Main menu

Background

မြန်မာနိုင်ငံ၏ အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုမှ တစ်ဆင့် စက်မှုကဏ္ဍ တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေး

Mon, 08/27/2012 - 05:24 -- Anonymous (not verified)

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်၍ ခေတ်မီသော စက်မှုနိုင်ငံအဆင့်သို့ တက်လှမ်းရာတွင် လယ်ယာကို အခြေခံသော ခေတ်မီ စက်မှုလုပ်ငန်းများ၊ လယ်ယာထုတ်ကုန်များ၊ တန်ဖိုးမြှင့်ထုတ်လုပ်သည့်လုပ်ငန်းများ တိုးတက်လာစေရေးသာမက အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများကို အလေးပေး ဆောင်ရွက်ရင်း အကြီးစား စက်မှုလုပ်ငန်းများ ဆက်လက် ထူထောင်နိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် မြန်မာ နိုင်ငံအပါအဝင် အာဆီယံနိုင်ငံများအကြား သဘောတူညီမှု ထားရှိသည့် လွတ်လပ်စွာ ကုန်သွယ်ခွင့်ကို အပြည့်အ၀ မျှော်မှန်းနိုင်ရန် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်ပြီး အကြီးစားစက်မှုလုပ်ငန်းများ ဆက်လက် ထူထောင်ခြင်းဖြင့် ပြည်ပသွင်းကုန်၊ အစားထိုး ထုတ်ကုန်နှင့် ပြည်ပပို့ ထုတ်ကုန်များ တိုးမြှင့်ဆောင်ရွက်ပြီး အပြန်အလှန် ကုန်သွယ်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများအတွက်စက်မှုကိုအခြေခံသည့် စီးပွားရေးစနစ်စတင်ရန် စက်မှုကိုအခြေခံသည့် နည်းဗျူဟာများ၊ မူဝါဒများကိုအကြမ်းအားဖြင့် သိရှိထားရန်နှင့် ယင်းနည်းဗျူဟာများ၊ မူဝါဒများ၏ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှုကို တွက်ချက် တိုင်းတာနိုင်ရန် စီးပွားရေးဆိုင်ရာ ညွှန်းကိန်းများကိုလည်း သတ် မှတ်ပေးရမည်ဖြစ်သည်။ဖွံ့ဖြိုးမှုနည်းသောနိုင်ငံများတွင် စက်မှုလုပ်ငန်းထက် လက်မှု လုပ်ငန်းကိုသာ အများအပြားလုပ်ကိုင်နိုင်ကြသည်။ စက်မှုလုပ်ငန်း မတိုးတက်ခြင်းမှာ နည်းပညာဖြန့်ကြက်မှု အားနည်းခြင်း၊ အရည် အသွေးပြည့်မီသော အလုပ်သမား လုံလောက်မှုမရှိခြင်း၊ ထွက် ရှိသော ထွက်ကုန်ပစ္စည်းများမှာလည်း အရည်အသွေး မပြည့်မီ ခြင်းတို့ကြောင့် ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အထူးစီးပွားရေးဇုန်များ တည် ထောင်ရန် လိုအပ်ပါသည်။ ယင်းကဲ့သို့ အထူးစီးပွားရေးဇုန်များ တည်ထောင်ခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမျာ ရရှိရန် အထောက် အပံ့ ဖြစ်စေသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရရှိလာသည်နှင့်အမျှ နည်းပညာသစ်များနှင့် ပြည်တွင်းပြည်ပဈေးကွက်များလည်း ပြောင်း လဲလာမည်ဖြစ်သည်။ အသေးစား စက်မှုလုပ်ငန်းများမှအစပြု၍ စီးပွားရေးဆိုင်ရာ အပြုအမူ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ၊ စီးပွားရေး အဖွဲ့အစည်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုစည်းဖြန့်ဝေခြင်းဖြင့် အသေးစား နှင့် အလတ်စားစက်မှုလုပ်ငန်းများ ခိုင်မာလာစေမည်ဖြစ်ပါသည်။ ထိုမှတစ်ဆင့် အကြီးစားစက်မှုလုပ်ငန်း တိုးချဲ့ထူထောင်ရာတွင်လည်း ကျွမ်းကျင်သည့် အတွေ့အကြုံများရရှိလာမည်ဖြစ်သည်။ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများမှ ထုတ် လုပ်သည့်  ကုန်စည်များ၏ အရည်အသွေးနှင့် အဆင့်အတန်း မြင့်မားမှု စသည့် ထုတ်လုပ်မှုအရည်အသွေးအစအဆုံးကို မြှင့် တင်ပေးရမည်။ ယင်းကဲ့သို့မြှင့်တင်ပေးခြင်းဖြင့် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ၏  ထုတ်လုပ်မှုအရည်အချင်းကို သာမက အလုပ်သမားများ၏ အရည်အသွေးကိုပါ နိုင်ငံတကာ အဆင့်မီသည်အထိ မြှင့်တင်ပေးရာရောက်၍  လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အသေး စားနှင့် အလတ်စားစက်မှုလုပ်ငန်းများကို အောက်ပါအတိုင်း ခွဲခြားထားသည်။ စဉ်    အကြောင်းအရာ    အသေးစား    အလတ်စား    အကြီးစား ၁။    မြင်းကောင်ရေအား(HP)    ၃ မှ ၂၅    ၂၅ မှ ၅၀    ၅၀ အထက် ၂။    လုပ်သားအင်အား    ၁၀ မှ ၅၀    ၅၀ မှ ၁၀၀    ၁၀၀အထက် ၃။    ရင်းနှီးမြှုပ်နှံမှု(ကျပ်သန်း)    ၁ ထိ    ၁ မှ ၅    ၅ အထက် ၄။    တစ်နှစ်ထုတ်လုပ်မှု    ၂ .၅ ထိ    ၂ .၅ မှ    ၁၀ အထက် (ကျပ်သန်း)        ၁၀     အထိအသေးစားစက်မှုလုပ်ငန်းများသည် အလွန်အရေးပါပြီး ယင်းလုပ်ငန်းကိုလုပ်ကိုင်ရာတွင် အရင်းအနှီးမများဘဲ လုပ်သား ကိုသာ အခြေခံ၍ လုပ်ကိုင်ရသောလုပ်ငန်းဖြစ်ပါသည်။ ထိုလုပ် ငန်းနှင့်သက်ဆိုင်သည့် အခွန်အခများ လျော့ပေါ့ကောက်ခံ ခြင်း၊ လုပ်ငန်းအတွက် လိုအပ်သည့် ငွေကြေးများကိုအတိုး နှုန်း သက်သက်သာသာ  အလွယ်တကူ ချေးယူနိုင်အောင် ဖန်တီးပေးခြင်းဖြင့် အသေးစားစက်မှုလုပ်ငန်းများ ပိုမိုတိုး တက်အဆင်ပြေလာပြီးအကြီးစားစက်မှုလုပ်ငန်းများ ထူ ထောင်လာနိုင်ရန် ဆွဲဆောင်လာနိုင်မည်ဖြစ်သည်။ အသေး စားနှင့် အလတ်စားစက်မှုလုပ်ငန်းများအတွက် ဈေးကွက် အခွင့် အလမ်းများကိုလည်း ဖန်တီးပေးပြီး ဈေးကွက်များကိုလည်းချဲ့ထွင် ပေးရပါမည်။ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်း လုပ် ကိုင်နေသူများကို လုပ်ငန်းနှင့်ပက်သက်သည့် ခေတ်မီနည်းပညာ များနှင့် စက်ပစ္စည်းသုံးစွဲမှုများကိုလည်း မျှဝေပညာပေးဆွေးနွေးမှု ပြုလုပ်ပေးရမည်။ အလုပ်သမားများကိုလည်း ကျွမ်းကျင်လုပ်သား များဖြစ်သည်အထိ ပြုစုပျိုးထောင်ပေးရမည်။        မြန်မာနိုင်ငံတွင် အခြားနိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် အလုပ်သမား အများအပြားအသုံးပြုရသည့် အကြီးစား Cutting Making Packaging လုပ်ငန်းအချို့ ရှိသည်။ ယင်း ဃဏြ လုပ်ငန်းကြီးများသည် ကုန်ကြမ်းအားအခြားနိုင်ငံမှ မှာယူတင် သွင်းပြီး ထုတ်လုပ်မှုအစအဆုံးအား မြန်မာနိုင်ငံ၌သာ ပြုလုပ် ပါသည်။ အလုပ်သမားများ၊ အောက်ခြေဝန်ထမ်းများကိုလည်း နည်းပညာနှင့်ပတ်သက်၍ အတွေ့အကြုံများကိုလည်း အခြား နိုင်ငံသို့စေလွှတ်၍ သင်ယူစေခဲ့သည်ကို တွေ့ရှိရပါသည်။ ထိုကဲ့သို့ သောလုပ်ငန်းများ အများအပြားရင်းနှီးမြှုပ်နှံလာနိုင်ပါက မြန်မာ နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်နှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်မြင့်မားလာနိုင်ပါသည်။အသေးစားနှင့်  အလတ်စား  စက်မှုလုပ်ငန်းများကို အထောက်အကူပြုစေသည့် စက်မှုလက်မှု အတတ်ပညာကျောင်း များထူထောင်ပေးရမည်။ ယင်းသို့ ထူထောင်နိုင်ရန်အတွက် ငွေကြေးထောက်ပံ့မှုများလည်း လိုအပ်မည်ဖြစ်ပါသည်။ ထိုကဲ့သို့ ကျွမ်းကျင် လုပ်သားများမွေးထုတ်ပေးပြီး နည်းပညာများ ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာစေရန် စွန့်စားတီထွင်မှုများလည်း ပြုလုပ်ကြ ရမည်။လူငယ်များ၏စူးစမ်းတီထွင်မှုများကို အားပေးကူညီမှုများ လုပ်ဆောင်ပေးရမည်။ အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရန်  ၎င်းင်းလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင် ကြမည့် လုပ်သားအရင်းအမြစ်များကိုလည်း အခြေခံပညာအရည် အချင်း၊ လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံ၊ ဗဟုသုတ၊ စီမံခန့်ခွဲမှု အရည်အချင်းများအတွက် ထောက်ပံ့မှုများ ပြုလုပ်ပေးရမည်ဖြစ် သည်။မြန်မာနိုင်ငံတွင် အလုပ်သမားဦးရေ ၁၀၀ ဦးအထက် စက် ရုံအလုပ်ရုံများမှာ ရာခိုင်နှုန်းအနည်းငယ်သာ ရှိပါသည်။ နိုင်ငံ သားများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုများပြားလာစေရန် လက်ရှိအလုပ်သမားဦးရေ ၁၀၀ ဦးအောက်ရှိ  အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများကို နည်းပညာအကူအညီများ ပံ့ပိုး ပေး၍ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်ပြီး ပြည် တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်၍ လုပ်သားအင်အား များများသုံးသည့် စက်မှုလက်မှုလုပ်ငန်းများ တိုးချဲ့ထူထောင်ခြင်း ဖြင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိကာ ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်သည်။အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ တိုးတက်ဖွံ့ ဖြိုးမှုအတွက် ဘဏ္ဍာငွေအခက်အခဲသည် အရေးပါသည့်အဟန့် အတားတစ်ခုအနေဖြင့် ရှိနေပါသည်။ အသေးစားနှင့် အလတ် စား စက်မှုလုပ်ငန်းများ ရှင်သန်တိုးတက်လာစေရန်အတွက် အစိုးရအနေဖြင့် ၎င်းတို့ရေရှည်တည်တံ့နိုင်မည့် ဘဏ္ဍာရေးဆိုင် ရာဈေးကွက်နှင့် အဖွဲ့အစည်း များ စီမံပေးရန်လိုအပ်ပါသည်။ အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေစီမံ ကိန်းများ၊ အတိုးနှုန်းသက်သာစွာဖြင့် ဘဏ္ဍာငွေရယူနိုင်သည့် အခြေအနေ များကိုလည်း ဖန်တီးပေးရမည်ဖြစ်သည်။ ကျောထောက်နောက်ခံ ပိုင်ဆိုင်မှုမရှိသူများ သာမန်စီးပွားရေးဘဏ်မှ ချေးငွေမရနိုင်သူ များအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆောင်ရွက်ချက်နှင့် လုပ်ဆောင် မည့် စီမံကိန်းများအပေါ် အခြေခံပြီး ချေးငွေလိုအပ်ချက်ကို အလွယ်တကူရှိစေနိုင်သည့်  လုပ်ငန်းမျိုးထားရှိပေးသွားရမည်။ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများသည် အလုပ် အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာစေခြင်းနှင့် သယံဇာတ အရင်းအမြစ်များကို ထိရောက်စွာအသုံးပြုခြင်း၊ ဒေသ၏ လူမှု စီပွားဖွံ့ဖြိုးမှု ဖြစ်ပေါ်စေခြင်းနှင့် Small and Medium Enterprises  စွမ်းဆောင်နိုင်မှုနှင့် ကုန်ထုတ်စွမ်းအား ပိုမိုကောင်း မွန်လာစေခြင်း၊ ညှိနှိုင်းမှုစွမ်းအား ပိုမိုကောင်းမွန်လာစေ ခြင်းနှင့် ယှဉ်ပြိုင်မှုစွမ်းအားလည်း တိုးပွားစေနိုင်ပါသည်။ ယင်းအသေး စားနှင့် အကြီးစားစက်မှုလုပ်ငန်းများကို လုပ်ကိုင်လာခြင်းကြောင့် လုပ်ငန်းတစ်ခုနှင့်တစ်ခု ပူးပေါင်းဆောင်ရွက်မှုတိုးတက်လာခြင်း၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းများ အထက်အောက် စီးဆင်းမှု   နှုန်း မြန်ဆန်ခြင်း၊ ထုတ်ကုန်များ၏ အရည်အသွေး ပိုမိုကောင်း မွန်လာခြင်း၊ အဆင့်အတန်းနှင့် စံနှုန်းများ သတ်မှတ်လာနိုင်ခြင်း၊ စက်မှုဆိုင်ရာ လုပ်ငန်းများအကြား ချိတ်ဆက်မှုပိုမိုကောင်းမွန် လာခြင်းတို့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း ဆွဲဆောင် လာနိုင်ခြင်းစသည့် ခံစားခွင့်များရရှိလာနိုင်ပါသည်။