Main menu

Background

ခေတ်ပြောင်း စနစ်ပြောင်းနှင့် စိုက်ပျိူးရေးကဏ္ဍ တိုးတက်မှု အလှည့်အပြောင်း

Wed, 07/25/2012 - 04:53 -- Anonymous (not verified)

ဖွံ့ဖြိုးဆဲနိုင်ငံအများစု၏ အဓိက စီးပွားရေးမောင်းနှင်အား မှာ စိုက်ပျိုးရေးကဏ္ဍဖြစ်သည်။ တစ်ဖန် ကမ္ဘာ့ရာသီဥတုပြောင်း လဲမှုနှင့် စားနပ်ရိက္ခာဖူလုံရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စိန်ခေါ်ချက်တစ်ရပ်ဖြစ်လာသည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံ တို့အနေဖြင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက် အရေးတကြီးဆောင် ရွက်ရန်မှာ မိမိတို့၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဆောင် ရွက်ရန်သာရှိ သည်။ ထိုအထဲတွင် မြန်မာနိုင်ငံ ပါဝင်ပေသည်။  မြန်မာနိုင်ငံ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်မှာ ကျေး လက်တွင် နေ ထိုင်ကြပြီး ထိုလူဦးရေ၏ အများစုမှာလည်း လယ် ယာစိုက်ပျိုးရေးတွင် ပါဝင်လုပ်ကိုင်နေသည့်သူများဖြစ်ကြသည်။သို့ရာတွင် လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အခြားနယ်ပယ်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကဲ့သို့ပင် နည်းပညာ ဆိုင်ရာ အခက်အခဲများ၊ မူဝါဒရေးရာများ၊ ငွေကြေးနှင့် နည်းပညာ လုပ်ဆောင်နိုင်စွမ်းများအရ နှစ်အလိုက် တဖြည်းဖြည်းချင်း ဆောင် ရွက်ရမည့် အခြေအနေများဖြစ်ကြောင်း နိုင်ငံတကာအတွေ့အကြုံ များအရလည်း သိနိုင်ပေသည်။နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ကြ ရာတွင် မိမိတွင်ရှိသော အရင်းအမြစ်များ တည်ရှိနေမှု (မြေယာပိုင် ဆိုင်မှု၊ လုပ်သားအင်အား၊ အရင်းအနှီး တည်ရှိနေမှု၊ နည်းပညာ နှင့် စွန့်ဦးတီထွင်သူများ) အပေါ်မူတည်၍ ရွေးချယ်လေ့ရှိကြသည်။ ဤနေရာ တွင် မြန်မာနိုင်ငံအနေဖြင့် လုပ်အားပေါများပြီး လယ်ယာ အခြေခံစီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန် အခွင့်အလမ်းကောင်းများ ရှိနေပါ လျက် အခြားနိုင်ငံများကဲ့သို့ တိုးတက်မှုမရှိနေခြင်းမှာ ဘာ ကြောင့်လဲ။ တစ်ချိန်က ကမ္ဘာ့ဆန်အိုးကြီးဖြစ်ခဲ့သော မြန်မာနိုင်ငံ အဖြစ်ပြန်လည်ရောက်ရှိရေးမှာ ဘာတွေပြောင်းဖို့၊ လုပ်ဖို့ လိုပြီလဲ။ စိန်ခေါ်ချက်က ဘာတွေလဲ၊ ဘာတွေက အဟန့်အတားလဲ ပြန်စစ် ကြဖို့လိုပြီထင်သည်။ အခြားနိုင်ငံများကဲ့သို့ တိုးတက်အောင်  မည်သို့ ဆောင်ရွက်ပေးမည်လဲ။ မည်သည့်မူဝါဒ၊ မည်သည့် စီမံကိန်းများဖြင့် ဦးစားပေးဆောင်ရွက် ပေးမည်လဲဆိုသည်မှာလည်း မေးစရာမေး ခွန်းများအဖြစ် တည်ရှိနေပါသည်။ လယ်ယာကဏ္ဍနှင့် မြန်မာနိုင်ငံလတ်တလော အခြေအနေတွင် မြန်မာနိုင်ငံသည်  အခြား သောဖွံ့ဖြိုးဆဲနိုင်ငံများကဲ့သို့ပင် လယ်ယာကဏ္ဍကို အားကိုးနေရဆဲ နိုင်ငံတစ် ခုဖြစ်ကြောင်း လုပ်သားအင်အား၏ ၆၀ ရာခိုင်နှုန်း ဝန်း ကျင်က လယ်ယာကဏ္ဍတွင် အလုပ်လုပ်နေခြင်းက ဖော်ပြလျက်ရှိ သည်။ လယ်ယာ၊ သားငါး၊ သစ်တောနှင့် သတ္တုကဏ္ဍများမှ ထုတ် လုပ်မှုမှာလည်း ဂျီဒီပီ၏ ၃၆ ရာခိုင်နှုန်း ခန့် ပါဝင်နေသေးသည်။ ဒေသ တွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကမ္ဘောဒီးယားနှင့် မြန်မာတို့ သည်သာ လယ်ယာကဏ္ဍထုတ်ကုန်များသည် စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုတွင် ပါဝင်မှုအများဆုံးဖြစ်ကြသည်ကို အထင်းသား တွေ့ မြင်နိုင်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် လယ်ယာစိုက် ပျိုး ရေးကို မှီခိုအားထားနေရသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ လယ်ယာကုန်ထုတ်လုပ်မှု တိုးတက်ရေးသည် အလွန် အရေးကြီးပါ သည်။စုစုပေါင်းထုတ်လုပ်မှုတွင် လယ်ယာကဏ္ဍ၏ ပါဝင်မှု (%)ဇာစ်မြစ်။ UN Stat  2010 ှSupply Chain ကို ပြန်လည်သုံးသပ်ရန်လိုစိုက်ပျိုးထုတ်လုပ်မှုများအခြေအနေ (ထုတ်လုပ်မှု နည်းပညာ အပါအဝင်၊ သီးနှံမျိုးစေ့ အသုံးပြုမှု၊ စိုက်ပျိုးရေးတွင် ပါဝင်လုပ်ကိုင် သူများ၏ အနေအထား (လယ်လုပ်သူများ၊ ရောင်းဝယ်ဖြန့်ဖြူးသူ များအပါအဝင်)၊ စိုက်ပျိုးထုတ်လုပ်သူများအတွက် ဘဏ္ဍာငွေလိုအပ် မှု၊ ဈေးကွက်တင်ရောင်းချမှု (ပြည်ပသို့တင်ပို့မှု အပါအဝင်)၊ ထုတ် လုပ်သီးနှံများ၏အရည်အသွေး၊ ယှဉ်ပြိုင်နိုင်စွမ်းစသည့်အခြေအနေ များကို ပြန်လည်သုံးသပ်ရန်လည်း လိုအပ်ပေသည်။ သို့ရာတွင်ယင်း အချက်များမှ လက်ရှိမြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အဓိက သီးနှံဖြစ်သော စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ အောက်ပါ အခြေအနေများကိုလေ့လာပါက ထည့်သွင်းစဉ်းစား ဆောင်ရွက်ရ မည့် အခြေအနေများကို အနည်းနှင့်အများ အထောက်အကူဖြစ်စေ မည်ဖြစ်ပါသည်။ ဘယ်သီးနှံ ဘယ်လောက်စိုက်စပါးသည် အဓိကသီးနှံဖြစ်သည်နှင့်အညီ စိုက်ဧက အများဆုံး မှာလည်း စပါးဖြစ်နေသည်။ သို့သော် စပါးစိုက်ဧကသည် ၂၀၀၇-၀၈ ခုနှစ်ကထက် ၂၀၁၁-၁၂ ခုနှစ်တွင် ကျဆင်းသွားခဲ့သည်မှာ မြေယာ အကန့်သဘောရှိနေပြီလား (သို့မဟုတ်) အခြားငွေပိုရသီးနှံ များကို ပြောင်းလဲစိုက်ခြင်းကြောင့်လား ဆိုသည့်အချက်ကို ထည့် သွင်းစဉ်းစားရန်လိုနေပြီဖြစ်သည်။ သို့ဆိုလျှင် တစ်ချိန်က မူဝါဒအရ မဖြစ်မနေ စိုက်ပျိုးရသည့်သီးနှံနှင့် လက်တွေ့အကျိုးဖြစ်ထွန်းသည့် သီးနှံများအပေါ် တောင်သူများ၏ စိတ်ဝင်စားမှုကိုရှာဖွေ၍ မည်သည့် မူဝါဒမျိုးချမှတ်ပေးသင့်သည်ကို စဉ်းစားရန်လိုပေမည်။ သေချာသည့် အချက်မှာ စုစုပေါင်းစိုက်ဧကမှာ အနည်းငယ်သာ တိုးတက်လာသည့် အတွက် မြေယာအကန့်အသတ် ရှိနေပြီလားဆိုသည်ကို စဉ်းစားရန် လိုပါသည်။ အချို့ဒေသများ တွင် မြေယာအကန့်အသတ်များ မရှိ သော်လည်း မြေယာအကန့်အသတ်ရှိသည့် ဒေသများတွင် မြေယာ တိုးချဲ့စိုက်ပျိုးသည့် တိုးတက်မှုမျိုးထက် လက်ရှိစိုက် ဧကမှာပင် အထွက်နှုန်းတိုးစေသည့် နည်း (Vertical Expansion) ကို ဆောင် ရွက်ရန်လမ်းပြပေးသည့် သဘောအဖြစ်လက်ခံရမည်သာဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိကသီးနှံအလိုက် စိုက်ပျိုးမြေဧရိယာ ဘေးတိုက်ချဲ့မလား ထောင်လိုက်ချဲ့မလား  (Horizontal expansion and Vertical Expansion)သမားရိုးကျမိရိုးဖလာထုတ်လုပ်မှု နည်းအရ ထုတ်လုပ်နေ သည့်အခြေအနေမှ  သွင်းအားစု ဈေးနှုန်းများ အတက်အကျများ၊ မိမိ ထုတ်ကုန်များ ဈေးနှုန်းကျမှုနှင့် ဝင်ငွေများ အတက်အကျ များ မှုကို တွန်းလှန်နိုင်ရန် လယ်ယာအရွယ်အစားတိုးတက်မှု (သို့မဟုတ်) အလျား လိုက်တိုးချဲ့ခြင်း (Horizontal expansion) သည်သာ ထုတ်လုပ်သူများအတွက် တစ်ခုတည်းသော ရွေးချယ်စရာ နည်းလမ်း ဖြစ်ပေသည်။ သို့သော် လယ်ယာမြေအရွယ်အစား တိုးချဲ့ခြင်းသည် အကန့်အသတ်ဖြင့်သာ ရရှိနိုင်သောကြောင့် လက်ရှိ မြန်မာနိုင်ငံ၏ မြေအသုံးချမှုအနေအထားအရ အလျားလိုက် တိုးချဲ့ခြင်း (Hori- zontal expansion))ကိုပြုလုပ်ရန် အခက်အခဲ များရှိသဖြင့် (Vertical Expansion) နည်းဗျူဟာဖြင့် အထွက်တိုးစေရန် စီစဉ်ဆောင်ရွက် ရမည် ဖြစ်ပါသည်။ ယင်း (Vertical Expansion) တွင် အထွက် တိုးမျိုးများဖြင့်စိုက်ပျိုးခြင်း၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ အသုံး ပြုခြင်း၊ နည်းပညာ ပြောင်းလဲအသုံးပြုခြင်း အစရှိသည်တို့ပါဝင်ပါ သည်။  ဤနေရာတွင် မေးခွန်းနှစ်ရပ် ရှိလာပါသည်။ ပထမဦးစွာ လယ်ယာ ထုတ်လုပ်သူများအတွက် (Vertical Expansion)  နှင့် Horizontal expansion  တို့အနက် မည်သည့်နည်းလမ်းက အကျိုး အမြတ် ရရှိနိုင်မည်နည်း။ ဒုတိယမေးခွန်း  တစ်ရပ်မှာ Vertical Expansion (သို့မဟုတ်) Horizontal expansion အနက် လယ်ယာမြေတစ်ခု ချင်းအတွက် မည်သည့်နည်းလမ်းက စွမ်းဆောင် ရည်ရှိစွာ ပိုမိုထုတ်လုပ်နိုင်စေမည့်နည်းဖြစ်သည်။  အထက်တွင် ဆိုခဲ့ သည့်အတိုင်း မြေယာတိုးချဲ့ခြင်းကို မဆောင်ရွက်နိုင်သည့် ပြည်နယ်၊ တိုင်းဒေသကြီးများ၌ အထွက်တိုးစေေ ရး ရွေးချယ်စရာ နည်းလမ်းမှာ စနစ်တကျရွေးချယ်ကျင့်သုံးရတော့မည့် ထောင်လိုက်ချဲ့ခြင်းကသာ  အကောင်းဆုံး ဖြစ်ပေမည်။ သို့ဆိုလျှင်    -    အရည်အသွေးမြင့်မျိုးစေ့ အသုံးပြုရေး    -    ဓာတ်မြေသြဇာအသုံးပြုမှု    -    ဈေးကွက်တင်ပို့မှု ကောင်းမွန်ရေး    -    သယ်ပို့ ထုပ်ပိုးစနစ် ကောင်းမွန်ရေး    -    စိုက်ပျိုးရေ အပြည့်အ၀ ရရှိရေး    -    စိုက်နည်းစနစ် ခေတ်မီရေး    -    စက်ယန္တရားများ ပိုမိုအသုံးပြုနိုင်ရေး    -    စိုက်ပျိုးစရိတ်ငွေကြေးထောက်ပံ့မှု ရရှိရေး စသည့် အခြေအနေများကို မည်သို့စီစဉ်ဆောင်ရွက်ပေးကြရမည်လဲ ဆိုသည်ကို စဉ်းစားကြရတော့မည်ဖြစ်သည်။ မျိုးချန်စနစ်နှင့် အထွက်ပြဿနာဆန်စပါးနှင့်ပတ်သက်၍ မြန်မာလယ်သမားများ၏ မျိုးစေ့ အသုံးပြုမှုသည် မိမိတို့ထွက်ရှိသည်မှ မျိုးအတွက်ချန်၍ ပြန်လည် အသုံးပြုခြင်း(သို့မဟုတ်) အခြား လယ်သမားများထံမှ ဝယ်ယူသုံး ခြင်းကိုသာ အများဆုံးအသုံးပြုကြသည့်ပုံစံဖြစ်သည်။ ယင်းသို့အခြား လယ်သမားများထံမှ ဝယ်ယူအသုံးပြုသော မျိုးစေ့များသည် လည်း အများအားဖြင်၊့ မျိုးကွဲအမျိုးမျိုးနှင့် မျိုးညံ့များ ရောနှောပါဝင်နေ တတ် သည်။ အကျိုးဆက်မှာ ကြိတ်ခွဲသည့်အခါတွင် အကျိုးအကြေ ပမာဏ အချိုးအစားမြင့်မားစေသည်။ ထို့ကြောင့် ယင်းမျိုးများသည် အခြားသွင်းအားစုများ ပိုမိုအသုံးပြုသည့်တိုင် အထွက်နှုန်းကို တိုး တက်စေခြင်း မရှိတတ်ပေ။ အပင်ရောဂါ ပိုးမွှားဒဏ်ခံနိုင်စွမ်း လည်း လျော့နည်းလာသည်။ ယင်းပြဿနာအတွက် စဉ်းစားရန်မှာ အခြား သီးနှံများကဲ့သို့ မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်လျှင် အဆင်ပြေနိုင် မည်ဖြစ်သည်။  ထို့ကြောင့် အဆင့်မြင့်မျိုးများ ထုတ်လုပ်သုံးစွဲရေး၊ အခြားသော သီးနှံများကဲ့သို့ ဈေးကွက်တွင် လွယ်လွယ်ကူကူ ရရှိနိုင် ရေးသည်အရေးကြီးသည့် အချက်ဖြစ်သည်ကို အလွယ်တကူ သိမြင် နိုင်ပေသည်။ မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး အဖြေရှာမျိုးစေ့ထုတ်လုပ် ဖြန့်ဖြူးရောင်းချမှုတွင် ကမ္ဘာ့ဆန်တင်ပို့မှုတွင် နေရာရလာသော ဗီယက်နမ်၏ ဆောင်ရွက်ပုံကိုကြည့်ရန် လိုမည် ထင်သည်။ ဗီယက်နမ်တွင် ဆန်စပါးတွက်မျိုးစေ့ထုတ်လုပ်ငန်းပေါင်း ၂၆၀ အထိရှိသည်ဟုဆိုသည်။ မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးရေး အတွက် ပုဂ္ဂလိနှင့် အစိုးရပိုင်းကပါ ဝင်ရောက်လုပ်ကိုင်နေကြပြီး နိုင်ငံအဆင့် တွင် ကုမ္ပဏီနှစ်ခုက အဓိက ပါဝင်လုပ်ကိုင် လျက်ရှိပြီး  ပြည်နယ် အဆင့်ကုမ္ပဏီ ၉၂ ခုအထိ ရှိသည်။ နိုင်ငံခြားကုမ္ပဏီ ရှစ်ခုရှိပြီး သုတေသန အဖွဲ့အစည်းငါးခု ပါဝင်ဆောင်ရွ က်နေခြင်းကလည်း ဗီယက်နမ်မျိုးစေ့ လိုအပ်ချက်ကိုအကောင်းဆုံးပံ့ပိုးပေးနိုင်သည့် အနေ အထားဖြစ်သည်။ အခြား အထောက်အ ကူဖြစ်စေသည့် လုပ်ငန်းများ မှာ မျိုးစေ့ထုတ်လုပ်ရောင်းချရေး သင်တန်းများပေးခြင်း၊ စီးပွားဖြစ် မျိုးစေ့ထုတ်လုပ်သည့် အဆင့်သို့ေ ရာက်ရှိအောင် ပံ့ပိုးပေးခြင်း၊ လယ် သမားများသို့ မျိုးစေ့ထုတ်လုပ်ခြင်းဆိုင်ရာ အသိပညာပေးခြင်း၊ တိုး တက်ထုတ်လုပ်ရေး နည်းပညာ၊ အရည်အသွေး ထိန်းချုပ်ရေးနှင့် စီမံခန့်ခွဲမှု စနစ်များအထိပါ ဝင်ရောက်ဆောင်ရွက်ပေးခြင်းက ဗီယက် နမ် ဆန်လုပ်ငန်းဖွံ့ဖြိုးေ ရး ထောက်တိုင်တစ်ခု အဖြစ်မြင်တွေ့နိုင်မည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတွင်းမျိုးစေ့ ထုတ်လုပ်ရောင်းချရေးလုပ် ငန်းများ ဖွံ့ဖြိုးလာရေး အတွက် သုတေသနလုပ်ငန်းများ၊ ထုတ်လုပ်မှု လုပ်ငန်းများကို အစိုးရ၊ ပုဂ္ဂလိက၊ နိုင်ငံခြားကုမ္ပဏီ စသည်တို့ဖြင့် အရင်းအနှီး ဖိတ်ခေါ်ပူးပေါင်းဆောင်ရွက်ကြမည် ဆိုသည့်အချက် သည် လယ်ယာဖွံ့ဖြိုးရေးအတွက် မျိုးစေ့ကဏ္ဍ၏ အဖြေတစ်ခု ဖြစ် နိုင်ပေမည်။ ဓာတ်မြေသြဇာ အသုံးပြုမှုဓာတ်မြေသြဇာ အသုံးပြုမှုတွင်လည်း ပြဿနာများ ရှိနိုင် သည်။ လယ်သမားအများစုသည် မိမိတို့ဝယ်ယူအသုံးပြုသည့် ဓာတ် မြေသြဇာ များ၏ အရည်အသွေးနှင့်ပတ်သက်၍ အသေးစိတ်မသိရှိ ကြပေ။ (အာမခံနှင့်ရောင်းချသည့် အမျိုးအစားအချို့မှလွဲ၍) လက်ရှိ ပြည်တွင်း တွင် ဓာတ်မြေသြဇာအများစုမှာ တရုတ်နိုင်ငံမှ တင်သွင်း လာခြင်းဖြစ်ပြီး အရည်အသွေးထိန်းချုပ်ခြင်းနှင့်ပတ်သက်၍ အာမခံမှု မပေးနိုင်ပါ။ ထို့အပြင် ဓာတ်မြေသြဇာများတွင် အရောအနှောများ လည်းပါဝင် တတ်သည်။ စရိတ်သက်သာစွာဖြင့် ဓာတ်မြေသြဇာ အရည်အသွေး စစ်ဆေးမှုပြုလုပ်ပေးနိုင်သည့် အခြေအနေများ ဖန် တီးပေးနိုင်လျှင် ပိုမိုကောင်းမွန်မည်ဖြစ်သည်။ ထို့ကြောင့်  ဓာတ်မြေ သြဇာထုတ်လုပ်မှု၊ တင်သွင်းမှုအခြေအနေများကို ပြန်လည်လေ့ လာဆန်းစစ်၍ နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များနှင့် ချိန်ထိုး၍ လိုအပ်သည့်ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ ဖြင့် ပြည်တွင်းလုပ်ငန်းရှင်၊ အစိုးရ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ တို့နှင့် ပူးပေါင်းချိတ်ဆက်လုပ်ကိုင်စေလျှင် ကောင်းမွန်သည့်ရလဒ် ဖြစ်ပေါ်စေမည်မှာ မလွဲပင်။ စက်စွမ်းအားလိုအပ်ချက် ဖြည့်ဆည်းပေးရေးအချို့ဒေသများတွင် ကျွဲနွား မလုံလောက်သည့်ပြဿနာများ ဖြစ်ပေါ်တတ်သည့်အတွက် လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွင် စက်မှု ပစ္စည်းကိရိယာများ ပိုမိုအသုံးပြုရေးသည်လည်း မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်းတစ်ရပ်ဖြစ်သည်။ လက်တွေ့ကာလတွင် ထွန်ယက်သည့် ကိစ္စမျိုးသာမက ကောက်စိုက်သည့်ကဏ္ဍ၊ ရိတ်သိမ်း သည့်ကဏ္ဍများ၌ပါ စက်ပစ္စည်းများကို ပိုမိုအသုံးပြုလာ နိုင်ပြီဖြစ် သည်။ သို့ရာတွင်ပံ့ပိုးပေးရမည့် ကိစ္စရပ်များမှာ စက်သုံးဆီ၊ ပြုပြင် ထိန်းသိမ်းမှု၊ အပိုစက်ပစ္စည်း အစိတ်အပိုင်းများဖြစ်ပြီး စိုက်ပျိုးချိန် အမီ ယင်းတို့ကို ဖြည့်ဆည်းပေးနိုင်လျှင် ထုတ်လုပ်မှုစရိတ် ကျဆင်းမှု ကို ဖြစ်ပေါ်စေမည်ဖြစ်သည်။လယ်ယာကဏ္ဍကို စက်မှုလယ်ယာ အသွင်ကူးပြောင်းရေးမှာ လယ်ယာကုန်ထုတ်လုပ်မှု စွမ်းအား တိုးတက်ရေးတွင် အလွန်အရေး ပါသောအချက်တစ်ရပ်ပင်ဖြစ်သည်။ လယ်ယာတွင် စက်ပစ္စည်းများ သုံးစွဲခြင်းသည် လယ်ယာနှင့် လုပ်သားတို့၏ ကုန်ထုတ်လုပ်မှု စွမ်းအား တိုးတက်စေရုံသာမက မျိုးအသုံးပြုမှု၊ ပိုးသတ်ဆေး၊ မြေသြဇာအသုံး ပြုမှု စသည့် လယ်ယာသွင်းအားစုများကို စွမ်းဆောင်ရ ည်ရှိစွာ အသုံး ပြုမှုကိုဖြစ်စေသည်။ လယ်ယာသုံးစက်ပစ္စည်းများဖြစ်သော လယ်ထွန် စက်များ၊ ရေစုပ်စက်၊ ရိတ်သိမ်းစက်များ၊ အပင်ကာကွယ်ပေးသည့် ကိရိယာတန်ဆာပလာများ၊ ခြွေလှ့စက်များကို လယ်သမားများ ကျွမ်းကျင်စွာ အသုံးပြုတတ်ရန် လိုအပ်သကဲ့သို့ ၎င်းစက်ပစ္စည်းများ ကို နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရန်အတွက် အရင်းအနှီး အလုံအလောက် ရရှိရန်လိုအပ်ပါသည်။ ထို့အပြင် ကြိတ်ခွဲထုတ်လုပ် ခြင်းနှင့် တန်ဖိုးမြင့်ကုန်ချော ထုတ်လုပ်ခြင်းတို့တွင်လည်း အရည် အသွေးမြင့် စက်ကိရိယာများ ပြောင်းလဲသုံးစွဲခြင်းဖြင့် အရည်အသွေး မြင့်ထုတ်ကုန်များဖြင့် ဝင်ငွေတိုးတက်အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေကြရန်လည်း လိုအပ်ပါသည်။မြန်မာနိုင်ငံတွင် လယ်ထွန်စက်သုံးစွဲနိုင်မှု အတိုင်းအတာကို အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်သောအခါ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတို့နှင့် များစွာကွာခြားမှု မရှိသော်လည်း ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့နှင့်ယှဉ်ကြည့်လျှင် အဆပေါင်းများစွာ ကွာ ခြားကြောင်း တွေ့ရှိရသည်။    နိုင်ငံ         လယ်ထွန်စက် (စီးရေ)    မြန်မာ             ၁၀၆၀၅    ထိုင်း             ၂၂၀၀၀၀    ဗီယက်နမ်       ၁၆၃၀၀၀    အင်ဒိုနီးရှား       ၉၄၅၈၂    မလေးရှား        ၄၃၃၀၀    ကမ္ဘောဒီးယား     ၂၆၂၀    လာအို              ၁၀၈၀ဇာစ်မြစ်။ NationMaster.comထို့ကြောင့် လိုအပ်သော  စက်ပစ္စည်းများကို လုံလောက် အောင် ဝယ်ယူနိုင်ရန် အရင်းအနှီးများစွာ လိုအပ်ရာ ပြည်ပရင်းနှီးမြှုပ်နှံ မှုဖြင့် ပြည်တွင်း၌ပင် စက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံ များ တည်ဆောက်၍ လိုအပ်ချက် ကို ဖြည့်ဆည်းဆောင်ရွက် မည် လော သို့တည်းမဟုတ် ပြည်ပမှပင်တင်သွင်း၍  လိုအပ်ချက် ကိုဖြည့်ဆည်းမည်လောဟူသည့် မေးခွန်းများရှိလာပါသည်။ စိုက်စရိတ်ချေးငွေရရှိရေး အဆင်ပြေခဲ့ပြီလားကျေးလက်ဖွံ့ဖြိုးရေး၊ ဆင်းရဲ နွမ်းပါးမှုလျော့ကျရေး စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စသောကိစ္စများကို ပြောကြတိုင်း လယ် သမားများအတွက် စိုက်စရိတ် မလုံလောက်ပါ၊ ငွေချေးပေးကြပါ ဆိုသည့် အခြေအနေကို ဖြေရှင်းရန်အတွက် အစိုးရများက မည်သို့ ဆောင်ရွက်ပေးရမည်လဲ ထည့်စဉ်းစားကြရသည့် ကိစ္စရပ် တစ်ခု အဖြစ် ရှိနေဆဲဖြစ်သည်။ ဆင်းရဲမှုလျော့ကျရေး အစီအစဉ်များနှင့် အတူ အသေးစားငွေကြေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံ အနှံ့ဆောင်ရွက်ခဲ့ကြသည်။ သို့သော် လည်း ချေးသူနှင့် ချေးသည့် အဖွဲ့အစည်းများ၏ အတွေ့အကြုံများ နုနယ်နေဆဲဖြစ်ရာ လုပ်ငန်း အမှန်တကယ် အောင်မြင်ဖွံ့ဖြိုးဖို့ အတွက် ဆောင်ရွက်ရစရာကား များစွာကျန်နေသေးသည်။ ဆိုလိုသည်မှာ ချေးယူမည့်သူများနှင့် ထုတ်ချေးမည့် အဖွဲ့အစည်းများတွင် ပါဝင်လုပ်ကိုင်ကြမည့် သူများ အတွက် နည်းပညာ၊ လုပ်ငန်းအတွေ့အကြုံ၊ ဘဏ္ဍာငွေလိုအပ်ချက်၊ ပြန်ဆပ်ရန် ပျက်ကွက် မှု၊ ချေးသည့်ငွေနှင့် လိုသည့်ငွေ လောက် မလောက် စသည်ဖြင့် ဝိုင်းဝန်းစဉ်းစား ဖြေရှင်းကြရမည့် ပြဿနာများ စွာရှိနေသေးမှာလည်း အမှန်ပင်ဖြစ်သည်။ ဤသို့မှ ဝိုင်းဝန်းမစဉ်း စားလျှင် သက်တမ်းနုငယ်သေးသည့် အသေးစားငွေကြေးလုပ်ငန်း များအပေါ် ပြည်သူတို့၏ အမြင်များ ပင်ပြောင်းသွားနိုင်ပြီး ဘဏ္ဍာ ရေးကဏ္ဍကို အထောက်အကူဖြစ်စေမည့် အသေးစားငွေကြေးလုပ်ငန်းများ၏ ဖွံ့ဖြိုးမှု အလားအလာကိုပင် ထိခိုက်သွားနိုင်ပေသည်။ အဓိကသီးနှံအချို့အပေါ် စိုက်ပျိူးစရိတ်ထုတ်ချေးခဲ့မှု အခြေအနေ  ဇာစ်မြစ်။ ။Statistical Year Book 2010 တစ်ချိန်က လယ်သမားများသည်  ငွေကြေးလိုအပ်ချက်ကို လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပြင်ပငွေတိုးချေးစားသူများဆီက အတိုးနှုန်း ကြီးကြီး ယူခဲ့ကြရသည်။  ယခုတော့ အားကိုးစရာ အသေးစား ငွေကြေးလုပ်ငန်းများ ပေါ်ထွန်းလာခဲ့ပြီ။ သို့သော် ငွေထုတ်ချေးပေးမှု များအပေါ် ရသူ၊ ယူသူနှင့် ဘေးကရပ်သူတို့ အကြားအမြင်များ ရှင်းလင်းသွားအောင် စောင့်ကြည့်စစ်ဆေး အားပေးသွားရမည့် အစီ အစဉ်နှင့် စနစ်များ လိုအပ်နေသေးသည်။ ယင်းကို မည်သို့ဆက်ကြ မည်လဲ။ မေးစရာပင်။အချုပ်ဆိုရသော် မြန်မာနိုင်ငံအတွက် အရေးကြီးသည်ဆို သည့် ဤကဏ္ဍကြီးတိုးတက်ဖွံ့ဖြိုးရေးအတွက် အပြောင်းအလဲများ လုပ်ဖို့လိုပြီဆိုလျှင်-        -    ဘယ်သီးနှံကို ရွေးစိုက်မလဲ၊ ဘယ်အရပ်မှာပိုစိုက်မလဲ    -    စိုက်မြေမချဲ့နိုင်ရင် ဘာလုပ်မလဲ    -    အရည်အသွေးမြင့် သီးနှံများနဲ့  ဈေးကွက်တန်းဝင် ဝင်ငွေတိုးရေး ဘယ်လိုလုပ်ကြမလဲ    -    မျိုးစေ့ထုတ်လုပ်စိုက်ပျိုးစနစ် အောင်မြင်အောင် ဘယ် လိုလုပ်မလဲ    -    ဓာတ်မြေသြဇာလိုအပ်ချက်ကို ဘယ်လိုဖြည့်ဆည်းမလဲ    -    စက်မှုလယ်ယာ ကူးပြောင်းရေး အခက်အခဲကဘာလဲ    -    စိုက်စရိတ်ငွေကြေး ထောက်ပံ့မှု အစီအစဉ်များ လုံ လောက်ပြီလား    -    မူဝါဒတွေရှိပြီလား၊ အသက်ဝင်ပြီလား၊စသည့် စသည့် မေးခွန်းများသည် စိုက်ပျိုးရေးကဏ္ဍကြီး အမှန် တကယ် တိုးတက်ပြောင်းလဲစေရေးအတွက် အရေးပါသည့် ပြောင်း လဲစရာများအဖြစ် ရှုမြင်မိပါသည်။ သို့ရာတွင် မကြာမီကာလများ အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲများ ကျင်းပတော့မည်ဟု ကြားသိနေရပါသည်။ ဖြစ်စေချင်သည်မှာ မူဝါဒလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများချ မှတ်သည့်အခါ ချမှတ်ယုံတင်မဟုတ်ဘဲ မြေသယံဇာတနဲ့ပတ်သက် လို့ အတိတ်က သင်ခန်းစာများကို နမူနာယူပြီး မူဝါဒအဖြစ် လုပ်ထုံး လုပ်နည်း၊ ဥပဒေ၊ စည်းမျဉ်းများ၊  အချိန်ကာလ  သတ်မှတ်ချက် များ အောင်မြင်မှုကို တိုင်းတာသည့်ပေတံများ လက်တွေ့မှာ အောင် မြင်မှုကို တွန်းအားပေးနိုင်မည့် အစီအစဉ်များပါဝင်တဲ့ မူဝါဒမျိုးချ မှတ်နိုင်ရန်လိုသည်။ပထမဦးစားပေးကြည့်သင့်သည့်အချက်မှာ မိမိတောင်သူလယ် သမားများအတွက် လယ်ရှိရင် အလုပ်အကိုင်ရှိပြီး၊ ဒေသ အလိုက် ကျေးရွာအလိုက်မှာ တောင်သူတွေရဲ့အလုပ်အကိုင်များကို လေ့လာ ပြီး စီမံဆောင်ရွက်ပေးဖို့လိုသည်။ဒုတိယထားစဉ်းစားရမည့်  အချက်သည် နှစ်ပေါင်းများစွာ ကိုယ်ပိုင် အရင်းအနှီးမရှိကြသည့် တောင်သူလယ်သမားတို့အတွက် အခြားနိုင်ငံများကဲ့သို့ ပြည်တွင်းပြည်ပက စွမ်းအား၊ အရင်းအနှီး၊ နည်းပညာအားများကို ရယူရမှာဖြစ်ပေသည်။ ဒီလိုယူသည့် အခါမှာ မြေယာပြဿနာသည် အရှုပ်အထွေးရှိတတ်သည့်အတွက် မိမိတိုင်း ရင်းသားလုပ်ငန်းရှင်များကို ဦးစားပေးပြီး ဆောင်ရွက် ရမှာဖြစ်ပါ သည်။ မိမိတိုင်းရင်းသားက ငွေရှိပေမဲ့လုပ်အားလိုလျှင် လုပ်အား ရှိသောတောင်သူနှင့် ပေါင်းရမှာဖြစ်ပါသည်။ ထို့ကြောင့် တောင်သူ များစုပေါင်းလုပ်ကိုင်ကြသော အကျိုးတူ ပူးပေါင်းလယ်ယာလုပ် ငန်းကို အခြားနိုင်ငံများကဲ့သို့ အောင်မြင်ေ အာင်ဆောင်ရွက်နိုင်မယ့် နည်းလမ်းများကို ဖော်ထုတ်ကြရမှာ ဖြစ်ပါသည်။မိမိတိုင်းရင်းသားလုပ်ငန်းရှင်က တစ်ပြည်လုံးအနှံ့တွင် ရင်းနှီး လုပ်ကိုင်ရန် အရင်းအနှီးနှင့် နည်းပညာ မတတ်နိုင်သည့်အတွက်  ဆီအုန်း၊ ရော်ဘာကဲ့သို့သော ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်မည့် Agrio-Business  လုပ်ငန်းများကို နိုင်ငံခြားနဲ့ တိုင်းရင်းသားလုပ်ငန်း ရှင်များ အကျိုးတူပူးပေါင်းလုပ်မယ့် လုပ်ငန်းများကိုလည်း အရှုပ် အရှင်းမရှိစေရန် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းနဲ့ စိုက်ပျိုး ရေးမူဝါဒများကို ချမှတ်ထားရန် လိုပါသည်။အလုပ်သမားများ ရသင့်ရထိုက်သော လုပ်ခကိုလည်းကောင်း  တောင်သူလယ်သမားများ ရသင့်ရထိုက်သော  သီးနှံများ၏ ဈေးနှုန်း များအပေါ် ဈေးနှုန်းဖြတ်ဝယ်မှုမျိုးမရှိအောင်  အနည်းဆုံး ဈေးနှုန်း သတ်မှတ်နိုင်သည့် အသေးစိတ်စဉ်းစားထားသည့် မူဝါဒများ စည်းမျဉ်း များပါဝင်မှသာ အရှုပ်အရှင်း အငြင်းပွားမှုများ လျော့နည်းမှာဖြစ်ပါ သည်။အချုပ်အားဖြင့်ပြောရရင် ယခင်အစိုးရများ အဆက်ဆက်က ချမှတ်ခဲ့သော မူဝါဒများကောင်းမွန်သော်လည်း တိုင်းရင်းသားလုပ် ငန်းရှင်အချို့က မြေယာများစွာကို ယူထားကြပြီး၊ ယနေ့အထိ ပီပီ ပြင်ပြင် မလုပ်နိုင်ခြင်းသည် လုပ်ကိုင်ခွင့်ပေးသည့် မူသက်သက် သာ ဖြစ်ပြီး ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အချိန် ကာလသတ်မှတ်ချက်နှင့် ကာလအလိုက်အောင်မြင်မှုစစ်ဆေးသည့် အစီအစဉ်များ၊ ဆောင်ရွက်မှုများ မရှိသည့်အတွက် အောင်မြင်မှု နောက်ကျခဲ့သည်ကို သင်ခန်းစာယူပြီး ပညာရှင်များ၊ ဌာနဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များ၊ ဥပဒေပညာရှင်များက ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ အစိုးရဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်၊ ပြည် တွင်းပြည်ပလုပ်ငန်းရှင်များက  မိမိတောင်သူနှင့် လုပ်ငန်းဆောင် ရွက်ရာတွင်ဖြစ်စေ၊ ဥပဒေနှင့်အညီ ကန်ထရိုက်စာချုပ်နဲ့ ဆောင် ရွက်တတ်သည့် အလေ့အကျင့်များပါဝင်ပြီး ဌာနဆိုင်ရာများမှလည်း ဌာနဆိုင်ရာအလိုက်  တိကျသည့် မူဝါဒနှင့် ထိန်းကျောင်းအားပေး ကူညီကြလျှင် အာဆီယံမှာ သယံဇာတကြွယ်ဝသော ပြည်သူတို့၏ စွမ်းဆောင်ရည် မြင့်မားလာစေရန် မြန်မာ့စိုက်ပျိုးရေး တိုးတက်မှု အလှည့်အပြောင်း မလွှဲဧကန် ရောက်ရှိမှာဖြစ်ပါသည်။ လယ်ယာအားဆေး ဘယ်လိုပေးမလဲလယ်ယာအထွက်တိုးစေဖို့ ဓာတ်မြေသြဇာသုံးကြစို့   ကျွနု်ပ်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သည် တိုးတက်များပြားလာသော လူဦးရေနှင့်အညီ အစားအစာဖူလုံပြီး ပိုလျှံမှုရှိစေရန် ကြိုးပမ်းရာတွင် အထွက်တိုးရေး ဝိုင်းဝန်းဆောင်ရွက်ရမည်မှာ မလွဲ မသွေဖြစ်ပေသည်။ အသိတရား လက်ကိုင်ထား၍ ဆန်းစစ်  အကောင်အထည်ဖော်ရန်သာ လိုအပ် သည်။ ဘာလို့ဆင်းရဲမှု ရှိနေသေးရတာလဲ ? ဆင်းရဲမှု နှင့် စိုက်ပျိုးမြေအရည်အသွေး ကျဆင်းမှုဟာ ဆက် စပ်နေလား? အစားအစာ ရေရှည် ထုတ်လုပ်နိုင်ပြီး ဖူလုံချင်ရင် ဘာလုပ်ကြမလဲ ? ဘာကိုစဉ်းစားပြီးရင် ဘယ်လိုကို စဉ်းစားရမှာဖြစ်လို့ ဘယ်လိုလုပ်ကြမလဲ?  ဘယ်သူတွေအတွက် ဘယ်သူနဲ့လုပ်မှာလဲ? လုပ်ဖို့အချိန်တန်ပြီ၊ ပြောင်းလဲကြရမည်တစ်နိုင်ငံလုံးရဲ့ ဆင်းရဲမှုဟာ ၂၀၁၀ ခုနှစ်မှာ ၂၆ ရာခိုင်နှုန်းရှိနေတာကြောင့် လူတိုင်း စားစရာ ရှိရင် ကျန်းမာမယ်။ ကျန်းမာရင် ဆင်းရဲမှုတွေလျော့မယ်။ ဆင်းရဲမှုတစ်နှစ် ၂ ရာခိုင်နှုန်း လျှော့ချရေး အတွက် လူတိုင်းစားစရာဖူလုံပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လယ်ယာကဏ္ဍပေါ် အဓိကထားလုပ်ကိုင်နေ တဲ့ မြန်မာနိုင်ငံမှာ အထွက်တိုးစေရေး လုပ်ဖို့သင့်နေပေပြီ။ မြန်မာနိုင်ငံမှာ ဘာလို့ သီးနှံအထွက်နိမ့်ပြီး အရည်အသွေး ကျဆင်းနေရတာလဲ ? အရည်အသွေး ညံ့တာ၊ အထွက်မကောင်းတာသိရင် အထွက်ပမာဏကို ဖြစ်ပေါ်စေတဲ့ အချက်တွေက ဘာတွေလဲ ?ဘာတွေလုပ်သင့်လဲ ?  သိသူဖော်စား မသိသူကျော်သွားလယ်ယာအထွက်ပမာဏကို ဖြစ်ပေါ်စေတာကတော့ မြေကြီး၊ လယ်လုပ်သား၊ အထွက်တိုး မျိုးစေ့ကောင်း၊ ဓာတ် မြေသြဇာအသုံးပြုမှု၊ ပိုးသတ်ဆေးကျွေးမှု၊ ရာသီဥတု စသည် တို့ဖြစ်တာကြောင့် မြေကြီးအရည်အသွေး ကောင်းစေဖို့ သင့် တင့်မျှတတဲ့ ဓာတ်မြေသြဇာကို သုံးရန် အသိပညာရှိဖို့လိုပါ သည်။ ဓာတ်မြေသြဇာအသုံးပြုမှုသည် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်နေသောကြောင့် အိမ်နီးချင်းနို င်ငံတွေနဲ့နှိုင်းယှဉ် ကြည့်ရတော့ပေမည်။ မြန်မာနိုင်ငံသည် ဆန်အများဆုံး တင်ပို့ နိုင်တဲ့ အခြေအနေကနေ ဗီယက်နမ်က အဲဒီနေရာ ဘာ ကြောင့် ယူသွားတာလဲ?  စဉ်းစားကြရမည်၊ လုပ်ဆောင်ကြရမည်ကမ္ဘာ့နိုင်ငံများတွင် ဓာတ်မြေသြဇာသုံးစွဲမှုများကိုကြည့်လျှင် ၁၉၆၀ ခုနှစ်မှစ၍ ၁၉၉၀ ခုနှစ်အတွင်း နှစ်စဉ် ၅ ဒသမ ၅ရာခိုင်နှုန်းဖြင့် တိုးတက်လာပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံးအနက် လက်တင်အမေရိက နိုင်ငံနှင့် အာဖရိကနိုင်ငံများတွင် ၈ရာခိုင်နှုန်းနှင့် တောင်အာရှနိုင်ငံများတွင် ၁၂ ရာခိုင်နှုန်းဖြင့် တိုး လာကြောင်း တွေ့ရပါသည်။ ကမ္ဘာ့နိုင်ငံများတွင် ဓာတ်မြေသြဇာသုံးစွဲမှု      ဒေသများ        ဓာတ်မြေသြဇာအသုံးပြုမှု(မက်ထရစ်တန်)                                              ၁၉၆၀ ခုနှစ်             ၁၉၉၀ ခုနှစ်                     ၂၀၂၀ ခုနှစ်    ဖွံ့ဖြိုးပြီးနိုင်ငံများ                        ၂၄ .၇                     ၈၁ .၃                          ၈၆ .၄    ဖွံ့ဖြိုးဆဲနိုင်ငံများ                         ၂ .၇                       ၆၂ .၃                        ၁၂၁ .၆      အရှေ့အာရှ(ဂျပန်မပါ)                ၁ .၂                       ၃၁ .၄                          ၅၅ .၇    တောင်အာရှ                              ၀ .၄                       ၁၄ .၈                         ၃၃ .၈   အနောက်အာရှ/မြောက်အာဖရိက     ၀ .၃                         ၆ .၇                         ၁၁ .၇    လက်တင်အမေရိက                    ၀ .၇                         ၈ .၂                         ၁၆ .၂    ဆာဟာရအာဖရိက                     ၀ .၁                         ၁ .၂                          ၄ .၂    ကမ္ဘာ့စုစုပေါင်း                          ၂၇ .၄                    ၁၄၃ .၆                       ၂၀၈ .ဝဇာစ်မြစ်။ ။ FAO အာဆီယံနိုင်ငံများအနက် အမိ မြန်မာနိုင်ငံတွင်ဓာတ်မြေသြဇာအသုံး ပြုမှုအခြေအနေကို သုံးသပ်ကြည့်ရာ တွင် ဗီယက်နမ်နိုင်ငံထက် ၂၀၀၂ ခုနှစ် ၌ စုစုပေါင်းပမာဏ၏ ၁၅ ဆ၊ မြေ တစ်ဟက်တာနှုန်းရဲ့  ၂၃ ဆ လျော့ နည်းနေရာမှ ၂၀၀၆ ခုနှစ်တွင် စုစု ပေါင်းပမာဏ၏ ၁၀၇ ဆ၊ မြေတစ် ဟက်တာနှုန်းရဲ့ ၁၅၅ ဆအထိ နည်းနေတာ ထူးထူးခြားခြားတွေ့ရမယ်။ ဒါကြောင့် သင့်တင့်မျှတတဲ့ ဓာတ်မြေသြဇာ အသုံးပြုမှုနှုန်းကို မိမိစိုက်မည့်မြေဧရိယာပမာဏပေါ်  မူတည်ပြီး အခြားနိုင်ငံတွေနှင့် မျက်ခြည်မပြတ်ဘဲ နှိုင်းယှဉ်လေ့ လာကြည့်နေရမယ်။  အာဆီယံနိုင်ငံများ၏ ၂၀၀၂ ခုနှစ်တွင် ဓာတ်မြေသြဇာအသုံးပြုမှု အခြေအနေ  ဇာစ်မြစ်။ ။ NationMaster.com  ဇာစ်မြစ်။ ။ NationMaster.com  မြန်မာနိုင်ငံ၏ သီးနှံများအတွက် စုစုပေါင်းဓာတ်မြေသြဇာ အသုံးပြုမှု (တန်)  ဇာစ်မြစ်။ ။ မြန်မာ့စိုက်ပျိူးရေးလုပ်ငန်း တကယ်လိုလို့ တကယ်သုံးတော့မယ်။ ဘယ်ကနေ ဘယ်လိုရယူ ကြမလဲ ?    မြန်မာနိုင်ငံ လက်ရှိပြည်တွင်းဓာတ်မြေသြဇာ ထုတ် လုပ်မှုသည် ၂၀၁၀-၁၁ ခုနှစ်တွင် ၃၇၈ ဒသမ ၂ မက်ထရစ် တန်(ထောင်)ဖြစ်ပြီး ပြည်ပမှ မှာယူ တင်သွင်းမှုပမာဏမှာ ၂၇၁ ဒသမ ၇ မက်ထရစ်တန် (ထောင်) ဖြစ်သောကြောင့် စုစုပေါင်း ၆၄၉ဒသမ ၉ မက်ထရစ်တန် (ထောင်)ကို သုံးစွဲ နေကြောင်းတွေ့ရပါသည်။ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ တို့၏ တစ်ဧကလျှင် ဓာတ်မြေသြဇာသုံးစွဲသည့် နှုန်းထားများ ပေါ်မူတည်၍ မြန်မာနိုင်ငံက တစ်ဟက်တာလျှင် (ဝ.၂) မက်ထရစ် တန် အသုံးပြုမည်ဆိုပါက နိုင်ငံ၏စုစုပေါင်းစိုက် ဧက ၂၉ ဒသမ ၇ သန်းအတွက် ၂၄၀၄ မက်ထရစ်တန် (ထောင်)လိုအပ် မည် ဖြစ်ပါသည်။ အခြားနိုင်ငံများနှုန်းအတိုင်း စိုက်ပျိုးမြေအရည်အသွေး ပြည့်ဝစေရန် ထုတ်လုပ်မည်ဆိုပါက ပမာဏ ၁၇၅၄ ဒသမ ၁ မက်ထရစ်တန်(ထောင်) ထပ်မံလို အပ်နေမည်ဖြစ်သည်။ တင်သွင်းမှုမပြုလုပ်ဘဲ ပြည်တွင်း၌သာ ထုတ်လုပ်ပါက ထုတ်လုပ်မှုတန်ဖိုးနှင့် အမှန် တကယ် လိုအပ် မှုတို့နှိုင်းယှဉ်ပါက Shortage of Supply  ၂၀၂၅ ဒသမ ၈ မက်ထရစ်တန် (ထောင်) ဖြစ်နေမည်။     ထို့ကြောင့် အမှန်တကယ် ပြည်တွင်း၌သာ လုတ်လုပ် ရောင်းချပေးနိုင်ရန် စီမံမည်ဆိုပါက ဓာတ်မြေသြဇာပမာဏ ၂၀၂၅ ဒသမ ၈ မက်ထရစ်တန်(ထောင်)ရရှိရေးအတွက် ဓာတ်မြေသြဇာထုတ်လုပ်သည့်စက်ရုံထူထောင်ရန် ကြိုးပမ်းရာ တွင် ပြည်တွင်းလုပ်ငန်းရှင် များနှင့် လုပ်ကိုင်ခွင့်ပြုပေးမည် လား? နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ဖိတ်ခေါ်လုပ်ကိုင်မည် လား? ဆုံးဖြတ်ကြရတော့မည် ဖြစ်သည်။ ဓာတ်မြေသြဇာ စက်ရုံထူထောင်ရာတွင် လိုအပ်မည့် အစီအမံများ ပြင်ဆင် ရေးဆွဲ၍ Transaction Cost လျော့နည်းသက်သာစေရန် မည်သူက တာဝန်ယူကာ Public Private Partnership  ဖြင့် မည်သို့ပူးပေါင်းဆောင်ရွက်ကြမည်နည်း ?     အထူးပြုကုမ္ပဏီ စတင်ခွင့်ပြုစဉ်က ဓာတ်မြေသြဇာ ရောင်းချ သောအခါ လယ်သမားဆီသို့  တိုက်ရိုက်ရောင်းချ သောကြောင့် စရိတ်စကသက်သာသည်ကို တွေ့ရသည်။  ထို့ ကြောင့် Supply Chain အစီအစဉ်များကို မည်သို့ပူးပေါင်း ပါဝင်မည်ကို စဉ်းစားသင့်ပါ သည်။ ထို့အတူ တောင်သူလယ် သမားများအနေဖြင့် Primary Income ကို လယ်ယာ စိုက်ပျိုးရေးဝင်ငွေအဖြစ် ရရှိမှာဖြစ်သည်။ ထို့အပြင် ပစ္စည်း ကိရိယာများကို မိမိတို့၏ လက်ဝယ်တွင် ပိုင်ဆိုင်သည့် အလေ့ အထများအရ လည်းကောင်း၊ မိမိတို့ကျေးရွာအတွင်း ဇီဝဓာတ် မြေသြဇာ ပြုလုပ်မည့် နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်၍လည်းကောင်း စသည်တို့ပေါ်မှ Secondary Income အဖြစ် ဝင်ငွေရရှိနိုင်ရန် ကြိုးပမ်းကြရမှာဖြစ်ပေသည်။ နယူးဇီလန်နိုင်ငံတွင် လည်းအလားတူလုပ်ငန်းများဖြင့် လုပ်ကိုင် ဆောင်ရွက်နေ သည်ကို တွေ့ရပါသည်။ ဤသို့ဆောင်ရွက်ခြင်း ဖြင့်မွေးမြူရေးလုပ်ငန်းတွင် အရင်းကြေရုံသာမက ပေါင်းစည်း လယ်ယာလုပ်ငန်းကို အားပေးခြင်းဖြစ်ကြောင်း တွေ့ရှိရမည် ဖြစ်ပါသည်။     ထို့ကြောင့် ဆွေးနွေးပွဲများတွင် အသေးစိတ်လေ့လာ၊ ဆွေးနွေးခြင်းနည်းလမ်းအသွယ်သွယ်ဖြင့် အခြားနိုင်ငံများ တွင် ဆောင်ရွက်သကဲ့သို့ လက်တွေ့ဖြစ်မြောက် အောင်မည်သို့ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဆိုသည်မှာ အရေး ကြီးဆုံး ဖြစ်ပေသည်။ မြေတိုးခဲျ့ခြင်းထက် အထွက်နှုန်းတိုးရေးနှင့် အရည်အသွေးမြှင့်ရေး ဈေးကွက်ဝင်ရေး ဘယ်လိုချိန်ဆကြမလဲ    တစ်ဧက အထွက်နှုန်း တိုးတက် ရေး နှင့်အရည်အသွေးမြှင့်တင် ရေးအတွက် အထွက်ကောင်း မျိုးကောင်းမျိုးသန့်များ သုံးစွဲရန် လို အပ်ပါသည်။ လက်ရှိ အနေအထားမှာ မြန်မာနိုင်ငံတွင်းရှိ လယ်ယာ လုပ်ကိုင်သူ အများစုသည် မိရိုးဖလာနည်းလမ်းများအတိုင်း မိမိတို့ ကိုယ်ပိုင် မျိုးစပါးများကိုသာ ဆက်၍ဆက်၍ သုံးစွဲလေ့ရှိကြပါသည်။ မျိုးပြောင်းလဲသုံးစွဲခဲ့လျှင် ယင်းမျိုးနှင့် ဆက်စပ်လျက် ရှိသော မြေသြဇာ၊ပိုးသတ်ဆေး၊ ပြုပြင်ထိန်းသိမ်းရမည့် တာဝန်များကို ပိုမိုသည့် အလုပ်တစ်ခုအဖြစ် သဘောထားခြင်း၊ အကယ်၍ လုပ်ဆောင်ခဲ့ သော်လည်း အကြောင်းကြောင့် ပျက်စီးဆုံးရှုံးရပါက ငွေကြေး ဆုံးရှုံးခြင်း၊ အခြားဝင်ငွေရ လုပ်ငန်းမရှိပါက ယင်းအပေါ် မှီခိုနေရမှု များနေသည့်အတွက် စိုးရိမ်သောကဖြစ်နေရခြင်း၊ မျိုးအသစ်အတွက် စွန့်စားရန်မဝံ့မရဲဖြစ်ခြင်း၊ အရင်းအနှီးမတ တ်နိုင်ခြင်း၊ ပြန်လည် ရောင်းချရန် ဈေးကွက် မသေချာခြင်း၊ စီးပွားရေး အမြင် အားနည်းပြီး ရှိသမျှနှင့် ရောင့်ရဲခြင်း တို့ ကြောင့်အထွက်ကောင်းမျိုးကောင်းမျိုးသန့် များကို ပြောင်းလဲသုံးစွဲရာတွင် အားနည်းနေတတ်ပါသည်။    သို့ဖြစ်ပါ၍ မျိုးစပါးများ ရောင်းသည့် ဆိုင်များကို မြန်မာပြည် က အဓိက စပါးစိုက်တဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ် တွေမှာတောင် စီးပွားဖြစ် ဖွင့်လှစ်ရောင်းချခြင်းကို တွေ့ရှိရခြင်း မရှိပါ ဘူး။ သို့ရာတွင် ပြောင်းနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ စိုက်ပျိုးရာမှာ ထိုင်း နိုင်ငံ၊ တရုတ်နိုင်ငံမှ တင်သွင်းသော မျိုးစေ့များကို ဝယ်ယူစိုက်ပျိုးတဲ့ အလေ့အထကို တွေ့မြင်နေရပြီ ဖြစ်ပါသည်။    သီးနှံစိုက်ပျိုးရာသီ နှစ်ရာသီလောက် ဖိဖိစီးစီးနှင့်မျိုးပြောင်း ပြီး အမှန်တကယ် အထွက်တိုးအောင် ဆောင်ရွက်နိုင် မယ်ဆို ရင် မြန်မာ့လယ်ယာကဏ္ဍ တိုးတက်မှာ အမှန်ပဲဖြစ်ပါသည်။    ယနေ့ ဆန်အဓိကတင်ပို့သော နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတွေမှာ မျိုးကောင်း မျိုးသန့် ပြောင်းလဲစိုက်ပျိုးရေး ကို လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့် ထဲက ဆောင်ရွက် ခဲ့ကြပါသည်။     ထိုင်းနိုင်ငံမှာ ၁၉၈၀ နှစ်လောက်ထဲက မျိုးပြောင်းလဲ စိုက် ပျိုးရေး ဆောင်ရွက်ခဲ့    အိမ်နီးချင်းထိုင်းနိုင်ငံမှာ မျိုးစေ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့မှ မျိုးစေ့ ထုတ်လုပ်သည့် လုပ်ငန်း များကို ထိုင်းနိုင်ငံတွင် ရင်းနှီး မြှုပ်နှံရန် ၁၉၈၀ ခုနှစ်က ဖိတ်ခေါ်ခဲ့ပါ သည်။  ပုဂ္ဂလိက ကဏ္ဍမှလည်း မျိုးစေ့ ထုတ်လုပ်သည့် လုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး၊ အချို့ကုမ္ပဏီများသည် မျိုးစေ့တင်သွင်း သည့်လုပ်ငန်းများဆောင်ရွက်သကဲ့သို့အချို့ ကုမ္ပဏီများသည် တင်ပို့မှု နှင့် တင်သွင်းသည့် လုပ်ငန်းများကိုပါ ဆောင်ရွက်ကြပါသည်။ မျိုးစေ့ ထုတ်လုပ်မှုတွင် စည်းမျဉ်း၊ စည်းကမ်း များ ချမှတ်ထားပြီးချမှတ်ထား သည့် စည်းမျဉ်းစည်းကမ်း  များအတိုင်း မျိုးစေ့တင်သွင်း၊ တင်ပို့သည့် ကုမ္ပဏီများမှ လိုက်နာဆောင်ရွက်ကြရကြောင်း လေ့လာ သိရှိပါ သည်။     ဗီယက်နမ် နိုင်ငံမှာ ၁၉၉၁နှစ် လောက်ထဲက မျိုးပြောင်းလဲ စိုက်ပျိုးခဲ့    ဗီယက်နမ်နိုင်ငံမှာ မျိုးကောင်း မျိုးသန့် စိုက်ပျိုးမှုကို ၁၉၉၁ ခုနှစ်မှ စတင်စိုက်ပျိုးခဲ့ပြီး၊ ယခုအခါ နိုင်ငံအနှံ့တွင် စိုက်ပျိုးလာခဲ့ပါ သည်။ အထွက်ကောင်းမျိုး တိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် ဗီယက်နမ် အစိုးရ အနေဖြင့် မျိုးကောင်းမျိုးသန့်များ တင်သွင်းခြင်း၊ စပါး မျိုး ကောင်း မျိုးသန့်အတွက် သုတေသနနှင့် ဖွံဖြိုးမှုလုပ်ငန်း ဆောင် ရွက်ခြင်း၊ စပါး မျိုးကောင်းမျိုးသန့် မျိုးစေ့ ထုတ်လုပ်ရေးအတွက် အစိုးရမှ အကူအညီပေး ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ မျိုးစေ့ထုတ်လုပ်သည့်လုပ်ငန်း များ ဆောင်ရွက်လာ သဖြင့် ကျေးလက် ဒေသများတွင် အလုပ်အကိုင် အခွင့်အ လမ်းများ ဖန်တီးလာနိုင်ခဲ့ပါ သည်။ အထွက်ကောင်းမျိုးအသုံးပြုခဲ့သဖြင့် စုစုပေါင်း စပါး အထွက် တွင်  မြင့်တက်ခဲ့ပါသည်။ ၁၉၉၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း တစ်ဟက်တာလျှင် ၃.၃၃ တန် ထွက်ရှိရာမှ ၄.၈၉ တန် ထွက်ရှိခဲ့ပါ သည်။ ထို့အပြင် ဆန်ဖူလုံမှုကိုလည်း အထောက်အကူပြု ခဲ့ပါသည်။     ကိုယ့်မျိုးကိုယ်ထား ကမ္ဘောဒီးယား    ကမ္ဘောဒီးယားနိုင်ငံမှာ မျိုးစေ့ဥပဒေကို၂၀၀၈ခုနှစ်မှာ ပြဌာန်း နိုင်ခဲ့ပါသည်။ စပါးစိုက် တောင်သူ ၉၀ ရာခိုင်နှုန်းကျော်ကတော့ ကိုယ့်မျိုး ကိုယ်ထားပြီး စပါးစိုက် လျက်ရှိပါသည်။ မျိုးစေ့ကဏ္ဍမှာ ပုဂ္ဂလိက ကဏ္ဍ ပါဝင်ဆောင်ရွက်စေ ရန်အစိုးရမှ တွန်းအားပေးခဲ့ ပါသည်။ ပြောင်းနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ အတွက် တော့ မြန်မာနိုင်ငံကဲ့သို့ပင် တရုတ်၊ ထိုင်း၊ ဗီယက်နမ်နှင့် အခြား နိုင်ငံများမှ မျိုးစေ့များတင်သွင်း၍ စိုက်ပျိုးလျက် ရှိပါသည်။     မြန်မာ့မျိုးစေ့ဘဏ်နှင့်ဥပဒေ    မြန်မာနိုင်ငံတွင်လည်း မျိုးစေ့ဘဏ်ကို JICA ၏ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ခုနှစ် ဇန်နဝါရီက မျိုးစေ့ဥပဒေကို ပြဌာန်းခဲ့ပြီး ဖြစ်ပါသည်။ မျိုးစေ့ ဆိုင်ရာလုပ်ငန်းများ ကို ၂၀၀၄ခုနှစ်က ဖွဲ့စည်းထားသည့် အမျိုးသား အဆင့် မျိုးစေ့ ကော်မတီ၏ စီမံခန့်ခွဲမှုအောက်တွင် ဆောင်ရွက်လျက်ရှိပါသည်။  မြန်မာနိုင်ငံအနေဖြင့် ဈေးကွက်ဝင် အထွက်တိုး မျိုးကောင်းမျိုးသန့် ထုတ်လုပ် ဖြန့်ဖြူးရေး ကျယ်ကျယ်ပြန့်ပြန့် လုပ်ရန်နှင့် သုံးလေးရာသီ အတွင်းပြောင်းလဲတိုးတက်ရေးကြိုးပမ်းရန် လိုအပ်နေပါပြီ ။ လူသား အရင်းအမြစ်၊ ငွေကြေး အရင်းအမြစ်များ လိုအပ်လျက်ရှိပါသည်။ ဒါကြောင့်-    အစိုးရဌာနနဲ့ ပုဂ္ဂလိက ကုမ္ပဏီ လုပ်ငန်းရှင်များ ပူးပေါင်း ၍ မျိုးစေ့ထုတ်လုပ်ခြင်း။-    ပြည်တွင်း ပြည်ပ ကုမ္ပဏီလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှု ဖြင့်  မျိုးစေ့ ထုတ်လုပ်ခြင်း။-    ပြောင်းမျိုးစေ့ ထုတ်လုပ်သည့် နိုင်ငံခြားကုမ္ပဏီကဲ့သို့ ရင်းနှီး မြှုပ်နှံသူများကိုလည်း ပြည်တွင်း ကုမ္ပဏီ လုပ်ငန်းရှင် များ နဲ့ ပူးပေါင်းပြီး  တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ရင်းနှီး မြှုပ်နှံခွင့်ကို ဘယ်နေရာ၊ ဘယ်ဒေသတွေမှာ ဘာမျိုးေ စ့ တွေအတွက် ဘယ်လိုမူဝါဒ၊ ဥပဒေ၊ စည်းမျဉ်းတွေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့ ခွင့်ပြုမှာလဲ။ -    အချိန်တိုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ် ဖြန့်ဖြူး နိုင်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ ဆိုတာ ဆွေးနွေး ဖော်ထုတ် အကောင်အထည်ဖော်ဖို့ လိုအပ်နေပြီ ဖြစ်ပါ တယ်။