Main menu

Background

မဲခေါင်မြစ်သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး

Wed, 07/25/2012 - 08:39 -- Anonymous (not verified)

     မဲခေါင်မြစ်ကြီးဟာ ကီလိုမီတာ ၄၈၈၀ ရှည် တဲ့အတွက် အရှေ့တောင်အာရှမှာ အရှည်လျား ဆုံးမြစ်တစ်ခုဖြစ် ပါတယ်။တိဘက်ကုန်းမြင့် ကနေ စတင်ခဲ့ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံ တွေကိုဖြတ်သ န်းပြီး တောင်သမုဒ္ဒရာထဲကို စီး ဝင်ပါတယ်။ တစ်နှစ်ကို ခန့်မှန်းခြေ ရေကုဗကီ လိုမီတာ ၄၇၅ ခန့်ထုတ်လုပ်ပေးပြီး လူဦးရေ သန်း ၆၀ ရဲ့ အသက်ရှင်သန်ရေးအတွက်   တာဝန်ထမ်း ဆောင်နေပါတယ်။ မဲခေါင်မြစ်ဝှမ်းကြီးဟာ အမေ ဇုန်မြစ်ဝှမ်းကြီးပြီးရင်  ကမ္ဘာမှာ ဒုတိယ အကြီးဆုံး ဇီဝမျိုးကွဲတွေ ကျက်စားရာဒေသလဲ ဖြစ်ပါတယ်။ အဲဒီဒေသမှာ သုတေသီတွေရှာဖွေတွေ့ရှိခဲ့တဲ့  ငါး မျိုးစိတ်ပေါင်းဟာ ၁၂၀၀ ခန့်ရှိပြီး  အဲဒီငါးမျိုးစိတ် တွေထဲက ၈၀ ရာခိုင်နှုန်းဟာ ရာသီဥတုအလိုက် နေရာပြောင်းရွှေ့နေထိုင်ကြတယ်လို့ သိရပါတယ်။ ရာစုနှစ်ပေါင်း  များစွာကတည်းက မဲခေါင်မြစ် ကြောင်း တစ်လျှောက်မှာ  ကုန်ပစ္စည်းသယ်ယူပို့ ဆောင်တဲ့လုပ်ငန်းတွေ  လုပ်ကိုင်ခဲ့ကြပါ တယ်။ရေရှည် လုံလောက်တဲ့ ငါးဖမ်းလုပ်ငန်းတွေကို အေး ချမ်းစွာ လုပ်ကိုင်ခဲ့ကြပါတယ်။  တောင်သူလယ် သမားတွေ က မြစ်ကမ်းတ စ်ဖက်တစ်ချက်မှာ စပါး သီးနှံတွေ ပိုလျှံအောင်အားကြိုးမာန်တက် စိုက် ပျိုးခဲ့ကြပါတယ်။  မဲခေါင်မြစ်အောက်ပိုင်းဒေသ ဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံသားတွေ နေ့စဉ်စားသုံးနေကြတဲ့ ပရိုတိန်းဓာတ် ၈၀ ရာခိုင် နှုန်းပါတဲ့ ငါးတွေရဲ့တန်ဖိုးဟာ တစ်နှစ်ကို အမေ ရိကန်ဒေါ်လာ၂ ဒသမ ၄ ဘီလီယံခန့်ရှိပါတယ်။ယခုအခါ လာအိုနိုင်ငံဟာ မဲခေါင်မြစ်ပေါ် မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်တဲ့ ဆည်ပေါင်း ကိုးခုကိုတည်ဆောက်ဖို့ စီစဉ်နေတယ်လို့သိရပါ တယ်။ အဲဒီဆည်တွေထဲက  ပထမဆုံးဖြစ်မယ့် ဆည်ကို လာအိုနိုင်ငံမြောက်ပိုင်း၊ မဲခေါင်မြစ်ပေါ် မှာ တည်ဆောက်ဖို့ကြိုးစားနေပါတယ်။ ကမ္ဘော ဒီးယားနိုင်ငံကလဲ ဆည်ကြီးနှစ်ခု တည်ဆောက် ဖို့အစီအစဉ်ရှိပါတယ်။ ထိုင်းနိုင်ငံကလဲ မဲခေါင်မြစ် ရေကိုလွှဲယူပြီး မိမိရဲ့ မိုးခေါင်ရေရှားတဲ့ အရှေ့ မြောက်ပိုင်းဒေသတွေကို ပေးဝေဖို့စဉ်းစားနေတယ် လို့ဆိုပါတယ်။  မဲခေါင်မြစ်ကော်မရှင်ရဲ့  အဆို  အရ မဲခေါင်မြစ်ကြီးပေါ်နဲ့ သူရဲ့မြစ်လက်တက် တွေပေါ်မှာ စုစုပေါင်းဆည် ၁၃၀ ခုတည်ဆောက် ဖို့ရှိပြီး  တချို့ဆိုရင် စတင်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ အဲဒီဆည်ပေါင်း ၁၃၀ အနက် မဲခေါင် မြစ်ကြီးပေါ်မှာ တည်ဆောက်မယ့် ဆည်ပေါင်းဟာ ၁၂ ခု အထိရှိတယ်လို့ သိရပါတယ်။တရုတ်နိုင်ငံဟာ ၁၉၈၀ ပြည့်နှစ်ကတည်း က မဲခေါင်မြစ်ပေါ်မှာ ဆည်ကြီးလေးခုကို တည် ဆောက်ခဲ့ပါတယ်။ အဲဒီထဲက စတုတ္ထမြောက် ရှိုဝမ် ဆည်ကြီးဟာ ၂၉၂ မီတာမြင့်တဲ့အတွက် ပဲရစ်မြို့ က အီဖယ်မျှော်စင်ကြီးလောက်မြင့်ပါတယ်။ အဲဒီ ဆည်ကြီးဟာ  ယခု ၂၀၁၂ ခုနှစ်မှာ ပြီးစီးမယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံအနေနဲ့  မဲခေါင်မြစ် ပေါ်မှာ နောက်ထပ် ဆည်ကြီးလေးခုဆောက်လုပ် ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။မဲခေါင်မြစ်ပေါ်မှာ ဆည်တွေတည်ဆောက် ခြင်းအားဖြင့် ငါးဖမ်းလုပ်ငန်းကို ၆၀ ရာခိုင်နှုန်း ခန့်  ကျဆင်းနိုင်တယ်လို့ Greater Mekong  Program    အဖွဲ့ရဲ့  ညွှန်ကြားရေးမှူး ဒီကီရာ ချောင်ရေပါကပြောပါတယ်။ သူက " မဲခေါင်မြစ် မှာရှိတဲ့ ငါးကောင်ရေ ၈၀ ရာခိုင်နှုန်းဟာ ရာသီ ဥတု အခြေအနေအရ ပြောင်းရွှေ့နေထိုင်ကြတဲ့ အတွက် ဆည်တွေကြောင့်  မျိုးသုဉ်းသွားနိုင်ပါ တယ်။ " ဒါကြောင့် အနာဂတ် ရေရှည်ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ လုံလောက်စွာ စားသုံးနိုင်ဖို့  ပင်မ မဲခေါင်မြစ်ရေကို  သဘာဝအတိုင်း  လွတ်လွတ် လပ်လပ်  စီးဆင်းနိုင်အောင်  ထိန်းသိမ်းစောင့် ရှောက်ကြဖို့ အရေးကြီးတယ်" လို့ ထောက်ပြထား ပါတယ်။ကမ္ဘာ့သားရိုင်းတိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့ (WWF) ရဲ့ဒေသဆိုင်ရာထိန်းသိမ်းရေး ညွှန်ကြား ရေးမှူး စတူးဝပ်ချတ်မင်းကလဲ " မဟာမဲခေါင်ဒေသ ဟာ ကမ္ဘာမှာ ဇီဝမျိုးကွဲတွေ ကြွယ်ဝများပြားတဲ့ ဒေသကြီးတစ်ခုဖြစ်ပေမဲ့ ယခုအခါ အဲဒီမျိုးကွဲ တွေ ပျက်သုဉ်းဖို့ အခြိမ်းခြောက်အခံရဆုံး ဒေသ တစ်ခုလဲဖြစ်လာနေပါတယ်။ မဲခေါင်ဒေသမှာ မျိုးသုဉ်း  ပျောက်ကွယ်တော့မယ့်  ကျားမျိုးတွေ အာရှဆင်မျိုးတွေ၊ မဲခေါင်လင်းပိုင်တွေနဲ့ အလွန် ကြီးမားတဲ့ မဲခေါင်ငါးထွေမျိုးတွေ ရှိကြပါတယ်။မဲခေါင်ငါးထွေတွေဆိုရင် ကမ္ဘာ့ရေချို ငါးမျိုးတွေထဲ မှာ အကြီးမားဆုံးငါးတွေဖြစ်ကြပါတယ်။မဲခေါင် မြစ်ပေါ်မှာ ဆည်တွေတည်ဆောက်ခဲ့ရင် အဲဒီငါး မျိုးတွေကျက်စား ရာ မြစ်ရဲ့ကြမ်းပြင်တွေပျက်စီးစေ နိုင်ပြီး မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တယ်"  လို့ သတိပေး ပြောကြားခဲ့ပါတယ်။၂၀၁၀ ပြည့်နှစ်၊ ဧပြီလတုန်းက ကျင်းပခဲ့ တဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ ထိုင်း နိုင်ငံတို့ ပါဝင်တဲ့ မဲခေါင်မြစ်ကော်မရှင် ပထမ အကြိမ် ထိပ်သီးအစည်းအဝေးမှာ ထိုင်းဝန်ကြီးချုပ် က  " မဟာမဲခေါင်မြစ်ကြီး ဖြတ်သန်းစီးဆင်းတဲ့ ဒေသကြီး အထက်ပိုင်းေ ရာ၊  အောက်ပိုင်းမှာ ပါ ဝင်ကြတဲ့ နိုင်ငံအားလုံးဟာ အဲဒီမြစ်ကြီးရဲ့ စတော့ (ခ်)ကိုင်ဆောင်ထားသူ (Stakeholders) တွေ ဖြစ်ကြ တဲ့အတွက် အတူတကွ ပူးပေါင်းဆောင် ရွက်ကြဖို့ တာဝန်ရှိကြသလို မြစ်ကြီးရဲ့ ရေရှည် အကျိုးစီးပွားအတွက်  ထိန်းသိမ်းစောင့်ရှောက် သွားကြဖို့ လိုအပ်တယ်"လို့  ပြောကြားကြောင်း ပါခင်ဗျား။Ref:'' The Riverwild'' (APD FORUM)