Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Wed, 07/25/2012 - 07:50 -- Anonymous (not verified)

    ကမ္ဘာမှာ စီးပွားရေးအရ အကြီး ဆုံး နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့အမေရိ ကန်နိုင်ငံတို့ရဲ့ စီးပွားရေးတွေ ပြန်လည် ရှင်သန်လာအောင် ဒီနိုင်ငံကြီးတွေက သူတို့ရဲ့မူဝါဒတွေကို ပြန်လည်ချိန်ကိုက် တော့မဲ့ အလားအလာတွေ တွေ့နေရ တဲ့အတွက် အာရှ ငွေကြေးတွေရဲ့ ရက် သတ္တပတ် အလိုက်တန်ဖိုးတွေ  ဒုတိယ မြောက် ရက်သတ္တပတ်အဖြစ် မြင့်တက် လာခဲ့ပါတယ်။    မူဝါဒ ရေးဆွဲသူတွေက နောက် ထပ် ငွေကြေး တွန်းအားပေး အစီအစဉ် ထပ်မံဆောင်ရွက်ဖို့ ကြိုးပမ်းနေကြောင်း အမေရိကန် ဗဟိုဘဏ် ဥက္ကဌ ဘင် အက်စ်ဘာနန်ကီက ဇူလိုင် ၁၇ ရက်က ပြောကြားပြီးနောက်ပိုင်းမလေးရှားရင်းဂစ် က ဧပြီနောက်ပိုင်း အမြင့်ဆုံးထိရောက် ရှိခဲ့သလို တောင်ကိုရီးယားဝမ်ကလည်း ရက်သတ္တပတ်နှစ်ပတ်အတွင်း အမြင့် ဆုံးကို ရောက်ရှိခဲ့ပါတယ်။ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကလည်း တိုးတက်နှုန်း နှေးကွေးနေတဲ့ တရုတ် နိုင်ငံရဲ့ စီးပွားရေးအခြေအနေ ကိုပြန် လည်သုံးသပ်ဖို့ လိုကြောင်း ဇူလိုင် ၁၅ ရက်က ပြောခဲ့ပါတယ်။ တရုတ်ယွမ်    တရုတ်ဗဟိုဘဏ်က ယွမ်ငွေရဲ့ နေ့စဉ်ရည်ညွှန်းဖလှယ်နှုန်းကို ဇူလိုင် ၂၀ ရက်နေ့မှာ တစ်ဒေါ်လာကို ၆ဒသမ ၃၁၁၂ ယွမ်နှုန်း သတ်မှတ်ပေးခဲ့ပါ တယ်။ နေ့အလိုက် တိုးတက်နှုန်း သုည ဒသမ ၁၄ ရာခိုင်နှုန်းရှိပြီး ဇွန် ၂၁ ရက် နောက်ပိုင်း အမြင့်ဆုံးနှုန်းဖြစ်ပါတယ်။    တရုတ်  ဗဟိုဘဏ်က  နှစ်လ အတွင်းမှာ အခြေခံအတိုးနှုန်းကို နှစ် ကြိမ်လျှော့ချပေးပြီး ဘဏ်များက ထား ရမဲ့ သီးသန့်အရန်ငွေ  အချိုးကိုလည်း နိုဝင်ဘာနောက်ပိုင်း  သုံးကြိမ်လျှော့ချ ပေးခဲ့ပါတယ်။ ယခု  ရက်သတ္တပတ် အတွင်းမှာ  နိုင်ငံတော်ကောင်စီက ငွေကြေးတွန်းအားပေး အစီအစဉ်တွေ အသေးစိတ်ထပ်မံ ကြေညာလိမ့်မယ် လို့ နိုမူရာဦးပိုင်ကုမ္ပဏီ က ပြောပါတယ်။ အိန္ဒိယရူပီး    တစ်ဒေါ်လာကို ၅၅ ဒသမ ၂၈ ရူပီးနှုန်းအကျဈေးနဲ့ ဖွင့်ပြီးနောက် ဇူလိုင် ၁၉ ရက်သမ္မတရွေးကော က်ပွဲပြီး နောက် ပြုပြင်ပြောင်းလဲရေးအတွက် လုပ်လာ မယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရူပီးတန်ဖိုးက ၅၅ ဒသမ ၀၉ ရူပီးနှုန်းထိ  ပြန်လည် မြင့်တက်လာပါတယ်။ ရူပီးတန်ဖိုးက ဇူလိုင် ၁၉ ရက်မှာ တစ်ဒေါ်လာကို ၅၅ ဒသမ၁၃ ရူပီးနှုန်းနဲ့ဈေးပိတ်ခဲ့ပါတယ်။    ဘဏ်အချင်းချင်း နိုင်ငံခြားငွေ ဖလှယ်ရေးဈေးကွက်မှာ ဇူလိုင် ၂၀ ရက်မနက်  ၉နာရီ ၄၅ မိနစ်က တစ် ဒေါ်လာကို ၅၅ ဒသမ ၁၅ ရူပီနှုန်းရှိခဲ့ ပါတယ်။ လာမဲ့ရက်သတ္တပတ်မှာ ရူပီး တန်ဖိုး မတည်မငြိမ်ဖြစ်နိုင်တယ်လို့ လေ့လာ ဆန်းစစ်သူတွေက ခန့်မှန်းပါ တယ်။ ဂျပန်ယန်း    စပိန်ရဲ့ ဘဏ္ဍာရေးအခက် အခဲနဲ့ ယူရိုဇုန်ရဲ့ကာလတို အတိုးနှုန်းတွေ ကျဆင်း တာကြောင့် ယူရိုတန်ဖိုးက ဒေါ်လာနဲ့ဖလှယ်ရာမှာ ဇူလိုင် ၂၀ ရက် ကကျဆင်းခဲ့ပါတယ်။ဒေါ်လာကို ထုတ် ရောင်းထားသူတွေက ပြန်ဝယ်လာကြ တဲ့အတွက် ဒေါ်လာတန်ဖိုးက သုည ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ် ဒေါ်လာကို ၇၈ ဒသမ ၆၉ ယန်းနှုန်း ရှိခဲ့ပါတယ်။    ယူရို တန်ဖိုးက သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ယူရိုကို ၁ ဒသမ ၂၂၆၁ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။ ယူရို၊ ယန်းဖလှယ်နှုန်းက ဇူလိုင် ၁၉ ရက်က တစ်ယူရိုကို ၉၆ ဒသမ ၁၃၁ ယန်းရှိခဲ့ရာမှ  ၂၀ ရက်မှာ ၉၆ ဒသမ ၄၅ ယန်းထိရောက်ရှိခဲ့ပါတယ်။ မလေးရှားရင်းဂစ်    အမေရိကန် ဒေါ်လာ ရောင်း ထုတ်တာများလာတဲ့အတွက် ဇူလိုင် ၂၀ ရက်ဈေးအပိတ်မှာ ရင်းဂစ် တန်ဖိုးက ခြောက်ရက်မြောက်အဖြစ် ဆက်တိုက် မြင့်တက်ခဲ့ကြောင်း ဝယ် ရောင်းသမား တွေက ပြောပါတယ်။ ရင်းဂစ်တန်ဖိုးက ဇူလိုင် ၁၉ ရက်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၁၅၁၀ ရင်းဂစ်နှုန်းရှိခဲ့ရာမှ ဇူလိုင် ၂၀ ရက်ညနေ ၅ နာရီမှာ တစ်ဒေါ်လာ ကို ၃ ဒသမ ၁၄၅၀ နှုန်းထိ ရင်းဂစ် တန်ဖိုး မြင့်တက်ခဲ့ပါတယ်။ တောင်ကိုရီးယားဝမ်    အမေရိကန် စီးပွားရေး ကိန်း ဂဏန်းတွေ အားနည်းတာကြောင့် ဒေါ်လာဈေးကျတဲ့အတွက် တောင်ကို ရီးယားဝမ်တန်ဖိုးက ငါးရက်ကြာမြင့် တက်ခဲ့ပါတယ်။ဒါပေမဲ့ ဇူလိုင် ၂၀ ရက် ညနေပိုင်းမှာ တောင်ကိုရီးယားဝမ် ဈေးပြန်ကျခဲ့ပါတယ်။    ဇူလိုင် ၁၉ ရက်မှာထုတ်ပြန် ခဲ့တဲ့ အမေရိကန်စီးပွားရေး ကိန်းဂဏန်းတွေ က ခန့်မှန်းထားတာထက် ကျဆင်းခဲ့ ပါတယ်။ ဒါကြောင့် ဗဟိုဘဏ်က ငွေ ကြေး တွန်းအားပေး အစီအစဉ်တွေ ဆောင်ရွက်တော့မယ်ဆိုတဲ့ ခန့်မှန်း ချက်ကြောင့်  အာရှ  ဈေးကွက်မှာ ဒေါ်လာဈေးကို အဟန့်အတား ဖြစ်စေ ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဒေါ်လာကို အနိမ့်ဆုံး ဝမ် ၁၁၄၀ နှုန်းနဲ့ တင်းခံနေပါ တယ်။    ဇူလိုင် လကုန်ထိ တစ်ဒေါ်လာကို  ၁၁၃၀ ဝမ်နဲ့ ၁၁၅၀ ဝမ် ခွင်ထဲမှာရှိမယ် လို့ ခန့်မှန်းထားပါတယ်။ ထိုင်းဘတ်    စင်ကာပူ  ကုမ္ပဏီ  တစ်ခုရဲ့ ရှယ်ယာတွေကို ထိုင်း Beverage Plc  က စင်ကာပူဒေါ်လာ  ၃ ဒသမ ၈ ဘီလီယံ(ဒေါ်လာ ၃ဒသမ၀၂ ဘီလီယံ) နဲ့ ဝယ်ယူမယ်ဆိုတဲ့ အလားအလာ ကြောင့် စင်ကာပူဒေါ်လာနဲ့ဖလှယ်ရာ မှာ ဘတ်ငွေတန်ဖိုးက  ၁၁ နှစ်အတွင်း အနိမ့်ဆုံးကို ရောက်သွား ခဲ့ပါတယ်။ စင်ကာပူဒေါ်လာတန်ဖိုးက ၂၅ ဒသမ ၂၅၀၆၈ ဘတ်နှုန်းထိ ရောက်ရှိခဲ့ပါ တယ်။ ဘတ်ငွေတန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှာ တစ်ဒေါ်လာကို ၃၁ ဒသမ ၆၁၅ ဘတ်နှုန်းထိရောက်ရှိခဲ့ ပါတယ်။Sources.bloomberg.Xinhua,reuters, bernma,dowjones