Main menu

Background

အလုပ်အကိုင် အခွင့်အလမ်းလည်းရတဲ့ သဇင်နွယ်ခြံက သရက်သီး တန်ဖိုးမြှင့်

Mon, 07/09/2012 - 06:54 -- Anonymous (not verified)

    မန္တလေးတိုင်းမှာ ဒီနှစ်ရဲ့ သရက်ရာသီ နှုတ်ဆက်ခါနီးနေပါပြီ။ နောက်ပိုင်းမှည့်တဲ့ ဟင်္သာ၊ ရင်ကွဲ၊ ပန်းဆွဲတို့ကတော့ တချို့ခြံသိမ်းပြီး၊ တချို့ခြံကျန်သေးတာ တွေ့ရပါတယ်။ မူဆယ်ဈေးအတိုင်း စဉ့်ကိုင်သဇင်နွယ်ခြံမှာဝယ်ယူ     ဒီနှစ်က သရက်သီးအထွက်နည်းလို့ ဈေးကွက်ပိုလျှံမှုမရှိသလို မူဆယ်ဈေးကွက်ထိန်းဖို့ ရည်ရွယ်ချက်နဲ့ အထောက်အပံ့တစ်ခု အဖြစ် စဉ့်ကိုင်မြို့နယ် သဇင်နွယ်ခြံမှာ " ပွဲခလုံးဝမယူပါ။ စိန်တလုံးသရက် ဝယ်တယ်'' ဆိုတဲ့ ဆိုင်းဘုတ်တင်ပြီး၊ မူဆယ်ဈေးနှုန်းအတိုင်း ဝယ်ယူ ခဲ့လို့ တောင်သူတွေအကျိုးရှိခဲ့တယ်လို့ သိရပါတယ်။ စိန်တလုံးအိတ် စွပ်သီးနဲ့ အိတ်မစွပ်သီးကို တစ်ဖာ ၁၀၀၀ ကျပ်သာ ဈေးခွာဝယ်ယူပါ တယ်။ မူဆယ်တင်ဖို့ ၁၅ ကီလို တစ်ဖာအတွက် ခြံမှာ ၁၆ ကီလို တစ်ဖာနဲ့ ဝယ်ပါတယ်။ တစ်ကီလိုဆောင်းတာကတော့ အလေအလွင့် အနာအဆာနဲ့ အရည်အသွေးမမီသီးအတွက်ဖြစ်ကြောင်း သိရပါ တယ်။ ဝယ်ယူရာမှာ သရက်သီးရဲ့ အရည်အသွေးအလိုက် လတ် ဆတ်ပြီး မှည့်တဲ့အသီး၊ ဝမ်းပျဉ်းအသီး၊ လေကြွေနဲ့ အနာအဆာ မကင်း အရည်အသွေးနိမ့်တဲ့အသီးဆိုပြီး၊ အဆင့် ၃ ဆင့်နဲ့ ဝယ်ပါ တယ်။ စိန်တလုံးအိတ်စွပ်သီးကို တစ်ဖာ ၇၀၀၀ ကျပ် - ၈၀၀၀ ကျပ်၊ အိတ်မစွပ်သီးတစ်ဖာ ၅၀၀၀ကျပ် - ၆၀၀၀ ကျပ်နှုန်းနဲ့ ဈေးစ ဖွင့်ခဲ့ပြီး၊ တစ်ရာသီအတွင်း ဈေးနှုန်း အတက်အကျသိပ်မများကြောင်း သိရပါတယ်။ ပယ်သီးကိုတော့ တစ်တောင်း ၃၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ပါတယ်။ ဟင်္သာသီးကတော့ တစ်ဖာ ၁၅၀၀ ကျပ်နဲ့ ဈေး ဖွင့်ခဲ့ပြီး အပိတ်ဈေး တစ်ဖာ ၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။သဇင်နွယ်ခြံပိုင်ရှင် ဒေါ်သန်းသန်းဆွေက '' ကျွန်မတို့ ဒီခြံမှာ မူဆယ်ဈေးအတိုင်း ပေးဝယ်ပြီး မူဆယ်တင်ပို့ရာမှာ လမ်းစရိတ်၊ လုပ် အားခ ဆုံးရှုံးမှုရှိပါတယ်။ ဒါပေမယ့် တောင်သူတွေ အကျိုးရှိမယ်၊ ဈေးကွက်လည်း ထိန်းနိုင်မယ်။ မူဆယ်မှာ ဈေးနှိမ်မခံရဘဲ အရည် အသွေးကောင်းရင် ဈေးကောင်းရတယ်ဆိုတဲ့ အသိရှိသွားရင် ကျွန်မ တို့ ဒီနှစ်အရှုံး ခံပြီး ရောင်းဝယ်မှုပြုလုပ်ခြင်းဟာ  နောင်နှစ်တွေ အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ" လို့ ပြောပါတယ်။ သရက်ခြံ တောင်သူေ တွအနေနဲ့လည်း မူဆယ်သွားရောင်းပါက အချိန်ကုန်၊  စရိတ် ကုန်၊ လူအင်အား ကုန်ပြီး ရောက်တဲ့အချိန်မှာ ဈေးကကျပါက လမ်း စရိတ်ရှုံးနိုင်ပါတယ်။  ဒါကြောင့် သေချာမှုရှိတဲ့ သဇင်နွယ်ခြံမှာ အနီးအနား ပတ်ဝန်းကျင်ကျေးရွာတွေက တစ်ပိုင်တစ်နိုင်၊ လှည်း၊ ထော်လာဂျီနဲ့ တစ်ဖုံလာရောင်းကြလို့ တောင်သူတွေ တွက်ခြေကိုက် ပြီး ငွေလက်ငင်းရကြတယ်လို့ ဆိုပါတယ်။သဇင်နွယ်ခြံအနေနဲ့လည်းဝယ်လို့ရတဲ့ သရက်သီးတွေကို တချို့ မူဆယ်ဈေးကွက်၊ တချို့ စင်ကာပူနဲ့ ယိုးဒယားကို (၃/၄)တန်လောက် ပို့ခဲ့ပါတယ်။ မြို့တွင်းဈေးကွက်လည်း ဖြန့်ပါတယ်။ ကျန်တာ တန်ဖိုး မြှင့် (Value  Added) လည်းလုပ်တော့ အားလုံးခြုံတွက်ရင် အကျိုး အမြတ်ရရှိပြီး၊ အလေအလွင့်လည်း နည်းတယ်လို့ဆိုရပါမယ်။ သရက် သီးအစုအဖွဲ့ ကိုယ်စား ဈေးကွက်ကို တတ်နိုင်သလောက် ထိန်းခွင့်ရပြီး၊ တောင်သူတွေအကျိုးရှိလို့ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝတဲ့ အလုပ် တစ်ခုဖြစ်တာ တွေ့ရပါတယ်။ သရက်သီး တန်ဖိုးမြှင့်လုပ်ငန်းကြောင့် အလေအလွင့်နည်းပြီး ဝင်ငွေပို        ပြီးခဲ့တဲ့မေလလောက်က မူဆယ်ကားလမ်းတွေပိတ်လို့ ရောင်း မကုန်တဲ့ စိန်တလုံးတွေ(Freezing  Mango)  အေးခဲ သရက်သီး ပြုလုပ်ထားတာ တွေ့ရပါတယ်။ အေးခဲသရက်သီးအတွက် သဇင်နွယ် ခြံထဲမှာ အအေးခန်း အနှစ်ထုတ်အေးခဲ စက်ရုံအသေးစားတည်ထား ပြီး၊ ၁၂ ပေရှိတဲ့ အေးခဲခန်းတစ်ခန်း၊ Store လုပ်ဖို့ ၁၄ ပေရှည် ကွန်တိန်နာတစ်လုံး၊ ၄၅ ကောင်ရှိ မီးစက်တစ်လုံးနဲ့ လုပ်ငန်းဆောင် ရွက်မှုအတွက် အအေးခန်းတစ်ခန်းပါဝင်မှုရှိတာ  တွေ့ရပါတယ်။ အေးခဲသရက်သီးအတွက် စိန်တလုံး၊ ဟင်္သာ၊ ရင်ကွဲတွေအသုံးပြုတာ တွေ့ရပါတယ်။ စက်က (၂/၃)နာရီအတွင်း အမြန်အေးခဲနိုင်ပြီး ၂ နာရီမှာ တန်ဝက်ထုတ်လုပ်နိုင်ကြောင်း သိရပါတယ်။ အခုလောလော ဆယ်မှာတော့ သရက်သီးကုန်ကြမ်းရရှိမှုပေါ်မူတည် ထုတ်လုပ်နေပြီး Store လုပ်ထားတာ တွေ့ရပါတယ်။သရက်ရာသီကုန်မှ ဈေးကွက်ဖြန့်ရင် တွက်ခြေလည်းကိုက်၊ ဝယ်လိုအားလည်း ကောင်းနိုင်တယ်လို့ ပြောပါ တယ်။ အေးခဲသရက်သီးကို မျက်နှာသစ်ဆပ်ပြာ၊ ဖျော်ရည်၊ ပူတင်း၊ ရေခဲမုန့်စတဲ့ စားသောက်ကုန်နဲ့ လူသုံးကုန် အမျိုးမျိုး ပြုလုပ်နိုင်ပြီး သရက်သီးတွေကို အေးခဲထားခြင်းအားဖြင့် အလေအလွင့် နည်းပါးပြီး ဝင်ငွေပိုလာတာ တွေ့ရပါတယ်။  ယခင်နှစ်တွေက ရောင်းမကုန်တဲ့ အသီး၊ အမှည့် လွန် အသီးနဲ့ ဈေးကွက်ပိုလျှံမှုတွေကြောင့် အလေ အလွင့် ၂၀ ရာခိုင်နှုန်းလောက်ရှိရာမှ ဒီနှစ် ၅ ရာခိုင်နှုန်းလောက်သာ အလေ အလွင့်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် အေးခဲသရက်သီး၊ ရန်ကုန် ဆားရည်စိမ်ခြောက်၊ သရက်သီးဂျင်းထိုးအခြောက်နဲ့ သရက်ပျဉ်တွေ က အလေအလွင့်ထဲက ဝင်ငွေပိုရတဲ့ Value  Added တွေ ဖြစ်တာ မလွဲဧကန်ပင် ဖြစ်ပါတယ်။အေးခဲသရက်မှသည် ပျိုးပင်ဆီသို့အေးခဲသရက်ပြုလုပ်ရန် လတ်ဆတ်ပြီး မှည့်တဲ့အသီးကို ထိပ် ဖြတ်၊ ရေနှစ်ဆင့် ဆေးရပါတယ်။ ဒုတိယအဆင့် ရေဆေးရာ မှာ ရေသန့်ရေဖြင့်ဆေးပြီး၊ ရေသန့်ရေခဲမှာ ခေတ္တစိမ်ထားရပါတယ်။ ပြီးမှ ပလတ်စတစ်ခြင်းတောင်းဖြင့်ထည့်ပြီး အအေးခန်းထဲမှာ အခွံခွာခြင်း၊ သရက်သီးကို လေးစိတ်စိတ်ပြီး (1.2 Kg)   ပလတ်စတစ်အိတ်မှာ ထည့်ရပါတယ်။ (ပလတ်စ တစ်အိတ်က အအေးဒဏ်နဲ့ အသီးရဲ့ အက်ဆစ်ဓာတ်ခံနိုင်တဲ့ ပလတ်စတစ်ကို သုံးရပါတယ်။ (1 Kg) (1.2 g) (1.5Kg)  ဆံ့အိတ်တွေသုံးပြီး  တစ်အိတ် ၄၅ ကျပ်- ၅၅ ကျပ် လောက် အရင်းကျပါတယ်။ လောလောဆယ် သဇင်နွယ်ခြံတံဆိပ်နဲ့ တရုတ်အိတ် မှာထားပါတယ်။ တစ်အိတ် ၇၀ ကျပ်လောက်ကျပါ တယ်။ ရလာရင် အဲဒီအိတ်ကို အသုံးပြုမှာပါ) အိတ်ကို ချိန်းပြီးပါက လေထုတ် အိတ်ပိတ်ပြီး သရက်သီးအမျိုးအစားနဲ့ Kg  ကို မှတ်သား ပြီး၊ ရေခဲစိမ်သေတ္တာ မှာ ခေတ္တထည့် ထားရပါတယ်။ ပြီးမှ အေးခဲခန်း အတွင်းကို (-18 HC)မှ (-21 HC)ရှိတဲ့ အအေးခန်းထဲကို ထည့်ရပါ တယ်။ ထည့်ပြီး ၂ နာရီမှ ၃ နာရီအတွင်း အမြန်အေးခဲစေပါတယ်။ သရက်သီးလေးစိတ် စိတ်ပြီးကျန်တဲ့ အစေ့မှာကပ်နေတဲ့ အသားကိုခွာ ပြီး သရက်ပျဉ်ပြုလုပ်ပါတယ်။ ကျန်နေတဲ့ သရက်စေ့ကို မြေကွက် လပ်မှာ ပျိုးထားပြီး၊ ကိုင်းကူးရောင်းမယ်လို့ သဇင်နွယ်ခြံရှင် ဒေါ်သန်း သန်းဆွေက ပြောပါတယ်။ အခွံကို သီးခြားကျင်းတစ်ခုမှာထည့်ပြီး နောက်ချေး၊ တင်လဲရည်၊ ဖွဲပြာ၊ ဖွဲနု၊ EM အရည်ပေါင်းပြီး အမှိုက် ကန်မှာထည့်ကြောင်းသိရလို့ လုံးဝအလေအလွင့်မရှိ အမှိုက်ကရွှေ (သြဂဲနစ်မြေသြဇာ)ဖြစ်တာ တွေ့ရပါတယ်။  ဈေးကွက်၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ နည်းပညာမျှဝေလို     အေးခဲသရက်သီးတွေကို (ပင်လယ်ပြာ)ပင်လယ်စာ အရောင်း ဆိုင်တွေနဲ့ စူပါမားကက်တွေမှာ ဖြန့်မှာဖြစ်ပြီး၊ သရက်သီးကုန်သွားရင် ဖရဲသီး၊ သခွားသီး၊ သင်္ဘောသီးစတဲ့အသီးတွေကို လုပ်ငန်းစဉ်ဆက် မပြတ် လုပ်လို့ရကြောင်းနဲ့ ဈေးကွက်မှာ ပိုလျှံနေချိန်မှာ ဒီအေးခဲလုပ် ငန်းက အလေအလွင့်နည်းပါးမှုကို ထိန်းနိုင်ကြောင်း သိရပါတယ်။ ယခုလက်ရှိ သဇင်နွယ်ခြံမှာ လုပ်သား ၂၀ ဦးနဲ့ လုပ်ငန်းလည်ပတ် နေပြီး၊ သရက်သီးမှည့်အများဆုံး ထွက်ရှိချိန်မှာ လုပ်သား ၃၀ ကျော် အသုံးပြုရကြောင်း၊ လုပ်သားတစ်ဦးကို လုပ်သားခ ၂၀၀၀ ကျပ်ပေး ရကြောင်း သိရပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းဟာ အနီးအနား ပတ် ဝန်းကျင်ရွာက အမျိုးသမီးလေးတွေအတွက် အရိပ်ထဲမှာ အေးချမ်း လုံခြုံစွာလုပ်ကိုင်ခွင့်ရတဲ့ အလုပ်အကိုင်အခွင့်အလမ်း တစ်ခုဖြစ်တာ တွေ့ရပါတယ်။ ဒေါ်သန်းသန်းဆွေက ဒီအေးခဲလုပ်ငန်းကို မိမိတို့ သာမက အခြားသရက်ခြံရှင်တွေ၊ လုပ်ငန်းရှင်တွေပါ လုပ်မယ်ဆိုရင် ပိုပြီးအကျိုးရှိနိုင်ကြောင်းနှင့် အရည်အသွေးကောင်းတာ Export  လုပ်ပြီး၊ အရည် အသွေးညံ့တာကို   Value  Added  ပြုလုပ်ခြင်းဖြင့် အလေအလွင့် လည်းနည်း၊ ဝင်ငွေလည်းပိုရလို့ ဒီနည်းပညာတွေ ဖြန့်ဝေချင်ကြောင်းနဲ့ လူတိုင်း လာရောက်လေ့လာနိုင်ပါတယ်လို့ ဖိတ်ခေါ်လျက်ရှိကြောင်း ကောင်းသတင်းမျှ ဝေလိုက်ရပါတယ်။ခင်မြင့်မြင့်သန်း၊ အေးအေးတင့်