Main menu

Background

လျှပ်စစ်ဓာတ်အား မည်မျှ သုံးစွဲနိုင်သလဲ

Mon, 08/27/2012 - 05:20 -- Anonymous (not verified)

မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာနသည် စက်တပ်ဆင်အင်အား  ၅  မဂ္ဂါဝပ်အထက် အကြီးစား ရေအားလျှပ်စစ်စက်ရုံများ ၏ထုတ်လုပ်မှုကို ဆောင်ရွက်ပြီး၊ အမှတ် (၂) လျှပ်စစ်စွမ်း အားဝန်ကြီးဌာနသည် စက် တပ်ဆင် အင်အား ၅ မဂ္ဂါဝပ်နှင့် ၅ မဂ္ဂါဝပ်အောက် အသေးစား ရေအား လျှပ်စစ်ထုတ်လုပ်မှု၊ ရေနွေးငွေ့၊ သဘာဝဓာတ်ငွေ့၊ ဒီဇယ် လောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများနှင့် ဓာတ်အား ဖြန့်ဖြူးမှု လုပ်ငန်းများကို ဆောင်ရွက်ပါသည်။

လက်ရှိအခြေအနေ၌ ရေအားတွင် အကြီးစား စက်ရုံ ၁၉ ရုံ၊ အသေးစားစက်ရုံ ၃၂ ရုံ၊ ကျောက်မီးသွေး သုံး ရေနွေးငွေ့ အားနှင့် သဘာဝဓာတ်ငွေ့အားစက်ရုံ ၁၁ ရုံတို့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူး ပေးလျက် ရှိပါသည်။ ပုဂ္ဂလိကအခန်းကဏ္ဍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် ဇီဝလောင် စာ၊ စပါးခွံလောင်စာ၊ နေစွမ်းအင်၊ လေ အား၊ ရေအားနှင့်  ဒီဇယ်တို့ဖြင့် ထုတ်လုပ်အသုံးပြုလျက်ရှိပါသည်။ ပုဂ္ဂလိက ပိုင်အခန်း၌ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက် ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊  ရှမ်း ပြည်နယ်အရှေ့ပိုင်းနှင့် မွန်ပြည်နယ် တို့တွင် အများဆုံးထုတ်လုပ်သုံးစွဲနေပြီး ထိုပြည်နယ်နှင့် တိုင်းဒေသ ကြီးများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ပုဂ္ဂလိက ပိုင်အခန်း၏ ၅၀ ရာခိုင်နှုန်းကျော် ရှိ ပါသည်။ရေအားလျှပ်စစ်  Hydro  Power  (hydroelectricity)  ထုတ် လုပ်ရန်အတွက် တည်ဆောက်ဆဲ ရေအားလျှပ် စစ်စီမံကိန်းများကို  အချိန်တိုအတွင်း ပြီးစီးရန်၊ တည်ဆောက်ပြီး ရေအားလျှပ် စစ်စီမံ ကိန်းများကို စက်စွမ်းအားပြည့်လည်ပတ်၍ ထုတ်လုပ်ဖြန့်ဖြူးရန်၊   ဖြစ်မြောက်နိုင်စွမ်းရှိသောရေအားလျှပ်စစ် အရင်းအမြစ်များကို စူးစမ်း ရှာဖွေသည့်လုပ်ငန်းများဆောင်ရွက်ရန်ဟူသော ရည်မှန်းချက် (၃)ရပ် ချမှတ်ပြီး  ရည်မှန်းချက်များအောင်မြင်ရန်  မူဝါဒ(၉) ရပ်ချ မှတ်ကာ နည်းလမ်းသုံးသွယ်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ရာ၌နိုင်ငံတော် ဘတ်ဂျက်ဖြင့် ဆောင်ရွက်သော နည်းလမ်းတွင် လုပ်ငန်းစီမံကိန်း ၁၃ ခု၊  တိုင်းရင်းသားလုပ်ငန်းရှင်များ  (Local Entrepreneurs) အား  ရင်းနှီးမြှုပ်နှံမှု တွင် ပါဝင်ရန် ဖိတ်ခေါ်၍ B.O.T (Build, Operate  and  Transfer) စနစ် အခြေခံဆောင်ရွက်သော လုပ်ငန်း ရှစ်ခု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု  J.V/B.O.T(Joint  Venture / Build, Operate  and  Transfer)  စနစ်အခြေခံဆောင်ရွက်သော  လုပ်ငန်း စီမံကိန်း ၄၄ ခုရှိကြောင်း သိရပါသည်။မြန်မာနိုင်ငံတွင် နိုင်ငံတော်မဟာဓာတ်အားလိုင်းစနစ်မှ   ဖြန့် ဖြူးခြင်း (National   Power  Grid) ၊ မဟာဓာတ်အားလိုင်းစနစ် နှင့်ဝေးကွာသော အရပ်ဒေသများသို့  အသေးစားရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများတည်ဆောက်၍ ဓာတ်အားပေးခြင်း၊  ဒီဇယ် အင်ဂျင်စက်များဖြင့်  ဓာတ်အားပေးခြင်း၊  ဒေသအာဏာပိုင် ရပ်မိ ရပ်ဖများဖြင့် ပြည်သူသဘောတူ  မီးလင်းရေးကော်မတီများ ဖွဲ့စည်း ၍ ဒီဇယ်အင်ဂျင်စက်များ၊  အသေးစားရေအား လျှပ်စစ်စက်ရုံများ တည်ဆောက်ပြီး ဓာတ်အားပေးခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့်   ဆက် စပ်နေသော  ဒေသအချို့တွင်  အိမ်နီးချင်းနိုင်ငံများမှ   ဓာတ်အား ဝယ်ယူ၍  ဓာတ်အားဖြန့်ဖြူးပေးခြင်း (တရုတ်-ကချင်၊ရှမ်း မြောက်/ ထိုင်း-ရှမ်းအရှေ့၊ ကရင်) စသည့် နည်းလမ်းငါးမျိုးဖြင့် လျှပ်စစ်ဓာတ် အားပေးလျက်ရှိပါသည်။၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်၊   မတ်လကုန် အခြေအနေ၌  အမှတ် (၁)နှင့် အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနများမှ  တပ်ဆင်ထား သည့်စက်အင်အား ၃၅၂၈ မဂ္ဂါဝပ်တွင် ရေအားဖြင့်၂၆၃၃ မဂ္ဂါ ဝပ် အချိုးအစားအားဖြင့် ၇၄ ရာခိုင်နှုန်း၊  ရေနွေးငွေ့အားဖြင့် ၂၈၅ မဂ္ဂါဝပ် အချိုးအစားအားဖြင့် ၈ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ အားဖြင့် ၅၅၀ မဂ္ဂါဝပ် အချိုးအစားအားဖြင့်  ၁၆ ရာခိုင်နှုန်း၊ ဒီဇယ် အားဖြင့် ၆၀ မဂ္ဂါဝပ် အချိုးအစားအားဖြင့် ၂ ရာခိုင်နှုန်း  အသီးသီးပါ ဝင်ပါသည်။ အဆိုပါတပ်ဆင်အင်အားများမှ ထုတ်လုပ်ပေးသည့် လျှပ်စစ်ဓာတ်အားမှာ ပြီးခဲ့သော ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်၌ ကီလို ဝပ်နာရီ ၉၇၁၁ သန်းဖြစ်ပြီး အမျိုးအစားအလိုက်  လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ ရေအားတွင်  ကီလိုဝပ်နာရီ ၆၈၀၅ သန်း အချိုးအစား အားဖြင့် ၇၀ ရာခိုင်နှုန်း၊ ရေနွေးငွေ့အားတွင် ကီလိုဝပ်နာရီ ၇၅၀ သန်း  အချိုး အစားအားဖြင့် ၇ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့အား တွင် ကီလိုဝပ် နာရီ ၂၁၁၈ သန်း  အချိုးအစားအားဖြင့် ၂၂ ရာခိုင် နှုန်း၊ ဒီဇယ်အားတွင် ကီလိုဝပ်နာရီ ၃၈ သန်း အချိုးအစားအားဖြင့် ၁ ရာခိုင်နှုန်း အသီးသီးဖြစ်ပါသည်။  စုစုပေါင်းသုံးစွဲသည့် လျှပ်စစ် ဓာတ်အားမှာ ကီလိုဝပ်နာရီ ၇၇၀၃ သန်းဖြစ်ပြီး  စက်ရုံသုံးတွင် ကီလိုဝပ်နာရီ ၂၇၁၃ သန်း အချိုးအစားအားဖြင့် ၃၅ ရာခိုင်နှုန်း၊ အိမ်သုံးတွင် ကီလိုဝပ်နာရီ ၃၃၈၁ သန်း  အချိုးအစားအားဖြင့် ၄၄ ရာခိုင်နှုန်း၊ ဆေးရုံ၊ ရုံး၊ ကျောင်း စသည့် အသုံးတွင် ကီလိုဝပ်နာရီ ၁၅၃၂ သန်း အချိုးအစားအားဖြင့် ၂၀ ရာခိုင်နှုန်း၊ အထွေထွေသုံး တွင် ကီလိုဝပ်နာရီ ၇၇ သန်း  အချိုးအစားအားဖြင့် ၁ ရာခိုင်နှုန်း  အသီးသီး သုံးစွဲခဲ့ပါသည်။အသားတင် ထုတ်လုပ်ပေးနိုင်သည့်  လျှပ်စစ်ဓာတ်အားနှင့်   အသုံးပြုနိုင်သော လျှပ်စစ်ဓာတ်အားတို့ကို နှိုင်းယှဉ်ကြည့်ပါက လျှပ် စစ်ဓာတ်အားပျောက်ဆုံးမှုများရှိနေပါ၍  လျှပ်စစ်ဓာတ်အား ပျောက် ဆုံးမှုနှုန်း  ကျဆင်းရေးအတွက်  ဓာတ်အားဖြန့်ဖြူးရေးလိုင်းကြိုးများ  ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဓာတ်အားပျောက်ဆုံးမှုနည်းနည်းနှင့် ပို့လွှတ် နိုင်ရေးအတွက်  ၅၀၀  ကေဗွီဗို့အားစနစ်သို့  တိုးမြှင့်အသုံးပြုခြင်း လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့်  လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုကို  လျှော့ချနိုင်ပြီး  ပိုမိုသုံးစွဲလာနိုင်မည်ဖြစ်ပါသည်။  မြန်မာနိုင်ငံ၏   လက်ရှိ ဓာတ်အားပို့လွှတ်မှုစနစ်မှာ ၂၃၀ ကေဗွီဗို့အားစနစ်ဖြစ်ပြီး  International  သုံး ၅၀၀ ကေဗွီဗို့အားစနစ်သို့ တိုးမြှင့်ရာတွင် ကုန် ကျစရိတ်မှာ  အလွန်မြင့်မားသည့်အတွက် လတ်တလောအားဖြင့်   စီစဉ်ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း အဘက်ဘက်မှ ဆောင် ရွက်နိုင်သည့် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ရန်စီစဉ်ဆဲဖြစ်ကြောင်း သိရှိရပါသည်။ နှစ်တိုနှစ်ရှည်စီမံကိန်းများ လျာထားရာတွင်  နှစ်ရှည် စီမံကိန်းများကို တိုးတက်လာမည့်လူဦးရေ၊ စီးပွားရေးတိုးတက်မှု အခြေအနေများပေါ်မူတည်၍   လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင် မည့် စွမ်းအင်အရင်းအမြစ်များအနက်မှ စီးပွားရေးအရ တွက် ခြေအကိုက်ဆုံး  စီမံကိန်းများကို ဦးစားပေးရွေးချယ်လျာထားပါ သည်။ ဤသို့ လျာထားရာတွင် ဖြစ်မြောက်နိုင်စွမ်း  တိုင်းတာ ပြီးသော ရေအားလျှပ်စစ်စီမံကိန်းများမှ စီးပွားရေးအရ တွက်ခြေကိုက်သော စီမံကိန်းများ၊ ပြည်တွင်းသုံးရန်နှင့် ပိုလျှံပါက ပြည်ပသို့ရောင်းချပြီး နိုင်ငံခြားဝင် ငွေရရှိနိုင်မည့် စီမံကိန်းများ ကို  ထည့်သွင်းလျာထားပါသည်။ နှစ်တိုစီမံကိန်းများကို အကောင် အထည်ဖော်မည့် ကာလတိုအတွင်း တိုးတက်လိုအပ်လာမည့်  လျှပ်စစ်ဓာတ်အား၊ ရရှိနိုင်မည့် စွမ်းအင်အရင်းအမြစ်၊ ရင်းနှီး မြှုပ်နှံနိုင်မှု အခြေအနေများကို အခြေခံ၍ ရေးဆွဲပါသည်။  ဤသို့လျာထားရာတွင် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ များတွင် စွန့်ပစ်အပူသုံး ဘွိုင်လာနှင့် ဓာတ်အားပေးစက် များ တိုးချဲ့တပ်ဆင်တည်ဆောက်ခြင်း၊ အချိန်တိုအတွင်း အကောင် အထည်ဖော်နိုင်မည့် ရေအားလျှပ်စစ်စီမံကိန်းများကို ဦးစားပေး လျာထားပါသည်။   ကမ္ဘာ့နိုင်ငံအများစုတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို  ကျောက်မီးသွေးမှ ၄၀ ဒသမ ၈ရာခိုင်နှုန်း၊ သဘာဝဓါတ်ငွေ့မှ ၂၁ ရာခိုင်နှုန်း၊ ရေအားလျှပ်စစ်မှ ၁၆ ဒသမ ၂ ရာခိုင်နှုန်း ထုတ်ယူ သုံးစွဲကြောင်း  ၂၀၀၈ ခုနှစ် စာရင်းဇယားများအရ သိရှိရပါသည်။ ရေအားလျှပ်စစ်မှ  လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည်  သန့်စင် သည့်စွမ်းအင် Green  Energy ဟူ၍ အများအားဖြင့် သတ်မှတ် ထားသော်လည်း ထုတ်လုပ်မှုပမာဏ  ကြီးမားလာသည်နှင့်အမျှ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကြီးမားလာခြင်း၊ ဆည်တည်ဆောက် မှု ဧရိယာကြီးမားလာသည်နှင့်အမျှ ပြည်သူများ၏ လူမှုဘဝများ အပေါ်သက်ရောက်မှုကြီးမားလာခြင်း၊  ဇီဝမျိုးစိတ်များနှင့်ဂေဟစနစ် ကို ထိခိုက်နိုင်မှုကြီးမားလာခြင်း၊ မိုးရာသီကာလများတွင် ဆည်များ အတွင်း  ရေသိုလှောင်သည့်ပမာဏထက် ပိုမိုလာပါက ကြုံတွေ့နိုင် သည့် ရေကြီးရေလျှံမှုများကြောင့်  လူမှုစီးပွားရေးထိခိုက်ခြင်း စသည့် ဆိုးရွားသည့်  အကျိုးဆက်များအရ  ရေအားလျှပ်စစ်သည် အမှန် တကယ်သန့်စင်သော စွမ်းအင်ဟုတ်၊ မဟုတ် ငြင်းချက်ထုတ်စရာဖြစ် လာပါသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်း ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တိတိကျကျပေါ်ပေါက်ရန် လိုအပ် ပါသည်။ မြန်မာနိုင်ငံ၏ တစ်နှစ်ပျမ်းမျှ ကျောက်မီးသွေးထုတ်လုပ်မှုမှာ  မက်ထရစ်တန် (၇)သိန်းကျော်ရှိပြီး၊  ကျောက်မီးသွေး သတ္တုသိုက် လက်ကျန်မှာ  မက်ထရစ် တန် ၄၉၅ ဒသမ ၁၀၉ သန်းရှိနေသဖြင့်  ထပ်မံ၍တိုးမြှင့်ထုတ်လုပ်လျှင်လည်း  နှစ်ပေါင်းများစွာ ထုတ်ယူသုံးစွဲ နိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ကျောက်မီးသွေးသုံး  ရေနွေး ငွေ့ဓာတ်အားပေးစက်ရုံများ ထပ်မံတည်ဆောက်ပါက ၎င်းင်းအတွက် လိုအပ်သော ကုန်ကြမ်းကို ပြည်တွင်း၌ လုံလောက်စွာရရှိနိုင်မည်ဖြစ် ပါသည်။  သို့သော် မြန်မာနိုင်ငံမှထွက်ရှိသော  ကျောက်မီးသွေးမှာ  ပြင်ပလေနှင့်ထိတွေ့လျှင် အခဲမှအမှုန့်ဖြစ်ခြင်း၊ (၆) ပေအထက်မြင့် အောင်ပုံထားလျှင်  အလိုအလျှောက် မီးလောင်ခြင်း၊ ဆာလဖာဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့ထွက်ခြင်းတို့ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်း မှုဖြစ်စေသည့်အတွက် (Clean Coal Technology) နည်းပညာ အသုံးပြု၍  ကျောက်မီးသွေးကိုဆင့်တက်ပြုပြင်ပြီး သုံးစွဲနိုင်မှသာ လျှင်  သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို  ကာကွယ်နိုင်မည်ဖြစ် သဖြင့် အဆိုပါနည်းပညာရရှိရေးအတွက် သတ္တုတွင်းဝန်ကြီးဌာနမှ  စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ ပြန်လည်ပြည့်ဖြိုးမြဲ ဖြစ်သော နေရောင်ခြည်အား၊ လေအားနှင့် ဇီဝစွမ်းအင်တို့ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို နိုင်ငံတော်မှ အားပေးလျက်ရှိရာ ပုဂ္ဂလိကပိုင် အခန်းမှ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ နေရောင်ခြည်ကောင်းစွာ ရရှိသော မြန်မာ ပြည်အလယ်ပိုင်းနှင့် တောင်ပေါ်ဒေသများတွင် နေရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ် လုပ်ခြင်းကို ပုဂ္ဂလိကပိုင်အခန်းမှ အစုအဖွဲ့ဖြင့်  အလေးပေး ဆောင်ရွက်သင့်ပြီး လေရဟတ် အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို တစ်စက္ကန့်လျှင် လေတိုက်နှုန်း ၅ မီတာခန့်ရှိသော ကမ်းရိုးတန်းဒေသများတွင် ပိုမိုသင့်လျော်ပါသည်။ လယ်ယာ ကဏ္ဍ၏စွန့်ပစ်ပစ္စည်းများဖြစ်သော စပါးခွံ၊ ကြံဖတ်၊ လွှစာ အစ ရှိသည်တို့မှ အပူကို ရယူထုတ်လုပ်သော ဇီဝစွမ်း အင်ဖြင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုမျိုးကို မြန်မာတစ်နိုင်ငံလုံးရှိ  ဒေသအနှံ့ အပြားတွင် ဆောင်ရွက်နိုင်ပါသည်။လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပုဂ္ဂလိကပိုင် အခန်းမှ တစ်ဦး တစ်ယောက်ချင်းသော် လည်းကောင်း၊ ကုမ္ပဏီ/ အဖွဲ့ အစည်းများအနေဖြင့်သော် လည်းကောင်း နိုင်ငံတော်၏ ခွင့်ပြု ချက်ရယူကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို  တစ်တပ်တစ်အား ပံ့ပိုးနိုင်ရန်နှင့် ပြည်သူလူထု၏ လိုအပ်လျက်ရှိသော လျှပ်စစ် ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရန် ပိုမိုအလေးပေးဆောင်ရွက် သင့်ပါသည်။ လျှပ်စစ်ဓာတ်အား တစ်ယူနစ်ဈေးနှုန်းများသည်  နေရာဒေသ အလိုက်၊  ထုတ်လုပ်မှုနည်းအလိုက် ကွာခြားလျက်ရှိပါသည်။ နိုင်ငံတော်မှ လျှပ်စစ်ဓာတ်အား တစ်ယူနစ်ဈေးနှုန်းသည် အိမ်သုံးတွင် ၃၅ ကျပ်၊ စက်ရုံသုံးတွင် ၇၅ ကျပ်ရှိသော်လည်း  ပုဂ္ဂလိကထုတ်လုပ်သူများ၏  တစ်ယူနစ်ပျမ်းမျှရောင်းဈေးသည်  ၁၀၀ ကျပ်မှ  ၆၀၀ ကျပ်ခန့်အထိ ရှိပါသည်။ မဟာဓာတ်အား လိုင်းစနစ် (National   Grid) လွှမ်းခြုံ သောဒေသများတွင်  ဓာတ်အားခနှုန်းထားများ သက်သာပြီး မဟာဓာတ် အားလိုင်းစနစ်နှင့် ဝေးကွာသောဒေသများတွင်  ပုဂ္ဂလိက ထုတ်လုပ်မှု  ဓာတ်အားပေးစနစ်များအလိုက်  တစ်ယူနစ် ဓာတ်အားခနှုန်း ထားများ မြင့်မားကြောင်း တွေ့ရှိရပါသည်။    ပုဂ္ဂလိက ကဏ္ဍတွင်  လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် လုပ် ငန်းကို  အပြိုင်အဆိုင်ဆောင်ရွက်ခြင်းဖြင့်  ပြည်သူများသို့ လုံခြုံမှုစနစ်နှင့် ကောင်းမွန် သော ဝန်ဆောင်မှုနှင့်အညီ သင့်တော်သော ဈေးနှုန်းဖြင့်ရောင်းချနိုင်ပြီး နိုင်ငံတော်အနေဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုဝန်ထုပ်ဝန်ပိုးကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် လျှပ်စစ်ဓာတ်အား  ထုတ် လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းသည် စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်လာပြီး လျှပ်စစ် ဓာတ်အားဈေးကွက် ဖွံ့ဖြိုးတိုးတက်လာသည့်အတွက် ပုဂ္ဂလိကလျှပ်စစ် ဓာတ်အားထုတ်လုပ်မှုကဏ္ဍကို  အလေးပေးမြှင့်တင်သွားရမည် ဖြစ်ပါသည်။ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများအား ဖြေလျော့ပေးမှုနှင့်အတူ လျှပ်စစ် ဓာတ်အားဈေးကွက်တွင် ဖြစ်ပေါ်လာမည့်  ယှဉ်ပြိုင်မှုများကို   ကြီးကြပ်ရန် လွတ်လပ်သော ဓာတ်အားစနစ်စီမံခန့်ခွဲပေးသည့် (Independent  System  Operator-ISO)  ကို ဖွဲ့စည်းပေးထားပြီး လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်ကို အပ်နှင်းထားကြောင်း သိရှိရပါသည်။ ISO  မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးမှုတွင်ပါဝင်ရင်းနှီး မြှုပ်နှံမှုမပြုမှသာလျှင် လျှပ်စစ်ဓာတ်အားလုပ်ငန်း ရှင်များအနေဖြင့် လွတ်လပ်စွာဆောင်ရွက်နိုင်ပြီး သင့်တင့်မျှတသော ဓာတ် အားခနှုန်းထားများ ကောက်ခံစည်းကြပ်နိုင်မည်ဖြစ်ပါသည်။နိဂုံးချုပ်အနေဖြင့် မြန်မာတစ်နိုင်ငံလုံး၌ မြို့နယ်ခွဲများ အပါအဝင် မီးလင်းပြီးမြို့ ၄၈၅ မြို့နှင့် မီးလင်းပြီး ကျေးရွာ ၂၈၇၈  ရွာရှိပြီးဖြစ်ပါသည်။  သို့ရာတွင် တစ်နိုင်ငံလုံး၌ ကျေးရွာပေါင်း ခြောက်သောင်းကျော်ရှိ၍ ကျေးရွာ စုစုပေါင်း၏ ၄ ဒသမ ၇ ရာခိုင်နှုန်းသာ လျှပ်စစ်မီးရရှိသောကြောင့် မီးလင်း မှုရာခိုင်နှုန်းမှာ နည်းပါးလျက်ရှိနေပါသည်။ လျှပ်စစ်ဓာတ်အားလိုအပ် ချက်ကို ဖြည့်ဆည်းနိုင်ရန်၊ တိုးတက်လာသော လူဦးရေနှင့်အညီ  တိုးမြင့်လို အပ်လာမည့် လျှပ်စစ်ဓာတ်အားကိုပြည့်မီအောင် ဖြည့်ဆည်းနိုင်ရန်၊ လက်ရှိ အခြေအနေတွင်  တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများ၏  ၂၆ ရာခိုင်နှုန်းသာ မီးလင်းနိုင်ခြင်းကြောင့် အိမ်ထောင်စုအားလုံး  မီးလင်းနိုင်ရန် စသည်တို့ အတွက်   နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများနှင့် စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်၍ ဆက်လက်ကြိုးပမ်း ဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။