Main menu

Background

မိုးမျှော်တိုက်ကြီးများနှင့် သဘာဝပတ်ဝန်းကျင်ပျက်ယွင်းမှု

Mon, 07/09/2012 - 06:11 -- Anonymous (not verified)

     တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဟူပေ့ပြည်နယ် ရဲ့ မြို့တော်ဝူဟန်ရဲ့ ဆင်ခြေဖုံးဒေသမှာ တည် ထောင်နေတဲ့ စတုန်ရန်း မီတာသုံးသန်းကျယ်ဝန်းတဲ့ ကူးသန်းရောင်းဝယ်ရေးဇုန် ဝင်းကြီးအတွင်းမှာ  "Wuhan  Greenland  Center"  လို့ အမည်ပေး ထားတဲ့ အမြင့် ၆၀၆ မီတာ၊ အထပ်ပေါင်း ၁၁၉ ထပ်ရှိတဲ့ မိုးမျှော်တိုက် (Skycraper) ကို ၂၀၁၁ ခုနှစ်ကတည်းက အုတ်မြစ်ချပြီး တည်ဆောက်နေ ပါတယ်။ စတင်တည်ဆောက်စက တရုတ်နိုင်ငံမှာ အမြင့်ဆုံးဖြစ်တဲ့ ၆၃၂ မီတာမြင့်တဲ့ ရှန်ဟိုင်းတာ ဝါ (Shanghai  Tower)  ကလွဲလို့ ဒုတိယအမြင့် ဆုံး မိုးမျှော်တိုက်ကြီးအဖြစ်ရည်မှန်းပြီး ဆောက် လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယခုအခါ ရှန်ဟိုင်းတာဝါထက် ပိုမြင့်အောင်၊ တစ်နည်းအား ဖြင့် တရုတ်နိုင်ငံမှာ အမြင့်ဆုံးမိုးမျှော်တိုက်ကြီး ဖြစ်အောင် အမြင့်မီတာတိုးပြီး ဆောက်လုပ်ဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။ ဟူပေ့စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခရှောင်တယ်က '' ယခုအခါ တရုတ်နိုင်ငံရဲ့မြို့ကြီးတွေမှာ အမြင့်ဆုံး မိုးမျှော် တိုက်ကြီးတွေကို အပြိုင်အဆိုင် တည်ဆောက်နေ တာဟာ သူတို့ရဲ့ ဥစ္စာဓနကြွယ်ဝမှုကို ပြသလိုတဲ့ အပြင်နိုင်ငံတကာက သတိပြုမိလာအောင်ဆောင် ရွက်နေတာလဲဖြစ်တယ်"လို့ထောက်ပြပါတယ်။မိုးပျံတိုက်ခေါ် မိုးမျှော်တိုက်(Skycraper)  ဆိုတာပေအမြင့် ၅၀၀(မီတာအမြင့် ၁၅၂ဒသမ၄) အနည်းဆုံးမြင့်တဲ့ တိုက်တာကြီးေ တွလို့ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ လောလောဆယ် တရုတ်နိုင်ငံ မှာ အဲဒီမိုးမျှော်တိုက်ကြီး စုစုပေါင်း ၂၀၀ ကျော် တည်ဆောက်နေတယ်လို့  သိရပါတယ်။ အဲဒီ အရေအတွက်ဟာ အမေရိကန်နိုင်ငံမှာရှိတဲ့ မိုး မျှော်တိုက်ကြီးအရေ အတွက်ပေါင်းနဲ့ တူညီနေပါ တယ်။ ဟောင်ကောင်မှာ မိုးမျှော်တိုက်ကြီးပေါင်း ၅၈ လုံးရှိတဲ့အတွက် တရုတ်နိုင်ငံရဲ့ မြို့ကြီးတွေ ထဲမှာ  အရေအတွက်အများဆုံး ရှိနေပါတယ်။ ရှန်ဟိုင်းမြို့ကြီးမှာတော့ ၅၁ လုံး၊ တရုတ်တောင် ပိုင်းဂွမ်တုံးပြည်နယ်ရဲ့ မြို့တော်စိန်ကျိန်းမှာက ၅၁ လုံးရှိပါတယ်။ ယခုအခါ တရုတ်နိုင်ငံမှာ ၅ ရက် ကို မိုးမျှော်တိုက်ကြီးတစ်လုံး တည်ဆောက်နေတဲ့ အတွက်လာမယ့် ၂၀၁၆ ခုနှစ်ရောက်ရင် စုစုပေါင်း လုံးရေ ၈၀၀ ကျော်ရှိလာနိုင်တယ်လို့ ခန့်မှန်းကြ ပါတယ်။ လောလောဆယ် ကမ္ဘာ့အမြင့်ဆုံးမိုးမျှော် တိုက်ကြီး ၁၀ တိုက်မှာ ၇ တိုက်ဟာ တရုတ်နိုင်ငံ မှာရှိနေပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ ဒီလောက်အထိ မိုးမျှော်တိုက်ကြီးတွေ အများကြီး တည်ဆောက်ဖို့ လိုသလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။တချို့ငွေကြေးအရင်းအမြစ် အကန့်အသတ် ရှိနေတဲ့မြို့ကြီးတွေကတောင် အလွန်ကုန်ကျစရိတ် များလွန်းတဲ့ မိုးမျှော်တိုက်ကြီးေ တွတည်ဆောက်ဖို့ စီမံကိန်းတွေ ချမှတ်လုပ်ကိုင်နေကြတာ  တွေ့ရပါတယ်။ဥပမာ ကွေကျို့ပြည်နယ် အနောက်တောင် ပိုင်းမြို့တစ်မြို့ဖြစ်တဲ့ ကွေ့ယန်မြို့ဆိုရင် မိုးမျှော် တိုက်ကြီး ၁၇ လုံးအထိ တည်ဆောက်ဖို့ စီမံကိန်း ရေးဆွဲထားပါတယ်။ ဒါပေမဲ့ အဲဒီမြို့ရဲ့ GDP  ဟာ ယွမ်ဘီလီယံ ၁၀၀ လောက်ပဲရှိတဲ့အတွက် အဲဒီလောက်မိုးမျှော် တိုက်ကြီးတွေ တည်ဆောက် ဖို့ ငွေလုံေ လာက်မှု မရှိနိုင်ဘူးလို့  ထောက်ပြကြပါ တယ်။တရုတ်နိုင်ငံအနေနဲ့ လူဦးရေများပြားလာ ပြီး မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက် နေတဲ့အတွက် မိုးမျှော်တိုက်ကြီးတွေ လိုအပ်တာ မှန်ပါတယ်။ ဒီလိုမိုးမျှော်တိုက်တွေ ဆောက်လုပ် ခြင်းအားဖြင့် မြေကွက်ဝယ်ယူအသုံးပြုတာကို လျှော့ချနိုင်ပါတယ်။ ဒါပေမယ့် အဲဒီမိုးမျှော်တိုက် ကြီးတွေ တည်ဆောက်ရာမှာ ကုန်ကျစရိတ်က များပြားလွန်တဲ့အပြင် အဲဒီတိုက်ကြီးတွေ ပြီးစီးရင် လည်း ပြုပြင်ထိန်းသိမ်းရတဲ့စရိတ်ကလည်း အလွန် ကြီးမားနေတတ်ပါတယ်။ ဥပမာ ရှန်ဟိုင်းမြို့က ဒုတိယအကြီးဆုံး မိုးမျှော်တိုက်ကြီးဖြစ်တဲ့ Jin Mao Tower  ကို တည်ဆောက်ရာမှာ တစ်စတုန် ရန်းမီတာကို ယွမ် ၂၀၀၀၀ ကုန်ကျပေမယ့် အဲဒီ အဆောက်အအုံကြီးကို ပြုပြင်၊ ထိန်းသိမ်းရတဲ့ စရိတ်က တစ်နေ့ကို ယွမ်တစ်သန်းကျော်ကုန်ကျ နေတယ်လို့ သိရပါတယ်။မိုးမျှော်တိုက်ကြီးတွေ အများအပြား ပေါ် ပေါ်လာတဲ့အတွက် အဲဒီတိုက်ကြီးတွေမှာ ဖြစ်ပွား တတ်တဲ့ မီးဘေးအန္တရာယ်အတွက် စိုးရိမ်စရာ တွေ ရှိလာပါတယ်။ မိုးမျှော်တိုက်ကြီးတွေ တည် ဆောက်ရာမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း တွေထဲမှာ မီးဘေးကာကွယ်ရေးအတွက် အထပ် ၁၄ထပ်ရှိတိုင်း အရေးပေါ်မီးဘေးကယ်ဆယ်ရေး စခန်းတစ်ခု ထားရှိဖို့လိုပါတယ်။ ဒါပေမယ့်  တရုတ် နိုင်ငံမှာရှိတဲ့ မိုးမျှော်တိုက်ကြီးအတော်များများမှာ  အဲဒီသတ်မှတ်ချက်အတိုင်း မထားရှိကြတာ တွေ့ရ ပါတယ်။ မိုးမျှော်တိုက်တိုင်းမှာ မီးဘေးကာကွယ် ရေး ဓာတ်လှေကားတွေ တပ်ဆင်ထားပေမဲ့ ဓာတ် အားပေးစနစ်ကို မီးလောင်ခဲ့ရင် အသုံးမပြုနိုင်တဲ့ ပြဿနာလည်း ရှိနေပါတယ်။တခြားပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သက်ဆိုင်တဲ့ စိန်ခေါ်မှုကြီးတစ်ရပ်ကတော့  ဒီလိုမိုး မျှော်တိုက်ကြီးတွေ  တည်ဆောက်တဲ့ အတွက် မြေကျွံကျမှု (Land  Subsidence)  တွေနဲ့ ကြုံတွေ့လာရခြင်းပဲဖြစ်ပါတယ်။  CCTV  ရဲ့ အစီ အစဉ်တစ်ခုမှာ မြို့ကြီးပေါင်း ၅၀ တွင်း ဖြစ်ပွားခဲ့ တဲ့ မြေကျွံကျမှုလက္ခဏာတွေကို ပြသသွားခဲ့ပါ တယ်။ ဒီလိုမြေကျွံကျမှုနဲ့ မြေမျက်နှာပြင် နိမ့် ကျလာမှုတွေဟာ မြေအောက်ရေအရင်းအမြစ် တွေကို အလွန်အကျွံထုတ်ယူသုံးစွဲခဲ့တာကြောင့် အဓိကဖြစ်ပွားခဲ့တယ်လို့ ဆိုနိုင်ေ ပမဲ့ အလွန်ကြီး မားတဲ့ မိုးမျှော်အဆောက်အအုံတွေကို အမြောက် အမြား  တည်ဆောက်လာခဲ့တဲ့အတွက်ကြောင့် လဲ မြို့တွေ မှာ မြေမျက်နှာပြင်နိမ့်ကျမှုတွေနဲ့ ကြုံ တွေ့လာရပါတယ်။ ဥပမာ ယခုနှစ်ဇန်နဝါရီလ အတွင်းက ရှန်ဟိုင်းအဝေးပြေးလမ်း မကြီးအမှတ် ၄ ပေါ်မှာရှိတဲ့ ဟိုင်လွန်လမ်းအပိုင်းမှာ အနီးရှိ အဆောက်အအုံကြီးတစ်ခုရဲ့ အုတ်မြစ် အတွက် တွင်းတူးနေ လို့ မြေကျွံကျမှုဖြစ်ပွားခဲ့ပြီး ခေတ္တ လမ်းပိတ်ကာ ပြင်ဆင်ခဲ့ရပါတယ်။ ယခုလိုမြေကျွံ ကျမှုတွေ၊ မြေမျက်နှာပြင်နိမ့်ကျ သွားမှုတွေဟာ ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေရဲ့ အနီးမှာဖြစ် ပွားလေ့ရှိပါတယ်။ ဒါကြောင့်  တရုတ်နိုင်ငံ အစိုးရဟာ လွန်ခဲ့တဲ့ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မြေကျွံကျမှုကာကွယ်ရေးအစီအစဉ်ကို ထုတ်ပြန် ခဲ့ပြီး ပြည်နယ်အစိုးရတွေအနေနဲ့  လူနေ အိမ် အဆောက်အအုံတွေရဲ့ လုံခြုံရေးကို ကောင်းမွန် စွာစီမံခန့်ခွဲဖို့နဲ့ မြေကျွံကျမှုဘေးမှ ကာကွယ်ရေးအတွက် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ကို ပိုမိုဆောင်ရွက်ကြဖို့ တိုက်တွန်းထားတယ်လို့ သိရကြောင်းပါခင်ဗျား။    ။   Ref:"High-Rise Concerns"(bjreview.com)