Main menu

Background

စားသုံးသူများအတွက် ပေါ်ထွက်လာတော့မည့် စားသုံးသူအကာအကွယ်ပေးရေးဥပဒေ စားသုံးသူများရဲ့ အခွင့်အရေး

Wed, 07/18/2012 - 05:23 -- Anonymous (not verified)

           စားသုံးသူတွေမှာ အခွင့်အရေး အများကြီးရှိပါတယ်။ ဒါပေမဲ့ အဲဒီအခွင့်အရေးတွေ ရှိနေ တာကို မြန်မာနိုင်ငံကစားသုံးသူတွေ အားလုံးကတော့ သိချင်မှသိမှာဖြစ်ပါတယ်။ စားသုံးသူတွေက ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုတဲ့အခါ မှာ ဘေးအန္တရာယ်ကင်းရမယ်၊ လုံခြုံစိတ်ချ ရမယ်။ သူတို့စိတ်ကြိုက် ရွေးချယ်ခွင့်ရရမယ်၊ သတ်မှတ်ထားတဲ့ တန်ဖိုးအတိုင်း အခြေအနေ အာမခံချက်တွေရှိရမယ်။ ကိုယ်ဝယ်ယူေ ရွးချယ်မဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေရဲ့ အခြေအနေ၊ အာမခံချက်တွေ ဘယ်လိုရှိတယ်ဆိုတဲ့ သတင်းမှန်မှန်ကန်ကန် သိခွင့်ရှိရမယ်။ သူတို့ဝယ်ယူ အသုံးပြုတဲ့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေက ဝယ်ယူဖို့ဆုံးဖြတ်ချိန်က သူတို့သိထားသလို၊ မျှော်မှန်း ထားသလို မဖြစ်လာဘူးဆိုရင် တိုင်လို့လဲရတယ်။ အရေးဆိုလို့လဲ ရပါတယ်။ စားသုံးသူနဲ့ ထုတ် လုပ် ရောင်းချသူကြား အငြင်းပွားမှုတွေဖြစ်လာရင်လဲ သင့်တော်တဲ့အရေးယူဆောင်ရွက်မှုတွေ၊ ကာကွယ်မှုတွေရရမယ်။ ပညာပေးမှုတွေ၊ သင်တန်းလေ့ကျင့်ပေးမှုတွေ တက်ခွင့်ရှိရမယ်။ စားသုံး သူတွေကို ခွဲခြားတာမျိုးမရှိဘဲ တစ်ပြေးညီဆက်ဆံရမယ်။ ဝန်ဆောင်မှုတွေကိုလည်း တစ်ပြေး ညီရခွင့်ရှိရမယ်။ ကိုယ်ဝယ်ယူ သုံးစွဲလိုက်လို့ရလိုက်တဲ့ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေက ချုပ် ထားတဲ့စာချုပ်အတိုင်း မဟုတ်ဘူး၊ တောင်းဆိုသဘောတူထားတဲ့ အတိုင်းမရဘူးဆိုရင် အစားထိုး ပေးတာတွေ၊ အရေးယူဆောင်ရွက်မှုတွေ၊ လျော်ကြေးတွေအထိ ရရမယ်။ တခြားတည်ဆဲဥပဒေ တွေနဲ့အညီလဲ အခွင့်အရေး ခံစားခွင့်ရရှိတယ်။ တစ်နည်းပြောရရင်  စားသုံးသူတွေအတွက် တစ်ခေတ်ဆန်းသစ်တဲ့ အခွင့်အရေးတွေ အများကြီးခံစားနိုင်တဲ့ခေတ် ကို ရောက်လာပါပြီ။ စားသုံးသူတွေကလဲ လုပ်ဆောင်ပေးဖို့ တာဝန်တွေရှိပါတယ်စားသုံးသူတွေက လုပ်ရမှာလေးတွေကလဲ ရှိပါသေးတယ်။ လုံခြုံစိတ်ချမှုရှိစေဖို့ ကိုယ်သုံးစွဲ မဲ့ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကို ဘယ်လိုသုံးစွဲ၊ အသုံးပြုရမယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေ၊ သတင်း အချက်အလက်တွေ၊ လမ်းညွှန်ချက်တွေကိုတော့ ဖတ်ရမှတ်ရ လိုက်နာရမှာပါ။  ကိုယ်ဝယ်ယူ အသုံးပြုမဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို မှန်မှန်ကန်ကန်နဲ့ ရွေးချယ်ဝယ်ယူနိုင်ရပါမယ်။ သဘောတူထားတဲ့ဈေးနဲ့ တန်ဖိုးကိုပေးချေဖို့လိုသလို စားသုံးသူတွေရဲ့ အငြင်းပွားမှုတွေကို ဖြေရှင်း ပေးတဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာရမှာဖြစ်ပါတယ်။ မကြာမီ တိုင်ကြားနိုင်တော့မည်စံချိန်စံညွှန်းနဲ့မကိုက်တဲ့ပစ္စည်းကို  ကိုက်တယ်ဆိုပြီး ရောင်းချတာကို ခံရရင် တိုင်ကြားနိုင် တော့မှာ ဖြစ်ပါတယ်။ ပစ္စည်း၊ ဝန်ဆောင်မှုရဲ့ အမှတ်တံဆိပ်၊ သတင်းအချက်အလက်တွေမှာ ဖော်ပြ ထားတဲ့အာမခံချက်၊ ထူးခြားချက်၊ ထိရောက်မှု၊ အသားတင် အလေးချိန်၊ ထုထည်၊ အရည်အသွေး၊ ဖွဲ့စည်းပုံ၊ ပြုလုပ်ပုံနည်းလမ်း၊ ပုံစံတွေနဲ့ မကိုက်ညီခဲ့ရင်လည်း တိုင်နိုင် မှာ ဖြစ်ပါ တယ်။ ကြော်ငြာအရောင်းမြှင့်တင်ရေးတွေမှာ ဖော်ပြထားတာနဲ့ ကြိုက်လို့ဝယ်ယူသုံးစွဲပြီး အပြောနဲ့ အဟော မညီခဲ့ရင် တိုင်နိုင်ပါတယ်။ နောက်ဆုံး သုံးစွဲရက်ကို မဖော်ပြထားဘူး။ ဒါမှမဟုတ် သက်တမ်းလွန်နေတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေကို တင်ရောင်းတယ်။ ရောင်းချသူကို ယုံကြည် တဲ့အတွက် သတိမထားမိဘဲ ကိုယ်ကဝယ်ယူမိခဲ့ရင် တိုင်တန်းနိုင် မှာပါ။ အမည်၊ အရွယ်အစား၊ အသားတင်အလေးချိန်၊ ထုထည်၊ ဖွဲ့စည်းပုံ၊ ညွှန်ကြားချက်၊ ထုတ်လုပ်တဲ့နေ့စွဲ၊ အမှတ်စဉ်၊ ဘေးထွက်ဆိုးကျိုး၊ ထုတ်လုပ်တဲ့ ကုမ္ပဏီလိပ်စာ၊ သတင်းအချက်အလက်တွေမပါတဲ့ ကုန်ပစ္စည်း တွေ၊ ဝန်ဆောင်မှုေ တွဆို ဝယ်ကိုမသုံးပါနဲ့။ (ဥပမာ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံက နေဝင်လာတဲ့ စားသုံးဆီပုံးတွေလိုပေါ့။) လတ်တလော မှာ ပြည်ပကသွင်းလာတဲ့ ထုတ်ကုန်တွေပေါ်မှာ လိုအပ် ချက်ရှိလို့ တိုင်ကြားချင်ရင် အချက်အလက်ပြည့်ပြည့်စုံစုံ ခိုင်ခိုင်မာမာနဲ့ တိုင်ကြားနိုင်ဖို့စီစဉ်နေပါပြီ။ ဥပဒေနဲ့ ကာကွယ်မယ်လက်ရှိ မြန်မာနိုင်ငံမှာလည်း စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကဏ္ဍအလိုက် ဥပဒေေ တွ ပြဋ္ဌာန်းထားပါတယ်။ အခုဆိုရင် စားသုံးသူတွေ အားကိုးနိုင်ဖို့ စားသုံးသူ အကာအကွယ်ပေးရေး ပဒေ မကြာမီပေါ်ထွက်လာနို င်အောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနကဦးဆောင်ပြီး စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ ဝင်တွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ဥပဒေမူကြမ်းကို လိုအပ်ချက်တွေ ထည့်သွင်း ပြင်ဆင် အတည်ပြုနိုင်ဖို့ အတွက် ပုဂ္ဂလိက ကဏ္ဍကိုပါ ပွင့်လင်းမြင်သာအောင်ချပြပြီး အကြံပြုချက် တွေ ရယူဆောင်ရွက်ေ နပြီဖြစ်ပါတယ်။ ဒီဥပဒေထဲမှာ စားသုံးသူတွေသာမက စီးပွားရေးလုပ်ငန်း ရှင်တွေရဲ့ အခွင့်အရေးနဲ့ တာဝန်တွေ၊ လိုက်နာရမဲ့ တားမြစ်ချက်တွေ၊ ပြစ်မှုပြစ်ဒဏ်တွေပါ စုံစုံ လင်လင် ပါဝင်မှာဖြစ်ပါတယ်။ ဒီဥပဒေသာ အတည်ပြုပေါ်ထွက်လာရင်တော့ ပြည်တွင်းထုတ်ကုန်၊ ဝန်ဆောင်မှုတွေ အရည်အသွေးတိုးတက်လာပြီး စံချိန်မီလာ မယ်။ စားသုံးသူတွေကိုလည်း အကာအကွယ် ပိုထိထိ ရောက်ရောက်ပေးနိုင်မှာဖြစ်ပြီး ၂၀၁၅ မှာ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသကို အပြည့် အ၀ အကောင်အထည်ဖော်တဲ့အခါမှာ ပြည်တွင်း စားသုံးသူတွေရော၊ စီးပွားရေးလုပ်ငန်းရှင်တွေ အတွက်ပါ အဆင်သင့်ဖြစ်နေမှာ ဖြစ်ပါတယ်။