Main menu

Background

ပြည်သူများကိုယ်တိုင် ပါဝင်ဆွေးနွေးပြီး ပြည်သူ့ဆန္ဒလက်တွေ့ဘဝနှင့် ကိုက်ညီသည့် ပြည်သူ့ဗဟိုပြုမူဝါဒနှင့် လုပ်ငန်းစဉ်များချမှတ်နိုင်ရန် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများက ဒေသအနှံ့ လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးပွဲများကျင်းပလျက်ရှိ

Mon, 08/27/2012 - 05:18 -- Anonymous (not verified)

နိုင်ငံတော်သမ္မတကြီးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူမှုစီးပွားရေးဘ၀ သိသိသာသာ တိုးတက် စေရန်ရည်သန်လျက် ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များကို အရှိန်အဟုန်ဖြင့် တိုးတက်အောင် ကြိုးပမ်းလျက်ရှိ သည်။ တစ်ဖက်ကလည်း ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရဖြစ်စေရန် ပြည်ထောင်စုဝန်ကြီးဌာန အသီး သီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ စီမံအုပ်ချုပ်လုပ် ကိုင်မှုပုံစံများကို ပြုပြင်ပြောင်းလဲလျက်ရှိသည်။

လိုအပ်သော ဥပဒေသစ်များ ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်သင့် သည့်ဥပဒေများအား ပြင်ဆင်ရေးဆွဲခြင်း၊ ဌာနဆိုင်ရာ အသီးသီး ၏ လုပ်ထုံးလုပ်နည်းများကို အဆင်ပြေချောမွေ့အောင် ပြင်ဆင် ဆောင်ရွက်လျက် ရှိသည်။ ပြုပြင်ပြောင်းလဲဆောင်ရွက်နေသော ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများသည် မိမိနိုင်ငံ၏ ဖွဲ့စည်း ပုံအခြေခံဥပဒေ၊ နိုင်ငံတော်၏မူဝါဒများနှင့် လိုက်လျောညီထွေရှိ ရေး၊ နိုင်ငံတကာ ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့် လိုက်လျောညီထွေ ရှိရေး၊ ပြည်ထောင်စုဝန်ကြီးဌာနများသာမက တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးပါမကျန် ဌာနဆိုင်ရာအားလုံး လက်တွေ့လိုက်နာ  ကျင့်သုံးအကောင်အထည်ဖော်ရန် ရှင်းလင်းလွယ်ကူရေး၊ ဈေး ကွက်စီးပွားရေးတွင် အဓိကလုပ်ကိုင်ဆောင်ရွက်ကြမည့်  အများ ပြည်သူလွယ်ကူ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားရေး ရည်မှန်းချက်များ အောင်မြင်ရေးနှင့်ချမှတ်သော မူဝါဒနှင့်လုပ်ငန်းစဉ်များသည် မကြာခဏ ပြင်ဆင်ပြောင်းလဲရ မှုမျိုးမရှိဘဲ စဉ်ဆက်မပြတ် ရေ ရှည်ဖွံ့ဖြိုးတိုး တက်အောင် မြင်အောင်ဆောင်ရွက်နိုင်သည့် ခိုင် မာသော မူဝါဒနှင့်လုပ်ငန်းစဉ် များဖြစ်ရေးအတွက်ဘက်ပေါင်းစုံမှ ဆွေးနွေးတိုင်ပင်ညှိနှိုင်းရန် လိုအပ်သည်။ထို့ကြောင့် အစိုးရဌာန ကျွမ်းကျင်သူများ သက်သက်ဖြင့် ညှိနှိုင်း ဆုံးဖြတ်ချမှတ်ခြင်းမျိုးဖြင့် လုံလောက်မည် မဟုတ်ဘဲ ပညာရှင်များ၊  အသင်းအဖွဲ့များ၊  ကုန်သည်လုပ်ငန်းရှင်များ၊ တောင်သူလယ်သမား၊ အလုပ်သမားအပါအဝင် ပြည်သူများ ပါဝင်သည့် လူထုလူတန်းစား အလွှာအသီးသီးက  အနာဂတ် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် ယခုကျင်းပနေသည့် ဆွေးနွေးပွဲ များတွင် ပါဝင်ဆွေးနွေးအကြံပြုကြရန်လိုအပ်သည်။ သို့မှသာ ပြည်သူများကိုယ်တိုင် ပါဝင်ဆွေးနွေးပြီး ပြည်သူ့ဆန္ဒ လက်တွေ့ ဘဝနှင့်ကိုက်ညီသည့် ပြည်သူဗဟိုပြု မူဝါဒနှင့်လုပ်ငန်းစဉ်များ ချမှတ် နိုင်မည် ဖြစ်သည်။နိုင်ငံတော်သမ္မတကြီးကလည်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် လုပ်ငန်းကဏ္ဍအလိုက်၊ ဒေသအဆင့်ဆွေးနွေးပွဲများ ကျင်းပပြီးစီးပါက ထိုဆွေးနွေးပွဲများမှရရှိသော အကြံပြုချက်၊ ဖော် ထုတ်ချက်များနှင့် ချမှတ်သင့်သောမူဝါဒ လုပ်ငန်းစဉ်များကို အမျိုး သားအဆင့်ဆွေးနွေးပွဲ၌ တစ်နိုင်ငံလုံး လွှမ်းခြုံဆွေးနွေးညှိနှိုင်းသွား မည်ဖြစ်၍ ဆွေးနွေးပွဲများအား ထိထိရောက်ရောက်အကျိုးရှိအောင် ကျင်းပဆောင်ရွက်ကြရန် လမ်းညွှန်ထားကြောင်း ကြားသိရသည်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးမှုအတွက် နိုင်ငံမှသုံးစွဲနိုင်သော ဘဏ္ဍာ ငွေ ဘတ်ဂျက်ဖြင့်လုပ်ငန်းကဏ္ဍအလိုက်၊ ဒေသအလိုက်တိုးတက် အောင် မည်သည့်လုပ်ငန်းများကိုတိုးတက်အောင် ဦးစားပေး  လုပ် ကိုင်ဆောင်ရွက်မည်ကိုလည်းကောင်း၊ ဘတ်ဂျက် အကန့်အသတ် ရှိသည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက်အောင် ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံမှုများဖြင့် မည်သည့်လုပ်ငန်းများကို တိုးတက်အောင် ဆောင် ရွက်သင့်သည်ကို လည်းကောင်း၊ အကယ်၍ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု မလာသောဒေသဖြစ်ပါက နိုင်ငံခြားချေးငွေကို မည် သို့ရအောင် ဆောင်ရွက်၍ နိုင်ငံတော်က မည်သို့ ရင်းနှီးမြှုပ်နှံလုပ် ကိုင်မည်ကိုလည်းကောင်း၊ နည်းလမ်းရှာဖွေ ကြိုးပမ်းရန်လိုပေသည်။ ဘတ်ဂျက်မရှိ၍ ထိုင်နေရမည့် ခေတ်မျိုးမဟုတ်တော့။ အခြားနိုင်ငံ များကို ရင်ဘောင်တန်းလိုလျင် အခြားနိုင်ငံ မည်သို့လုပ်ကိုင်သည်ကို လေ့လာနမူနာယူ၍ ကြိုးပမ်းဆောင်ရွက်ရန်လိုသည်။ တိုးတက်သွား သောနိုင်ငံများကို ကြည့်ပါက ကြိုးစားလုပ်ကိုင်လိုသော စိတ်ဓာတ် ရှိပြီး ပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်ဖြင့် အလုပ်ကြိုးစားသော လူမျိုးများဖြစ်ကြသည်ကို တွေ့ရသည်။ ကြိုးစားလုပ်ကိုင်လိုသော စိတ်ဓာတ်ရှိပါက နည်းပညာနှင့်အရင်းအနှီးကို မည်သည့်နည်း လမ်းဖြင့် ရနိုင်မည်ကို ကြိုးစားရှာကြံလုပ်ကိုင်မည်သာ ဖြစ်သည်။ ဤနေရာတွင် ကမ္ဘာကျော် စီးပွားရေးပညာရှင်များက တိုး တက်နေသော အိမ်နီးနားချင်းနိုင်ငံများ၏ နမူနာကိုယူပါ။ ထို နိုင်ငံများတွင် တွေ့ကြုံခဲ့သော အမှားသင်ခန်းစာများကြောင့် အချိန်ကြန့်ကြာခဲ့ရမှုကိုဖယ်ရှား၍ အောင်မြင်သော သင်ခန်း စာများကို အချိန်တိုတိုဖြင့် ရယူနိုင်သည့် အခွင့်အလမ်း မြန်မာ နိုင်ငံသားများအနေဖြင့် ရှိနေပြီးဖြစ်သည်ဟု ဆိုသည်။ ထိုအခွင့် အရေးကို လက်မလွတ်သင့်။ အချို့စီးပွားရေးပညာရှင်များကလည်း သဘာဝသယံ ဇာတ အရင်းအမြစ် ပေါ<ကယ်ဝတိုင်း လူ့စွမ်းအားအရင်းအမြစ် ၏ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကြောင့် ထိပ်တန်းနိုင်ငံအဖြစ် မရောက် နိုင်သည့်ဥပမာများကိုပြ၍ သဘာဝသယံဇာတ အရင်းအမြစ် များကို အကျိုးရှိ ထိရောက်စွာ စီမံခန့်ခွဲအသုံးပြုနိုင်သည့် လူ့စွမ်း အားအရင်းအမြစ်များဖြစ်ရန်လိုကြောင်း ထောက်ပြကြသည်။ ယခင်အစိုးရလက်ထက်က စီးပွားရေး တံခါးဖွင့်စေလိုသူ တို့က အားမလိုအားမရဖြစ်ခဲ့ကြသည်။ ယခုအစိုးရ လက်ထက်၌ စီးပွားရေး တံခါးဖွင့်သောအခါ မိမိတို့၏ စီးပွားရေးကုန်ထုတ် လုပ်ငန်းများ ထိခိုက်မည်ကို လုပ်ငန်းရှင်အချို့က စိုးရိမ်ပူပန် လျက် အကန့်အသတ်ဖြင့်သာ ဖွင့်ပေးရန် ပြောဆိုလာသည်။ ခေတ်ကာလသည် ရှေ့သို့သာ တရွေ့ရွေ့ ပြောင်းလဲလျက်ရှိ သည်။ အာဆီယံ စီးပွားရေးအသိုက်အဝန်းသည်လည်း လွတ် လပ်စွာကုန်စည်စီးဆင်းမှု၊ လွတ်လပ်စွာ ရင်းနှီးမြှုပ်နှံမှု စသည် ဖြင့်  ပြောင်းလဲရန်ပူးပေါင်းဆောင်ရွက်လာကြသည်။ အာဆီယံ အသိုက်အဝန်းသာမက  ကမ္ဘာ့အသိုက်အဝန်းကြီးသည်လည်း ဒေသအလိုက် ပူးပေါင် ဆောင်ရွက်မှုများ အဆက်မပြတ် တိုး တက်လျက်ရှိသည်။  ကိုယ့်တစ်ဦးတည်း တစ်နိုင်ငံတည်း ကိုယ့် သဘောနှင့်ကိုယ်ရပ်တည်၍ မရတော့သော ခေတ်ဖြစ်သည်။ အစိုးရဌာနများသည်ပင်လျှင် မိမိသဘောနှင့် မိမိတို့ မူဝါဒလုပ် ငန်းစဉ်များချမှတ်၍မရတော့။ ပြည်သူများ၏ ဆန္ဒပါဝင် သော ပွင့်လင်းမြင်သာမှုရှိသည့်၊ တာဝန်ယူမှုရှိသည့် အုပ်ချုပ်မှုခေတ် စနစ်တစ်ရပ်သို့ ပြောင်းလဲနေသည်။စီးပွားရေးလုပ်ငန်းရှင်တို့၏ ဝန်းကျင်တွင်လည်း အခွင့် အာဏာရှိသူတိ့ုနှင့်ချဉ်းကပ်၍အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးယူ သောခေတ်မှ ဈေးကွက်စီးပွားရေးစနစ် ပီပြင်လာသည်နှင့် ယှဉ် ပြိုင်ကြိုးစားရသည့်ခေတ်သို့ ရောက်ရှိလာပေသည်။ ပြည်တွင်း လုပ်ငန်းရှင်အချင်းချင်း ယှဉ်ပြိုင်ရသည့်အခြေအနေမှ နိုင်ငံတ ကာလုပ်ငန်းရှင်များနှင့် ယှဉ်ပြိုင်နိုင်အောင် မိမိတို့၏ အရည် အချင်းကို မြှင့်တင်ကြိုးပမ်းရမည့် အခြေအနေသို့ ရောက်ရှိလာ သည်။ မိမိတို့၏ ကုန်ထုတ်လုပ်မှုစွမ်းရည်နှင့်  အလုပ်သမားတို့၏ လုပ်အားစွမ်းရည်ကို မြှင့်တင်ဆောင်ရွက်ရန်  လိုအပ်လာသည်။ ထုတ်လုပ်မှုစရိတ် ကျဆင်းရေးနှင့် မိမိတို့ထုတ်ကုန်အရည်အသွေး မြင့်မားရေးတို့အတွက် ကြိုးပမ်းနိုင်မှသာ  ဈေးကွက်ယှဉ်နိုင်မည့် အနေအထားဖြစ်လာသည်။ ခေတ်ကိုလွန်ဆန်၍ မရတော့။အရင်း အနှီးနည်းသူတို့က အရင်းအနှီးကြီးသူကိုယှဉ်ပြိုင်ရန်  ခက်ခဲလာ သည်။ ထိုအခါ အရင်းအနှီးနည်းသူ အချင်းချင်းစုပေါင်း၍ အရင်း အနှီးကြီးထွားပြီး ယှဉ်ပြိုင်လာနိုင်အောင် ကြိုးစားရန်လိုလာသည်။ ဈေးကွက်ခိုင်မာရေးအတွက်ကိုလည်း  မိတ်ဖက်လိုအပ်လာသည်။ ထီးထီးရပ်၍ မရတော့။ ထို့ကြောင့် နိုင်ငံတော်က ပြည်သူလူထုတစ်ရပ်လုံးပါဝင်သော ဒေသ အဆင့်ဆွေးနွေးပွဲများနှင့် အမျိုးသားအဆင့်ဆွေးနွေးပွဲများ သည် စီးပွားရေးတံခါးဖွင့်ချိန်၌ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ကျော် လွှားနိုင်ရန်အတွက် လည်းကောင်း၊  မိမိနိုင်ငံတွင်ရှိသည့် သဘာ၀ သယံဇာတ အရင်းအမြစ်များကို အကျိုးရှိထိရောက်စေမည့် တန်ဖိုး မြှင့်ကုန်ထုတ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံထူထောင်ခြင်းဖြင့် နိုင်ငံ့စီးပွား ရေး တိုးတက်စေရန်အတွက် လည်းကောင်း၊ စိုက်ပျိုး ထုတ်လုပ် သည်မှ တင်ပို့ရောင်းချသည်အထိ Supply Chain  တစ်ခုလုံးတွင် ပါဝင်သော ပြည်သူတို့၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုး တက်ရေး၊ လူမှုစီးပွားရေးဘ၀ တိုးတက်ရေးအတွက်လည်းကောင်း အကြံကောင်းဉာဏ်ကောင်းများ ရရှိနိုင်မည်ဟု ယုံကြည်သည်။ ယခုအခါ ဒေသအသီးသီး၌ လယ်ယာလုပ်ငန်းခွင်မှ ရသော ဝင်ငွေဖြင့် မလုံလောက်သည့်အတွက်  အခြားနိုင်ငံ၊ ဒေသများသို့ သွားရောက်လုပ်ကိုင်နေရမှုများ၊ ဒေသတွင်း၌ လူဦးရေတိုးပွားလာ သော်လည်း အလုပ်အကိုင် အခွင့်အလမ်း တိုးမလာသည့်အတွက် အလုပ်အကိုင်အခွင့်အလမ်း  လိုအပ်နေမှုများကို အလုပ်အကိုင် အခွင့်အလမ်းများရရှိစေမည့် စီးပွားဖြစ်စိုက်ခင်းကြီးများ၊ ကုန်ထုတ် လုပ်ငန်းများ၊ စက်ရုံစုများ၊ စက်မှုဇုန်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဒေသအလိုက် ထူထောင်နိုင်မှသာလျှင် ပြည်သူတို့၏ လူမှုစီးပွားရေး ဘ၀ စနစ်တကျ တိုးတက်လာမည်ဖြစ်သည်။ သို့ရာတွင်ဒေသအလိုက် မည်သည့်နေရာဒေသသည်  မည်သည့်ရာသီဥတုရှိ၍ မည်သည့် နှစ်တိုနှစ်ရှည်သီးနှံကို  စီးပွားဖြစ်စိုက်နိုင်မည်ကို လည်းကောင်း၊ မြေဧကမည်မျှရှိ၍ တောင်သူလယ်သမားက မည်မျှလုပ်၍ တိုင်းရင်း သားလုပ်ငန်းရှင်နှင့် တောင်သူလယ်သမားပူးပေါင်းပြီး မည်မျှလုပ် ကိုင်မည်ကို လည်းကောင်း၊ သီးခြား မြေလွတ်မြေရိုင်း မည်မျှရှိ၍ တိုင်းရင်းသားလုပ်ငန်းရှင်ရင်းနှီးမြှုပ်နှံခြင်းမပြုနိုင်သော  လုပ်ငန်း မည်ရွေ့မည်မျှကို နိုင်ငံခြားသားနှင့် တိုင်းရင်းသားလုပ်ငန်းရှင်တို့ ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံခွင့်ပေးမည်ကိုလည်းကောင်း သို့တည်းမဟုတ် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူကို မည်သည့်ဒေသ၊ မည်သည့်နေရာ တွင် မည်မျှကို ခွင့်ပြုနိုင်မည်ကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် တိုင်းဒေသ ကြီး/ပြည်နယ်အစိုးရတို့က ဒေသခံပြည် သူတို့နှင့် ညှိနှိုင်းတွက်ချက်ရန်လိုသည်။ ပထမဦးစွာ ဒေသခံပြည်သူ တို့အတွက် ဦးစားပေးစဉ်းစား နေရာချထားခြင်းနှင့် တိုင်းရင်းသား လုပ်ငန်းရှင်နှင့် ဒေသခံပြည်သူတို့ ပူးပေါင်း ဆောင်ရွက်လုပ်ကိုင်နိုင် မည့် Contract Farming   စနစ်များ အပါအဝင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် ဦးစားပေးစဉ်းစားပြီးမှ မိမိဒေသခံ ပြည်သူနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များ လုပ်ကိုင်နိုင်ခြင်းမရှိသော ပမာဏကို ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်း များအတွက် စီမံဆောင်ရွက်ရမည်ဖြစ်ပေသည်။ ထို့ကြောင့် သတင်း အချက်အလက် ပြည့်စုံစွာရရှိရေးနှင့်  တွက်ချက်မှုတို့သည် မူဝါဒ နှင့် လုပ်ငန်းစဉ်များ ချမှတ်ရေးအတွက် အရေးပါကြောင်း တွေ့ရ သည်။နိုင်ငံတော်ကလည်း ဒေသအဆင့် ဆွေးနွေးပွဲများနှင့် အမျိုး သားအဆင့်ဆွေးနွေးပွဲများ ဆောင်ရွက်ပြီးပါက နိုင်ငံတကာဆွေးနွေး ပွဲများကို ဖိတ်ခေါ်ကျင်းပသွားရန်ဖြစ်ကြောင်း သိရသည့်အတွက် ဒေသအဆင့် ဆွေးနွေးပွဲများနှင့် အမျိုးသားအဆင့်ဆွေးနွေးပွဲများ၏ ဖော်ထုတ်ချက်များသည်  လွှတ်တော်က ဆွေးနွေးလျက်ရှိသော အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းရေးဆွဲဆောင်ရွက်ရေးအတွက် ဒေသအလိုက်၊ ကဏ္ဍအလိုက် Development Plan များ၊  Reform Strategyများအဖြစ် မြန်မာနိုင်ငံ၏ ခိုင်မာသော မူဝါဒနှင့် လုပ်ငန်းစဉ်များကို နိုင်ငံတကာသို့ချပြ၍ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်လမ်းကြောင်းသို့ ဦးတည်လျက် ရှိကြောင်း မှန်းဆရပေသည်။