Main menu

Background

သကြားပြတ်လပ်လို့ ဗီယက်နမ်စားသောက်ကုန်ကူညီဖို့ အခက်တွေ့

Wed, 07/18/2012 - 05:55 -- Anonymous (not verified)

    ဗီယက်နမ်အခြေစိုက် သကြားသုံးစွဲတဲ့နိုင်ငံခြား ကုမ္ပဏီအများ စုက သကြားအကြီးအကျယ်ပြတ်လပ်မှုကြောင့်  အခက်အခဲတွေကို ခံစားနေရတယ်လို့ သိရပါတယ်။ ဗီယက်နမ်ရှိ  Binh Duong  ပြည်နယ်အခြေစိုက် ဖိလစ်ပိုင် (URC)  ကုမ္ပဏီက အဖျော်ယမကာနဲ့ မုန့်မျိုးစုံထုတ်လုပ်ဖို့အတွက် ၁ လကို သကြားတန် ၄၀၀၀ ခန့် လိုအပ် နေတာကြောင့် သောကရောက်နေ ရကြောင်း ၎င်းကုမ္ပဏီရဲ့ ညွှန်ချုပ်က ပြောကြားခဲ့ပါ တယ်။ ပြည်တွင်းသကြားရောင်း သူ တွေက ဝယ်လိုအားပြည့်မီအောင်မရောင်း ချနိုင်တာကြောင့် အခက်အခဲ အကြီး အကျယ်တွေ့နေကြောင်း၊ မိမိတို့အနေနဲ့ Binh Duong နဲ့ Hanoi  ရှိ  ထုတ်လုပ်ရေး ခုနစ်ခုအနက် နှစ်ခုကိုရပ်ဆိုင်းထားရ ကြောင်း ၎င်းကဆိုပါတယ်။ သကြားပြတ်လပ်မှုနဲ့ ရုတ်တရက်ဈေးနှုန်း မြင့်တက်ခြင်းက ကိုကာကိုလာ၊ နက်စ်တယ်နဲ့ ပက်စ်စီကိုလာ အပါ အဝင် အစားအစာထုတ်လုပ်တဲ့ကုမ္ပဏီတွေကို ထိခိုက်ခဲ့ကြောင်း သိရပါတယ်။ မိမိတို့အနေနဲ့ စက်မှုနဲ့ကုန်သွယ်ရေးဝန်ကြီးဌာန MoITကို သကြားခွဲတမ်းကိစ္စ အရေးပေါ် ဆောင်ရွက်ပေးဖို့တင်ပြ ထား ကြောင်း ကိုကာကိုလာရဲ့အကြီးအကဲက ဆိုပါတယ်။ တစ်ချိန်တည်း မှာပဲ မိမိတို့က မတ်လကတည်းက MoIT ကို သကြားခွဲတမ်းကိစ္စ တင်ပြခဲ့ပေမယ့် ယခုအထိ တုံ့ပြန်မှုမရှိသေးကြောင်း နက်စ်တယ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ အလားတူ URC  က ၎င်းင်းရဲ့ ထုတ်လုပ်မှုအတွက် သကြားတင်သွင်းမှုခွင့်ပြုဖို့ MoIT ကို အဆိုပြုခဲ့တယ်လို့ သိရပါတယ်။         ၂၀၁၁-၂၀၁၂ မှာ ဗီယက်နမ်ရဲ့ သကြားထုတ်လုပ်မှုတန်ချိန် ၁ ဒသမ ၄ သန်းရှိပြီး ပြည်တွင်းမှာ တန်ချိန် ၁ ဒသမ ၃ သန်း သုံးစွဲကြောင်း စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန (MARD)  ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါကြောင့်  (MARD)  က အစိုးရကို သကြားတန်ချိန် ၂သိန်းသိုလှောင်မှုစီမံကိန်း ကို အတည်ပြုဖို့ ပြောကြားခဲ့ပါတယ်။ ယခုအချိန်မှာ သကြား သို လှောင်မှုတန်ချိန် ၃ သိန်းရှိနေပေမယ့် ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံက တရားမဝင် တင်သွင်းတဲ့ သကြားတန်ချိန်ထောင်ပေါင်းများစွာ ထည့် သွင်းတွက်ချက်ထားခြင်းမရှိကြောင်း ဗီယက်နမ် သကြားနဲ့ ကြံ အသင်းမှ ကျွမ်းကျင်သူက ပြောကြားခဲ့ပါတယ်။ ပြည်တွင်းဈေးကွက် မှာ သကြားပြတ်လပ်ပြီး သကြား သုံးစွဲတဲ့လုပ်ငန်းတွေရဲ့ အခက်အခဲ ပြေပျောက်အောင်ကုမ္ပဏီတွေက MoIT  ကို သကြားတင်သွင်းခွင့်ပြု စေလိုကြပါတယ်။ တင်သွင်းတဲ့သကြားက ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ပြည်တွင်းသကြားဈေးထက် ဈေးချိုတယ်လို့သိရပါ တယ်။ MoITက မကြာမီကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သို့ ကတိခံဝန်ချက်နဲ့ သကြားတန် ၇ သောင်းကို တင်သွင်းခွင့်ပြုမှာဖြစ်ပြီး ဒီပြဿနာက သကြားသုံးစွဲတဲ့လုပ်ငန်းတွေနဲ့ သကြားရောင်းချသူတွေ ပူးပေါင်းပြီးဈေးနှုန်းညှိနှိုင်းကာပြည်တွင်းသကြားသုံးစွဲမှုအတွက် အဖြေ ထုတ်သင့်ကြောင်း MoIT ရဲ့ ဒုတိယဝန်ကြီးက ပြောကြားခဲ့ တယ်လို့ သိရပါတယ်။Source:VNS,K.Z.W