Main menu

Background

ဆန်စပါးကဏ္ဍ၊ ပဲမျိုးစုံကဏ္ဍ၊ ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြန်မာ့ဆန်စက်လုပ်ငန်းပြပွဲ (၂၀၁၂) ကျင်းပရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

Mon, 08/27/2012 - 05:24 -- Anonymous (not verified)

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ကမ်းနားလမ်းရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးရုံး၊ ပဉ္စမထပ် ခန်းမမှာ " ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြန်မာ့စက်မှုလုပ်ငန်းပြပွဲ (၂၀၁၂) ကျင်းပရေး ညှိနှိုင်းအစည်းအဝေး" ကို ၂၀၁၂ သြဂုတ် လ ၁၁ ရက် နံနက် ၉း၀၀ နာရီမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နဲ့တကွ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးများမှ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးများ၊ အသင်း အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များမှ ဆွေးနွေးမှုတွေ ကို ဖော်ပြလိုက်ပါတယ်။

ဦးဝင်းမြင့် ပြည်ထောင်စုဝန်ကြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံဟာ လယ်ယာ စိုက် ပျိုးရေးနိုင်ငံဖြစ်ပြီး လယ်ယာသီးနှံ များမှာ ဆန်စပါး၊ ပဲမျိုးစုံနဲ့ ဆီထွက် သီးနှံများဟာ အရေးပါဆုံး ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ စပါးတစ်ဧကအထွက် နှုန်းများ နိမ့်ကျနေတဲ့ အတွက် တခြား နိုင်ငံများရဲ့  ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ နှိုင်းယှဉ်ပါက သိသိသာသာ ပိုများပါ တယ်။ ဆန်စပါးလုပ်ငန်းဟာ ကြီးမား ကျယ်ပြန့်ပြီး ယခင်က အစဉ်အလာ ကောင်းတဲ့ တိုင်းပြည်ရဲ့ အဓိက စီးပွား ရေး လုပ်ငန်းတစ်ခု ဖြစ်ခဲ့ပါတယ်။အကြောင်း အမျိုးမျိုးကြောင့် ဆန်စပါး လုပ်ငန်းကြီး ကျဆင်းလာမှုမှာ စိုက်ပျိုး တဲ့မျိုးများ အားနည်းသလို၊ ကြိတ်ခွဲမှု အပိုင်း၊ သိုလှောင်မှုအပိုင်း၊ သယ်ယူ ပို့ ဆောင် မှုအပိုင်းများရဲ့ အားနည်းချက် များကြောင့်ယခင်က အဓိကဆန် တင်ပို့ သူ အဖြစ်မှ သာမန်ဆန် တင်ပို့သူအဖြစ် ကျဆင်းခဲ့သလို ဈေးကွက်ရရှိမှုမှာ လည်း ကျဆင်းခဲ့ရပါတယ်။ အစိုးရ သစ် လက်ထက် စီးပွားရေးဖွံ့ဖြိုးတိုး တက်စေရန် နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများစဉ်ဆက်မပြတ်ဆောင် ရွက်ခဲ့ပါတယ်။ယခုအခါ ဆန်တင်ပို့မှု တဖြည်းဖြည်း တက်လာသော်လည်း ယခင်နှစ်ကမ္ဘာ့ ဆန်ဈေးနှုန်းကျဆင်းမှု မှတစ်ဆင့် ပြည်တွင်းဆန်ဈေးနှုန်းများ ကျခဲ့ပါတယ်။ ဒီအတွက် လယ်သမား များ စပါးဈေးနှုန်း ကျဆင်းမှုကြောင့် အတိုင်းအတာ တစ်ခုအထိ ထိခိုက် ခဲ့ပါတယ်၊ နိုင်ငံတော် အနေနဲ့ လယ် သမားများ ထိခိုက်မှု လျော့နည်းစေရန် အရန်ဆန်ကို သင့်တော်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူခဲ့ပေမဲ့ အကန့်အသတ်နဲ့သာ ဆောင်ရွက်နိုင်ပါတယ်၊ ဆန်စပါး လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် Supply Chain တစ်ခုလုံး တိုး တက်ဖို့ လိုအပ်ပါတယ်။ သယ်ယူ ပို့ဆောင်ရေး အပိုင်းမှာလည်း ကုန်းလမ်းသာ မကဘဲ ရေကြောင်းပို့ဆောင်ရေး၊ အခြားနည်း လမ်းများဖြင့် ယခုထက် ပိုမိုအသုံးချနိုင် အောင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ထို့နည်းတူပဲမျိုးစုံကဏ္ဍမှာတစ်နှစ်ထက် တစ်နှစ် ပို့ကုန်ပမာဏ တိုးချဲ့တင်ပို့နိုင် သော်လည်း ပြီးခဲ့တဲ့ နှစ်လအထိ ပဲမျိုးစုံ ဈေးများ ကျဆင်းမှုရှိခဲ့ပါတယ်၊ ယခု အခါအိန္ဒိယမှာ ရာသီဥတု ဖောက် ပြန် မှုများကြောင့် ပဲမျိုးစုံဈေးများ သိသိ သာသာ တက်လာပြီး ဈေးနှုန်းအတက် အကျ ကြမ်းတဲ့အတွက် ၂၀၀၈ ခုနှစ်က ဖြစ်ခဲ့သော ပဲပြဿနာမျိုးထပ်မံ မပေါ် ပေါက်စေရန် ထိန်းသိမ်းဆောင် ရွက်ဖို့ လိုကြောင်း၊ ပဲလောကမှာ စိုက်ပျိုးသူ လယ်သမားများ ဈေးကွက် ပေါက်ဈေး ရရှိရေး၊ မှန်ကန်တဲ့ ရောင်းဝယ်မှု များ ဖြစ်ထွန်းရေးနဲ့ လိုအပ်တဲ့ အရင်းအနှီး များရရှိနိုင်ရေးအတွက် အပြည်ပြည် ဆိုင်ရာ ကုန်စည်ဒိုင်ကြီးများ (International Commodity Exchange)  ပေါ်ပေါက်ရေး လိုအပ်နေပြီဖြစ်ပါ တယ်။  Bonded warehouse များ တည်ဆောက်ပြီး အရည်အသွေးမီ သီးနှံများ ပိုမိုထုတ်လုပ်နိုင်ရေး လယ် သမားများပိုမို အကျိုးရှိရေး ဆောင် ရွက်သင့်ပါတယ်။ အရည်အသွေးမမီတဲ့ စားသုံးဆီမှာ တရား မဝင်လမ်းကြောင်း မှ ဝင်ရောက်လာမှုအတွက် သက်ဆိုင် ရာ ဝန်ကြီးဌာနနဲ့ ဒေသအာဏာပိုင် များ၊ အသင်းအဖွဲ့များ ပူးပေါင်းဆောင် ရွက်နေပါတယ်။အသင်းအဖွဲ့များ အနေ နဲ့လည်း သတင်း အချက်အလက်များ အချိန်မီ ပေးစေလိုပါတယ်။ ယခုအခါ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ ပတ်သက်၍ကျယ်ကျယ်ပြန့်ပြန့် ဆောင် ရွက်နေပါ တယ်။ အထူးပြု ကုမ္ပဏီများအနေနဲ့ လုပ်ငန်းများ လုပ်ဆောင်ရာမှာ အောင် မြင်အောင် လုပ်ဆောင်မယ်ဆိုတဲ့ စိတ် ဓာတ်နဲ့လုပ်ဖို့လိုပါတယ်။ ပြပွဲ အတွက် ဆန်စက်ပစ္စည်းများတင်သွင်းရာမှာ OGL ကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက လုပ်ပေးပါမယ်။လယ်ယာမြေကဏ္ဍ ဖွံ့ဖြိုးတိုးတက် အောင် အသင်းအဖွဲ့၊ ပညာရှင်၊ လယ် သမားများ၊ ပူးပေါင်း လုပ်ဆောင်ကြဖို့ လိုပါတယ်။ MAPCO ရဲ့ လုပ်ဆောင် မယ့်ဆန်စက် လုပ်ငန်းဟာ ကျယ်ပြန့်တဲ့ လုပ်ငန်းဖြစ်လို့ကျွမ်းကျင်ပညာရှင် များနဲ့ တိုင်တိုင်ပင်ပင် လုပ်ကြဖို့ လိုပါ တယ်။ အရည်အသွေး စံချိန်စံညွှန်းနဲ့ ပတ်သက်လို့ ပညာရှင် ဆရာကြီးများ အကြံပြုချက်အား ဆက်လက် လုပ် ဆောင်ပါမယ်။ နိုင်ငံတော်၊ လယ်သမား နဲ့ စက်ပိုင်သုံးချောင်းထောက်ကိစ္စများ တကယ်ကိုညီညီညွတ်ညွတ်လုပ်ဖို့ကို၊ ယုံကြည်ဖို့လို၊ လိုက်နာဖို့လဲလိုပါတယ်။ မကြာခင် ရရှိမဲ့ နိုင်ငံခြားချေးငွေ အစီ အမံများမှာ ချေးငွေတွေကို မှန်မှန်ကန် ကန် အသုံးပြုဖို့ လိုပါမယ်။ဥပမာ စပါး မထွက်တဲ့ ဒေသမှာ ဆန်စက်တည်ဖို့ ငွေချေးသွားတာမျိုး မရှိသင့်ပါဘူး။Exim Bank    တွေထူထောင်ပြီး အတိုး နှုန်းသက်သက်သာသာနဲ့ ချေးပေးဖို့လို ပါမယ်။ ဆီနဲ့ပတ်သက်လို့ မမှန်မကန် လုပ်တာ တွေ့ရှိပါက တင်ပြပေးပါ။ ထိထိရောက်ရောက်အရေးယူဖို့ ဆောင် ရွက်ပါမယ်။ ဖွဲနုဆီစက် လုပ်ငန်းများ ပြန်လည်ရှင်သန်ဖို့ လိုအပ်ပါတယ်။ဆန်စပါးအပါအဝင် ကျန်သီးနှံများကို အိန္ဒိယ၊ တရုတ်၊ အနောက် နိုင်ငံတွေနဲ့ ပေါင်းစပ် လုပ်ဆောင်ဖို့ရှိပါတယ်။အသင်းအဖွဲ့နဲ့ဌာနပူးပေါင်း လုပ် ဆောင်ပြီး ယခင်ကရရှိခဲ့တဲ့ဆန် အများ ဆုံး တင်ပို့တဲ့ နေရာအဆင့်ကို ရောက် အောင်ပြန်လုပ်သွားပါမယ်။ဦးသန်းမြင့် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ စတဲ့ ကဏ္ဍနယ်ပယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝန်ကြီးချုပ်ကြီး ဦးဆောင်ပြီး မျက်ခြေမပျက် ဆောင်ရွက်လျက် ရှိပါ တယ်။ လယ်သမားတွေတွက်ချေကိုက် မယ့် အာမခံဈေးနှုန်း လုပ်ပေးဖို့ လို သလို သွင်းအားစုတွေကို အရည် အသွေး ပြည့်ဝစွာ ဝယ်ယူရရှိဖို့လဲ  လို အပ်ပါတယ်။ စားဆီနဲ့ပတ်သက်လို့ တရုတ်ပြည်က အမျိုးအမည်မသိတဲ့ စားဆီတွေ ဈေးကွက်ဝင်မလာဖို့ မြို့ တော်စည်ပင်နဲ့ ညှိနှိုင်း ဆောင်ရွက် ထားပြီးဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့လည်း ဝင်လာတာသိရင် ချက် ချင်းအစိုးရအဖွဲ့ကို သတင်းပို့ ပေးပါ။ ထိထိရောက်ရောက် အရေးယူဖို့ ဆွေး နွေး ထားပြီးဖြစ်ပါတယ်။နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရ တစ်ခုထဲ က လုပ်လိုကမရလို့ ပြည်သူ အပေါင်း ကလည်း ဝိုင်းဝန်း ဆောင်ရွက်ပေးမှ အောင်မြင်မှာ ဖြစ်ပါတယ်။ဦးလှခိုင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လယ်ယာကဏ္ဍ အဓိက ဖြစ်ပါ တယ်။ နိုင်ငံရဲ့ အဓိကကျတဲ့ စီးပွားရေး အခြေခံဖြစ်ပါတယ်။အထူးပြုကုမ္ပဏီ ၃၀ ကနေ ပံ့ပိုး ကူညီပေးနေတာဖြစ်ပါ တယ်။သေချာတဲ့ လုပ်ငန်းတစ်ခု မဟုတ် ပေမဲ့ လာရောက် ရင်းနှီးမြှုပ်နှံပေး တဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ ချေး ငွေများပြန်လည်ရရှိရေး ဆောင်ရွက် ပေးဖို့လိုပါတယ်။ ဒါမှလည်း အထူးပြု ကုမ္ပဏီတွေ ငွေထပ်ချေးနိုင်မှာ ဖြစ်ပါ တယ်။ တရုတ် ကုမ္ပဏီများနဲ့ ချိတ် ဆက်ပြီး Contract Farming  လုပ်ဖို့ စီစဉ်ထားပါတယ်။ တောင်သူက လက် မခံနိုင်ပါဘူး။မြေပြုပြင်တာကို သဘော မတူတဲ့အတွက် လယ်ယာ မြေပြုပြင်ပြီး စိုက်ပြထားတယ်၊ ထွက်လာမှသာ ထွက် ပါလား၊ ဈေးကွက်ရှိပါလားဆိုတာ တောင်သူတွေ ယုံကြည်မှသာ Contract Farming   လုပ်လာ ကြမှာ ဖြစ်ပါတယ်။ မကြာခဏဆိုသလို Media  တွေကတစ်ဆင့် တောင်သူများကို အသိပညာပေးဖို့လိုပါတယ်။တောင်သူ များရဲ့ အနေအထားက ရှေ့ကလုပ်ပြ တာကိုမြင်မှ လိုက်လုပ်ကြတာ ဖြစ်ပါ တယ်။ Combine Harvestor   တွေနဲ့ ပြုလုပ်နိုင်ဖို့ ကုန်ထုတ်လမ်း အကျယ် အဝန်းရှိဖို့ လိုနေတာ တွေ့ရပါတယ်။ဦးကျော်မြင့် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပဲခူးတိုင်းဒေသကြီးမှာ ပုလဲသွယ် ကို အထွက်ကောင်းမှန်းသိလို့ စိုက်ကြ တယ်။ဒါပေမဲ့ ဘယ်ဈေးနဲ့ ဘယ်သူတွေ က ဝယ်မှာလဲဆိုတဲ့မေးခွန်းတွေ တက် လာတယ်။ ပဲစိုက်ပျိုးမှု မှာ လျော့တာ တွေ့ရတယ်။တောင်သူတွေ တွက်ချေ မကိုက်လို့မစိုက်ကြဘူး။စိုက်ချင်အောင် Incentive  ပေးဖို့လိုပါတယ်။ လယ်ယာ သုံး စက်ကိရိယာတွေ တောင်သူများ ဈေးသက်သက်သာသာနဲ့ ရဖို့လုပ်ပေး ဖို့လိုပါတယ်။ တိုင်းဒေသကြီးလွှတ်တော် မှာလဲအရန်ဆန်ဝယ်ယူမှုနဲ့ ပတ်သက် လို့ လယ်သမားတွေဆီက ဘာကြောင့် အချိန်လွန်မှ ဝယ်ရတာလဲလို့ မေးခံ နေရပါတယ်။ တောင်သူလယ်သမား တွေကို အဖွဲ့အစည်းအသီးသီးက အသိ အမြင်တိုးတက်ရေး၊ စိုက်ရေးပျိုးရေး မျိုး ပြောင်းရေး စတာတွေဝိုင်းဝန်းကူညီ ပေးကြပါ။ဦးကျော်ထူး ညွှန်ကြားရေးမှူးချုပ် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန တောင်သူများကို ချေးငွေ ထုတ် ပေးတာနဲ့ ပတ်သက်ပြီး အားလုံးကို ထုတ်ချေးဖို့မဟုတ်၊ ယုံကြည်ရလောက် တဲ့လူကိုပဲ ထုတ်ချေးပါလို့သတိပေးခဲ့ တာရှိပါတယ်။ အချို့အထူးပြုကုမ္ပဏီ တွေက လုပ်သင့်သလိုမလုပ်ခဲ့လို့ ဆုံးရှုံး မှုတွေရှိသလို အချို့တောင်သူတွေက လည်း လယ်ယာလုပ်ငန်းအတွက် မသုံး ဘဲ စားသောက်မူးယစ်ပြီး ပြန်သွား တယ်၊ သွင်းအားစုတွေကို ကြုံတဲ့ ဈေးနဲ့ ရောင်းသွားတတ်ပါတယ်။အထူး ပြု ကုမ္ပဏီများဟာ အပေါင်ခံထားတာ မရှိဘဲ အလွတ် ချေးငှားထားတာဖြစ်လို့ နိုင်ငံတော် အစိုးရပိုင်းမှလည်း တစ် ဖက်ဖက်ကနေ ကျားကန်ပေးဖို့ လိုပါ လိမ့်မယ်။ Contract Farming  ပိုင်း နဲ့ပတ်သက်ပြီး စိုက်ပျိုးတဲ့ Agency ကစိုက်၊ ရိတ်တဲ့သူကရိတ်၊ ကြိတ်ခွဲတဲ့ ကုမ္ပဏီက ကြိတ်ခွဲဆိုလျှင် တောင်သူ များရဲ့ ယုံကြည်မှု ရရှိနိုင်စေမှာဖြစ်ပါ တယ်။စက်ကိရိယာများနဲ့ ရိတ်သိမ်းခြွေ လှေ့ပေးနိုင်လျှင် အောင်မြင်မှုရရှိစေမှာ ဖြစ်ပါတယ်။ စားသုံးဆီတင်သွင်းမှုနဲ့စပ်လျဉ်း ပြီး ပေပါစနစ်နဲ့ရော ဂျယ်လီကင်န် ပါတင်သွင်းခွင့်ပြုထားပါတယ်။ဧပြီလ ၁၉ ရက်မှစပြီး တင်သွင်းမှု လုပ်ခဲ့ပါ တယ်။ ဝန်ကြီးဌာနအနေနဲ့ ဘာနဲ့ တင် သွင်းရမယ်ဆိုတာ ညွှန်ကြားတာ မရှိ ပါဘူး။ စားသုံးသူအတွက် ကျန်းမာရေး နဲ့ ညီညွတ်တဲ့ဆီသာ တင်သွင်းဖို့ လမ်း ညွှန်ခဲ့တာ ဖြစ်ပါတယ်။ အချို့ကုမ္ပဏီ တွေ ပူးပေါင်းပြီး တင်သွင်းခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။အချို့လက်ရှိ ဆောင်ရွက် နေဆဲဖြစ်ပြီး အချို့လည်း ပြိုကွဲသွားပြီ လို့ သိရပါတယ်။ ပင်လယ်ဝမှာ ကြာမြင့်နေရခြင်း မှာ ဆီကန် သိုလှောင်နိုင်မှုကို မကြည့် ဘဲ မလေးရှားနဲ့စာချုပ်ချုပ်၊ ငွေလွှဲပို့ပြီး ဝင်လာလို့ဖြစ်ပါတယ်။ ဆိပ်ကမ်း ဆီ လှောင်ကန်က ယာယီ သိုလှောင်ရုံမျှ သာ ဖြစ်ပါတယ်။ မိမိတို့ ကိုယ်ပိုင် သို လှောင်ရုံမှာ ရင်းနှီးမြှုပ်နှံမှု ဘယ်သူမှ မလုပ်ကြသေးပါဘူး။ Distribution  ပိုင်းသေချာ ဆွေးနွေးဖို့ လိုပါတယ်။မန္တလေးတိုင်းဒေသကြီးတို့၊ ဧရာဝတီ တိုင်းဒေသကြီး တို့မှာ ဆီကန်တွေ ဆောက်ပြီး ဆီဈေးကျတဲ့ အချိန် ဝယ်လှောင်ထားဖို့ လိုပါတယ်။ ကိုက်တဲ့ အချိန်လုပ်၊ မကိုက်တဲ့ အချိန် ပစ်ထား ပြီး ဈေးကောင်းရတဲ့ အချိန် ဆီ ပေပါ တွေသန့်ရှင်းရေးမလုပ်ဘဲ အလွယ် တကူထည့်လိုက်တာတွေရှိနေပါတယ်။ ASEAN Country   ဖြစ်တဲ့အတွက် ဗနဃ မှာကျွန်တော်တို့ ရင်ဆိုင်ရမှာဖြစ် လို့ ကြိုတင် ပြင်ဆင်ထားသင့်ပြီလို့ အကြံပြုလိုပါတယ်။ ပဲမျိုးစုံအပိုင်းမှာ MAPT မှာ Spec: တွေရှိပါတယ်။ဒါပေမဲ့ကုန်သည် တွေကယခုထက်တိုင်ပြသထားတဲ့နမူနာ အတိုင်း as per sample  နဲ့ပဲ သင်္ဘော တင်နေကြပါတယ်။ ပဲတူခဲတူရောတဲ့ကိစ္စ သက်ဆိုင် ရာ တိုင်းဒေသကြီးတွေက အရေး ယူခဲ့ ပါတယ်။ ကုန်သည်တွေ Ethics  ရှိဖို့ လိုပါမယ်။ ရောင်းသူရော ဝယ်သူပါ နှစ်ဖက်သေချာ စနစ်တကျ လုပ်ကြဖို့ လိုပါတယ်။ဖြစ်နိုင်ရင် Value added ပဲ လုပ်စေချင်ပါတယ်။ဗီယက်နမ်မှာ ဆန်တင်ပို့သူများအပေါ် မူဝါဒ သေချာ ကိုင်ထားတယ်။ ကုမ္ပဏီတစ်ခုကို ဆန် တန် ၅၀၀၀ ဆံ့သိုလှောင်ရုံ တစ်လုံး၊ တစ်နာရီ ၁၀ တန်ကျ ဆန်စက်တစ်လုံး ရှိရမယ်။ဒါမှ ဆန်တင်ပို့ခွင့်ပြုမယ်ဆိုပြီး သတ်မှတ်ထားတယ်။ ဒီမှာက ယနေ့ တိုင် bag to bag  စနစ် လုပ်နေကြ တုန်းပါပဲ။ SQ, FAQ  ဆိုပြီးလိုင်စင် လျှောက်ပေမဲ့ တကယ်သင်္ဘောတင်တဲ့ အခါ As per Sample နဲ့ ပဲသွားနေ ကြပါတယ်။ ကဏ္ဍပေါင်းစုံတိုးတက် အောင် Public, Private ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုပါတယ်။ဦးဝင်းအောင် ဥက္ကဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် သယ်ယူ ပို့ဆာင်ရေးအပိုင်းမှာ ရေကြောင်းကပို့ရင်ကုန်ကျစရိတ်သက် သာပါတယ်။ကုန်တင်ကုန်ချရာမှာ ဧရာ ဝတီမြစ်တစ်လျှောက် ကုန်တင် ကုန်ချ ဆိပ်ကမ်းများကို သင့်တော်တဲ့ နေရာ တွေမှာ  Cargo Handling Facalities  များလုပ်ပေးဖို့လိုပါတယ်။လုပ်ငန်းတွေ မှာ စိတ်ကူးစိတ်သန်းနဲ့ အတွေ့အကြုံ ရှိပေမဲ့တကယ်တမ်း အကောင်အထည် ဖော်ဖို့ ငွေကြေး အရင်းအနှီးမရှိရင် လုပ် ဖို့ ခက်ပါတယ်။ ဒီနေ့ အကြေအလည် ဆွေးနွေးရာမှ Action Plan ၊ Road Map   တွေတစ်ခု ချမှတ်ဆောင်ရွက်နိုင် မယ်လို့မျှော်လင့်ရပါတယ်။ဒါမှမဟုတ် ဒီဆွေးနွေးပွဲ ပြီးတာနဲ့ စနစ်တကျ ဆက်ပြီးဆောင် ရွက်နိုင်ဖို့ Task Force ဖွဲ့ပြီး ဆောင်ရွက်သင့်ပါတယ်။သီးနှံများ အရည်အသွေးကောင်းပြီး ဈေးကွက်ဝင် သီးနှံ အမယ်များဖြစ်ဖို့ ကျွမ်းကျင်သူ များနဲ့ ဆွေးနွေးသင့်ပါတယ်။ဥပမာ ပဲပုပ် တင်သွင်းခြင်းဖြင့် ဆီထုတ်ယူ နိုင် သလို တိရစ္ဆာန်အစာလဲ ရပါမယ်။အမယ်သစ်များစဉ်းစားပြီး ကျယ်ပြန့်တဲ့ ဈေးကွက် ရရှိကာ Value added   အထိ ဆောင်ရွက်နိုင်မယ်ဆိုရင် သမ္မတကြီးရဲ့ ဆန္ဒနဲ့ ပြည်သူများရဲ့လိုလားချက်တွေ ကို အချိန်မီ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ရပါတယ်။ဦးချစ်ခိုင် ဥက္ကဌ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ယခုအချိန်မှာလယ်ယာကဏ္ဍ ကျ ဆင်းနေတာကြောင့် အထူးပြု ကုမ္ပဏီ များကို တောင်သူများ အကြွေး ပြန် မဆပ်နိုင်ဘဲရှိနေပါတယ်။Risk Factor   တွေများတဲ့ အတွက် လုပ်ငန်းရှင်များ မလုပ်နိုင်ကြပါဘူး။ ယခင်ကချမှတ်ခဲ့တဲ့ အထူးပြုကုမ္ပဏီတွေရဲ့ Mechanism  တွေလုပ်နည်းစနစ်တွေကိုပြန်သုံးသပ်ပြီး မူဝါဒကို ဘယ်လိုချမှတ်မလဲ အရေး တကြီး စဉ်းစားဖို့လိုပါပြီ။မူဝါဒပိုင်းကို ဘယ်သူတွေက ဖော်ဆောင်မလဲ။လယ် ယာ ကဏ္ဍဖွံ့ဖြိုးဖို့ Contract Firming ကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ဖို့ လိုအပ်ပါတယ်။ခေတ်မီဆန်စက်ကြီးများတည်မယ်ဆိုရင် စပါးအများအပြားရှိဖို့လိုအပ်ပြီး ထွက်ရှိ လာတဲ့ဆန်ရောင်းချဖို့ဈေးကွက်ရှိဖို့ ဆိုရင်  Contract Firming  ဖြစ်ဖို့ လိုအပ်ပါတယ်။ အဲဒီကဏ္ဍကို နိုင်ငံ တော် အပိုင်းမှ ထိုက်သင့်စွာ ဝင်ရောက် ပံ့ပိုးပေးရန် လိုပါတယ်။ဦးအောင်သန်းဦး ဥက္ကဌ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စက်ပြပွဲ ကျင်းပတဲ့အခါမှာ ရိတ်သိမ်းခြင်း၊ သယ်ယူခြင်း၊ ကြိတ်ခွဲ ထုတ်လုပ်ခြင်းနဲ့ ဈေးကွက် အဆင့်ထိ ကဏ္ဍအားလုံးကို ထည့်သွင်း ပြသရန် အကြံပြုတင်ပြလိုပါတယ်။ဆန်စက်ပြပွဲ ကို အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာ လဆန်းမှာလုပ်လျှင် သင့်တော်ပါတယ်။တောင်သူများထံက အာမခံကြေးနဲ့ ဝယ်တဲ့စနစ်ရော တောင်သူတွေဆန် ပြန် ဝယ်စားရန် လိုအပ်လျှင်အဆင်ပြေ အောင်အရန်ဆန်ကို ဆောင်ရွက် ပေး နေပါတယ်။ အရန်ဆန်ဝယ်ယူရန် အတွက်နိုင်ငံတော်ဘတ်ဂျက်သို့မဟုတ် နိုင်ငံခြားချေးငွေနဲ့ဆောင်ရွက် ပေးနိုင် မယ်ဆိုလျှင် အရန်ဆန်စနစ် ပိုမို ကောင်းမွန်မယ်လို့ ထင်ပါတယ်။ဦးတင်ဝင်း ဥက္ကဌ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း ဘွိုင်လာ၊ တာဘိုင်စက်တွေ တင် သွင်း တပ်ဆင်ဖို့ လိုပါတယ်။ဒါကို နိုင်ငံ တော်ပိုင်းက ဝိုင်းဝန်းကူညီပေးစေ လိုပါ တယ်။ ဆန်စက်ပညာရှင်များ၊ အတတ် ပညာရှင်များ မွေးထုတ်ပေးဖို့ လိုပါ တယ်။ ဆန်စပါးလုပ်ငန်းဖွံ့ဖြိုး တိုး တက်ဖို့၊ ပညာရှင်များ စုဆောင်း ရရှိဖို့၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာန၊ MAPT မှကူညီ ပေးစေ လိုပါတယ်။ဦးစိန်ဝင်းလှိုင် ဥက္ကဌ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ် သူများအသင်း ဆန်စပါး အသင်းချုပ်နဲ့ ညီနောင် အသင်းများဖွဲ့စည်းခွင့်ရတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။တောင်သူများ အနာဂတ်စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေး လုပ်နေပါတယ်။ တွက်ခြေ ကိုက်မဲ့ မျိုး ကောင်းမျိုးသန့်ရဖို့ လိုပါတယ်။မျိုးသန့် ရွေးတဲ့စနစ်လိုပါတယ်။မျိုးစေ့မှန်မှ အပင်သန်မှာဖြစ်ပါတယ်။ရေသွင်းရေ ထုတ်ကောင်းတဲ့စိုက်ပျိုးမြေမှာ အထွက် နှုန်းကောင်းတဲ့ မျိုးစပါးများစိုက်ဖို့လိုပါ တယ်။ တောင်သူကို အသိပညာပေး သွားဖို့ လိုပါတယ်။ သွင်းအားစုများ အချိန်မီရရှိရေး ဖြန့်ဖြူးပေးနိုင်ရန်နဲ့ လက်တွေ့ အသုံး ပြုနိုင်ရေး ကျွန်းကိုင်းမီ ကိုင်းကျွန်းမီ ဆောင်ရွက်သွားကြဖို့ လိုပါတယ်။ဦးသိန်းရွှေ ဥက္ကဌ (ငြိမ်း) ဖက်စပ်ကော်ပိုရေးရှင်း၊ အမှတ်(၂) ခေတ်မီစက်တွေအရင်းအနှီးများ နဲ့ တည်ထောင်ပြီး စပါးမရှိတာကို  ဘယ် လိုဖြေရှင်းမလဲ။ လက်ရှိစပါး အထွက် ခန့်မှန်းတာတို့ ထန်းတက် ဆာဗေး မလုပ်သင့်ပါဘူး၊ သီးနှံစိုက်တဲ့ နေရာ မှာ ရေမရတဲ့နေရာတွေကို မြစ်ကြီး ၄သွယ် ကနေ ရေသွယ်ပြီး စိုက်ပျိုးရေး ကဏ္ဍ မှာ သုံးသင့်ပါတယ်။ မြစ်ရေတင် စီမံ ကိန်းတွေလုပ်ဖို့ကောင်းပါတယ်။တောင် သူတွေ ချေးငွေချေးရာမှာ ချေးငွေ တွေကို ဘာတွေလုပ်နေလဲ၊ စိုက်ပျိုး ရေးမှာ တကယ်သုံးသလား၊ အလောင်း အစား လုပ်နေသလား ဆိုတာလက်ရှိ ဖွဲ့စည်းထားတဲ့ လယ်သမား သမဂ္ဂ တွေက စိစစ်ဖို့ လိုပါတယ်။ဦးသောင်းဝင်း အထွေထွေ အတွင်းရေးမှူး  မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်း အသင်း ပြည်ပက ချေးငွေပေးရာမှာ လယ် သမားနဲ့ဆန်စက်ကြား လုပ်ငန်းတွေ ပေါ်လာဖို့ရှိပါတယ်။ အခြောက်ခံစက် ကဲ့သို့ မြှုပ်နှံရမယ့် လုပ်ငန်းတွေကို လည်း ငွေချေးပေးသင့်ပါတယ်။လက်ရှိ ဆန်ဈေးကျဆင်းရခြင်းက ဆန်စက် မကောင်းလို့၊ ဆန်များ မရလို့လို့ သုံး သပ်နေကြပေမဲ့ ဆန် လုပ်ငန်းမှာ ပုဂ္ဂလိက ငွေကြေးနဲ့ ဆန်စက်လုပ်ငန်း က လည်ပတ်နိုင်မှု မရှိတာကြောင့် ဖြစ်ပါတယ်။ နိုင်ငံတော် အပိုင်းက ငွေကြေးထောက်ပံ့ဖို့လိုပါတယ်။အများ ပိုင်ကုမ္ပဏီက ဆန်စက်တွေတည်မယ် ဆိုရင် တွံတေး တူးမြောင်းတစ်ဖက် တစ် ချက်မှာ ဆန်စပါးလုပ်ငန်းစက်မှုဇုန် တည်ထောင်မယ်ဆိုရင် ပိုပြီးအော င်မြင် နိုင်မှာ ဖြစ်ပါတယ်။ဦးစိုင်းဘဉာဏ် ဒုတိယဥက္ကဌ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အိန္ဒိယမှာ ပဲအများအပြား စိုက် ပျိုးသလိုစားလည်းအများဆုံး စားကြ တယ်။ အိန္ဒိယမှာ ရာသီဥတု ကောင်း လျှင် ဈေးငြိမ်ပြီး ရာသီဥတုမကောင်း လျှင် ဈေးမငြိမ်တတ်ပါဘူး။ပဲမျိုးစုံ အတွက်ခိုင်မာ တဲ့ ဈေးကွက်ရရန်၊ အရည်အသွေးမြင့် ကုန်ကြမ်း၊ကုန်ချော များရရှိရန် မျိုးကောင်းဖို့ လိုအပ်ပါ တယ်။ ပညာရှင်များ ကဏ္ဍတိုင်းမှာ လို အပ်ပါတယ်။ ရိတ်သိမ်းချိန်လွန် ကာလ မှာ ခေတ်မီ ရိတ်သိမ်းချွေလှေ့ စက်တွေ မရှိတဲ့အတွက် လေလွင့် ဆုံးရှုံးမှုတွေရှိ နေပါတယ်။ သုံးချောင်းထောက် စနစ်မှာ စိုက်ပျိုးရေးပညာပေးဖို့လည်း လိုအပ် ပါတယ်။ အခုအချိန်အခါမှာ ရောင်း ဝယ်ရေးကို အဓိက လုပ်ဆောင် ကြ တာဖြစ်တဲ့အတွက် ရောင်းဝယ်မှု စနစ် မှန်ကန်ဖို့ Commodity Exchange Centre   ထူထောင်မှာ ဖြစ်ပါတယ်။သီးနှံထွက်တဲ့ဒေသမှာ သိုလှောင်ရုံ ဆောက်ပေးထားနိုင်လျှင်သယ်ယူစရိတ် သက်သာနိုင်စေပါတယ်။သန့်စင်ပြီး သိုလှောင်တာဟာ အရည်အသွေးကို ကြာရှည်စွာ ထိန်းသိမ်းထားနိုင်တဲ့ အတွက် သန့်စင်စက်တွေပါတဲ့ သို လှောင်ရုံတွေရှိဖို့လိုပါတယ်။အရင်က အရောင်းအဝယ်ကို ယုံကြည်မှု အခြေ ခံပြီးလုပ်တာဖြစ်ပါတယ်။ ယခုအခါ ငွေ ကြေးအာမခံမှုကို အခြေခံတဲ့ စည်းမျဉ်း စည်းကမ်းနဲ့ လုပ်ဆောင်မှာ ဖြစ်ပါ တယ်။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေး အများပိုင်ကုမ္ပဏီတွေ ဖွဲ့စည်းဖို့ လိုအပ်ပါတယ်။ တိုင်းဒေသကြီးအစိုးရ အနေနဲ့လည်း ပံ့ပိုးမှု လုပ်ပေးစေလိုပါ တယ်။ဦးသိန်းဟန် ဥက္ကဌ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီစက်လုပ်ငန်းရှင်များအသင်း ဆီ အသင်းအောက်မှာရှိတဲ့  လက် လီ၊ လက်ကားဆီကုန်သည်တွေကို နယ် စပ်က ဝင်လာတဲ့အမည်မသိ စားဆီများ တင်မရောင်းဖို့ အကြောင်းကြားထား သလိုသက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်တွေကိုလဲ အကြောင်းကြား ထားပါတယ်။နယ်စပ်က လိုင်စင်မဲ့ တရားမဝင်ဆီတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ တားဆီးပိတ် ပင် ပေးဖို့တောင်းဆိုပါ တယ်။စားသုံးဆီ ဖြန့်ဖြူးတဲ့အပိုင်းမှာ လုပ်ငန်းရှင်တွေ အနေနဲ့ လက်ရှိခွက်ချိန် စနစ်နဲ့ဆောင် ရွက်ရာမှ တင်သွင်းလာပြီး ကိုယ်ရဲ့ သို လှောင် ကန်မှာထဲ့ပြီးရင်  Consumer pack  နဲ့ပြန်လည်ထည့်ဖို့ အကြံပြုလိုပါ တယ်။Food Safety နဲ့အညီ  Consumer pack  လုပ်ဖို့ မိမိ တို့ရဲ့ တံဆိပ်၊ သတ်မှတ်ထားတဲ့ စံချိန် စံညွှန်း ထုတ် လုပ်သူရဲ့အမည်၊ Expire Date စတာ တွေပါရမှာ ဖြစ်ပါတယ်။ ဆီစက်ပိုင်ရှင် အဖွဲ့ကို နေပြည်တော်မှာ ဗဟိုအဖွဲ့ ရွေး ချယ်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ ဦးတိုးကြည် ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း) မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ဆန်စက်တွေတည်ထောင်ရာမှာ ကျွန်တော်တို့ အတွေ့အကြုံအရ  တစ် နိုင်ငံထဲက ထုတ်တဲ့ ဆန်စက်တွေ ကို ဝယ်ယူသုံးစွဲခဲ့လို့ တစ်နိုင်ငံထဲက နည်း ပညာသာ ရခဲ့ပါတယ်။တစ်နိုင်ငံ ထဲကို မကြည့်ဘဲ အခြားနိုင်ငံတွေကိုလည်း  လေ့လာဝယ်ယူသင့်ပါတယ်။ဆန်စက် ပစ္စည်းတွေ ရင်းနှီးမြှုပ်နှံတဲ့အခါ ဆန် စက် အစိတ်အပိုင်းအားလုံးကို နားလည် တဲ့သက်ဆိုင်ရာ ကုမ္ပဏီနဲ့ ချိတ်ဆက် ဝယ်ယူသင့်တယ်။ တခြား ကုမ္ပဏီက စက်ပစ္စည်းကိုဝယ်ပြီးမှ ပြန်သွင်းတဲ့ ကုမ္ပဏီမျိုးကိုမဝယ်သင့်ဘူး။ ပေါင်းဆန် တိုးမြင့်ထုတ်လုပ်မယ်ဆိုရင် ဈေးကွက် ကို သေချာ ရှာဖွေပြီးမှ တိုးထုတ်လုပ် သင့် ပါတယ်။ ပဲနဲ့ပတ်သက်လို့ Spec တွေပြင် ဖို့ကောင်းပါတယ်။ဗီယက်နမ် နိုင်ငံဟာ သူ့ရဲ့ဆန် Spec ကိုပြင်ပြီး ဈေးကွက် ဝင်လာလို့ ဗီယက်နမ်ဆန်အဖြစ် နေရာ ရနေတာဖြစ်ပါတယ်။ဦးစိုးသိမ်း ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း)  မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ဂျပန်မှာ  Paddy Market   မဟုတ် ဘဲ Brown Rice Market  ဖြစ်ပါတယ်။လုံးတီးကို အရောင်းအဝယ် လုပ်လျှင် ဆန်ရဲ့ အရည်အသွေးအမှန် ကို သိနိုင် မှာဖြစ်ပါတယ်။သယ်ယူ ပို့ဆောင်စရိတ် သက်သာစေတယ်။ သိုလှောင်ရာမှာ နေရာ သက်သာစေတယ်။ Handling လုပ်ရာမှာလည်း ထိခိုက်မှုသက်သာစေ တယ်။ဝယ်သူလိုမှ လုံးတီးကို ဆန်ဖြူ Fresh  ကြိတ်ပြီး ရောင်းပေးတာဖြစ်ပါ တယ်။ထိုင်းမှာ  လယ်သမားများဘဏ် (Farmers' Bank) သီးခြား ရှိပြီး အဲဒီ ကနေ လိုအပ်ငွေကို ထုတ်ချေးနိုင်ပါ တယ်။ လယ်သမားရယ်၊ စက်ပိုင်ရယ်၊ နိုင်ငံတော်ရယ်ဆိုပြီးသုံးချောင်းထောက် စနစ်ကိုကျင့်သုံးသင့်ပါတယ်။ဦးရဲမင်းအောင် အုပ်ချုပ်မှုဒါရိုက်တာ MAPCO မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ ဦးဆောင်ဖွဲ့စည်းထားတဲ့ Myanmar Agribusiness Public Corporation (MAPCO)  မှ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်ထဲမှာ ဆန်စက်တွေ တည် ထောင်ဖို့ အဓိကအချက်အချာကျ တဲ့ နေရာ ၁၅ နေရာကိုရွေးချယ်ပြီး ဖြစ်ပါ တယ်။အဲဒီစက်တွေကို တစ်နေရာ ထဲမှာ စပါး ကြိတ်ခွဲမှု၊ သိုလှောင်မှု၊ အခြောက်ခံမှု၊ တန်ဖိုးမြှင့်ထုတ်ကုန် တွေဖြစ်တဲ့ ဆန်ခေါက်ဆွဲ၊ ဆန်ကြာဇံ ထုတ်လုပ်မှု၊ ဘေးထွက်ပစ္စည်း ထုတ် လုပ်တဲ့ စက်ပစ္စည်းတွေပါတစ်နေရာထဲ မှာ ထုတ်လုပ်နိုင်မယ့်   All in One   ဖြစ် အောင် တည်ဆောက်သွားမှာ ဖြစ်ပါ တယ်။အဲဒီစက်တွေတည်ဆောက် ရာမှာ ထင်သာမြင်သာရှိဖို့၊ အများ ပြည်သူကို တင်ဒါနဲ့ ဖိတ်ခေါ်သွားမှာ ဖြစ်ပါတယ်။ဒေါက်တာမြင့်ဦး တွဲဖက်အတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် ပဲအရည်အသွေးအနေနဲ့ ဘယ် နယ်ကပဲထွက်ထွက်  quality  တစ်မျိုးထဲ ပဲရှိရပါမယ်။ သက်ဆိုင်ရာ ပဲထွက်တဲ့ ဒေသတွေမှာ တစ်ခါထဲ RC လုပ်ပြီးမှ ရန်ကုန်ကိုသယ်မယ်ဆိုရင် သယ်ယူ စရိတ်လည်းသက်သာမှာဖြစ်ပါ တယ်။ဈေးကွက်ပုံမှန်ဖြစ်နေစေဖို့ Commodity Exchange Centre  မရှိမဖြစ် လို အပ်ပါတယ်။ ပဲရောနှောမှု မရှိအောင်၊ အရည်အသွေးကောင်းမွန် အောင် အပြင် လက်ရှိနိုင်ငံ အလယ်ပိုင်းမှာ မိုး ခေါင်ပြီး၊ စိုက်လို့မရတဲ့ နေရာတွေ မှာ အခြားသင့်တော်တဲ့သီးနံှတွေ ပြောင်း လဲစိုက်ဖို့စတာတွေကို အောက်ခြေ အထိ ပညာပေးဖို့ လိုအပ်ပါတယ်။ဦးလှကြည် အထွေထွေမန်နေဂျာ (ငြိမ်း) မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး Myanmar Agribusiness Public Corporation -MAPCO  ဖွဲ့စည်းထူထောင်မယ်ဆိုလို့ ဝမ်းသာမိ သလို စိုးရိမ်စိတ်လဲ ဝင်မိပါတယ်။မိမိ ကြိတ်ခွဲစက် တာဝန်ယူစဉ်ကလည်း ချေးငွေနဲ့ တင်ဒါခေါ်ပြီး ဆန်စက်တွေ တည်ဆောက်ခဲ့ပါတယ်။လိုအပ်ချက်နဲ့ ကိုက်ညီအောင် တင်သွင်းနိုင်တဲ့ လူရှား ပါတယ်။မိမိတို့ စက်မှာအခက်အခဲရှိ လာလျှင်တင်ဒါအောင်ခဲ့တဲ့သူနဲ့ အချိန် မရွေးဆက်သွယ်နိုင်ဖို့နဲ့ ၎င်းတို့တာဝန် ယူလုပ်ဆောင်ပေးနိုင်ဖို့ လိုအပ်တယ်လို့ ပြောလိုပါတယ်။ Contract မှာပါတာနဲ့ လက်တွေ့လုပ်ဆောင်ရာမှာ ကွဲလွဲချက် တွေ မရှိစေရေး အထူးဂရုစိုက်ဖို့လို ပါတယ်။ဦးတင်မောင်ဝင်း ဆန်စက်လုပ်ငန်းရှင် အမေရိကမှာ လွန်ခဲ့တဲ့အနှစ် ၂၀ လောက်က နှစ်စဉ် ဝါဂွမ်း  စိုက်တဲ့ နေရာမှာ မြေတွေပျက်စီးတော့မှာ ဖြစ် တဲ့အတွက် စိုက်ပျိုးရေးပညာရှင်တွေက လယ်ထဲဆင်းပြီး မြေပဲစိုက်ဖို့ တွန်းအား ပေးခဲ့ပါတယ်။ ဒီမှာလဲ အဲဒီလိုပါဘဲ စိုက်ပျိုးရေးပညာရှင်တွေလယ်ထဲဆင်းပြီး တောင်သူတွေနဲ့ လက်တွဲဆောင်ရွက် သင့်ပါတယ်။မန္တလေးမှာ မြောင်းဆီဝင် နေပါတယ်။ရောင်းနေ တယ်ပြောနေ ပေမဲ့ အရေးယူရတာ မတွေ့ရပါဘူး။ချက်ချင်း အရေးယူရမှာဖြစ်ပါတယ်။အရေးမယူရင် ဘယ်တော့မှ မပျောက် ဘူး။အရေးယူစရာရှိတာမြန်မြန်အရေး ယူဖို့ လိုပါတယ်။ဦးခင်စိုး ဧရာဝတီ ပဲဆီလုပ်ငန်း ဆီစက်လုပ်ငန်းရှင်များ လက်ရှိမှာ ကုန်ကြမ်း၊ ဈေးကွက်၊ နည်းပညာ၊ ကျွမ်းကျင်လုပ်သားနဲ့ အရင်းအနှီး အပိုင်းတွေမှာအခက်အခဲများနဲ့ ရင်ဆိုင် နေရပါတယ်။မြေပဲလုံးဆန်တွေ export လုပ်ခွင့်ပေးလိုက်တဲ့အတွက်တောင်သူ တွေဈေးပိုရစေပေမဲ့ ပြည်တွင်းဆီစက် ဝယ်လက်တွေကိုတော့ လုံးညှပ်တွေ ရောထည့်ပေးတဲ့အတွက် ဆီထွက်နှုန်း ကျခဲ့တယ်။ ပြည်ပ ဝင်တဲ့ ဆီတွေမှာ iodine value   ပြည့်မီမှုမရှိတာကို တွေ့နေရပြီး စားသုံး သူတွေ နားမလည်တဲ့အပေါ် အမြတ်ထုတ်ပြီး ပဲဆီ၊နှမ်းဆီ အရော အနှော အဖြစ်လုပ်ရောင်းနေတာ တွေ့ ရပါတယ်။ ကုန်ကြမ်းမရှိလျှင် ကြိတ်ခွဲ လို့မရသလို ဈေးကွက်မရှိလျှင်လည်း ဘာမှလုပ်မရပါဘူး။ မြေပဲ စိုက်ပျိုးမှု တိုးချဲ့ စိုက်ပျိုးနိုင်ဖို့မျိုးနည်းပညာ၊ စက် ယန္တရားများ ပံ့ပိုးပေးရန် လိုအပ်ပါ တယ်။ ဆီစက်လုပ်ငန်းရှင်များအသင်း ဟာ ဆီစက်လုပ်ငန်းရှင်များကို အကျိုး ပြုဖို့လိုပါတယ်။နိုင်ငံခြားငွေသန်းရာနဲ့ ချီတင်သွင်းသလို မိမိတို့ပြန်ပို့တဲ့ အခါ လည်းအများအပြားတင်ပို့လိုပါတယ်။ဦးတင့်အောင် ဆန်စက်လုပ်ငန်းရှင် အမှန်တကယ် ဆန်စက်လုပ်ငန်း များ တိုးတက်ဖို့လိုပါတယ်။ နိုင်ငံခြား အကူအညီ အရင်းအနှီးနဲ့ ဆန်စက်တွေ တည်နေကြပါတယ်။ စပါးထွက်မထွက် သိဖို့လိုပါတယ်။ စက်အင်အားက စပါး ထွက်ရှိမှုပိုများနေလျှင် အဆင် မပြေ နိုင်ပါ။လက်ရှိစက်တွေကိုအရည် အချင်း မြှင့်တင်ပေးဖို့လိုပါတယ်။ ချေးငွေတွေ ကို တောင်သူတွေထံမှ ပြန်မရကြတာ များတဲ့အတွက် အာမခံချက်မရှိတဲ့ နေရာမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ကြ ပါဘူး။ဆုံးရှုံးတာရှိသလို သူများမဆပ် လျှင်ငါလည်းမဆပ်ဘူးပြီးလုပ်သူတွေလဲ ရှိနေပါတယ်။အမှန်တကယ် ပြတ်ပြတ် သားသားအရေးယူပေးစေချင်ပါတယ်။ဦးထွေး ဆန်စက်လုပ်ငန်းရှင် ဒီဇင်ဘာနဲ့ဧပြီလကြားမှာ စပါး ဆန်ဈေးထိန်းပေးလျှင်ကောင်းမယ်လို့ ပြောလိုပါတယ်။ဆန်အကဲဖြတ်အဖွဲ့ ကို ကုန်သွယ်လယ်ယာ ပင်စင်စားတွေနဲ့ ပြန်လည်ဖွဲ့စည်းပေးစေချင်ပါတယ်။ သုံးခွ-ရန်ကုန် ဆန်တစ်အိတ် သယ်ယူ စရိတ် ၃၅၀ ကျပ်ကျပါတယ်။ reject  ဖြစ်မှ ပြန်သယ်ရလျှင်စရိတ်စကကြီး လေးပါတယ်။ စပါးပွဲစားအသေးတွေ ကလဲ ဈေးကစားပြီးနောက် မလျော် နိုင်လို့ ထွက်ပြေးတာတွေရှိပါတယ်။ဒါ ကြောင့် ဘဏ်များအနေနဲ့ စပါးကို အပေါင်ခံပြီးငွေချေးပေးစေလိုပါတယ်။