Main menu

Background

ထရီပါရွှံ့နွံ့တောကြီး ပျက်သုဉ်းခန်း

Sun, 07/29/2012 - 09:44 -- Anonymous (not verified)

  ထရီပါရွှံ့နွံတောကြီးဟာ  ၂၀၀၄ ခုနှစ်မှာ ဆူနာမီလှိုင်းဒဏ်ခံခဲ့ရတဲ့  အင်ဒိုနီးရှားနိုင်ငံ အာချီ ပြည်နယ်ရဲ့အလယ်ခေါင်မှာ တည်ရှိပါတယ်။ထရီပါ (Tripa) ဆိုတဲ့  စကားလုံးဟာ  ကမ္ဘာမှာမျိုးသုဉ်း ပျောက်ကွယ်လုနီးပါးရှိနေတဲ့ ဆူမတ္တရာလက်တံ ရှည်လူဝံမျိုးတွေနဲ့ဆက်စပ်ပြီး ကမ္ဘာမှာ လူသိများ ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်ဦးပိုင်းမှာအထိ  ထရီပါ မူလရွှံ့နွံတောကြီးရဲ့ ဧရိယာဟာ ဟက်တာပေါင်း  ၆၂၀၀၀ ခန့်ရှိခဲ့ပြီး လက်တံရှည် လူဝံဦးရေဟာ ၁၀၀၀ ခန့်ရှိခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ၁၉၉၆ ခုနှစ်အထိ အဲဒီဒေသမှာ ဆီအုန်းပင်တွေ စိုက်ပျိုးဖို့ ကာလီစတာအရမ်ကုမ္ပဏီ အပါအဝင် ဆီအုန်းကုမ္ပဏီ ငါးခုကို မြေဧရိယာ ဟက်တာ ပေါင်း ၃၅၀၀၀ မှာလုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။တစ် ဖန် ၂၀၀၈ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်အတွင်းမှာလည်း ကာလီစတာအရမ် ကုမ္ပဏီကို နောက်ထပ် ၁၆၀၅ ဟက်တာတိုးချဲ့ လုပ်ကိုင်ခွင့်ပြုခဲ့သလို  တခြား ကုမ္ပဏီတွေကို လည်းဟက်တာ ၈၀၀၀ တိုးချဲ့လုပ် ကိုင် ခွင့်ပြုခဲ့ပြန်ပါတယ်။    ကာလီစတာအရမ်  ဦးဆောင်တဲ့ ဆီအုန်း ကုမ္ပဏီတွေဟာ ထရီပါရွှံ့နွံတောကြီးကို ဆီအုန်း ပင်တွေစိုက်ပျိုးဖို့ ရှင်းလင်းရာမှာ သစ်ပင်တွေကို ခုတ်ထွင် ပြီးမီးရှို့တဲ့စနစ်ကို ကျင့်သုံးခဲ့ကြပါတယ်။ ဒီလိုရှင်းလင်းရာမှာ တစ်ဟက်တာရဲ့ ကုန်ကျစရိတ် ဟာ အင်ဒိုနီးရှားရူပီးငွေ ၂ သန်းခန့်သာ ကုန်ကျတဲ့ အတွက်အလွန်သက်သာပါတယ်။ စည်းကမ်းချက် အတိုင်းရှင်းလင်းရရင် တစ်ဟက်တာကို ရူပီးသန်း ၆၀ အထိကုန်ကျနိုင် ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း ထရီပါရွှံ့နွံတောကြီးရဲ့ ဧရိယာဟာ ဟက်တာပေါင်း  ၄၂၀၀၀  ကျော် လောက်အထိ ပျက်စီးသွားခဲ့ရပါတယ်။    ၂၀၁၁ ခုနှစ် မေလကစပြီး  အင်ဒိုနီးရှား သမ္မတ ယူဟိုယိုနိုရဲ့ သစ်တောပျက်စီးပြုန်းတီး မှုတွေက ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့လျှော့ချရေးအစီအစဉ်(REDD+) အရ ရွှံ့နွံတောအပါအဝင် သစ်တောတွေကို ခုတ်ထွင် ရှင်းလင်း၊ မီးရှို့ပြီး၊ ဆီအုန်းစိုက်ခင်းတွေ စိုက် ပျိုးတာကို ပိတ်ပင်တဲ့အမိန့်ထုတ်ပြန်ကာ  တား မြစ်ခဲ့ပါတယ်။ ဒါပေမဲ့  ထရီပါရွှံ့နွံတောကြီးမှာ ကာလီစတာအရမ်ကုမ္ပဏီဟာ  အာချီပြည်နယ် အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုမိန့်ကိုရယူပြီး အဲဒီတော ကြီးရဲ့ ဧရိယာ ၁၆၀၅ ဟက်တာမှာ ဆက်လက်ရှင်း လင်းမီးရှို့ကာ ဆီအုန်းပင်တွေကိုစိုက်ပျိုးခဲ့ပါတယ်။ဒါကြောင့်သမ္မတရဲ့ အမိန့်နဲ့ပြဋ္ဌာန်းထားတဲ့ ပတ် ဝန်းကျင်ထိန်းသိမ်းရေးဥပဒေတွေကို ချိုးဖောက် တဲ့အတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံးပတ်ဝန်း ကျင်ထိန်းသိမ်းရေးအဖွဲ့ကြီးဖြစ်တဲ့ ဝေါဟီ (Walhi) က အာချီပြည်နယ်အုပ်ချုပ်ရေးမှူး အာဝမ်ဒီယူ စွတ်နဲ့ ကာလီစတာအရမ် ဆီအုန်းကုမ္ပဏီတို့ကို တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။ ဖြစ်ချင်တော့ အာချီပြည်နယ်အုပ်ချုပ်ရေးမှူး အာဝမ်ဒီယူစွတ် ဟာ ''အစိမ်းရောင်အုပ်ချုပ်ရေးမှူး" (Green Governor)လို့ခေါ်တွင်ရလောက်အောင် တစ်ချိန်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ လှုပ်ရှား ခဲ့သူတစ်ဦးဖြစ်ခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ချီးမြှင့်တဲ့ ဆုကိုရရှိခဲ့သူဖြစ်လို့ အဲဒီ အမှုကို တစ်နိုင်ငံလုံးက စိတ်ဝင်စားနေကြပါတယ်။    တကယ်တော့ ထရီပါ ရွှံ့နွံတောကြီးဟာ သဘာဝရေမြုပ်ကြီး တစ်ခုလို မိုးရာသီကာလမှာ မိုးရေတွေကို စုပ်ယူသိုလှောင်ထားပြီး ပူလောင်တဲ့ နွေရာသီမှာ တဖြည်းဖြည်းချင်း ရေတွေကိုထုတ် လွှတ်ပေးတာကြောင့် ခြောက်သွေ့မှု ဒဏ်ကိုကာ ကွယ်ပေးခဲ့ပါတယ်။ အဲဒီရွှံ့နွံတွေပေါ်က သစ် တောတွေကို မီးရှို့ဖျက်ဆီးခဲ့မှု၊ တူးမြောင်းတွေ ဖောက်ပြီး ရေတွေ ကို ဖောက်ချမှုတွေက ရာသီ ဥတု ပိုမိုပူပြင်းခြောက်သွေ့လာေ စပြီး မြေပြိုမှုတွေ ရေလွှမ်းမိုး မှုတွေ  နှစ်စဉ်ကြုံတွေ့လာရပါ တယ်။အဲဒီဒေသမှာရှင်သန်ကျက်စားနေခဲ့တဲ့ ဆူမတ္တရာ လူဝံတွေဟာလည်း  အစာရေစာ ရှားပါးလာတဲ့ ဘေးဒဏ်၊ ဆီအုန်းပင်စိုက်ပျိုးတဲ့ လူတွေရဲ့ ရန်တွေ ကြောင့် သေကျေခဲ့ကြရပြီး တခြားသစ်တော ဧရိယာတွေကို   ရွှေ့ပြောင်းနေထိုင် လာကြတဲ့ အတွက် ယခုအခါ ကောင်ရေ ၂၅၀ ခန့်သာကျန်ရှိ တော့ရာ မကြာမီ မျိုးသုဉ်းပျောက်ကွယ် သွားဖို့ ရှိပါတယ်။ ထရီပါရွှံ့နွံတောကြီးရဲ့ ဧရိယာဟာ လည်း ဟက်တာ ၁၇၀၀၀ သာ ကျန်ရှိပြီး ၂၀၁၅ -၂၀၁၆ ခုနှစ်လောက်ရောက်ရင် လုံးဝပျက်သုဉ်း သွားနိုင်တယ်လို့ ခန့်မှန်းနေကြကြောင်းပါခင်ဗျား။Ref:''TRIPA: Aceh's Burning Shame'' (Tempo)