အိန္ဒိယနိုင်ငံမှာ ၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အရေးကြီးတဲ့ မုတ်သုံမိုးပုံမှန်ထက်နည်းလို့ သီးနှံတွေ ထိခိုက်ပြီး စားသောက်ကုန်ဈေးတွေ မြင့်တက်ခဲ့ပါတယ်။ ယခုအချိန်ထိ မုတ်သုံမိုးက ပုံမှန်အောက် ၅ ပုံ ၁ ပုံ လျော့နည်းခဲ့ပါတယ်။ မကြာသေးမီက ရွာတဲ့မိုးကလည်း မလုံလောက်လို့ ဒီမိုးနည်းတဲ့ ပြဿနာဟာ လျော့မသွားဘူး ဖြစ်နေပါတယ်။ ဥပုသ်လ ရာသီလဲဖြစ်နေတော့ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ပဲဈေးတွေအတက်ကြမ်းပြီး တက်လိုက် ကျလိုက်ကစားနေပါတယ်။ မတ်ပဲဈေးတက်ပြီးပြန်ကျ ဇူလိုင် ဒုတိယအပတ်လောက်အထိ မွန်ဘိုင်းဈေးကွက်မှာ မတ်ပဲဈေး ၆၂၃-၆၄၆ ဒေါ်လာသာရှိရာက မုတ်သုံမိုး ပုံမှန်ထက်လျော့နည်းတဲ့ သတင်းတွေကြောင့်ဇူလိုင်တတိယပတ်မှာဒေါ်လာ ၇၀၀ ကျော်ကိုခုန်တက်ခဲ့ပြီး ၂၃ ရက်မှာ ၇၉၄ ဒေါ်လာအထိ ဈေးတက်လာခဲ့ပါတယ်။ ၂၄ ရက်နေ့မှာတော့ အရောင်းအဝယ်ပါးပြီး ဈေးပြန်ကျဆင်းခဲ့ကာ ၇၄၉ ဒေါ်လာကို ဈေးပြန်ကျဆင်းသွားခဲ့ပါတယ်။ ဇူလိုင် ၂၃ ရက်မှာ JNPT ဆိပ်ကမ်းကို မြန်မာမတ်ပဲ ကွန်တိန်နာ ၅ လုံး ဝင်ရောက်ခဲ့ပါတယ်။ ရာဂျက်စသန်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ဇူလိုင် ၂၄ ရက်အထိ မိုးမတ်ပဲ ဟက်တာ ၁ ဒသမ ၄၇ သိန်းသာ စိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ် ကာလတူစိုက်ဧက ဟက်တာ ၁ ဒသမ ၅၄ သိန်းထက် လျော့နည်းခဲ့ပါတယ်။ ပဲတီစိမ်းလဲတက်ပြီး ပြန်ကျ၊ စိုက်ဧက သိသိသာသာလျော့ကျ ပဲတီစိမ်းရွှေဝါကလည်း ဇူလိုင် ၁၉ ရက်အထိ ၉၉၃ ဒေါ်လာသာအမြင့်ဆုံးဖြစ်ခဲ့ရာက ၂၁ ရက်နေ့မှာ ၁၀၈၈ ဒေါ်လာ အထိ ဈေးမြင့်တက်လာခဲ့ပါတယ်။ ၂၃၊ ၂၄ ရက်တွေမှာတော့ အရောင်းအဝယ်ပါးပြီး ၁၀၅၃ ဒေါ်လာကို ပြန်လည် ကျဆင်း ခဲ့ပါတယ်။ ရာဂျက်စသန်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ဇူလိုင် ၂၄ ရက်အထိ မိုးပဲတီစိမ်း ဟက်တာ ၂ ဒသမ ၉၃ သိန်းသာ စိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ် ကာလတူစိုက်ဧက ဟက်တာ ၇ ဒသမ ၆၀ သိန်းထက် ရာခိုင်နှုန်းအားဖြင့် ၆၁ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းပြီး သိသိသာသာ စိုက်ဧက လျော့နည်းခဲ့ပါတယ်။ ဇူလိုင် ၂၃ ရက်မှာ JNPT ဆိပ်ကမ်းကို သြစတြး လျ ပဲတီစိမ်းကွန်တိန်နာ ၁၀ လုံး၊ တန်ဇန်းနီးယားပဲတီစိမ်း ကွန်တိန်နာ အလုံး ၄၀ ဝင်ရောက်ခဲ့ပါတယ်။ ပဲစင်းငုံ PEC က တင်ဒါခေါ်ရောင်း နိုင်ငံပိုင် အေဂျင်စီတစ်ခုဖြစ်တဲ့ PEC က ၂၀၁၀ ခုနှစ်ထွက် မာလာဝီ၊ မိုဇမ်းဘစ် ပဲစင်းငုံ FAQ တန် ၁၂၀ တင်ဒါတစ်ခု၊ တန် ၃၀၀ တင်ဒါတစ်ခု၊ ၂၀၁၀ ခုနှစ်ထွက် တန်ဇန်းနီးယား ပဲစင်းငုံ တန် ၃၀၀ တို့ကို မွန်ဘိုင်းစင်တာမှာ တင်ဒါခေါ်ယူ ရောင်းချခဲ့ပြီး ဇူလိုင် ၂၆ ရက်မှာ တင်ဒါပိတ်မှာဖြစ်ပါတယ်။ ဇူလိုင်ဒုတိယအပတ်လောက်အထိ မွန်ဘိုင်းဈေးကွက်မှာ ပဲစင်းငုံ ဈေးဟာ ၆၉၄-၇၂၇ ဒေါ်လာသာ ရှိပါတယ်။တတိယပတ်မှာ ၇၅၁ ဒေါ်လာကို တက်လာရာက ၂၃ ရက်မှာ ၈၁၂ ဒေါ်လာ အထိ ပဲဈေးတွေ မြင့်တက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင် ၂၃ ရက်မှာပဲ JNPT ဆိပ်ကမ်းကို မြန်မာပဲစင်းငုံကွန်တိန်နာ ၉၄ လုံး၊ တန်ဇန်းနီးယားပဲစင်းငုံကွန်တိန်နာ အလုံး ၄၀ ဝင်လာပြီး PEC ကလည်း တင်ဒါခေါ်ရောင်းထားတဲ့အတွက် ၂၄ ရက်မှာ အိန္ဒိယပဲစင်းငုံဈေး ၇၈၁ ဒေါ်လာကို ကျဆင်းသွားတာတွေ့ရပါတယ်။ ရာဂျက်စသန်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်အထိ မိုးပဲစင်းငုံ ၁၉၀၀၀ ဟက်တာသာ စိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူစိုက်ဧက ဟက်တာ ၁၉၉၀၀ ထက် လျော့နည်းခဲ့ပါတယ်။ ကုလားပဲကြိုပွိုင့်ဈေးကျလာ မဟာသျှတ္တရ၊ မဒ္ဒရာပရာဒက်ရှ်၊ ဥတ္တရာပရာဒက်ရှ်နဲ့ ရာဂျက်စသန်ပြည်နယ်များရှိ အဓိကအရောင်းအဝယ်လုပ်တဲ့ စင်တာတွေမှာ လက်တွေ့အရောင်းအဝယ်နည်းပြီး၊ အိန္ဒိယ NCDEX ကုန်စည်ဒိုင်မှာ ကုလားပဲကြိုပွိုင့်ဈေးတွေလည်း လတ် တလောအရောင်းအဝယ်ပြန်ပါးတဲ့အတွက် ဈေးကျဆင်းလာပါတယ်။ သြဂုတ်လပစ္စည်းအပ်နဲ့ ကုလားပဲ ကြိုပွိုင့် အဖွင့်ဈေးတစ်တန်ကို ရူပီး ၄၈၀၀၀ (၈၅၇ ဒေါ်လာ) ၊ အပိတ်ဈေး တစ်တန် ရူပီး ၄၈၁၈၀ (၈၆၀ ဒေါ်လာ) ဖြစ်ခဲ့ပါတယ်။ သြဂုတ်မှာ ကုလားပဲတန်ချိန် ၁၀၅၃၀၀ အထိ ကြိုပွိုင့်စာချုပ်ချုပ်ဆိုရောင်းချထားပါတယ်။ ကုလားပဲက ဒီနှစ်အထွက် လျော့တဲ့ အတွက် ပဲပြတ်လပ်မှုက နိုဝင်ဘာလအထိ ကြာနိုင်ပါတယ်။ ဇူလိုင် ၂၃ ရက်မှာ JNPT ဆိပ်ကမ်းကို မက္ကဆီကို ကုလားပဲ ကွန်တိန်နာ ၁၀ လုံးဝင်ရောက်ခဲ့ပါတယ်။ ကြယ်ပြာပန်း၊Source: Agriwatch, firstpost.com
Background