Main menu

Background

အိန္ဒိယပဲစိုက်ပျိုးမှု ယခုတစ်ပတ်တိုးတက်လာပေမဲ့ ယခင်နှစ်ကာလတူထက်လျော့၊ ပဲဈေးများသိသိသာသာမြင့်တက်

Sun, 07/22/2012 - 05:26 -- Anonymous (not verified)

    အိန္ဒိယမှာ လက်ရှိ မိုးပဲစိုက်ပျိုးမှု အနေနဲ့ အချို့ဒေသ တွေမှာ မိုးရေရရှိလို့ စိုက်ပျိုးမှုပုံမှန်ရှိပေမဲ့ အချို့ဒေသ တွေမှာ တော့ မိုးပါးနေသေးတဲ့အတွက် ပဲစိုက်ပျိုးမှု နှေးကွေးနေသေး တယ်လို့ သိရပါတယ်။ စုစုပေါင်း ပဲမျိုးစုံစိုက်ပျိုးမှုမှာ ယခု အချိန်ထိ ဟက်တာ ၂၀ ဒသမ ၅၄ သိန်းရှိပြီဖြစ်လို့ ပြီးခဲ့နှစ် စိုက်ပျိုးမှုဟက်တာ ၃၂ ဒသမ ၈၃ သိန်းထက် ဟက်တာ ၁၂ ဒသမ ၃၄ သိန်းလျော့ကျနေပြီလို့ သိရပါတယ်။    စိုက်ပျိုးရေးဝန်ကြီးဌာနက၂၀၁၁-၁၂ သီးနှံရာသီအတွက် စတုတ္ထအကြိမ် ပဲမျိုးစုံထုတ်လုပ်မှုကို ခန့်မှန်းရာမှာ ပဲစင်းငုံတန်ချိန် ၂ ဒသမ ၆၅ သန်း၊ မတ်ပဲတန်ချိန် ၁ ဒသမ ၈၃ သန်း၊ ပဲတီစိမ်းတန်ချိန် ၁ ဒသမ ၇၁ သန်း၊ ကုလားပဲ တန်ချိန် ၇ ဒသမ ၅၈ သန်းနဲ့ ပဲမျိုးစုံစုစုပေါင်း တန်ချိန် ၁၇ ဒသမ ၂၁ သန်းရှိတယ်လို့ ဆိုပါတယ်။ ပဲမျိုးစုံ ထုတ်လုပ်မှုက ပုံမှန်ထုတ်လုပ်မှုထက် အနည်းငယ်ပို မိုပေမဲ့ ပြည်တွင်းစားသုံးမှု လိုအပ်ချက်၊ လက်ရှိ မိုးပဲစိုက်ပျိုးမှုအနေအထားတွေအရ ပြည် တွင်းပဲဈေးများ မြင့်တက်လျက် ရှိနေပါတယ်။ စိုက်ပျိုးထားတဲ့ ပဲပင်များပျက်စီးနိုင်လို့  ပဲတီစိမ်းဈေး တိုးလာ    အိန္ဒိယနိုင်ငံအတွင်း ဥပုသ်လမှာ ဝယ်လိုအားမြင့်တက် လေ့ ရှိနေတဲ့ကာလ မိုးပဲစိုက်ပျိုးမှုကလည်း နှောင့်နှေး နေတဲ့ အပြင် ဈေးကွက်ကို ဝင်ရောက်မှု ပါးလာတဲ့အတွက် လွန်ခဲ့တဲ့ ၃-၄ ရက်အတွင်း ပဲတီစိမ်းဈေးမြင့်တက်လာခဲ့ပါတယ်။ အချို့ ဒေသတွေမှာ မိုးခေါင်တာကြောင့် စိုက်ပျိုးထားတဲ့ အပင်တွေ ပျက်စီးနိုင်တဲ့ အခြေအနေကလည်း ပဲတီစိမ်းဈေး ကို မြင့်တက်စေ ပါတယ်။ အကယ်လို့သာ နောက်သီတင်းပတ်တွေထိ မိုးနည်းနေဦး မယ်ဆိုရင် ပဲပင်များပျက် စီးနိုင်လို့  လာမယ့်ရက်တွေမှာ ဒီထက် ဈေးပိုလာနိုင်တယ်လို့ လက်ကားကုန်သည်တစ်ဦးက ဆိုပါတယ်။ ယခုရက်ပိုင်းအတွင်းမှာ ပဲတီစိမ်းတစ်တန် ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၉၁ ) ခန့် မြင့်တက်လာကြောင်း သိရပါတယ်။ ပဲစင်းငုံစိုက်ဧရိယာလျော့ကျလို့ အထွက်လျှော့မယ်မှန်း    အလားတူ  ပဲစင်းငုံကလည်း ယခုနှစ်  မိုးနည်းတဲ့အတွက် ပဲ အထွက်လျော့ကျမှာ စိုးရိမ်ပြီး ဈေးနှုန်းဆက်ပြီး မြင့်တက် လျက်ရှိရာ တစ်ပတ်အတွင်း တစ်တန် ရူပီး ၄၅၀၀ (ကန်ဒေါ်လာ ၈၂ ) နီးပါးမြင့်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ငင်းဈေးကွက် တွေမှာလည်း ဝယ်လိုအား မြင့်နေတာကြောင့် ဈေးဆက်လက် မြင့် တက်ဖွယ်ရှိပါတယ်။ တောင်သူတွေက ပဲစင်းငုံဈေးကျဆင်းမှာ စိုးရိမ်ပြီး ပဲပုပ်လိုဝင်ငွေရတဲ့ အခြားသီးနှံတွေကို ပြောင်းလဲစိုက်ပျိုး လာကြတဲ့ အတွက် စိုက်ဧရိယာ ကျဆင်းတာကြောင့်လည်း မနှစ်က ပဲစင်းငုံတန်ချိန် ၂၂ သိန်း ထွက်ရှိရာမှ ဒီနှစ်မှာ တန်ချိန် သိန်း ၂၀ ဝန်းကျင်ကို ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ဒီနှစ် ပဲစင်းငုံ လက်ကျန်မှာလည်း တန်ချိန် ၁ သိန်း-၂ သိန်း ဝန်းကျင်ကို ကျဆင်းလာနေလို့ တင်သွင်းပဲစင်းငုံကို မှီခိုနေရမှုတိုးလာပြီး လာမယ့် ရက်တွေမှာ ဈေးပိုတိုးလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း မတ်ပဲဈေး သိသိသာသာတိုး    မတ်ပဲလက်ကျန်နည်းပြီး ဝယ်လိုအားကောင်းနေတဲ့ အတွက် တစ်ပတ်အတွင်း ရူပီး ၂၅၀၀ (ကန်ဒေါ်လာ ၄၅) အထိ မြင့်တက်လာခဲ့ပါတယ်။  တမီလ်နာဒူးအစိုးရက မတ်ပဲ ခွဲခြမ်းတန်ချိန် တစ်သောင်းကို တစ်တန် ရူပီး ၅၁၂၀၀ (ကန်ဒေါ်လာ ၉၂၇)၊ ပဲစင်းငုံခွဲခြမ်း တန်ချိန် တစ်သောင်းကို တစ်တန် ရူပီး ၆၂၂၇၀ (ကန်ဒေါ်လာ ၁၁၂၈) ဈေးအနိမ့်ဆုံးနဲ့ ဝယ်ယူဖို့ တင်ဒါခေါ်ယူထားပါတယ်။ ပြည်တွင်းပဲဈေးကျဆင်း လာအောင် ပြည်ပမှ ပဲတင်သွင်းမှုများရှိနေရာ ဇူလိုင် ၁၆ ရက် မှာ မွန်ဘိုင်းဆိပ်ကမ်းကို မတ်ပဲကွန်တိန်နာ ၈၄ လုံး ဝင်ရောက် ကြောင်း သိရပါတယ်။ ကုလားပဲ ပြတ်လပ်မှု ကြာရှည်ဦးမယ်    ကုလားပဲက မိုးပဲမဟုတ်ပေမဲ့ မိုးပဲစိုက်ပျိုးမှုနှေးနေခြင်းက အခြားပဲဈေးမြင့်တက်နေခြင်းနဲ့အတူ ကုလားပဲဈေးပါ လိုက်ပြီး မြင့်နေပါတယ်။ ဇွန်လကုန်မှာ အပြီးသတ်တဲ့ ပြီးခဲ့တဲ့ရာသီ ကုလားပဲ ထုတ်လုပ်မှုက ဒီဇင်ဘာ ရာသီဥတုကြောင့် အထွက် ထိခိုက်ခဲ့ပါတယ်။ ဒီနှစ်အထွက်လျှော့တဲ့အတွက် ပဲပြတ်လပ်မှု က နိုဝင်ဘာလအထိ ကြာဦးမှာဖြစ်ပါတယ်။ ပွဲတော်ရာသီ ဝယ်လိုအားတက်နေပြီး ရူပီးတန်ဖိုး ကျဆင်းနေတာကြောင့် လည်း တင်သွင်းကုလားပဲဈေးတွေ တက်ပြီးရင်း တက်လာနေပါ တယ်။ယမင်းခင် Source: agrowatch / economic times