Main menu

Background

မြန်မာ့ ပို့ကုန်နှင့် ဂျပန် အကောက်ခွန်

Sun, 07/08/2012 - 07:47 -- Anonymous (not verified)

    အရှေ့အာရှမှာရှိတဲ့ ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့  ဂျပန်နိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာတည်ရှိပါတယ်။ ဂျပန် နိုင်ငံဟာ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) နှင့်   ပုံမှန်ဆက်သွယ်ဆောင်ရွက်မှု များ ၁၉၇၃ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပြီးနောက် ၁၉၇၇ ခုနှစ်မှာ အာဆီယံ-ဂျပန် ဖိုရမ်ကျင်းပခြင်းဖြင့် အာဆီယံနိုင်ငံများနှင့် ဂျပန် နိုင်ငံတို့အကြား ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာတယ် လို့ သိရှိရပါတယ်။  အဲဒီအချိန်မှစ၍   အာဆီယံ-ဂျပန် ဆက်သွယ် ဆောင်ရွက်မှုများ၊ နိုင်ငံရေး-လုံခြုံရေး၊ စီးပွားရေး- ဘဏ္ဍာရေးမှစ၍ လူမှု-ယဉ်ကျေးမှု စသည့်ကဏ္ဍများတွင် သိသာထင်ရှားသော တိုး တက်မှုများရရှိလာခဲ့တာ ဖြစ်ပါတယ်။အာဆီယံနှင့် ဂျပန်နိုင်ငံတို့ဟာ အရေးကြီးတဲ့ ကုန်သွယ်ဖက် နိုင်ငံများဖြစ်ကြပါတယ်။ အာဆီယံနှင့် ဂျပန်နိုင်ငံတို့အကြား ကုန် သွယ်မှုဟာ ကမ္ဘာ့စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်း ကြောင့် ၂၀၀၉ ခုနှစ်မှာ ၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပေမယ့် ၂၀၁၀ ခုနှစ်မှာ စုစုပေါင်း ကုန်သွယ်မှု ၃၂ ရာခိုင်နှုန်း ပြန်လည်တိုးတက်ခဲ့ တယ်လို့သိရှိရပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ဂျပန်နိုင်ငံဟာ အာဆီယံ ရဲ့ တတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့ပြီး ၎င်းနဲ့ကုန် သွယ်မှုဟာ အာဆီယံတစ်ခုလုံးရဲ့ ၁၀ ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါ တယ်။ အပြန်အလှန်ဆိုသလိုပဲ အာဆီယံနိုင်ငံများဟာ တရုတ်နိုင်ငံ ပြီးရင် ဂျပန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင် ငံ ဖြစ်လာခဲ့ပါ တယ်။ဂျပန်နိုင်ငံမှ အာဆီယံနိုင်ငံများဆီသို့ နိုင်ငံခြားတိုက်ရိုက် ရင်း နှီးမြှုပ်နှံမှုများဟာလည်း ၂၀၀၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ဘီလီယံသာရှိရာမှ ၂၀၁၀ ပြည့်နှစ်မှာ အမေရိကန် ဒေါ်လာ ၈ ဒသမ ၄ ဘီလီယံသို့ရောက်ရှိခဲ့တဲ့အတွက် ၁၂၄ ဒသမ ၃ ရာခိုင် နှုန်းတိုးတက်လာခဲ့ပြီး အာဆီယံနိုင်ငံများဆီသို့ ပြင်ပနိုင်ငံများဆီမှ လာရောက်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ ၁၁ ဒသမ ၄ ရာခိုင်နှုန်းရှိလာ ခဲ့တယ်လို့ သိရှိရပါတယ်။အာဆီယံနှင့် ဂျပန်နိုင်ငံတို့အကြား လွတ်လပ်သော ကုန်သွယ် မှု ဒေသထူထောင်နိုင်ဖို့အတွက် အာဆီယံ-ဂျပန်ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (AJCEP)ကို ၂၀၀၈ ခုနှစ် ဧပြီ ၁၄ ရက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ AJCEP  သဘော တူစာချုပ်ဟာဆိုရင် ကုန်စည်ကုန်သွယ်ရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစတဲ့ ကဏ္ဍ ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ AJCEP သဘောတူစာချုပ်အရ  အာဆီယံနှင့် ဂျပန်နိုင်ငံများ အကြားမှာ ဆောင်ရွက်လျက်ရှိတဲ့ စီးပွားရေး ပေါင်းစည်းဆောင် ရွက်မှုများကို ပိုမိုတိုးမြင့်စေပြီး၊ အာဆီယံ-ဂျပန် ဒေသတွင်းမှာ အခွင့် အလမ်း ပိုမိုကြီးမားထိရောက်တဲ့ဈေးကွက်ကို ဖန်တီးနိုင်မှာ ဖြစ်ပါ တယ်။ အဆိုပါစာချုပ်ဟာ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှာ စတင် အသက်ဝင်ခဲ့တာဖြစ်ပေမယ့် ၂၀၀၉ ခုနှစ်  မတ်လမှာမှ အာဆီယံနိုင်ငံများနဲ့ ဂျပန်နိုင်ငံတို့ဟာ အဆိုပါစာချုပ်ကို အတည်ပြု နိုင်ခဲ့ တယ်လို့ သိရှိရပါတယ်။အရှေ့အာရှရဲ့ စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန် နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုအများဆုံးပြုလျက်ရှိတဲ့ ကုန်သွယ် ဖက်နိုင်ငံများထဲမှာ ပဉ္စမမြောက်နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် ဂျပန် နိုင်ငံနဲ့ကုန်သွယ်မှုပြုရာမှာ အကောက်ခွန်သက်သာခွင့်ကို ရရှိခံစားနိုင် မယ့်အခွင့်အလမ်းများကို သိရှိနိုင်စေဖို့အတွက် အနည်းငယ်လေ့လာ တင်ပြလိုပါတယ်။ ဂျပန်နိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးပြီးနိုင်ငံ တစ်ခု ဖြစ်တဲ့ အတွက် အကောက်ခွန်ဆိုင်ရာ ယေဘုယျအခွင့်အရေးပေးတဲ့စနစ်     (Generalized System of Preference–GSP) အရ အကောက်ခွန်ကို လျှော့ချပေးလျက်ရှိသလို တစ်ဖက်ကလည်း အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေး  ပူးပေါင်းဆောင်ရွက်မှု  အစီအစဉ်အရလည်း အကောက်ခွန် လျှော့ချပေးလျက်ရှိပါတယ်။ GSP  အစီအစဉ်အရ ဂျပန်နိုင်ငံဟာ လယ်ယာထွက်ကုန်ပစ္စည်းများ၊ စက်မှုထွက်ကုန် ပစ္စည်းများ၊ လက်မှုအနုပညာ ပစ္စည်းများကို အကောက်ခွန်ကင်း လွတ်ခွင့်နဲ့ တင်သွင်းခွင့်ပြုလျက်ရှိပါတယ်။ အာဆီယံ-ဂျပန် ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဘောင် သဘောတူစာချုပ်အရဆိုရင် ဂျပန်နိုင်ငံဟာ ၂၀၂၃ ခုနှစ်မှာ လက်ရှိကောက်ခံနေတဲ့ အကောက် ခွန်နှုန်းများကို သုညရာခိုင်နှုန်းကိုလျှော့ချပေးမှာ ဖြစ်ပါတယ်။၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်းမှာ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံ သို့ ရေထွက်ကုန်ပစ္စည်းများ၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများကို အများဆုံးတင်ပို့ခဲ့တာကို လေ့လာတွေ့ ရှိရပါတယ်။ အဆိုပါ ကုန်ပစ္စည်းများအား ဂျပန်နိုင်ငံမှ ကောက်ခံ လျက်ရှိတဲ့ ပျမ်းမျှအကောက်ခွန်နှုန်း၊ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများသို့ ကောက်ခံလျက်ရှိတဲ့ အကောက်ခွန်နှုန်းနှင့် အာဆီယံနိုင်ငံများ သို့ ကောက်ခံလျက်ရှိတဲ့ အကောက်ခွန်နှုန်းများကို သိရှိအသုံးချနိုင်စေဖို့ ရည်ရွယ်ရေးသားလိုက်ရပါတယ်။ အောက်ဖော်ပြပါဇယားမှာပါတဲ့  အကောက်ခွန်နှုန်းများကို ရရှိခံစားလိုတယ်ဆိုရင်တော့ ဂျပန်နိုင်ငံကို တင်ပိ့ုရာမှာ အသုံးပြုလို့ ရတဲ့ GSP Form, Form AJ စတဲ့ ပင်ရင်းနိုင်ငံသက်သေ ခံလက်မှတ် များကိုရယူပြီး ကုန်သွယ်ဖက်နိုင်ငံကို ပေးပို့ပေးဖို့ အထူးလိုအပ်လှပါ တယ်။ သို့မှသာ ဂျပန်နိုင်ငံမှပေးတဲ့ အကောက်ခွန်သက်သာခွင့်ကို ရရှိခံစားနိုင်ပြီး ဈေးကွက်ဝင်အခွင့်အလမ်းများ ရရှိခံစားနိုင် မှာ ဖြစ်ပါ ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။(မှတ်ချက်။ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်တဲ့ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံများနဲ့ ဆောင်ရွက်လျက်ရှိတဲ့ လွတ်လပ်သော ကုန်သွယ်မှုဒေသ များအလိုက်မှာပါဝင်တဲ့  နိုင်ငံအလိုက် အကောက်ခွန်နှုန်းများကို ကြည့်ရှုလိုတယ်ဆိုရင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနရဲ့ website  ဖြစ်တဲ့ www. commerce.gov.mm ရဲ့ သိမှတ် ဖွယ်ရာအဖြာဖြာ ခေါင်းစဉ်အောက်က အကောက်ခွန်သက်သာခွင့် အတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ဆိုတဲ့ ခေါင်းစဉ်အောက် မှာ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ အကောက်ခွန်နှုန်းထား များဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါ ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။)