ချမ်းသာကြွယ်ဝသည့် နိုင်ငံများတွင် သန္ဓေ တားသည့် ကုန်ကျစရိတ် သက်သာသည်။ မေရီ စတုပ်အင်တာနေရှင်နယ် အကူအညီပေးရေးအဖွဲ့ တွင် တစ်ဦးအတွက် ၂၅ ဒေါ်လာ ကုန်ကျသည့် ကိုယ်အင်္ဂါအတွင်း သန္ဓေတားပစ္စည်း ထည့်သွင်း သော အလုပ်ကို အလှူရှင်များက လှူဒါန်းကူညီ သည့်အတွက် တစ်ဒေါ်လာခွဲသာ ကုန်ကျသည်။ သန္ဓေတားလိုသူဦးရေ ပိုမိုများပြား လာသဖြင့် အလှူရှင်များနှင့် အစိုးရများ၏ ကူညီထောက်ပံ့မှု ပိုမိုလိုအပ်လျက်ရှိသည်။ အာဖရိကတိုက်အနောက် ပိုင်းရှိ ဘူကီနာဖာဆိုနိုင်ငံသည် ကမ္ဘာတွင်မွေးဖွား နှုန်း အမြင့်ဆုံးနိုင်ငံဖြစ်သည်။ အမျိုးသမီးတစ်ဦး ချင်း၏ ကလေးမွေးဖွားနှုန်းမှာ ပျမ်းမျှခြောက်ဦး အထိရှိသည်။ ယခုတော့ ထိုနှုန်းမှ လျော့ကျလာ သည်။ မြို့တော်ဝါကာဒူးကူတွင် ၁၉၉၀ ပြည့်နှစ်က ခုနစ်ဦးနှုန်းရှိခဲ့ရာမှ ယခုတော့ ငါးဦးထက်မပိုတော့ ချေ။ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လွန်ခဲ့သည့်ဆယ်နှစ် တာအတွင်း သန္ဓေတားသည့်အလုပ်ကို ဆေးခန်း များတွင်သာ သိုသိုသိပ်သိပ် လုပ်ခဲ့ကြပြီး၊ ပြင်ပ အများစုက သတိမပြုမိကြပေ။ သန္ဓေတားခြင်းကို အချို့နိုင်ငံများတွင် အားပေးသော်လည်း အချို့ နိုင်ငံများ က တားမြစ်ထားကြသည်။ နိုင်ငံတကာ အလှူရှင်များက ယင်းအချက်ကို သတိထား ဆောင်ရွက်နေကြရသည်။ ကုလသမဂ္ဂ အဖွဲ့ကြီးက ကြီးမှူးသည့် မိသားစုစီမံကိန်းကွန်ဖရင့်ကို ၁၉၉၄ ခုနှစ်က နောက်ဆုံးအကြိမ်ကျင်းပခဲ့ဖူးသည်။ အမေ ရိကန်နိုင်ငံေ ရးသည်လည်း ယင်းပြဿနာအပေါ် တစ်ခန်းတစ်ကဏ္ဍ ပါဝင်နေသည်။ ၁၉၈၄ ခုနှစ်က သန္ဓေဖျက်ချခြင်းနှင့် သန္ဓေဖျက်ချခွင့်အတွက် အရေးဆိုမှုများအပေါ် ပြည်ထောင်စုအစိုးရ၏ အထောက်အပံ့ပေးမှုများကို သမ္မတရီဂင်အစိုးရ အဖွဲ့က ရုပ်သိမ်းခဲ့သည်။ ဒီမိုကရက်များက ယင်း ပေါ်လစီကို ပယ်ဖျက်သော်လည်း ရီပတ်ဘလီ ကင်များက ပြန်လည်အသက် သွင်းခဲ့ကြသည်။မိသားစုစီမံကိန်းဟူသော စကားရပ်တွင် လူ ဦးရေကို အတင်းအကျပ် ထိန်းချုပ်ခြင်းလည်း ပါဝင်နေသဖြင့် ခေတ်မမီတော့ဘဲ၊ လိင်မှုကိစ္စနှင့် မျိုးဆက်ပြန့်ပွားမှုဆိုင်ရာ ကျန်းမာရေးဟု အစား ထိုးပြောင်းလဲခဲ့သည်။ သန္ဓေတားခြင်းသည် မည် သည့်အကြောင်းကြောင့်ဖြစ်စေ မသင့်လျော်သော ကိစ္စဖြစ်သည်ဟု ကန့်ကွက်ပြောဆိုသည့် စီးပွား ရေးပညာရှင်များရှိခဲ့သည်။ လူဦးရေ အခြေအနေ ပုံစံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် သြဇာ သက်ရောက်မှု ကြီးကြီးမားမား မရှိနိုင်ပေ၊ အရေး ကြီးသည့်အချက်မှာ လူမှုစီးပွားရေး ပိုမိုကျယ်ပြန့် စွာ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည်ဟုဆိုသည်။ ယင်း အဆိုကို အခြားပညာရှင် များက သဘောမတူကြ ချေ။ လန်ဒန်ရှိ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် အပူ ပိုင်းဒေသ ဆေးဝါးဆိုင်ရာကျောင်းမှ ပါမောက္ခ ဂျွန်ကလီလင်းဒ်က လွန်ခဲ့သည့် ၁၅ နှစ်တာမျှ မိသားစုစီမံကိန်းလုပ်ငန်းများ မှေးမှိန်တိမ်မြုပ်ခဲ့ခြင်း ကို " ထိတ်လန့်တုန်လှုပ်ဖွယ် ပစ်ပယ်ထားမှု" အဖြစ် သုံးသပ်ပြောဆိုခဲ့သည်။ဇူလိုင်လ ၁၁ ရက်နေ့က လန်ဒန်တွင်ကျင်းပ ခဲ့သော မိသားစုစီမံကိန်း ထိပ်သီးအစည်းအဝေး မှာတော့ အကြီးအကျယ် ပြောင်းလဲသွားသည်။ ဗြိတိန်အစိုးရနှင့် ဂိတ်စ်ဖောင်ဒေးရှင်းတို့က လှူဒါန်း ကူညီကြရန်ဆော်သြခဲ့ရာ အလှူရှင်များနှင့် ဖွံ့ဖြိုး ပြီးနိုင်ငံများက ဒေါ်လာ သန်း ၄၆၀၀ လှူဒါန်း မည်ဖြစ်ကြောင်း ကတိပြုခဲ့ကြသည်။ လာမည့် ၂၀၂၀ ပြည့်နှစ်အရောက်တွင် နောက်ထပ် အမျိုး သမီးဦးရေ သန်း ၁၂၀ အတွက် သန္ဓေတားပစ္စည်း နှင့် သန္ဓေတားဆေးများ ထောက်ပံ့ပေးမည်ဖြစ် သည်။ မိသားစုစီမံကိန်းအတွက် နှစ်စဉ်ဒေါ်လာ သန်း ၄၀၀၀ ခန့် သုံးစွဲနေကြရသည့် ဖွံ့ဖြိုးဆဲနိုင်ငံ များအတွက် ကြီးမားသော အထောက်အပံ့ ဖြစ် သည်။ ၂၀၁၂ ခုနှစ်စာရင်းအရ ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် အသက် ၁၅ နှစ်မှ ၄၅ နှစ်အရွယ်အထိ အမျိုးသမီးဦးရေ ၂၂၂ သန်းသည် ခေတ်မီသန္ဓေ တားပစ္စည်းများ လိုအပ်ကြသော်လည်း မရနိုင်ဘဲ ဖြစ်နေကြသည်။ အဆိုပါအရေအတွက်မှ နှစ် စဉ် ဒသမ ၅ ရာခိုင်နှုန်းသာ လျော့နည်းလျက်ရှိသည် ဟု နယူးယောက်အခြေစိုက် Guttmacher Institute ပညာရှင်များအဖွဲ့က ထုတ်ပြန်ခဲ့သည်။ဖွံ့ဖြိုးဆဲနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံ အများစုတွင် မိသားစုအရွယ်အစားနှင့် မွေးဖွား နှုန်းကျဆင်းလျက်ရှိသည်။အချို့ဒေသများမှာတော့ လူဦးရေအခြေအနေ တော်လှန်ပြောင်းလဲမှုနှင့် လွဲချော်နေရဆဲဖြစ်သည်။ အာရှအရှေ့ပိုင်းဒေသ တွင် အမျိုးသမီးငါးပုံလေးပုံကျော်အထိ မိသားစု စီမံကိန်းကို ရရှိနိုင်ကြသော်လည်း အရှေ့အလယ် ပိုင်းဒေသနှင့် ဆာဟာရ သဲကန္တာရတစ်ပိုင်း အာဖရိကနိုင်ငံများတွင် အမျိုးသမီးဦးရေ၏ ထက် ဝက်နီးပါးခန့်သာ မိသားစုစီမံကိန်းကို ရရှိနိုင်ကြ သည်။ အာဖရိကတိုက်အလယ်ပိုင်းနှင့် အနောက် ပိုင်းဒေသများတွင်မူ အမျိုးသမီးဆယ်ပုံတစ်ပုံသာ မိသားစုစီမံကိန်းအရ သားဆက်ခြားခွင့် ရရှိကြ သည်။မိသားစုစီမံကိန်းမရှိခြင်းကြောင့် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို နောက်ပြန်ဆုတ်အောင် ဆွဲချ သည်။ မွေးဖွားနှုန်း အမြင့်ဆုံးမှ လျော့ကျလာ ခြင်းသည် အလုပ်လုပ်နိုင်သည့် အရွယ်ရောက်ပြီး သူဦးရေ များပြားသည့် လူဦးရေအခြေအနေသို့ ရောက်ရှိလာစေသည်။ သားဆက်ခြားရန် သန္ဓေ တားဆီးနိုင်ခြင်းမရှိသည့်ပြင် မွေးဖွားနှုန်းမှာလည်း မြင့်မားနေဆဲဖြစ်ပါက မှီခိုသည့်လူဦးရေ များပြား လာမည်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သား ဆက်ခြားရေးအတွက် ကုန်ကျစရိတ်တစ်ဒေါ်လာ သုံးစွဲခြင်းသည် မိခင်နှင့် မွေးကင်းစကလေးငယ်တို့ အတွက် ကျန်းမာရေးစောင့်ရှောက်မှုစရိတ် တစ် ဒေါ်လာခွဲခန့်သက်သာစေသည်ဟု ဆိုပါသည်။Ref; The Economist.
Background