Main menu

Background

လူထုဗဟိုပြုဖွံ့ဖြိုးရေးနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြောင်းလဲမှုအရွေ့

Wed, 08/01/2012 - 06:55 -- Anonymous (not verified)

    ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များက လျင်မြန်သောအရှိန်ဖြင့် ရွေ့နေသည်။ ယင်းတို့ထဲမှ ပထမဆုံးသတိပြု လိုက်မိသည်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ကျရေး၊ ယခုတော့ လူထု ဗဟိုပြုဖွံ့ဖြိုးရေး(People Center Development) စသည်ဖြင့် ဖြစ်သည်။  ပိုမိုကျယ်ပြန့်စွာအာရုံစိုက်၍ လူထု၏ အမှန်တကယ် အကျိုးကိုဦး တည်သည့် ပြောင်းလဲမှု လုပ်ငန်းများကို ဆောင်ရွက်ရန် ဟု ဆိုနိုင်သည်။ သို့သော် နိုင်ငံတိုင်းနိုင်ငံတိုင်း တွင် ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများ ကို ဆောင်ရွက်ကြရာတွင် အပြောလွယ်သလောက် အလုပ်ခက် သည်မှာ မှန်းကြည့်ရုံဖြင့် သိနိုင်သည်။ အထူးသဖြင့် အနည်းဆုံး ဆယ်စုနှစ် ၄ စု ခန့်မျှယဉ်ပါးလာခဲ့သော အမူအကျင့် တို့ကား အလွယ်တကူဖျက်၍ မရ ခေါက်ရိုး ကျိုးနေဆဲ။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အပြောင်းအလဲများတွင် လူမှုအဖွဲ့ အစည်းဆိုင်ရာ အပြောင်းအလဲ သည် အခက်အခဲတစ်ခုအဖြစ် ပါဝင် နိုင်ကြောင်း လေ့လာဆန်းစစ်သူပညာရှင်များက ထောက်ပြခဲ့ကြ သည်။ သို့ရာတွင် ဒေသတွင်းနိုင်ငံ များကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာစေရန်မှာ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကို ဆွေးနွေးမေးမြန်း ရှာဖွေဖော်ထုတ်ခြင်း၊ ရရှိလာသည့် ဖော်ထုတ်ချက်များမှ ဆောင်ရွက် ရန် ရှိသည်တို့ကို လုပ်ငန်း အကောင်အထည်ဖော်နိုင်သည့် မူဝါဒများ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ပေးပြီး ဆွေးနွေးမှုရလဒ် များမှ လက်တွေ့အကောင်အထည်ပေါ်လာသည် အထိ ရှေ့ဆက်ကြ ရန် သာဖြစ်သည်။    ၂၀၁၀ ခုနှစ် စစ်တမ်းများအရ နိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု ၂၆ ရာခိုင်နှုန်း အထိရှိနေသည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် ယင်းတို့ထဲမှ အနည်းဆုံးထက်ဝက်ခန့် လျှော့ချချင်သည်။ တစ်ဖန် ကျေးလက်နေ ပြည်သူများ၏ အဓိကစီးပွားရေးမှာ စိုက်ပျိုးရေးကဏ္ဍကြီးဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်လာသည်။    စိုက်ပျိုးရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံအများစု၏ စီးပွားရေးတွင် အဓိက မောင်းနှင်အား ဖြစ်နေသည်ဆိုလျှင် မွေးမြူရေးကဏ္ဍသည် ယင်းစိုက် ပျိုးရေးကဏ္ဍကြီး၏ သုံးပုံတစ်ပုံခန့်အထိ ပါဝင်နေသည့် ကျေးလက် တွင် နေထိုင်သူများ၏ ဘဝအစိတ်အပိုင်းဖြစ်သည်။    တိုးတက်လာသည့် ကမ္ဘာ့လူဦးရေ စိန်ခေါ်နေသည့် အစား အစာဖူလုံမှု၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများ၏ အကျိုးဆက် စသည့် အခြေအနေများကြောင့် မွေးမြူရေးကဏ္ဍ ထုတ်ကုန်များ၏ လိုအပ်ချက်များမှာ အလျင်အမြန်တိုးပွားလျှက်ရှိသည်။ ယင်းအခြေ အနေသည် ကမ္ဘာတွင်သာမက မြန်မာနိုင်ငံတွင်လည်း တွေ့ကြုံရ မည့်၊ တွေ့ကြုံခဲဖူးသည့် (နာဂစ်မုန်တိုင်း၊ ဂီရိမုန်တိုင်းများကြောင့် ကျွဲနွားများဆုံးရှုံးခြင်း၊ ငါးကန်များပျက်စီးခြင်းအပါအဝင်) အခြေ အနေများဖြစ်သည်။ ထို့အပြင် မွေးမြူရေးကဏ္ဍ သည် ကျေးလက် လူ နေမှုဘဝကို အထောက်အကူပြုသလို အလုပ်အကိုင် ဖန်တီးပေးမှုနှင့် ဆင်းရဲမှုကို သက်သာစေသည်။          မြန်မာနိုင်ငံကဲ့သို့ မြစ်ချောင်းအင်းအိုင်နှင့် ပင်လယ် ကမ်းရိုးတန်း ရှည်လျားစွာရှိနေသော နိုင်ငံမျိုးအတွက် အသားထုတ်လုပ်မှုအပြင် ငါးထုတ်လုပ်မှုသည်လည်း အရေးပါပြီး၊ ဒေသတွင်းစားသုံးရန်အပြင် စီးပွားဖြစ်နိုင်ငံခြား တင်ပို့နိုင်သည့် အဆင့်ထိ တိုးတက်မှုရှိခဲ့ သည်မှာ ငါးပုဇွန်၊ ကဏန်းမွေးမြူရေး လုပ်ငန်းများဖြစ်သည်။    စိုက်ပျိုးရေးကဏ္ဍကြီးဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျှင် မေ့ချန်ထား၍ မရသော မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးကိုလည်း လိုအပ်သလို ပြုပြင်ပြောင်းလဲ ရဦးမည်ဖြစ်သည်။ဒေသအလိုက်စီးပွားရေးတိုးတက်မှုကို ရှာဖွေရာတွင် ဒေသ၏ကဏ္ဍ များအလိုက် အားနည်းချက်၊ အားသာချက်များကို ရှာဖွေဖေါ်ထုတ် ၍ ဒေသအတွက် ဦးစားပေးရွေးချယ် လုပ်ကိုင်ကြရမည့် လုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်၍ ဒေသတွင်းနေထိုင်သူများ အလုပ် အကိုင်ရရှိရေး၊ ဝင်ငွေတိုးရေး၊ အခြားဝင်ငွေအဖြစ် အိမ်ထောင်စုဝင် ငွေတိုးရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။ အသားမှာဘယ်အဆင့်    ဒေသတွင်း နိုင်ငံများ၏ မွေးမြူရေးအခြေအနေများနှင့် နှိုင်းယှဉ် ကြည့်ရင် နွား၊ ကျွဲမွေးမြူရေးက ထိပ်တန်းဖြစ်နေသည်။ သို့သော် ယင်းမှာ အသားထုတ်လုပ်ရေးအတွက် အဓိကမဟုတ်ဘဲ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုရန်က အဓိကဖြစ်သည်။ အသား ထုတ်လုပ်မှု၏ အဓိကအခြေအနေဟု ပြောလို့ရနိုင်သည့် သိုးဆိတ် နှင့် ကြက်မွေးမြူရေး၌ အင်ဒိုနီးရှား၊ ဝက်၌ ဗီယက်နမ်တို့က ထိပ် တန်းဖြစ်သည်။အာဆီယံနိုင်ငံများ၏ မွေးမြူရေးအခြေအနေ(၂၀၀၉)                                                             (ကောင်ရေ)စဉ်    နိုင်ငံ             ခိုင်းကျွဲ/နွား          သိုး/ဆိတ်              ဝက်              ကြက်                        (ထောင်ပေါင်း)    (ထောင်ပေါင်း)    (ထောင်ပေါင်း)    (သန်းပေါင်း)၁    ဘရူနိုင်း                  ၆                      ၇                   -                  ၁၆၂    ကမ္ဘောဒီးယား        ၄၂၀၄                   -                 ၁၈၅၀             ၁၅၂၃    အင်ဒိုနီးရှား          ၁၄၇၈၄              ၂၁၉၆၈             ၆၉၂၂            ၁၃၄၂၄    လာအို                 ၁၅၀၀                 ၂၈၉               ၂၅၄၈              ၂၂၅    မလေးရှား             ၉၂၀                   ၄၁၀              ၂၈၆၁              ၁၉၀၆    မြန်မာ                 ၁၅၈၅၃               ၃၂၈၅              ၇၈၇၇             ၁၁၀၇    ဖိလစ်ပိုင်              ၅၉၁၇                 ၄၂၂၂             ၁၃၅၉၆            ၁၅၈၈    စင်္ကာပူ                    -                       ၁                  ၁၆၀                ၃၉    ထိုင်း                    ၈၃၇၁                 ၄၂၄               ၇၄၈၁            ၂၂၈၁၀    ဗီယက်နမ်           ၈၉၉၀                 ၁၄၈၄             ၂၇၆၂၈         ၁၉၆ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ၂၀၁၀ အာဆီယံနိုင်ငံများ၏ အသားနှင့် နို့ထုတ်လုပ်မှုအခြေအနေ (၂၀၀၉)                                                                     (တန်ထောင်ပေါင်း)စဉ်    နိုင်ငံ                 အမဲသား    သိုး/         ဝက်သား    ကြက်သား    နို့                                             ဆိတ်သား    ၁    ဘရူနိုင်း                    ၁          -                   -            ၁၈           ၇၂    ကမ္ဘောဒီးယား            ၆၂         -                ၁၁၀          ၁၉          ၁၇၃    အင်ဒိုနီးရှား              ၄၀၈      ၁၂၈              ၆၃၇       ၁၄၀၉       ၁၃၀၆၄    လာအို                     ၂၆         ၁                  ၄၀         ၁၇          ၁၅၅    မလေးရှား                 ၂၂         ၁               ၁၉၉         ၉၃၁         ၄၇၆၆    မြန်မာ                     ၁၁၄       ၂၉               ၄၅၀        ၇၂၆        ၂၄၇၇    ဖိလစ်ပိုင်                  ၁၈၄       ၅၃              ၁၇၁၀      ၇၅၂         ၆၂၉၈    စင်္ကာပူ                       -         -                  ၁၇          ၈၆            ၈၉    ထိုင်း                       ၂၁၃       ၂                 ၇၅၆      ၁၀၁၉        ၈၇၂၁၀    ဗီယက်နမ်              ၁၈၉       ၁၁               ၂၅၅၃     ၅၁၈         ၃၀၉ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ၂၀၁၀    အထက်ပါဇယားများကိုကြည့်ရုံနှင့် မြန်မာနိုင်ငံ၏ မွေးမြူရေး ကဏ္ဍသည် ဒေသတွင်း၌ ယှဉ်ပြိုင်ထုတ်လုပ် အပြိုင်ကျဲရဦးမည့် နိုင်ငံ များရှိနေသေးသည် ဆိုသည်ကို မြင်နိုင်ပါသည်။ ရှင်းရှင်းဆိုရလျှင် အသားထုတ်လုပ်မှု၌ နောက်ကျနေဆဲဖြစ်ပြီး၊ တိုးတက်ထုတ် လုပ်ခြင်း ဖြင့် ပြည်တွင်းစားသုံးမှုအပြီး၊ ပြည်ပတင်ပို့နိုင်သည့် အဆင့်အထိ အလားအလာများရှိနေသည့် အခြေအနေအဖြစ်လက်သင့် ခံနိုင်မည် ထင်သည်။သို့သော် ပြည်ပတင်ပို့သည်ဆိုသည့် အဆင့်တွင် စိန်ခေါ်မှု များစွာ ရှိနေမည်လည်းဖြစ်သည်။ အကြောင်း မှာ ပြည်ပတင်ပို့သည့် အဆင့်၌ အသားကြမ်းအဆင့်၊ ထပ်ဆင့်ကုန်ချောအဖြစ် ပြုပြင်၍ တင်ပို့သည့်အဆင့် အမျိုးမျိုးရှိနေသဖြင့် ယင်းကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများသည် အမှန်တကယ် လုပ် နိုင်မည်ဆိုက အခွင့်အရေးတစ်ရပ် အဖြစ်လည်းရှုမြင်နိုင်ပေသည်။ အာဆီယံမှာ မပေါ့တဲ့မြန်မာ့ငါး    အာဆီယံဒေသတွင်း နိုင်ငံများကြားထဲတွင် မြန်မာ့ငါးထုတ်လုပ် မှုသည် သိပ်မဆိုးဟု ပြောနိုင်သေးသည်။ အကြောင်းမူ ကျွန်းနိုင်ငံ များဖြစ်ကြသည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့နှင့် ဗီယက်နမ် နိုင်ငံနောက် တွင်ရှိသောကြောင့်ဖြစ်သည်။အာဆီယံထိပ်တန်းလေးနိုင်ငံ၏ ငါးထုတ်လုပ်မှုအခြေအနေ                                                                                                  (တန်ထောင်ပေါင်း)    စဉ်    နိုင်ငံ                 ၂၀၀၆          ၂၀၀၇         ၂၀၀၈             ၂၀၀၉    ၁    အင်ဒိုနီးရှား    ၇,၁၈၃,၅၈၆    ၇,၅၁၀,၇၆၇    ၉,၀၅၄,၈၄၇    ၁၀,၀၆၄,၁၄၀    ၂    မလေးရှား      ၁,၆၅၄,၅၂၇    ၁,၆၅၄,၂၂၁    ၁,၇၅၃,၃၁၀    ၁,၈၇၀,၀၀၀    ၃    မြန်မာ           ၂,၈၁၇,၉၉၀    ၂,၈၀၈,၀၃၇    ၃,၁၄၇,၆၀၅    ၃,၄၉၁,၁၀၃    ၄    ဖိလစ်ပိုင်       ၄,၄၀၈,၄၇၂    ၄,၇၁၁,၂၅၂    ၄,၉၆၆,၈၈၉    ၄,၀၇၉,၉၇၇    ၅    ထိုင်း             ၄,၀၅၁,၈၂၄    ၃,၆၇၅,၃၈၂    ၃,၂၀၇,၂၀၀    ၃,၁၃၇,၆၇၂    ၆    ဗီယက်နမ်      ၃,၆၅၆,၁၅၂    ၄,၃၄၅,၅၀၀    ၄,၅၅၉,၇၂၀    ၄ç၇၈၂,၄၀၀ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ၂၀၁၀ ဘယ်သူ့နောက်လိုက်မှာလဲ     စိတ်ထဲထင့်မိသည်။ ဘာယှဉ်ယှဉ် ဗီယက်နမ်သည် တစ်ဆင့် တော့ မြင့်နေသည်။ အသားမှာလည်းမမီခဲ့၊ ယခုလည်း ငါးထုတ်လုပ် မှု၌ သူတို့ကိုမမီ။ အားနည်းချက်များကို ရှာရတော့မည်။ အားသာ ချက်များကိုရှာရတော့မည်။ အခွင့်အလမ်းများကို ဖန်တီးကြရတော့ မည်။ အတားအဆီးများကို ဖော်ထုတ်ကြရတော့မည်။ နိုင်ငံတကာ အတွေ့အကြုံများကို အခြေခံ၍ ကိုယ့်နိုင်ငံနှင့် လိုက်လျောညီထွေဖြစ် မည့် ကာလတို၊ ကာလရှည် ရည်မှန်းချက်များ ချမှတ်၍ စနစ်တကျ ဆောင်ရွက်ရန် လိုအပ်လာသည်။  ဘယ်လိုလုပ်မလဲ။ မွေး/ရေကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု    တစ်ချိန်က မွေး/ရေကဏ္ဍသည် အခြားကဏ္ဍများ နည်းတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် မျက်နှာပန်းလှခဲ့သည်။ အထူး သဖြင့် CP ကဲ့သို့သော ကြက်သားဖောက် လုပ်ငန်းများအပြင် ငါး ပုဇွန်မွေးမြူရေး လုပ်ငန်းများ၌ပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံခဲ့ကြသည်။ ယနေ့အချိန်တွင်  CP သည်  Contract ပုံစံဖြင့် အချို့မြို့များ၌  ကြက်မွေးလိုသူ တစ်ဦးအတွက် မြေနေရာရှိရုံဖြင့် လုပ်ငန်းစတင်နိုင် ရန် ဆောင်ရွက်ပေးသည့် အစီအစဉ်များ ရှိနေပြီဖြစ်သည်။ ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ လဆန်းမှ ၂၀၁၂ ခု ဖေဖော်ဝါရီလဆန်း အထိ တစ်နှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားစီးပွားရေး ကိုယ်စားလှယ် အဖွဲ့ပေါင်း ၂၇၀ ခန့် လာရောက်ခဲ့ပြီး မြန်မာ့စီးပွားရေး လုပ်ငန်းရှင် များ ကုန်သည်များနှင့် တွေ့ဆုံခဲ့သည်။ သို့သော် အများစုမှာ ယနေ့ ထက်တိုင် လာရောက်စုံစမ်းဆဲအဆင့်သာ။ မည်သည့်ကဏ္ဍများ၌ လုပ်ကိုင်နိုင်ပါသလဲ။ မည်သူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ပါသလဲ။ မည်သည့် ဒေသများ၌ ရင်းနှီးမြှုပ်နှံနိုင်ပါသလဲ။ အခွန်ကိစ္စ၊ ရေမီး ကိစ္စစသည်ဖြင့် မေးခွန်းများဖြင့် ဆွေးနွေးနေဆဲဟု ကြားရသည်။ ဘုံပြဿနာကိုရှာဖွေခြင်း    မွေးမြူရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ ပြောကြ သည်များရှိသည်။ ယင်းတို့ အထဲမှ ကိုယ့်နိုင်ငံအခြေအနေနှင့် ချိန်ထိုး စဉ်းစားရန်အချက်များကိုတွေ့သည်။ မွေးမြူရေးကဏ္ဍ (ငါးမွေးမြူရေး လုပ်ငန်းအပါအဝင်) ထုတ်လုပ်မှုတိုးရေးအတွက် အဓိကကျသည့် အချက်များပင်..-    သင့်တော်သည့် နည်းပညာကို လက်ခံကျင့်သုံးခြင်း Adoption of Appropriates Techonology-    ဆက်စပ် (အထောက်အပံ့ဖြစ်စေသည့် လုပ်ငန်းများ) တိုးတက် မှုရှိခြင်းImprovement of Supportive Services-    ဈေးကွက်တင်ပို့ရေး အခက်အခဲများရှိခြင်း (ဒေသဈေးကွက် သာမက ပြည်ပဈေး ကွက်အပါအဝင်) Marketing Access-    လုပ်ငန်းအတွက် လိုအပ်သည့် အခြေခံအဆောက်အဦများ ဖွံ့ ဖြိုးမှုအားနည်းခြင်း (လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး၊ အစားအစာ၊ ကာကွယ်ဆေး၊ တိရစ္ဆာန်ဆရာဝန် အပါအဝင်)Infrastructure development for Productivity    မြန်မာ့မွေးမြူရေးကဏ္ဍအတွက် လိုအပ်ချက်များအဖြစ် အချက် အချို့ပေါ်ထွက်လာသည်။    -    မွေးမြူရေးထုတ်ကုန်များရေရှည်ထုတ် လုပ်နိုင်ရေး-    သုတေသန အဖွဲ့အစည်းများတိုးချဲ့ရန်လိုအပ်ခြင်း-    ဓာတ်ခွဲခန်းနှင့် ဓါတ်ခွဲခန်းသုံးလိုအပ်ချက်များဖြည့်ဆည်းပေးရေး-    မွေးမြူရေး၌ရင်းနှီးလုပ်ကိုင်မည့်သူများအတွက် အထူးဇုန်များ သတ်မှတ်ပေးခြင်း-    တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရန် နည်း ပညာနှင့် လုပ်ငန်းလိုအပ်ချက်များဖြည့်ဆည်းပေးရန်လိုခြင်း-    မွေးမြူရေးထုတ်ကုန်များအတွက် ကောင်းမွန်သည့် ဈေးကွက် စနစ်ဖြည့်ဆည်းပေးရေး-    လုပ်ငန်းလည်ပတ်မှုအတွက် ချေးငွေရရှိရေးယင်းအချက်များကို မြင်ရုံဖြင့် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်းက ဆောင်ရွက်၍မရနိုင်ကြောင်း ထင်ရှားပါသည်။ အစဆွဲကြည့်လျှင်--    မည်သို့ဖြေရှင်းမည်နည်း၊ မည်သို့ဖြည့်ဆည်းမည်နည်း။-    မည်သည့်အဖွဲ့အစည်းများက တာဝန်ယူပေးမည်နည်း။-    အဖွဲ့အစည်းများအချင်းချင်း မည်သို့ ဆက်သွယ်ဆောင်ရွက် မည်နည်း။-    တက္ကသိုလ်သုတေသနဌာနများ၏အခန်းကဏ္ဍ-    ကုန်ထုတ်အသင်းများ၏ ပါဝင်ဆောင်ရွက်မှု-    ပေါင်းစည်းလယ်ယာများနှင့်ဆက်စပ်ဆောင်ရွက်မှု-    ဒေသအာဏာပိုင်များ၏ခွင့်ပြုချက်-    နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများနှင့်ဆက်စပ်ဆောင်ရွက်မှု    မေးခွန်းများရှိလာပါဦးမည်။ အဖြေများလည်းရှိလာပါမည်။ လိုအပ်ချက်များလည်း ထပ်မံပေါ်နိုင်ပါသည်။ သို့သော် ဆွေးနွေးေ မး မြန်းဖေါ်ထုတ်ခြင်းဖြင့် လိုအပ်နေသည့် မူဝါဒများ၊ ဥပဒေများ၊ နည်း ဥပဒေများ၊ လုပ်ထုံးလုပ်နည်း များ ပေါ်ထွက်လာရန် လိုအပ်ပါသည်။ ယင်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည်လည်း  လုပ်ငန်းလုပ်ချင်သူ၊ ရင်းနှီးမြှုပ်နှံလိုသူ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအတွက်သာမက ဒေသနေပြည်သူများ အလုပ်အကိုင် ဖြစ်ပေါ်စေမည့်၊ ကျွမ်းကျင်မှုတိုး စေမည့်၊  ဝင်ငွေတိုးစေမည့် လုပ်ငန်းများဖြစ်ရန် လိုအပ်ပါသည်။ သို့မှသာ လူထုအခြေပြုဖွံ့ဖြိုးရေးဆိုသည့် မူဝါဒကို အခြေခံသည့် မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲမှု အရွေ့သည် အဓိပ္ပာယ်ရှိရှိ ရွေ့ရှားခြင်းမည်ပေမည်။  အလေးထား လုပ်ဆောင်ရမည့် တောင်ပေါ်ဒေသ  အသား၊ ငါး ထုတ်လုပ်မှု တိုးမြှင့်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ    ရိုးသားသော တိုင်းရင်းသား တောင်သူများ၏ လက်တွေ့ဘဝကို တချို့တစ်ဝက် သိနားလည်ခဲ့ဖူးပါသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် တာဝန်ထမ်းဆောင် ခဲ့စဉ်ကဖြစ်ပါသည်။ တောင်တန်း ကြီးများ ကာဆီးနေခြင်း၊ သွားလာရေး ခက်ခဲခြင်းများကြောင့်၊ အစစ နောက်ကျ ကျန်ခဲ့ရသည်မှာမထူးဆန်းပါ။ တောင်ကြီးမြို့မှ ကားလမ်း အတိုင်းဆိုပါက သုံးရက်ကြာမှ ကျိုင်းတုံမြို့သို့ ရောက်ပါသည်။ လေယာဉ်လမ်းမှဆိုပါက  ကျိုင်းတုံမှ နာရီဝက်အကြာတွင် ဟဲဟိုး လေဆိပ် ရောက်ပါသည်။အသွားအပြန် လေယာဉ်ခ အလွန်အမင်း ဈေးမြင့်ပါသည်။    ထိုသို့သော အကြောင်းများကြောင့် သားငါးနှင့် ပန်းများ ကားဖြင့် သယ်ဆောင်ရန် လက်လျှော့ရခြင်း ဖြစ်ပါသည်။ ဒေသတွင်း စိုက်ပျိုးရေးကလည်းလုံး၀ ကျဆင်းလျက်ရှိပါသည်။ ထိုအခါ တာချီ လိတ်ကားလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံထွက် အဝတ်အထည်နှင့် အလှ အပ ပစ္စည်းမျိုးစုံစသည့် ကုန်စည်များသည်လည်းကောင်း၊ တရုတ် နိုင်ငံဘက်မှ လူသုံးကုန်စည်များ၊ ဆေးဝါးပစ္စည်းမျိုးစုံ၊ မီးဖိုချောင် သုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းမျိုးစုံ၊  ထုပ်ပိုးမှုစနစ် လှပသေသပ် စွာဖြင့် ကုန်စည်များစွာသည် တောလမ်းများမှ အလုံးအရင်း ဝင်ရောက်လျက် ကျိုင်းတုံဈေး ကြီးအတွင်း တရုတ်နှင့် ထိုင်း ဈေးကွက် အားပြိုင်လျက်ရှိ ပါသည်။    သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်နှင့် ပန်းမန်ဥယျာဉ် ခြံစိုက် တောင်သူများမှာ နာ နတ်သီး၊ နဂါးမောက်သီး၊ လိမ္မော်သီး၊ လိုင်ချီးသီးစသည် တို့နှင့် ဘုရားပန်းများ ထွက်ရှိ သော်လည်း တစ်ဖက်နိုင်ငံမှ ဝင်ရောက်လာသောပစ္စည်းများ၏ အရည်အသွေးကို လုံးဝယှဉ်ပြိုင် နိုင်ခြင်းမရှိပါ။ ထိုင်းနိုင်ငံဘက်မှ ဝင်လာသောပန်းများ အလွန်လှပသကဲ့သို့ ကြာရှည်ခံအောင် အရည် အသွေးကောင်းပါသည်။ ဈေးလည်း အလွန်ကြီးပါသည်။     ဒေသခံတောင်သူများမှာ မိုးလင်းမှသည်မိုးချုပ်၊ တောတောင် ယာခင်းထဲတွင် အချိန်ကုန်ကာ နေဝင်သည်နှင့် တောတွင်း ဟင်းလျာ များ ဖြစ်သောကြွက်၊ မြွေ၊ ငါးရှဉ့်၊ ဖား၊ ခရု၊ ဟင်းရွက်၊ မှို၊ မျှစ်၊ သစ်ဥ၊ သစ်ဖု၊ သစ်မြစ်၊ ထင်းချောင်းများ ရွက်ပိုးလျက် လေးက န် သော ခြေလှမ်းများဖြင့် အိမ်အပြန်လမ်းမှာနေ့စဉ် တွေ့မြင်ရစမြဲဖြစ် ပါသည်။    လူငယ်အမျိုးသမီးများနှင့်   အဖွားအိုတို့မှာ လက်မှုလုပ်ငန်း၊ ပန်းထိုး၊ ရိုးရာအခါထည်၊ ရိုးရာလားဟူထည်များ၊ လက်ချုပ်ဖြင့် ချုပ်လုပ်ကြသည့် လုပ်ငန်းမျိုးသာ လုပ်ကိုင်ကြလေ့ ရှိပါသည်။    ရာသီဥတု၏ ဖောက်ပြန်လာမှု အကြောင်းများကြောင့်လည်း တောင်ယာ၊ ဥယျာဉ်စိုက် တောင်သူများအပေါ် စိတ်ဖိစီးနှိပ်စက်မှု များလည်း ရှိနေပါသည်။ တိရစ္ဆာန် မွေးမြူမှုတွင် ကျွဲများ အား မွေးဖက်ပေး မွေးမြူခြင်း နှင့် လွှတ်ကျောင်းစနစ်ဖြင့် တော၊ တောင်များအတွင်း မွေးမြူခြင်းများရှိကြပါသည်။ အင်းအိုင်၊ ချောင်း၊ မြောင်း များမှငါးများဖမ်းဆီး၍ တစ် နိုင်ရောင်းချခြင်းများသာ ရှိပါ သည်။တာချီလိတ် ကားလမ်းမှတစ်ဆင့်  ဝင်ရောက်လာသော ငါး၊ ပုစွန်၊ အသားမျိုးစုံတို့အား ခေတ်မီနည်းပညာဖြင့် မွမ်းမံပြုပြင် ထားသော တစ်ဖက်နိုင်ငံထွက်  စားသောက်ကုန်စည်များက လွှမ်း မိုးနေကြပါသည်။     နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ  စီးဝင်လာသည်နှင့် ဤအခွင့် ကောင်းကို လက်မလွှတ်သင့်ပါ။ သို့ဖြစ်၍ မိမိတတ်သလောက် အကြံပြုလိုပါသည်။၁။    မြေရိုင်းဖော်ထုတ်ရယူထားသော လုပ်ငန်းရှင်များအား (ငါး/ ပုစွန်/ဂဏန်း) မွေးမြူရေးကန်များ လုပ်ဆောင်ရန် တိုက်တွန်း စေ ခြင်း။၂။    မိရိုးဖလာ စိုက်ပျိုး၊ ရိတ်သိမ်းစနစ်ဟောင်းအစား ခေတ်မီစက် ကိရိယာနည်းသစ်များဖြင့် လယ်ယာကုန်ထုတ်လုပ်မှု တိုးတက် လာအောင်စည်းရုံး၍ အရင်း၊ ငွေအား၊ စက်အား၊ စိတ်ဓါတ် အဖက်ဖက်မှ မြှင့်တင်ဆောင်ရွက်ပေးခြင်း။၃။    ယခင်ရှိပြီးဖြစ်သော ရိုးရာအထည်ချုပ် လက်မှုလုပ်ငန်းများကို အားပေးမြေတောင်မြှောက်ပေးခြင်း။၄။    ဒေသခံကျွဲ၊နွား၊ တိရစ္ဆာန်များအားအချိန်မီ မျိုးကောင်းပြောင်း လဲမှုနှင့် တိုးတက်ခေတ်မီသော နည်းပညာများနှင့်မွေးမြူရေး စခန်း အများအပြား တည်ထောင်ပေးခြင်း။၅။    မွေး-ကု ကျောင်းဆင်းဘွဲ့ရများ၊ စိုက်ပျိုးရေးကျောင်းဆင်းဘွဲ့ ရများ၊  စီးပွားရေး ကျောင်းဆင်းဘွဲ့ရများအား နိုင်ငံရပ်ခြားမှ တိုးတက်သော နည်းပညာများသင်ယူစေ၍ လက်တွေ့ဆောင် ရွက်နိုင်ရန် ငွေအင်အား၊ စက်ယန္တရားများဖြင့် လက်တွေ့ အမြန်ဆောင်ရွက်စေခြင်း။၆။    အချို့တောင်ပေါ် ရွာများသည် ရေခမ်းခြောက်လာမှုှု အခက် အခဲနှင့် လျှပ်စစ်မီးမရသေးသော အနေအထားဖြင့် နေနေ ရဆဲဖြစ်၍ ရေအရင်းအမြစ်ရှာဖွေမှုများ သက်ဆိုင်ရာ အုပ် ချုပ်သူများ အပူတပြင်း ရှာ ဖွေနေဆဲကာလဖြစ်ပါသည်။  ထိုဒေသများအတွက် စီးပွား ရေးလုပ်ငန်းများကို ဝိုင်းဝန်း စဉ်းစားကြရမည်ဖြစ်ပါသည်။၇။    လျှပ်စစ်မီးရရှိလာပါက ကုန်ကြမ်းမှ ကုန်ချောထုတ် စက်ရုံများ၊ ဆေးဝါးပစ္စည်း ထုပ်ပိုးလုပ်ငန်းစသည်ဖြင့်  လူငယ်အများစုအားလုံး အလုပ် အကိုင် ကိုယ်စီရစေမည့် စီမံကိန်းလုပ်ငန်းများ ရည်မှန်းချက်များ ကြိုတင်ရေးဆွဲထားသင့်ပါသည်။၈။    ဒေသခံတိုင်းရင်းသားများ၏အယူသည်းမှု၊ အမြင်ကျဉ်းမြောင်း မှုများပပျောက်စေရန် စာကြည့်တိုက်များ၊မီဒီယာများမှ တစ်ဆင့် ပညာပေးဟောပြောပွဲများများစွာလုပ်ဆောင် ပေးသင့်ပါသည်။    တစ်ဖက်နိုင်ငံမှ တင်သွင်းလာသော  ဓာတုပစ္စည်းများဖြင့် မွမ်းမံ ထားသည့် ငါးဖယ်ချောင်း၊ အသားချောင်းများ၊ အကင်ချောင်း များ၊ အသားလုံးများ၊ ပုစွန်အတု၊ အသားအတု စသည်တို့သည် ရေရှည်တွင် ကျန်းမာရေးထိခိုက် ချို့ယွင်းလာမည်ဖြစ်ပါသည်။ ကိုယ့် ဒေသအတွင်း မွေးမြူရေးလုပ်ငန်းများမှတစ်ဆင့် အသား၊ ငါးထုတ်လုပ်မှုတိုးလာခြင်း၊ စားသုံးမှု ၀၀လင်လင်ရှိ လာခြင်း နှင့်အတူ အဟာရပြည့်စုံ၍ ကယ်လိုရီတိုး၊ ခွန်အားတိုး၊ ဝင်ငွေ တိုးလာမည်ဖြစ်ပါသည်။ ပိုလျံမှုမှသည် နိုင်ငံခြားသို့ ဈေးကွက် ချဲ့ထွင်နိုင်သည်အထိ ရည်မှန်းထားရှိရမည်ဖြစ်ပါသည်။    ကျိုင်းတုံ ဒေသကဲ့သို့  တခြားနိုင်ငံနှင့်  နယ်မြေနီးစပ်နေသော မိမိနိုင်ငံတွင်းရှိ အခြားသော မြို့များသည်လည်း ရေမြေတူ၊ ရာသီဥတု ဆင်တူသော်လည်း တိုးတက်မှု ကွာခြားရခြင်းပေါ် နိုင်ငံတကာ စီးပွားရေးပညာ ရှင်များ၏   နှိုင်းယှဉ်သုံးသပ် ချက်များကိုလည်း  အလေး ထားဆောင်ရွက်ကြရပါမည်။ ရိုးသားသော တိုင်းရင်းသား ပြည်သူတို့၏  ရောင့်ရဲမှု၊  အမြင်မကျယ်မှု၊  အလွယ် ကြိုက်နှစ်သက်မှုတို့ကြောင့်  စီးပွားရေးကျားတို့၏ လွှမ်းမိုးမှု ကို ခံကြရခြင်းကို သဘောပေါက် နားလည်သင့်ပြီဖြစ်ပါသည်။    ဤအကြံပြုချက်များသာ အမှန်အောင်မြင်ပါက ဒေသခံလူ ငယ်များ တစ်ဖက်နိုင်ငံ သွား ရောက်အလုပ်လုပ် ကိုင်နေရ မှုများ  အမှန်ပပျောက်ပြီး၊ အကျင့်စာရိတ္တပျက်စီးမှုများ ထိန်းသိမ်းလာနိုင်ပါမည်။ ထို့အပြင် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်လာသော ဒေသစီး ပွားရေးနှင့်အတူ  ဆင်းရဲမှု လျော့လာမည် ဖြစ်ပါသည်။ နိုင်ငံခြားမှ စီးပွားရေး၊ လူမှု ရေး၊ ယဉ်ကျေးမှု၊ ဝတ်စား ဆင်ယင်မှု၊ အနုပညာ စသည်ဖြင့် ဘက်စုံလွှမ်းမိုးနေမှုများကို ဗဟု သုတအသိအမြင်ကျယ်လာပြီး တိုးတက်သောဒေသ ဖြစ်လာနိုင် ကြောင်း အကြံပြု တိုက်တွန်းအပ်ပါသည်။  မွေးမြူရေးမှတစ်ဆင့် အသားငါးထုတ်လုပ်မှုတိုး၊ စားသုံးမှုတိုး၊ ကယ်လိုရီတိုး၊ ခွန်အားတိုး၊ ဝင်ငွေ တိုးစေရေး  ယနေ့ကမ္ဘာကြီးသည် လူဦးရေ သန်းပေါင်း ၆၀၀၀ ကျော် ၇၀၀၀ ခန့်  ရှိနေပြီဖြစ်သည်။  ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ သန်းပေါင်း ၉၀၀၀ ခန့်ရှိလာမည်ဟု ခန့်မှန်းထားကြသည်။ လက်ရှိ ထက် စားနပ်ရိက္ခာထုတ်လုပ်မှုကို ၇၀ ရာခိုင်နှုန်းတိုးမြှင့်မှ  ရိက္ခာ ဖူလုံမည်ဟုဆိုသည်။ လက်ရှိ သန်း ၆၀၀၀ ကျော်တွင် သန်း ၅၀၀၀ နီးပါးရိက္ခာဖူလုံပြီး သန်း ၁၀၀၀ ကျော်ခန့် ရိက္ခာလိုနေသည်ဟု ကမ္ဘာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)မှ ထုတ်ပြန်ထားသည်။ ရိက္ခာထုတ်လုပ်မှုနှင့် စားသုံးမှုညီမျှခြေမရှိတော့သဖြင့် ငတ် မွတ်ခေါင်းပါးမှုဘေးကို ကမ္ဘာ့နိုင်ငံ တချို့ကြုံတွေ့နေရသည်။ ဤ အတွက် မဟာဗျူဟာ၊ နည်းဗျူဟာများကို နှစ်စဉ် ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (FAO) မှ ချမှတ်ဆောင်ရွက်နေကြရခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာပေါ်၌ ငတ်မွတ်သူဦးရေ သန်းပေါင်း ၈၀၀ ကျော်ကို ထက်ဝက် လျှော့ချရန် ၁၉၉၆ ခုနှစ်ကကျင်းပခဲ့သည့် ကုလသမဂ္ဂ စားနပ်ရိက္ခာထိပ်သီးညီလာခံ၌ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အစိုးရများက ဆုံးဖြတ်ခဲ့သည့်  ရည်မှန်းချက်ပန်းတိုင်ကို လျှောက် လှမ်းဆောင်ရွက်နေကြဆဲဖြစ်သည်။ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်၌် ဆင်းရဲမှုနှုန်း အား ၁၆ ရာခိုင်နှုန်းအထိ လျှော့ချရန်ရည်မှန်းထားပြီး  စိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍကြီးသုံးရပ်ဖြင့် စားနပ် ရိက္ခာဖူလုံရေးကို ဆောင်ရွက်လျက်ရှိပါသည်။ကမ္ဘာပေါ်ရှိ  ကျေးလက်ဒေသနေ ဆင်းရဲသူများအားလုံး၏ ရာခိုင်နှုန်း ၇၀ ဖြစ်သော လူဦးရေ သန်း၂၀၀၀ ကျော်မှာ ၎င်းတို့၏ ဘဝရပ်တည်မှုမှာ တိရစ္ဆာန်မွေးမြူထုတ်လုပ်မှုအပေါ်  မှီခိုနေရ ကြောင်း သိရှိရပါသည်။ ကျေးလက်ဒေသ ဆင်းရဲမှုလျော့နည်းရေး နှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် ဆောင်ရွက်မည်ဆိုပါက ကျေး လက်နေလူထု၏ တိရစ္ဆာန်မွေးမြူရေးနှင့် သားငါးကဏ္ဍဖွံ့ဖြိုးတိုး တက် ရေးကို ဆောင်ရွက်ပေးနိုင်မှသာလျှင် ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။  မွေးမြူရေးနှင့်သားငါးကဏ္ဍ တိုးတက်ရေးအတွက် ဘာတွေ လုပ်သင့်သလဲမွေးမြူရေးလုပ်ငန်းများ တိုးတက်လာစေရန်အတွက် မွေးမြူရေး ဇုန်များတိုးချဲ့ခြင်းနှင့် မွေးမြူရေးဇုန်များတွင် တိရစ္ဆာန်ကောင်ရေ ပိုမို မွေးမြူခြင်း၊ တိရစ္ဆာန်ရောဂါကာကွယ်ဆေး ထိုးပေးခြင်းနှင့် ဆေး ကုသပေးခြင်းအားဖြင့် ရော ဂါဖြစ်ပွားမှုကို လျော့ကျေ အာင် ဆောင် ရွက်ပေးနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် မွေးမြူရေးဆိုင်ရာ သင်တန်းများနှင့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက် ပေးခြ င်းဖြင့် မွေးမြူရေးဆိုင်ရာ အသိပညာများရရှိ၍ တိရစ္ဆာန်များ မွေးမြူတတ်လာခြင်းတို့ကြောင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်လာ စေနိုင်မည်ဖြစ်ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မွေးမြူရေးလုပ်ငန်းများ၊ ရေလုပ်ငန်းနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် သားငါးအစုအဖွဲ့များစုဖွဲ့ပြီး ဆောင်ရွက် ရန်နှင့် ဒေသခံပြည်သူများ ပါဝင်ဆောင်ရွက်၍ ဒေသအလိုက် သား ငါးထုတ်လုပ်မှု၊ စားသုံးမှုပိုလျှံ၍ တင်ပို့နိုင်မှုလိုအပ်၍ တင်သွင်းနိုင် မှုစသည်ဖြင့် ဈေးကွက်လိုအပ်ချက်အရ တစ်ပိုင်တစ်နိုင် ဟင်းစား အဆင့်မှ စီးပွားဖြစ်မွေးမြူရေးအဆင့်အထိ  မြှင့်တင်မွေးမြူနိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ထိုသို့ ဆောင်ရွက်နိုင်ရန် ငွေကြေးရင်းနှီးမြှုပ်နှံမှုရရှိရေး၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အလိုက် ပေါင်းစည်းလယ်ယာစနစ်  (Inte- grated Farming System)   တိုးချဲ့စုဖွဲ့ပြီး ဆောင်ရွက်ကြရန် လို အပ်ပါသည်။မွေးမြူရေးဆိုင်ရာလုပ်ငန်းကဏ္ဍများတွင် ကုလသမဂ္ဂ အေဂျင် စီများမှ ပူးပေါင်းပါဝင်ရေး၊ ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့အပြင် အထူးပြုကုမ္ပဏီများ တိုးချဲ့ဖွဲ့စည်းရေးနှင့် ဖိတ်ခေါ် ဆောင်ရွက်မှုများ၊ တိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပြည်ပ ရင်း နှီးမြှုပ်နှံမှုများ၊ ဖက်စပ်ဆောင်ရွက်ခြင်းဖြင့် မွေးမြူရေးနှင့် သားငါး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်တွင်းစားသုံးမှုဖူလုံစေရုံ သာမ က ပြည်ပသို့လည်း တိုးတက်တင်ပို့နိုင်မည်ဖြစ်ပါသည်။  ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးမွေးမြူရေးလုပ်ငန်းတွင် အခြားတစ်ဖက်မှလည်း ထုတ်လုပ်မှု စရိတ်လျော့နည်းကျဆင်းရေး၊ အရည်အသွေးမြှင့်တင်ခြင်းနှင့် ဝင်ငွေ ပိုမိုရရှိစေခြင်း၊ ဈေးကွက်ဝင်ရောက်နိုင်ရေး၊ အစုအဖွဲ့ဖြင့် ပူးပေါင်း ဆောင်ရွက်မှုများ အားပေးမြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါသည်။ ကျေးလက်နေပြည်သူများ အပိုဝင်ငွေရရှိရန် သားငါး ဆိုင်ရာ ခေတ်မီနည်းပညာသစ်များ သင်တန်းပို့ချေ ပးခြင်းဖြင့် ပေါင်း စည်းလယ်ယာစနစ်  (Integrated Farming System)  ပေါ်ထွက် လာစေရေးကို ဝိုင်းဝန်းကူညီေ ဆာင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါ သည်။ သို့မှသာ ဆန်စပါး၊ ပဲ၊ နှမ်း စသည့် ရာသီသီးနှံများ အလှည့် ကျ နှစ်သီး၊ သုံးသီးစိုက်ပျိုးခြင်းဖြင့် ပင်မဝင်ငွေ ( Primary Income) ရရှိသော်လည်း လေးလ၊ ငါးလအလှည့်ကျစောင့်၍ ရရှိမည့်ဝင်ငွေ ဖြစ်ရာ တစ်နိုင်တစ်ပိုင်ကြက်မွေးမြူခြင်း၊ ဝက်မွေးမြူခြ င်း၊ နွားမွေးမြူ ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ဒုတိယဝင်ငွေ (Secondary Income)  ရရှိလာနိုင်မည်ဖြစ်ပါသည်။  သင့်လျော်သည့် မူဝါဒနှင့်စည်းမျဉ်း၊ စည်းကမ်းများရေးဆွဲဖို့ လိုနေပါပြီတိရစ္ဆာန်မွေးမြူရေးနှင့် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းတွင် တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ယင်းသို့ဆောင်ရွက်ရာတွင်  ခေတ်မီနည်းပညာနှင့် မျိုးကောင်းမျိုး သန့်များဖြန့်ရေး၊ လုပ်ငန်းထူထောင်နိုင်ရေးနှင့် ရေရှည်တည်တံ့ရေး အတွက် သင့်လျော်သည့် မူဝါဒနှင့် စည်းမျဉ်း၊ စည်းကမ်းများရေးဆွဲ ခြင်း စသည့်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ပေးရန် လိုအပ် ပါသည်။  ပျားပျားမွေးမြူရေးအတွက် ပျားဘုရင်မမျိုးရိုး မြှင့်တင်ခြင်းနှင့် တန်ဖိုးမြှင့် ပျားထွက်ပစ္စည်းများအား ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် မျိုးကောင်းမျိုးသန့် ပျားဘုရင်မများကို ပြည်ပမှ မှာယူခြင်းနှင့် ပုဂ္ဂလိကအခန်းကဏ္ဍ၏ တန်ဖိုးမြှင့်ထုတ်ကုန် (Value added product)ထုတ်လုပ်ရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။  ရေချိုငါးငါးပုစွန်ထုတ်လုပ်မှုတွင် အင်းများ၌ ငါးမျိုးများ ချန်လှပ်၍ ဖမ်းဆီးရေးကို အခြေခံသော မွေးမြူရေးစနစ်  (Capture Based Culture Fisheries) ဖြင့် ငါးမွေးမြူခြင်း၊ စပါးခင်းများနှင့် မြစ်ချောင်း ရေပြင်များအတွင်း ငါးမျိုးများစိုက်ထည့် မွေးမြူခြင်းတို့ကို တိုးမြှင့် ဆောင်ရွက်နိုင်မည်ဆိုပါက ငါးပုစွန်ထုတ်လုပ်မှုတိုးတက် လာစေနိုင် မည်ဖြစ်ပါသည်။ အထွက်နှုန်းကောင်းသော ပြည်တွင်းငါး မျိုးကောင်းမျိုးသန့် များ ကျယ်ပြန့်စွာ မွေးမြူထုတ်လုပ်ရေး၊ ဒေသခံ  ရေသတ္တဝါ (Domestic Breed) မွေးမြူရေး လုပ်ငန်းများဖွံ့ဖြိုးရန်နှင့် ဒေသ နှင့်ကိုက်ညီသော ငါးမျိုးများကို မျိုးစပ်မွေးမြူသွားခြင်းဖြင့် ရေချို ငါး မွေးမြူရေးလုပ်ငန်းတိုးတက်လာစေနိုင်မည်ဖြစ်ပါသည်။  ရေငန်ငါးရေငန်ငါးလုပ်ငန်းတွင် ကမ်းနီးလှောင်အိမ်ဖြင့်  ငါးမွေးမြူခြင်း နှင့် ရေငန်ပုစွန်မွေးမြူခြင်း လုပ်ငန်းများကိုဆောင်ရွက်ပြီး Value added စက်ရုံများထူထောင်၍ နိုင်ငံခြားသို့ တင်ပို့နိုင်သည့်  တန်ဖိုးမြှင့် ထုတ်ကုန် (Value added  product) ထုတ်လုပ်ရေးလုပ်ငန်း များကို ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်း များပိုမိုရရှိလာပြီး  ဝင်ငွေတိုးတက်ရရှိ လာကာ ဆင်းရဲနွမ်းပါးမှုကို လျော့ချနိုင်မည်ဖြစ်သည့်အပြင် တိုင်းပြည်အတွက် နိုင်ငံခြား ဝင်ငွေ လည်း ပိုမိုရရှိလာနိုင်မည် ဖြစ်ပါသည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးမွေးမြူရေးလုပ်ငန်းများအတွက်  ဝန်ဆောင်မှုများပေးနိုင်ရန် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကို  တိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ် ပါသည်။ ယင်းသို့ဆောင်ရွက်ရန်အတွက် နိုင်ငံတကာအဆင့်မီ မွေး မြူရေးဆိုင်ရာ ဓာတ်ခွဲခန်းများ အသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်း၊ သားငါးကဏ္ဍဆိုင်ရာပညာရှင်များကို နိုင်ငံတကာအဆင့်မြင့် သင်တန်းများတက်ရောက်ရေးနှင့် မွေးမြူရေးလုပ်ဆောင်နေ သူများကို  ဌာနတွင်းကာလတို သင်တန်းများနှင့် ဒီပလိုမာသင် တန်းများ တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်းအပြင် ကျွမ်းကျင်ဝန်ထမ်းများဖြစ်ပေါ်လာစေရန် လေ့ကျင့်ပေးခြင်းများ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၏ တစ်စိတ် တစ်ဒေသဖြစ်သော မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးဆောင်ရွက်ရာ တွင် အထက်တွင်ဖော်ပြခဲ့သော လိုအပ်ချက်များကို သိရှိပြီး ရေရှည်ဖွံံ့ဖြိုး တိုးတက်စေနိုင်ရေးအတွက်    -    မျိုးကောင်းမျိုးသန့်များ  ထုတ်လုပ်ခြင်းတွင် နိုင်ငံ တော်သာမက ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ပါဝင်ဖြည့် ဆည်း ဆောင်ရွက်ပေးခြင်း၊    -    အသား၊ ငါးနှင့် ပျားတို့မှ တန်ဖိုးမြှင့်ထုတ်ကုန် (Value added  product)ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ  ဖိတ်ခေါ်၍ ပြည်တွင်း တိုင်းရင်းသားလုပ်ငန်းရှင်များနှင့်  ပူးပေါင်းဆောင် ရွက်ခြင်း    -    မွေးမြူရေးဆိုင်ရာ ခေတ်မီနည်းပညာများ  ဖြန့်ဖြူးပေး ခြင်းတို့ကို ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ထိုသို့ဆောင်ရွက်သွားနိုင်မှသာလျှင်  မွေးမြူရေးမှတစ် ဆင့် အသားငါးထုတ်လုပ်မှုများတိုးလာပြီး၊ စားသုံးနိုင်မှု တိုး လာကာ ပြည်သူလူထုအား ကယ်လိုရီတိုး၊ ခွန်အားတိုးလာစေ မည့်အပြင် ဝင်ငွေများလည်း တိုးတက်ရရှိလာစေနိုင်မည် ဖြစ်ပေ သည်။