ် သွားရောက်ကြသည့် အစဉ်အလာရှိခဲ့ သည်။ တကယ်တော့ ဗီယက်နမ်နိုင်ငံက တရုတ် နိုင်ငံအပေါ် ရာစုနှစ်နှင့်ချီပြီး သံသယရှိခဲ့သည်။ သို့သော်လည်း  မကြာသေးမီနှစ်များအတွင်း တရုတ်-ဗီယက်နမ်ကုန်သွယ်ရေးမှာ သိသိသာသာ တိုးတက်ကောင်းမွန်ခဲ့သည်။ တရုတ်နိုင်ငံသည် ဗီယက်နမ်၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်နေ သည်။ ယမန်နှစ်က နှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုတန်ဖိုးမှာ ဒေါ်လာ ၃၆ ဘီလီယံ ရှိခဲ့ သည်။ အမေရိကန်နှင့် ဗီယက်နမ် ကုန်သွယ်မှု တန်ဖိုးမှာ ဒေါ်လာ ၂၂ ဘီလီယံသာရှိခဲ့သည်။ တရုတ်နိုင်ငံနှင့် အပြန်အလှန် ကုန်သွယ်မှု ဆိုသော်လည်း ဗီယက်နမ်တို့က တစ်ဖက်သတ် ကုန်သွယ်မှုအဖြစ်သာ  နားလည်ထားကြသည်။ဗီယက်နမ်နိုင်ငံ၊ အထွေထွေစာရင်းအင်းရုံး၏ မှတ် တမ်းအရ ၂၀၁၂ ခုနှစ် ပထမနှစ်လအတွင်း ဗီယက်နမ်ဘက်က ကုန်သွယ်မှုအရှုံးမှာ ဒေါ်လာ ၁ ဒသမ ၈၅ ဘီလီယံရှိနေသည်။  ယင်းပမာဏ ထဲတွင် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း နယ်စပ်ရှိ  မုန်ခိုင်နှင့် လန်စွန်းမှောင်ခိုဈေးကွက် နှစ်နေရာမှ ကုန်သွယ်မှုပမာဏကို  ထည့်မတွက်ရသေးပေ။ ကုန်သွယ်မှုအရှုံး  ကြီးမားရသည့်  ပြဿနာတွင် ဗီယက်နမ်နိုင်ငံ၏ပို့ကုန်လုပ်ငန်းသည် အကြောင်း ရင်းတစ်ရပ်ဖြစ်သည်ဟု  ဟားဗတ်တက္ကသိုလ်မှ စီးပွားရေးပညာရှင် ဂျိုနသန်ပင်းကပ်စ်က သုံးသပ်သည်။ ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်ထုတ်လုပ် သည့်လုပ်ငန်းများအတွက် ကုန်ကြမ်းကို တရုတ် နိုင်ငံမှ တင်သွင်းရသည်။ ဖိနပ်ထုတ်လုပ်ရန် သား ရေ၊ အဝတ်အထည်လုပ်ငန်းအတွက် ချည်မျှင် စသည့်ကုန်ကြမ်းများကို တင်သွင်းရခြင်းဖြစ်သည်။ဗီယက်နမ်စီးပွားရေးပညာရှင် လီဒေါင်ဒွန်း က ''ကျောက်မီးသွေးကိုတင်ပိ့ုပြီး လျှပ်စစ်ဓာတ် အားကို ပြန်ဝယ်ရတယ်။ ရော်ဘာကို တင်ပို့ပြီး၊ မော်တော်ကားတာယာကို  ပြန်သွင်းရတယ်။ အဝတ်အထည်လုပ်ငန်းမှာလိုပဲ တရုတ်နိုင်ငံကသာ ကုန်ကြမ်းမရောင်းတော့ဘူး ဆိုရင် အကြီးအကျယ် ဒုက္ခရောက်ကုန်တော့မှာပဲ"ဟု လွန်ခဲ့သောနှစ်က ကွန်ဖရင့်တစ်ခုတွင် စိတ်ပျက်လက်ပျက် ငြီးတွား ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံအပေါ် အမှီပြုနေ ရခြင်းက ဗီယက်နမ်နိုင်ငံခေါင်းဆောင်များအတွက် စိုးရိမ်ဖွယ်ဖြစ်နေသည်။    တရုတ်နိုင်ငံအပေါ် အမှီ ပြုနေရသည်ကို မလိုလားသော်လည်း မျိုသိပ်ထား ကြရသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် သိမ်းပိုက်ခံ ဈေးကွက်  (Captive market)  ဖြစ်လာမည်ကို ဗီယက်နမ်ပြည်သူများက စိုးရိမ်မိကြသည်။ ထို့ ကြောင့်ပင် ပြည်သူလူထု အတွင်း မကျေမနပ်ဖြစ်မှုများ ပေါ်ပေါက်လာနိုင်သည်။  တရုတ်နိုင်ငံ ကုမ္ပဏီများက  ဆောင်ရွက်မည့်  ဘောက်ဆိုက် သတ္တုတူးေ ဖာ်ထုတ်လုပ်ရေးလုပ်ငန်းများကို ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များက ဆန့်ကျင်ကန့်ကွက် ခဲ့ကြခြင်းသည် ထိုမကျေနပ်မှုများ မှတစ်ဆင့် ပေါ် ပေါက်လာရခြင်းဖြစ်သည်။သတ္တုတူးဖော်ရေး  လုပ်ငန်းများကြောင့် နယ်ပယ်အသီးသီးမှ ဝေဖန်ကန့်ကွက်များ ပေါ် ထွက်လာခဲ့သည်။ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုကို စိုးရိမ်ပူပန်ကြခြင်းက ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။ သို့သော်လည်း တစ်ဖက်မှာ ထိုသို့စိုးရိမ်ပူပန်နေကြသော်လည်း အခြားဒေသ များနှင့် နှိုင်းယှဉ်လျှင် ပို၍ဈေးချိုသာ သဘာ၀ အလူမီနီယမ်အောက်ဆိုက်များ (Alumina) ကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေမှုကို ဗီယက်နမ် နိုင်ငံက မစွန့်လွှတ်နိုင်ပဲဖြစ်နေသည်။ တရုတ်နိုင်ငံ ကို ထိန်းထားနိုင်ရေးသည် အချို့ကဏ္ဍများတွင် လူထုအများ ကျေနပ်အားရဖြစ်စေမည့် ရည်မှန်း ချက်ဖြစ်သော်လည်း ကုန်သွယ်ရေး မမျှမတဖြစ်မှု  (Trade imbalance) ကို ထိန်းကျောင်းနိုင်ခြင်း ကသာပို၍လူကြိုက်များမည့်အောင်မြင်မှုကို  လက် တွေ့ အကောင်အထည်ဖော်ရာ  ရောက်ပါလိမ့် မည်ဟု ဆိုပါသည်။   Ref;The Economist