Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Sun, 07/29/2012 - 07:42 -- Anonymous (not verified)

    ဇူလိုင် ၂၆ ရက်မှာ ထွန်းသစ်အာရှ ငွေကြေးများ ပြန်လည်မြင့်တက်လာခဲ့ ပါတယ်။ ဥရောပတိုက်ကြွေးမြီအကျပ် အတည်း သက်သာစေဖို့ အတွက် ဥရောပက ပြန်လည်ဆောင်ရွက်လာပြီ ဖြစ်တဲ့အတွက် ဈေးကျလို့ ရောင်းထား တဲ့ ငွေကြေးတွေကို ရင်းနှီးမြှုပ်နှံသူတွေ က ပြန်လည် ဝယ်ယူခဲ့ပါတယ်။ ထို့ပြင် အမေရိကန် ပြည်ထောင်စုကလည်း တွန်းအားပေး အစီအစဉ်တွေ ထပ်မံ ဆောင်ရွက်ဖို့ ပြင်ဆင်လာပါတယ်။ ဒီအချက်တွေကြောင့် အာရှငွေကြေး တွေ ပြန်လည် မြင့်တက် လာခဲ့တာဖြစ် ပါတယ်။ ဒါပေမယ့် ယူရိုဇုန်နဲ့ ပတ် သက်တဲ့ စိုးရိမ်မှုတွေ ဆက်ရှိနေတဲ့ အတွက် အာရှငွေကြေးမြင့်တက်မှုကို အထိန်းအချုပ်ဖြစ်စေခဲ့ ပါတယ်။ လကုန် ငွေပေးချေမှုအတွက် ပြည်တွင်းပို့ကုန် လုပ်ငန်းရှင်များက ဝယ်ယူလာသည့် အတွက် တောင်ကိုရီးယားဝမ်ေ ငွကြေး က အာရှ ငွေကြေးတွေထဲမှာ စွမ်း ဆောင်မှု အကောင်းဆုံးဖြစ်လာပါ  တယ်။တရုတ်ယွမ်    တရုတ်နိုင်ငံဗဟိုဘဏ်က ယွမ်ရဲ့ ဗဟိုဘဏ်ဖလှယ်နှုန်းကို ဇူလိုင် ၂၇ ရက်နေ့မှာ တစ်ဒေါ်လာကို ၆ ဒသမ ၃၃၂၅ ယွမ်နှုန်းသတ်မှတ်ပေးခဲ့ပါတယ်။ ဇူလိုင် ၂၆ ရက်ကရှိခဲ့တဲ့ ၆ ဒသမ ၃၃၈၁ နှုန်းထက် ယွမ်ငွေတန်ဖိုးကို တိုးမြှင့် သတ်မှတ်ထားတာဖြစ်ပါတယ်။ ကမ္ဘာ့ ဘဏ္ဍာရေးအကျပ်အတည်းကို တုံ့ပြန် ဖြေရှင်းတဲ့အနေနဲ့ ယခင်နှစ်နှစ်က ယွမ်နဲ့ ဒေါ်လာကို တွဲဆက်ထားပြီး နောက် တရုတ်ဗဟိုဘဏ်က ၂၀၁၀ ပြည့်နှစ် ဇွန် ၁၉ ရက်မှာ ယွမ်ငွေလဲနှုန်း ကို ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင် ထားဖို့ ကတိပြုခဲ့ပါတယ်။ တရုတ်ဗဟို ဘဏ်က နေ့စဉ်ဗဟိုဘဏ်ဖလှယ်နှုန်း ကို ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၄ ရက်က စပြီး သတ်မှတ်ခဲ့ပါတယ်။အိန္ဒိယရူပီး    ယူရိုတန်ဖိုးမြင့်တက်လာချိန်မှာ အိန္ဒိယနိုင်ငံတွင်းသို့ မတည်ငွေစီးဝင်တာ တိုးတက်လာတဲ့အတွက် ဘဏ်အချင်း ချင်းနိုင်ငံခြားငွေ ဖလှယ်ရေး ဌာနမှာ ဇူလိုင် ၂၇ ရက်က အမေရိကန်ဒေါ်လာ နဲ့ဖလှယ်ရာမှာရူပီးတန်ဖိုးက သုညဒသမ ၀၉ ရူပီးမြင့်တက်ပြီး တစ်ဒေါ်လာကို ၅၅ ဒသမ ၃၄ ရူပီးနှုန်းရှိခဲ့ပါတယ်။ ဒုက္ခ ပင်လယ်ဝေနေတဲ့ ယူရိုငွေကြေးကို ထောက်ပံ့မယ်လို့ ဥရောပဗဟိုဘဏ် အကြီးအကဲက ကတိပြုပြီးနောက်ပိုင်း ဒေါ်လာနဲ့ဖလှယ်ရာမှာ ယူရိုတန်ဖိုးမြင့် တက်ခဲ့ပါတယ်။ ဒီလိုမြင့်တက်မှုနဲ့ မတည်ငွေတွေ ထပ်မံစီးဝင်လာတာတွေ က ရူပီးတန်ဖိုးကို အထောက်အပံ့ဖြစ် စေခဲ့တယ်လို့ ဝယ်ရောင်းသမားတွေက ပြောပါတယ်။ အမေရိကန်ဒေါ်လာကို အများအပြားရောင်းထုတ်လာတဲ့အတွက် ဇူလိုင် ၂၆ ရက်မှာ ရူပီးတန်ဖိုးက သုည ဒသမ ၆၄ ရူပီးထိ ထောင်တက်လာပြီး တစ်ဒေါ်လာကို ၅၅ ဒသမ ၅၂ အထိ ရောက်ရှိခဲ့ပါတယ်။ဂျပန်ယန်း    ကြွေးပင်လယ်ဝေနေတဲ့ ယူရိုဇုန် ကို အပြည့်အဝထောက်ပံ့မှုပေးပါမယ် လို့ ဥရောပဗဟိုဘဏ်ဥက္ကဌက ကတိပြု ပြီးနောက် စွန့်စားမှုများတဲ့ ငွေကြေး တွေကို သဘောကျနှစ်ခြိုက်မှုပိုမိုမြင့် မားလာတဲ့အတွက် ယူရိုတန်ဖိုးပြန် လည်ခိုင်မာလာပါတယ်။ ယူရိုကို ကယ် တင်ဖို့အတွက် ဘာဖြစ်ဖြစ်ဆောင်ရွက် ဖို့ အသင့်ပါပဲဟု ဥရောပဗဟိုဘဏ် ဥက္ကဌမာရီယိုဒရပ်ဂီက ပြောခဲ့ပါတယ်။    ယူရိုဒေါ်လာဖလှယ်နှုန်းမှာ ဇူလိုင် ၂၆ ရက်အလားတူ အချိန်က တစ်ယူရို ကို ၁ ဒသမ ၂၁၅၃ ဒေါ်လာနှုန်းရှိခဲ့ရာ မှ ဇူလိုင် ၂၇ ရက် ဂရင်းနစ်စံတော်ချိန် ၂၁ နာရီမှာတစ်ယူရိုကို ၁ ဒသမ ၂၂၈၀ ဒေါ်လာနှုန်းရှိခဲ့ပါတယ်။ ယန်း ငွေနဲ့ ဖလှယ်ရာမှာ ဇူလိုင် ၂၆ ရက်က တစ် ယူရိုကို ၉၅ ဒသမ ၀၄ ယန်းရှိရာမှ ၉၆ ဒသမ ၀၂ ယန်းထိမြင့်တက်ခဲ့ပါတယ်။    ဒေါ်လာ/ယန်းဖလှယ်နှုန်းမှာ ၇၈ ဒသမ ၁၉ ယန်းမှ ၇၈ ဒသမ ၂၉ ယန်း ထိ အနည်းငယ်အပြောင်းအလဲရှိခဲ့ပါ တယ်။မလေးရှားရင်းဂစ်    မလေးရှားရင်းဂစ်တန်ဖိုးက ဇူလိုင် ၂၇ ရက် မနက်ပိုင်းဈေးကွက်မှာ ဒေါ်လာနဲ့ဖလှယ်တဲ့အခါ တန်ဖိုးမြင့် တက်လာခဲ့ပါတယ်။ ဒီလိုမြင့်တက်ရ တာဟာ ပြည်တွင်းငွေကြေးရဲ့ ဝယ်လို အားများလာလို့ဖြစ်ကြောင်း ဝယ် ရောင်းသမားတွေက ပြောပါတယ်။ ဇူလိုင် ၂၇ ရက် မနက် ၉ နာရီမှာ ရင်းဂစ်တန်ဖိုးက တစ်ဒေါ်လာကို ၃ ဒသမ ၁၅၈၀ ရင်းဂစ်ရှိပြီး ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီက ရှိခဲ့တဲ့ တစ် ဒေါ်လာ ၃ ဒသမ ၁၇၀၀ ရင်းဂစ်နှုန်း ထက် တန်ဖိုးတက်ခဲ့ပါတယ်။တောင်ကိုရီးယားဝမ်    ပြည်တွင်း ဘဏ် အချင်းချင်း ရောင်း ဝယ်သူတို့က ဝမ်ငွေကြေးကို ထိန်းထားခြင်းနဲ့ ပို့ကုန်လုပ်ငန်းရှင်တွေ ရဲ့ ဝယ်လိုအားမြင့်မားမှုကြောင့် ဝမ် တန်ဖိုးက ဇူလိုင် ၂၇ ရက်မှာ မြင့်တက်ခဲ့ ပါတယ်။ ဒါပေမဲ့ ဒေါ်လာဈေးကျဆင်း လာတဲ့အတွက် သွင်းကုန်လုပ်ငန်းရှင် တွေက ဒေါ်လာ အဝယ်လိုက်လာပြီး ဝမ်တန်ဖိုး ကျဆင်းမှာကို စိုးရိမ်တဲ့ အတွက် ရင်းနှီးမြှုပ်နှံသူတွေဘက်မှ အဝယ်အေးနေပါတယ်။ ဝမ်တန်ဖိုးက ဇူလိုင် ၂၆ရက်က တစ်ဒေါ်လာကို ၁၁၄၆ ဒသမ ၉၀ ဝမ်နှုန်းရှိခဲ့ပြီး ဇူလိုင် ၂၇ ရက်မှာ တစ်ဒေါ်လာကို ၁၁၃၈ ဒသမ ၁၁ ဝမ်နှုန်းရှိခဲ့ပါတယ်။ထိုင်းဘတ်    လကုန်ရက်   နီးလာပြီဖြစ်လို့ ဘတ်ငွေရဲ့ ဝယ်လိုအားကို ထိုင်းပို့ကုန် လုပ်ငန်းရှင်တွေက တိုးမြှင့် ပေးလိုက် တဲ့အတွက် သုံးရက်ကြာ တန်ဖိုးကျခဲ့တဲ့ ဘတ်ငွေတန်ဖိုးက ပြန်လည် မြင့်တက် လာခဲ့ပါတယ်။ထိုင်းဗဟိုဘဏ်ရဲ့ အခြေ ခံအတိုးနှုန်းကို ဇူလိုင် ၂၇ ရက်နေ့မှာ ၃ ရာခိုင်နှုန်း အတိုင်း ဆက်လက်ထား ရှိခဲ့ပါတယ်။ ဒါပေမယ့် တချို့ဘဏ် ကော်မတီဝင်တွေက အတိုးနှုန်းလျှော့ ချပေးဖို့ ဆန္ဒရှိနေပါတယ်။    ဘလွမ်းဘတ်သတင်းဌာနက ပြုစု ထားတဲ့ စာရင်းအရ ဘန်ကောက်မှာ ဇူလိုင် ၂၇ ရက် ညနေ ၃ နာရီ ၂၇ မိနစ်က ဘတ်ငွေတန်ဖိုး ၀ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာကို ၃၁ ဒသမ ၇၂ ဘတ်နှုန်းရှိခဲ့ပါတယ်။Sources:brecorder, mninews. deutsche-boersijo,PTI,AFP, bernama, bloomberg.