Main menu

Background

အလုပ်အကိုင် အခွင့်အလမ်းတွေကို ဘယ်သူတွေက ဘယ်လို ဖန်တီးပေးမှာလဲ ?

Sun, 07/22/2012 - 07:31 -- Anonymous (not verified)

အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေးနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တစ်ဦးကျ GDP  တိုးတက်ရေး အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုအခြေ အနေ တိုးတက်ကောင်းမွန်ရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရှာဖွေနိုင်မှုအတွက် အလုပ်လက်မဲ့အခြေအနေအား ဦးစွာခန့်မှန်းတွက်ချက်ရန် လို အပ်ပါသည်။ မိမိတို့နိုင်ငံ၌ ကျေးလက်ဒေသဖွံ့ဖြိုးမှုနှင့်  ဆင်းရဲနွမ်း ပါးမှုလျော့နည်းကျဆင်းရေးနှင့် ရည်မှန်းချက်များထားရှိရာ  အလုပ် ကိုင် အခွင့်အလမ်းများ ဖန်တီးပေးမှသာ မိသားစုအလိုက် ဝင်ငွေများ တိုးတက်လာမည်ဖြစ်သည်။အချိန်ကာလ ရွေ့လျောမှုများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရန် ပိုမိုလိုအပ်မှုများ David L . L indauer နှင့် Lant Pritchettbig တို့၏ What’s the Big Idea ? The Third Generation of Policies for Economic Growth စာတမ်းတွင်ဖော်ပြပါရှိသကဲ့သို့ ပထမမျိုး ဆက် (1nd Generation) အရ လွတ်လပ်ရေးရပြီးကာလမှ ၁၉၇၀ ခုနှစ်လောက်အထိ ယခင်နှစ်ပေါင်း ၆၀ ကျော်က မိသားစုများတွင် ဖခင်တစ်ဦး အလုပ်လုပ်ရုံဖြင့် လူလတ်တန်းစား မိသားစုအား လုံး မှီခိုစားသောက်နိုင်သည့်အနေအထားမျိုးရှိသည်။ Nuclears Family ပုံစံဖြစ်သည်။ အလုပ်အကိုင်ဖန်တီးမှုမှာ မိသားစုတစ်ခု လျှင် တစ်ဦး ကျဖန်တီးပေးရုံဖြင့် မိသားစု၏ စား၊ ဝတ်၊ နေရေးအခြေအနေ ပြေ လည်စေခဲ့သည်။ မိသားစုလိုအပ်ချက် များဖြင့် လေ့လာလျှင် သာမန် ဖခင်တစ်ယောက်၏ ဝင်ငွေတစ်ခုတည်းနှင့်  မိသားစုကို လုံလောက် စွာ သုံးစွဲနိုင်သည့်အပြင် သား၊ သမီးများကိုလည်း ကျောင်းကောင်း မွန်စွာ ထားနိုင်ခဲ့ပါသည်။ ထိုအချိန်က နည်းပညာများ မဖွံ့ဖြိုးသေး ခြင်း၊ လူဦးရေနည်းပါးခြင်းတို့ကြောင့် မိသားစုတွင်  စားဝတ်နေရေး နှင့်သားသမီးများ ပညာသင်ရေးကိုသာသုံးစွဲရန် လိုအပ်ပါသည်။ဒုတိယမျိုးဆက် (2nd Generation)အရ လူနေမှုအဆင့် အတန်း မြင့်မားလာခြင်း၊ လူနေမှု ကုန်ကျစရိတ်များ (Living Cost) မြင့်မားလာခြင်း၊ လူဦးရေ တိုးတက်လာခြင်းတို့ကြောင့် ၁၉၈၀ ခုနှစ် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်များမှစတင်၍  ဖခင်ရော မိခင်ပါ အလုပ်လုပ်ကိုင်ရသည့် အနေအထားမျိုးဖြစ်ပေါ်လာခဲ့သည်။ သို့ဖြစ်ပါ၍ လိုက်လျောညီထွေဖြစ်စေမည့် လူနေမှုအဆင့် အတန်းနှင့် စား၊ ဝတ်နေရေး အခြေအနေအား ထိန်းသိမ်းထားနိုင်ရန် မိသားစုတစ်ခု လျှင် နှစ်ဦးကျ ဖန်တီးပေးရန် လိုအပ်လာခဲ့ပါ သည်။ သို့ဖြစ်ပါ၍ အလုပ်လုပ်ကိုင် ဖန်တီးမှု နှစ်ဆတိုးတက်စေရန် ဖြစ်ပါသည်။တတိယမျိုးဆက် (3rd Generation Economics) အရ လူနေမှုအဆင့်အတန်း မြင့်တက်လာခြင်းနှင့် လူတို့၏ လိုအင်ဆန္ဒ များ များပြားလာခြင်း၊ သဘာဝသယံဇာတများ ရှားပါးလာခြင်းတို့ ကြောင့် ၂၀၁၀ ခုနှစ်များမှစတင်၍ မိသားတစ်စုလျှင် အနည်းဆုံး အလုပ်အကိုင် သုံးဦး သို့မဟုတ် လေးဦးအတွက် အလုပ်အကိုင် ဖန်တီးပေးရန် လိုအပ်လာခဲ့ပါသည်။ သို့ဖြစ်ပါ၍ အလုပ်အကိုင် ဖန်တီးမှုမှာ ၁၉၆၀ ခုနှစ်များနှင့် နှိုင်းယှဉ်လျှင် သုံးဆ (သို့မဟုတ်) လေးဆနှင့် ၁၉၈၀ ခုနှစ်များနှင့် နှိုင်းယှဉ်လျှင် နှစ်ဆ ပိုမိုဖန်တီးပေး ရန် ဖြစ်လာပါသည်။ ထို့ကြောင့် အလုပ်အကိုင်လိုအပ်ချက်များသည် တစ်ခေတ်ပြီးတစ်ခေတ် မြင့်တက်နေပါသည်။သို့ဖြစ်ပါ၍ တိုးတက်လာသော  လူဦးရေ တိုးတက်လာသည့် လူနေမှုအဆင့်အတန်းများနှင့်အတူ  အလုပ်အကိုင် ဖန်တီးမှုများ ကို ဆောင်ရွက်မပေးနိုင်ပါက အဆိုပါလူပုဂ္ဂိုလ်များအနေဖြင့် ရေကြည် ရာ မြက်နုရာဖြစ်သည့် လုပ်ခလစာ ပိုမိုများပြားသည့် အိမ်နီးချင်းနှင့် အခြားနိုင်ငံများသို့ ရွှေ့ပြောင်းသွားရောက်လုပ်ကိုင်မှုများ ဖြစ်ပေါ် လာမည်ဖြစ်ပါသည်။ တရားမဝင် သွားရောက်လုပ်ကိုင်ခြင်းများ (Illegal Migrants)များဖြစ်ပေါ်ပါက အခြားနိုင်ငံအတွင်းတွင် မိမိ နိုင်ငံသားများ သည် နိုင်ငံသားအခွင့်အရေး (Citizen Rights) များ ဆုံးရှုံးကာ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပါသည်။ ထိုကဲ့သို့ လိုအပ် လျက်ရှိသည့်အလုပ်အကိုင်များကို ဖြည့်ဆည်းနိုင်ခြင်းမရှိပါက အလုပ်ရှိရာသို့ အလုပ်သမား ပြောင်းရွှေ့မှုများ (Worker to Work)   သို့ ကူးပြောင်းသွားပြီး ရွှေ့ပြောင်းမှုများ (migration) များကို ဖြစ် ပေါ်စေသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဆိုပါ ရွှေ့ ပြောင်းနေထိုင်မှုများကို ကြုံတွေ့လျက်ရှိပါသည်။မိမိနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးနေ၍ အိမ်နီးချင်းနိုင်ငံများတွင် သွားရောက်လုပ်ကိုင်ရသဖြင့်လည်း အဖြည့် ခံ ရွှေ့ပြောင်းလုပ်သား (Fill in migration)  များအနေဖြင့် အခြား နိုင်ငံသားများ မဆောင်ရွက်လိုသည့်အလုပ်များ(3D Jobs- Danger, Difficult and Dirty Jobs) လုပ်ကိုင်ရခြင်း၊ တန်းတူ အခွင့်အရေး များကိုခံစားခွင့် မရရှိသည့်အပြင် လူမှုရေးဆိုင်ရာ အခက်အခဲများ လည်း ရေရှည်တွင် တွေ့ကြုံလာနိုင်ခြင်းများ ရှိပါသည်။ သို့ဖြစ်ပါ၍ မိမိနိုင်ငံသားများအတွက် အလုပ်သမားအခွင့် အရေးများကို ရရှိခံစား နိုင်ရန် ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ မိမိနိုင်ငံတွင်း အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်မှု သည် ဆင်းရဲမှုလျော့ကျရေးနှင့် နိုင်ငံဖွံ့ဖြိုးမှုအတွက် များစွာအရေးပါပါသည်။နိုင်ငံအတွင်း အလုပ်အကိုင်ဖန်တီးမှု ဘယ်လောက်လိုအပ်ပါသလဲမြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေ ၅၇ ဒသမ ၅ သန်းရှိသည်ဟု ခန့်မှန်းတွက်ချက်ပါလျှင် အသက် ၁၈ နှစ်မှ ၆၀ နှစ် အလုပ်လုပ်နိုင်သော လူဦးရေမှာ ၃၃ ဒသမ ၁၁ သန်းရှိမည်ဟု ခန့်မှန်းပါသည်။ အလုပ် လုပ်နိုင်သော အသက်အရွယ်အတွင်း စီးပွားရေးအရ အလုပ် မလုပ်နိုင်သည့် ကျောင်းသား၊ သံဃာတော်နှင့် သီလရှင်များ၊ သဘာ၀ အလျှောက် အလုပ်မလု ပ်နိုင်ကြသူများအား ချန်လှပ်ပါက အမှန် တကယ် အလုပ်လုပ်နိုင်သော လူဦးရေမှာ ၃၂ သန်း ဖြစ်ပါသည်။ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့၏ (UNFPA) ၏ ခန့်မှန်းတွက် ချက်မှုအရလည်း မြန်မာနိုင်ငံသည် အလုပ်လုပ်နိုင်သော လူဦးရေ များပြားကာ လူဦးရေဆုလဒ် (Population Bonus) ရရှိနေသည့် အချိန်အခါဖြစ်သည်ဟုဆိုပါသည်။ အဆိုပါ အမှန်တကယ် အလုပ် လုပ်နိုင်သောလူဦးရေမှာ သက်ဆိုင်ရာဌာနများမှ ကောက်ခံသည့် စာရင်း စုစုပေါင်းအရ နိုင်ငံပိုင်ကဏ္ဍ ၊ ပုဂ္ဂလိက ကဏ္ဍ၊ သမဝါယမ ကဏ္ဍ၊  အခြားကဏ္ဍတို့ရှိ  အလုပ်အကိုင်ရရှိနေသော ဝန်ထမ်းအင် အားအရေအတွက် စုစုပေါင်း ၂၀ ဒသမ၂၄ သန်း ဖြစ်ပါသည်။ သို့သော် အဆိုပါအခြေအနေတွင်  Informal Sector မှ အလုပ် လုပ်ကိုင်နေသူများ၊ ပုံသေအလုပ်မရှိသူများ၊ ရာသီအလိုက်နှင့် ကျပန်း အလုပ်လုပ်ခွင့် ရရှိသူများ မပါဝင်ပါ။ သို့ဖြစ်ပါ၍ မိမိတို့နိုင်ငံအတွင်း တွင် ပုံမှန်ဝင်ငွေရရှိရေး အတွက် အလုပ်အကိုင် ၁၀ သန်းနီးပါး ဖန်တီးရန် အကြမ်းဖျင်းလိုအပ်သည်ဟု ခန့်မှန်းပါသည်။ပြောင်းရွှေ့လုပ်သားများဆိုင်ရာ အစီရင်ခံစာများအရ မလေး ရှား၊ စင်ကာပူ၊ ထိုင်း၊ ဂျပန် စသဖြင့် နိုင်ငံခြားသို့ သွားရောက် အလုပ်လုပ်ကိုင်နေသူများအား လူဦးရေ ၃ သန်းရှိမည်ဟု ခန့်မှန်း ပါသည်။ ထို့ကြောင့် လတ်တလော အလုပ်လက်မဲ့ဦးရေမှာ ၉ သန်း ဝန်းကျင် ၁၀ သန်းနီးပါးရှိနိုင်မည်ဟု ခန့်မှန်းပါသည်။ သို့ဖြစ်ပါ၍ အကြမ်းအားဖြင့် အလုပ်လက်မဲ့နှုန်းမှာ ၂၈ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်သည်ဟု ခန့်မှန်းတွက်ချက်နိုင်ပါသည်။  သို့ဖြစ်ပါ၍ ပျမ်းမျှအား ဖြင့် လူလေးယောက်တိုင်းတွင် တစ်ယောက် အလုပ်လက်မဲ့ဖြစ်နေ သည်ဟု ခန့်မှန်းနိုင်ပါသည်။ နိုင်ငံခြားမှ ပြန်လာရန် ၎င်းတို့ အတွက် အလုပ် အကိုင်ဖန်တီးမှုကိုပါ ထည့်သွင်း စဉ်းစားပါက လူ သုံးယောက်တိုင်းတွင် တစ်ယောက် အလုပ်လက်မဲ့ဖြစ်နေ သည်ဟု ယူဆနိုင်ပါသည်။ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလုပ် အကိုင်အခွင့်အလမ်း ဖန်တီးပေးရန် လိုအပ်မည့်ခန့်မှန်း အခြေအနေ များကို အောက်ပါအတိုင်း တွက်ချက်နိုင်ပါသည်။၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အလုပ်လက်မဲ့ အခြေအနေ                                                        အသက်(၁၈)နှစ်မှ          အလုပ်          အလုပ်အကိုင်                                                           (၆၀)နှစ်အကြား         လက်မဲ့           ဖန်တီးရန်                                                           အမှန်တကယ်           ခန့်မှန်းခြေ       လိုအပ်မည့်    တိုင်းဒေသ          လူဦးရေ         ဆင်းရဲ    အလုပ်လုပ်နိုင်သော    (လူဦးရေ        ရင်းနှီးမြှုပ်နှံမှု    ကြီးနှင့်           (ထောင်ပေါင်း)     နွမ်းပါး       လူဦးရေ               ထောင်ပေါင်း)    (USD    ပြည်နယ်များ                            မှုနှုန်း        (စုစုပေါင်း             (၂၈ .၄%)         Million)                                                              လူဦးရေ၏                                                                  ၅၆ .၅၄%)    ကချင်                ၁၅၂၁             ၂၆ .၆       ၈၅၉ .၉၇            ၂၄၄ .၂၃        ကယား                ၃၄၂              ၁၁ .၄       ၁၉၃ .၃၇             ၅၄ .၉၂    ကရင်                ၁၇၄၈              ၁၅ .၄       ၉၈၈ .၃၁           ၂၈၀ .၆၈    ချင်း                    ၅၃၆              ၇၁ .၃       ၃၀၃ .၀၅             ၈၆ .၆၇    မွန်                    ၃၀၁၃              ၁၄ .၃     ၁၇၀၃ .၅၅           ၄၈၃ .၈၁    ရခိုင်                  ၃၁၇၉              ၄၁ .၅      ၁၇၉၇ .၄၁          ၅၁၀ .၄၆    ရှမ်း                   ၅၄၄၆              ၃၁ .၁      ၃၀၇၉ .၁၇          ၈၇၄ .၄၈    စစ်ကိုင်း             ၆၂၈၂              ၁၃ .၁       ၃၅၅၁ .၈၄        ၁၀၀၈ .၇၂            ၃၀၆၉၅    တနင်္သာရီ           ၁၆၅၁              ၃၀ .၆         ၉၃၃ .၄၈          ၂၆၅ .၁၁    ပဲခူး                  ၅၇၇၇               ၁၆ .၃       ၃၂၆၆ .၃၂         ၉၂၇ .၆၃    မကွေး              ၅၄၀၅               ၂၅ .ဝ       ၃၀၅၅ .၉၉          ၈၆၇ .၉    မန္တလေး            ၈၀၉၉               ၂၄ .၆       ၄၅၇၉ .၁၇        ၁၃၀၀ .၄၈    ရန်ကုန်             ၆၇၅၈               ၁၄ .၁        ၃၈၂၀ .၉၇       ၁၀၈၅ .၁၆    ဧရာဝတီ           ၇၇၃၆                ၃၀ .၂         ၄၃၇ .၀၅         ၁၂၄ .၁၂    စုစုပေါင်း          ၅၇၄၉၃              ၂၃ .၆        ၃၂၄၅၄ .၇၆၄     ၉၂၀၈ .၃၁၆မှတ်ချက်။ အသက် ၁၈ နှစ်မှ ၆၀ နှစ်အကြား အမှန်တကယ် အလုပ် လုပ်နိုင်သောလူဦးရေ % မှာ ၅၆.၅၄% နှင့် မြန်မာနိုင်ငံ၏ အလုပ် လက်မဲ့နှုန်းအား ၂၈.၄% ဖြင့် ယူဆတွက်ချက်ပါသည်။တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အလုပ်အကိုင် အခွင့် အလမ်း ဖန်တီးပေးရန်လိုအပ်မည့် ခန့်မှန်းအခြေအနေများနှင့်စပ် လျဉ်း၍ တစ်ဖက်ဖော်ပြပါဇယားအရ ရန်ကုန်တိုင်းဒေသကြီးတွင် ၉ ဒသမ ၂ သိန်း (၁သန်းနီးပါး) အတွက် အလုပ်အကိုင် ဖန်တီးရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်ရည်မှန်းချက်အတိုင်း အထူးစီး ပွားရေးဇုန် (SEZ) များပေါ်ပေါက်လာပါက ရင်းနှီးမြုပ်နှံမှုများ ဆွဲ ဆောင်နိုင်ပါက အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာ မည်ဟု မျှော်မှန်းနိုင်ပါသည်။သို့ဖြစ်ပါ၍ အမေရိကန်ဒေါ်လာ တစ်သန်း ရင်းနှီးမြှုပ်နှံ လျှင် ပျမ်းမျှအလုပ်အကိုင် ၃၀၀ ဖန်တီးမည်ဟု ယူဆပါက အမေ ရိကန်ဒေါ်လာ ၃၀၆၉၅ သန်း (ဒေါ်လာ ဘီလီယံ ၃၀) ထပ်မံ လိုအပ်မည် ဖြစ်ပါသည်။ သို့သော် ဤကိန်းဂဏန်းများမှာ ခန့်မှန်း ယူဆတွက်ချက်မှုသာ ဖြစ်ပါသည်။ အကယ်၍ အဆင့်မြင့်နည်းပညာ (High Tech) ဖြစ်ပါက အလုပ်အကိုင်ဖန်တီးမှု နည်းပါးပါလိမ့်မည်။ ရင်းနှီးမြှုပ်နှံမှုနယ်ပယ် ကွာခြားပါကလည်း အလုပ်အကိုင် ဖန်တီးမှု ကွာခြားမည်ဖြစ်ပါသည်။ ဥပမာ-အထည်ချုပ်စက်ရုံများ၊ စိုက်ပျိုးရေး ဆင့်တက်ပစ္စည်း စက်ရုံများတွင် အလုပ်အကိုင် ဖန်တီးမှု ပိုမိုများပြား မည် ဖြစ်ပါသည်။ လက်ရှိ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ဘီလီယံ ၃၀ ရှိပြီး ဖြစ်ပါ ကြောင်း လေ့လာတွေ့ရှိရပါသည်။အလုပ်လိုချင်သူတွေဘက်က ဘယ်လိုပြင်ဆင်ထားရမှာလဲ  . . .အလုပ်အကိုင် ရရှိလိုသူများဘက်မှ မိမိတို့၏ ကြိုးပမ်းလုပ် ကိုင်လိုသည့် စိတ်ဓာတ်များ၊ မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေ သည့်၊ ဆောင်ရွက်လိုသည့် နယ်ပယ်တွင် ကျွမ်းကျင်မှုများ မြှင့်တင်ရန်၊ စီမံ ခန့်ခွဲမှုပညာများ လေ့လာတတ်မြောက်ရန်၊ ကျွမ်းကျင်မှု သင်တန်း များ တက်ရောက်ရန်၊English စကားပြောမှအစ မိမိ၏ အသက် မွေးဝမ်းကျောင်းမှုကို တိုးတက်ရေးအ တွက် လေ့လာဆည်းပူးမှုများ ပြုလုပ်ရန် လိုအပ်ပါသည်။အလုပ်အကိုင် အခွင့်အလမ်းတွေကို ဘယ်သူတွေက ဘယ်လို ဖန်တီးပေးမှာလဲအလုပ်အကိုင်ဖန်တီးရန် Stakeholders များအဖြစ် ရင်းနှီး မြှုပ်နှံမှုများအား အစိုးရမှ လည်းကောင်း၊ ပုဂ္ဂလိက ကဏ္ဍမှ လည်း ကောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၊ ပြည်သူများ၏ စုပေါင်းရင်း နှီးမြှုပ်နှံမှုများဖြင့် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများ၊ ဒေသတွင်း အစိုးရမဟုတ်သည့် အဖွဲ့အစည်း များနှင့် လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုများဖြင့် အသားတင် ရင်းနှီးမြှုပ်နှံမှုများ (Net investment) များ စီးဝင်အောင် ဆောင်ရွက် ရမည် ဖြစ်ပါသည်။ရင်းနှီးမြုပ်နှံမှု ဇာစ်မြစ်များအဖြစ် အစိုးရဘတ်ဂျက်ဖြင့် ဆောင် ရွက်သည့် စီမံချက်များ၊ ပုဂ္ဂလိက ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှု များ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အလှူရှင် နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်း များ၏ ဖွံ့ဖြိုးမှုစီမံချက်များနှင့် စီးပွားရေးလုပ်ငန်းများ ထူထောင် ခြင်းဖြင့် အလုပ်အကိုင် ဖန်တီးရေးအတွက် လိုအပ်သည့်ရင်းနှီးမြှုပ်နှံ မှုများအားပြည့်မီအောင်ဖန်တီးဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါသည်။အလုပ်အကိုင် ဖန်တီးမှုများမှတစ်ဆင့် မိသားစုများဝင်ငွေ တိုးတက်လာနိုင်ပြီး နိုင်ငံအဝှမ်း ဘက်ညီမျှတသည့် ဖွံ့ဖြိုးမှုအဆင့် ကိုရောက်ရှိလာစေနိုင်စေရန် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အကြားရင်းနှီးမြှုပ်နှံမှုများ ပျံ့နှံ့ရောက်ရှိစေရန် လိုအပ်ပါသည်။ကမ္ဘာ့နိုင်ငံများ၏ အလုပ်အကိုင်ဖန်တီးမှုကိုကြည့်ပါက နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများ (Foreign Investment) ဝင်ရောက်လာခြင်းမှ Multi-national Company (MNCs) (သို့မဟုတ်) နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးများ (Transnational Corporation-TNCs) များမှ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုဖန်တီးနိုင်သည် ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိမိတို့နိုင်ငံသားများ အတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုပေးနိုင်မည့် အရည် အသွေးရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရန် လိုအပ်ပါ သည်။နိုင်ငံတိုင်းလိုလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အပြိုင်အဆိုင် ဆွဲဆောင်ခေါ်ယူနေကြသည်ဖြစ်ရာ Multi-national Company များအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (Foreign Investment Law) တိတိကျကျ ပြဋ္ဌာန်းထားသည့် နိုင်ငံများတွင်သာ ရင်းနှီး မြှုပ်နှံလေ့ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ မိမိတို့ နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအား နိုင်ငံတကာ ဥပဒေများနှင့် နှိုင်းယှဉ် ခံရမည်ပင်ဖြစ်သည်။ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ် သည့် ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့နှင့် နှိုင်းယှဉ် ခံရမည်ဖြစ်ပါသည်။မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသော်လည်း နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်း (Competitive)  မဖြစ်နိုင်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းဖန်တီးနိုင်မှု မဖြစ်နိုင်ပါ။ ဗီယက်နမ် နိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအားပြင်ဆင်သုံးသပ်ပြီး ဖြေ လျှော့ဖွင့်လှစ်လိုက်သည်နှင့်တစ်ပြိုင်နက် ရင်းနှီးမြှုပ်နှံမှုများ အများ အပြားဝင်ရောက်လာပြီး ၎င်းတို့နိုင်ငံ၏ အလုပ်အကိုင်အခွင့်အလမ်း များကို ဖန်တီးပေးခဲ့သဖြင့် ဆင်းရဲနွမ်းပါးမှုတို့လည်း လျော့နည်းကျ ဆင်းခဲ့ပါသည်။ နည်းပညာ လွှဲပြောင်းမှုများလည်း ရရှိခဲ့သည်။ရင်းနှီးမြှုပ်နှံမှုဥပဒေအနေဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများ ရှိစေရန်အတွက် Frame အနေ ဖြင့် ကျယ်ကျယ်ပြန့်ပြန့်ရှိရန် လိုအပ်ပါသည်။ သို့သော် အဆိုပါဥပဒေ ကို နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စီမံခန့်ခွဲမှုစွမ်းအား (Admini- strative power) တို့ဖြင့် အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန် ပြန်လည်ထိန်းကျောင်းဖို့ လိုအပ်ပါသည်။မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြုပ်နှံလိုသူများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဥပဒေ ပေါ်ထွက်လာရေးအတွက် မျှော်လင့်စောင့်စား လျက်ရှိကြပါသည်။ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်ကို လွှတ်တော်တွင် ဆွေးနွေးလျက်ရှိပြီး ပြည်သူ့ကိုယ်စားလှယ်အချို့အနေဖြင့် တိုင်းရင်း သားလုပ်ငန်းရှင်များ၏ ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးခြင်းကြောင့် အခွင့် အရေး နစ်နာမှု  မရှိစေရန်အတွက် အကာအကွယ်ပေးနိုင်ပါရန် တောင်းဆိုမှုများရှိနေပါသည်။ အဆိုပါ တောင်းဆိုမှုများမှာ အလေး ထားစရာဖြစ်သော်လည်း တစ်ဖက်တွင် ဈေးကွက်စီးပွားရေးစနစ်နှင့် အညီ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရာ၌ အခြားနိုင်ငံများ၏ ရင်းနှီး မြှုပ်နှံရန် အခွင့်အလမ်းများနှင့် ယှဉ်ပြိုင်နိုင်မှု အားနည်းနိုင်ပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်ခြင်းဖြင့် တိုင်းရင်းသား လုပ်ငန်းရှင်များအတွက် ကာလတိုတွင် စိန်ခေါ်မှုနှင့် အခက်အခဲ များ ရင်ဆိုင်ကြုံတွေ့ဖွယ်ရာရှိသော်လည်း  ကာလလတ်နှင့် ကာလရှည်တွင် အကျိုးကျေးဇူးများ  ခံစားရရှိလာနိုင်မည် ဖြစ်ပါသည်။ယခုအချိန်အထိ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင် ရောက်လာမှုမှာ Multi-national Company  များ၏ စောင့်ကြည့်မှု အဆင့်တွင်သာ ရှိသေးပါသည်။ မိမိတို့နိုင်ငံတွင် အာဆီယံဒေသ တွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ၁၉၉၇ ခုနှစ်ကတည်း က အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံနှင့်အညီ ဆောင်ရွက်လုပ်ကိုင်လျက် ရှိပါသည်။ ထို့ပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အဖွဲ့ဝင်နိုင်ငံ လည်းဖြစ်ပါသည်။ သက်ဆိုင်ရာ ကတိကဝတ်များကို လက်မှတ်ရေး ထိုးပြီးဖြစ်ပါသည်။  တိုင်းရင်းသား လုပ်ငန်းရှင်များအနေဖြင့် ဤ  Globalization ခေတ်တွင် မိမိတို့၏စွမ်းဆောင်ရည် မြှင့်တင်ခြင်း ဖြင့် ယှဉ်ပြိုင်နိုင်မှုတိုးတက်လာေ စရန် ထုတ်လုပ်မှုကဏ္ဍအသီးသီး၏  Supply Chain Mechanism တွင် မည်သို့ပါဝင် ဆောင်ရွက်မည် ကို ပြင်ဆင်ဖို့လိုအပ်ပါ သည်။ မိမိတို့ နိုင်ငံလုပ်ငန်းများ၏ အားနည်း ချက်များကို ပြုပြင်ပြီး အားသာချက်များကို အသုံးပြု၍ စိန်ခေါ်မှုများ ကို ရင်ဆိုင်ကျော်လွှားရန် အဖက်ဖက်မှ လေ့ကျင့်ပြင်ဆင် ကြိုးပမ်းရန် လိုအပ်မည်ဖြစ်ပါသည်။နိုင်ငံသား လုပ်ငန်းရှင်များအတွက် အရင်းအနှီးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် stock ၊ share ဝယ်ယူခြင်းတို့မှတစ်ဆင့် အရင်းအနှီးများ ရရှိလာနိုင်ခြင်း၊ ပုဂ္ဂလိကအချင်းချင်း ပူးပေါင်းမှုများ၊ အစိုးရ ပုဂ္ဂလိက ပူးပေါင်းမှုများ၊ သမဝါယမ အဖွဲ့အစည်း များ၊ အများ ပိုင်ကုမ္ပဏီများ၊ ဖက်စပ်လုပ်ငန်းများ ပူးပေါင်းထူထောင်ခြင်းဖြင့် တိုင်း ရင်းသားလုပ်ငန်းရှင်များအေ နဖြင့် နိုင်ငံခြားကုမ္ပဏီများကို ယှဉ်ပြိုင် ရန် နည်းလမ်းတစ်ရပ်ပင် ဖြစ်ပါသည်။မည်သည့်နိုင်ငံမဆို မူဝါဒတစ်ရပ်ကို အကောင်အထည်ဖော် ရာတွင် အကောင်းအဆိုး ဒွန်တွဲဖြစ်ပေါ်လျက်ရှိပါသည်။ Cost Benefit Analysis  အရ စုစုပေါင်းအကျိုးအမြတ်သည် စုစုပေါင်း ကုန်ကျစရိတ်ထက် သာလွန်ပါက အဆိုပါမူဝါဒကို  အကောင် အထည်ဖော်ရမည်ဖြစ်ပေသည်။ မူဝါဒကြောင့် ဖြစ်ပေါ်စေသည့် ဆိုးကျိုး (Policy Distortion)ကို အတတ်နိုင်ဆုံး လျော့နည်းေ အာင် သာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် လည်း လူနည်းစုလုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရန်နှင့်  အလုပ်လက်မဲ့ လူ ၁၀ သန်း၏ အလုပ် အကိုင်ဖန်တီးမှုဖြင့် ဆင်းရဲနွမ်းပါးမှုလျော့ကျေ ရးကို ဆောင်ရွက် ရန်တို့ကို မဟာဗျူဟာကျကျစဉ်းစားရန် လိုအပ်လျက်ရှိပါသည်။သို့ဖြစ်ပါ၍ အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေး နိုင်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ လျင်မြန်စွာ ပေါ်ထွက် လာရေးသည် အလွန်အရေးကြီးပါသည်။ ၂၀၁၅ အာဆီယံ စီးပွား ရေးအသိုက်အဝန်းပေါ်ပေါက်လာပါ ကလည်း နိုင်ငံခြားရ င်းနှီးမြုပ်နှံ မှုများဒေသတွင်းသို့ စီးဝင်လာနိုင်မည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံသား များအနေဖြင့် အဆိုပါ အာဆီယံစီးပွားရေး  အသိုက်အဝန်း၏ အခွင့်အလမ်းများကို သိရှိနားလည်ပြီး အဆိုပါအခွင့်အရေးကို ထိထိ မိမိ ပြန်လည်အသုံးချ ကာ နိုင်ငံခြားဈေးကွက်များသို့ ပြန်လည်တင်ပို့ ရောင်းချနိုင်ရေးကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။အဆိုပါ အခွင့်အရေးများကို လက်လွတ်ဆုံးရှုံးရမည်ဆိုပါက မိမိနိုင်ငံအတွင်း အလုပ်အကိုင်ဖန်တီးနိုင်မှု အခွင့်အရေးများ ဆုံးရှုံးနိုင်သည့်အပြင် မိမိနိုင်ငံ၏ ဉာဏ်ရည်ဉာဏ်စွမ်းရှိသူများ (Talent People) များ၏ ဦးနှောက်ယိုစီးမှုများ ထပ်မံ ဖြစ်ပေါ် ဦးမည်ဖြစ်ပြီး unskilled- labor  များလည်း ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်ကြဦးမည်ဖြစ်သည်။ သို့ဖြစ်ပါ၍ နောက်ဆက်တွဲ လူမှု စီးပွားရေး သက်ရောက်မှု (socio-economic impact) များကိုလည်း မိမိတို့နိုင်ငံသားများအနေဖြင့် ခံစားရဦးမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ Workers to Work သဘောတရားအရ နယ်စပ်ဒေသများတွင် စီးပွားရေးဇုန်များ ဖန်တီးခြင်းဖြင့် မိမိတို့ နိုင်ငံတွင်း သို့ ပြန်လည်လာရောက်လုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံမှုများဖြင့် ဆွဲဆောင်ရမည်ဖြစ်ပါသည်။ရင်းနှီးမြုပ်နှံမှုဥပဒေသစ် ပေါ်ပေါက်လာပါကလည်း အုပ်ချုပ် မှုယန္တရားများ စွမ်းဆောင်ရည်ပြည့်ဝစွာ လည်ပတ်စေရေး၊ အခြေခံ အဆောက်အအုံများ ဖြည့်ဆည်းရေး၊ မေခရို စီးပွားရေးတည်ငြိမ်ရေး၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်းများ ပြည့်ဝစွာဆောင်ရွက်ေ ရးနှင့် ကောင်း မွန်သော အုပ်ချုပ်မှုစနစ် (Good Governance) နှင့်အတူ ဥပဒေ စိုးမိုးရေး (Rule of Law)ကိုဖြစ်ပေါ် ရန် နိုင်ငံတော်အစိုးရမှ ပံ့ပိုး ဆောင်ရွက်ရန်၊ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား လုံးမှလည်း လေးစားလိုက်နာရန် လိုအပ်ပါသည်။သို့ဖြစ်ပါ၍ နိုင်ငံသားများအတွက် အလုပ်အကိုင် ဖန်တီးနိုင်မှု စွမ်းအားကို မြှင့်တင်ရန်မှာ နိုင်ငံတော်အစိုးရ အပါအဝင် ဥပဒေပြု သူများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင် များ၊ နိုင်ငံခြား ကုမ္ပဏီများ၊ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းမှ ပုဂ္ဂိုလ်များ စသည့်  Stakeholder များ အားလုံး စုစည်းညီညွတ်စွာ ပါဝင်ဆောင်ရွက်ပေးမှသာ လျှင် အောင်မြင် မည်ဖြစ်ခြင်းကြောင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ရင်းနှီးမြှုပ်နှံမှုဥပဒေ လျင် မြန်စွာ အကောင်အထည်ဖော်နိုင်ရန် ဝိုင်းဝန်းကူညီပံ့ပိုးပေးပါရန် တိုက်တွန်းလိုပါကြောင်း။